မြန်မာ့သနပ်ခါးလိမ်းချယ်တဲ့ဓလေ့ကို ယူနက်စကိုစာရင်းတင်သွင်းမယ်

ဇန်နဝါရီ၁၉-၂ဝ၂၅ Ms(VOM) မြန်မာ့သနပ်ခါးလိမ်းချယ်တဲ့ ဓလေ့ကို ယူနက်စကိုရဲ့ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် အဖြစ်သတ်မှတ်နိုင်ရန်”မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့”ခေါင်းစဉ်နဲ့ UNESCO တွင် စာရင်းဝင်နိုင်ရန် ရေးသားပြုစုနေပြီဖြစ်တယ်လို့ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက နေသိရပါတယ်။ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက “မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့”ကို UNESCO ရဲ့ Representative List of the Intangible Cultural Heritage of Humanity တွင် စာရင်းဝင်နိုင်ရန် တင်ပြဖို့စီစဉ်နေပြီး သနပ်ခါးလိမ်းတဲ့ယဉ်ကျေးမှုတွေအကြောင်းတင်ပြမယ့်Nomination Form ( ICH-02) ကို အချိန်မီတင်သွင်းဖို့ ရေးသားမှုတွေရှိနေတာလို့ဆိုပါတယ်။ ” သနပ်ခါးနဲ့ပတ်သက်တဲ့ မြန်မာကရိုးရာဓလေ့တွေ ယဉ်ကျေးမှုအကြောင်းတွေကို အခုရေးသားပြုစုနေကြတယ်။အဲ့ဒါကို မြန်မာလို၊အင်္ဂလိပ်လို၊ပြင်သစ်လိုဘာသာ၃မျိုးနဲ့ ရေးသားနေတယ်။အဲ့ဒါကို စာတမ်းဖောင်တင်သွင်းမယ့်မတ်လမတိုင်မှီ ကောင်းမွန်အောင်ရေးသားနေပါတယ်။လို့ သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေး‌‌ ဟောင်းသုတေသန ဦးစီးဌာန မှဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းကြိုင် ကပြောပါတယ်။ “မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့” စာတမ်းကို ယူနက်စကို အဖွဲ့ထံ တင်သွင်းရန် ၂၀၂၅ခုနှစ်မတ်လ ၃၁ရက်မတိုင်မှီ နောက်ဆုံးထားဆောင်ရွက်နေရာမှာ စာတမ်းရေးသားပြုစုရေးလုပ်ငန်းအဖွဲ့’က အမျိုးသားပြတိုက်(နေပြည်တော်)ရေးသားဆောင်ရွက်တာတွေရှိနေတယ်လို့ဆိုပါတယ်။…

Read More

နိုင်ဂျီးရီးယားမှာ လောင်စာကားတိမ်းမှောက် မီးလောင်မှုကြောင့် လူ ၇၇ ယောက်သေဆုံး

အဘူဂျာ၊ ဇန်နဝါရီ-၁၉-၂၀၂၅ မျိုးဆက်(VOM) နိုင်ဂျီးရီးယားနိုင်ငံမှာ လောင်စာဆီကားတစီး တိမ်းမှောက်ပြီး မီးလောင်ပေါက်ကွဲမှုကြောင့် လူ ၇၇ ယောက်သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေ့ ပြောပါတယ်။ သေဆုံးသူအများစုဟာ တိမ်းမှောက်နေတဲ့ ယာဉ်ကနေ ယိုဖိတ်နေတဲ့ လောင်စာတွေကို ရယူဖို့ ကြိုးပမ်းကြုသူတွေဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီလောင်စာဆီကားဟာ နိုင်ဂျာပြည်နယ် ဆူလီဂျာဒေသမှာ မနေ့က တိမ်းမှောက်ခဲ့တာဖြစ်ပြီး လောင်စာတွေယိုဖိတ်ပေါက်ကွဲကာ အချိန်အတော်ကြာ မီးလောင်ခဲ့ပြီး ကယ်ဆယ်ရေးသမားတွေအပါအဝင် အခြား ၂၅ ယောက်လည်း ဒဏ်ရာရရှိခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူတွေကို အနီးနားက ဆေးရုံတွေမှာ ကုသပေးနေတယ်လို့ အရေးပေါ်စီမံခန့်ခွဲရေးဌာနက ပြောပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံမှာ လမ်းတွေညံ့ဖျင်းမှုနဲ့ ယာဉ်ကြံ့ခိုင်မှုအားနည်းတာတွေကြောင့် လောင်စာဆီကားတွေ တိမ်းမှောက်မီးလောင်မှုတွေ မကြာခဏ ဆိုသလို ဖြစ်ပွားလေ့ရှိပါတယ်။ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်ကလည်း လောင်စာကားတစီး တိမ်းမှောက်မှုကြောင့် လူငါးယောက်သေဆုံးခဲ့ပြီး အောက်တိုဘာလအတွင်းကလည်း လောင်စာကားတစီးကနေ ယိုဖိတ်နေတဲ့ ဓါတ်ဆီတွေ ရယူဖို့ ကြိုးပမ်းစဉ်…

Read More

စစ်ရှောင်တွေကို ထောက်ပံ့ဖို့ နစက စာရင်းကောက်နေ

ဇန်နဝါရီ ၁၉ – ၂ဝ၂၅ KKO(VOM) ယာယီနေရပ်စွန့်ခွာနေကြရတဲ့ စစ်ဘေးရှောင် ပြည်သူတွေကိုထောက်ပံ့မှုတွေပြုလုပ်ပေးနိုင်ဖို့ စာရင်းကောက်ယူနေတယ်လို့ နစက အစိုးရအဖွဲ့ရဲ့သတင်းထုတ်ပြန်မှုတွေအရ သိရှိရပါတယ်။ ယာယီနေရပ်စွန့်ခွာနေကြရတဲ့ ပြည်သူတွေအတွက် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ရန်ပုံငွေ ကနေ လိုအပ်တဲ့ထောက်ပံ့မှုတွေကိုဆောင်ရွက်ပေးဖို့ စီစဉ်နေတယ်လို့ နစက ဥက္ကဌ က ယခုဇန်နဝါရီ ၁၇ ရက်နေ့က နေပြည် တော်မှာ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာလည်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးရန်ပုံငွေကနေ လိုအပ်တဲ့ထောက်ပံ့မှုတွေကို ဆောင်ရွက်ပေးနိုင်ဖို့ တိုင်းဒေသကြီးနဲပြည်နယ်တွေအလိုက် စာရင်းတွေကိုကောက်ယူ ဆောင်ရွက်နေတယ်လို့လည်းနစက ဥက္ကဌ က ပြောပါတယ်။ ဒါအပြင် နိုင်ငံ့စီးပွားတိုးတက်ရေး၊အခြေခံပြည်သူလူထုတွေရဲ့သက်သာချောင်ချိရေးတို့အတွက် မိမိတို့အစိုးရအဖွဲ့ အနေနဲ့ မဖြစ်မနေကြိုးပမ်းဆောင်ရွက်ကြဖို့ လိုတယ်လို့ နစက ဥက္ကဌ က သူ့အစိုးရ အဖွဲ့ကို တိုက်တွန်းပြောကြားမှုတွေလည်းရှိခဲ့တာဖြစ်ပါတယ်။ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျူ (ISP Myanmar) ကတော့ ‘စစ်ဆင်ရေး ၁၀၂၇’နောက်…

Read More

အုတ်တွင်းမှာ အုပ်ချုပ်ရေးမှူးနဲ့လုံခြုံရေးအဖွဲ့ တိုက်ခိုက်ခံလို့ ​ခြောက်ယောက်သေဆုံး

ဇန်နဝါရီ ၁၉ – ၂၀၂၅GG (VOM) ပဲခူးတိုင်း၊တောင်ငူခရိုင်၊အုတ်တွင်းမြို့နယ်မှာ ဇန်နဝါရီ ၁၈ ရက်နေ့ညက ရှမ်းရွာအုပ်ချုပ်ရေးမှူးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါတဲ့အဖွဲ့တိုက်ခိုက်ခံရပြီး အုပ်ချုပ်ရေးမှူးအပါအဝင်ခြောက်ယောက်သေဆုံးခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်။ “ဟုတ်ပါတယ်။ညက၈ နာရီကျော်လောက်မှာ ဖြစ်သွားတာပါ။အုပ်ချုပ်ရေးမှူးလည်းနေရာမှာပဲသေတယ်။စစ်သားနဲ့ရဲငါးယောက်လည်းသေသွားတယ်။အုပ်ချုပ်ရေးမှူးဦးမောင်က စိတ်သဘောကတော့တကယ်ကောင်းတဲ့သူပါ။ဘယ်လိုဖြစ်ပြီးခုလောက်ထိဖြစ်ကုန်လည်းမသိပါဘူး။စိတ်မကောင်းဖြစ်ရပါတယ်။” လို့ ဒေသခံကပြောပါတယ်။ အသတ်ခံရတဲ့အုပ်ချုပ်ရေးမှူးက ရှမ်းရွာအုပ်ချုပ်ရေးမှူးဦးသိန်းထွေး ခေါ်ကိုမောင်ဆိုသူဖြစ်ကြောင်း ၊အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ဟာ သံတိုင်ခင်ရွာကနေပြန်လာချိန်မှာ ပစ်ခတ်တိုက်ခိုက်ခံရတာဖြစ်တယ်လို့သိရပါတယ်။ အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့ကပြုလုပ်ခဲ့တာဖြစ်ပြီး ပစ်ခတ်မှုအတွင်း MA 3 (၁)လက်၊ MA 11 (၁)လက်၊ G3 (၂)လက်၊အူစီ (၁)လက်နဲ့အတူ MA ကျည်ဘောက် (၅)ဘောက်၊ G3ကျည်ဘောက် (၄)ဘောက်၊ အူစီကျည်ဘောက် (၁)ဘောက် လက်ပစ်ဗုံး (၁)လုံး၊ဓါးမြှောင်(၂)ချောင်း ရရှိခဲ့ကြောင်း သူတို့ရဲ့လူမှုကွန်ယက်ကနေထုတ်ပြန်ထားပါတယ်။ ပြည်သူတွေကို စစ်မှုထမ်းဖို့အတွက် နစကနဲ့ပူးပေါင်းဆောင်ရွက်နေတာကြောင့် ရှင်းလင်းခဲ့တာဖြစ်တယ်လို့ ဒေသတွင်းလက်နက်ကိုင်အဖွဲ့က အသိပေးမှုအရသိရပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့အုပ်ချုပ်ရေးမှူးနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေကညတွင်းချင်း လာရောက်သယ်ဆောင်သွားတယ်လို့သိရပါတယ်။ ဒီဇင်ဘာလ ၂၂…

Read More

ရုရှားနဲ့ အီရန်တို့ နှစ် ၂၀ မိတ်ဖက်စာချုပ်လက်မှတ်ထိုးပြီး စစ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြင့်လာနိုင်

မော်စကို၊ ဇန်ဝါရီ-၁၈-၂၀၂၅ မျိုးဆက်(VOM) ရုရှားသမ္မတပူတင်နဲ့ အီရန်သမ္မတ မာဆွတ်ပီဇက်ရှကီယန်တို့ဟာ အနောက်အုပ်စုနိုင်ငံတွေနဲ့ ထိပ်တိုက်တင်းမာမှုတွေ မြင့်တက်နေချိန်မှာ သူတို့နှစ်နိုင်ငံအကြား စစ်ရေးအပါအဝင် မဟာဗျူဟာမြောက် မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးလိုက်ပါတယ်။ နှစ်နိုင်ငံအကြား စီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်ရေးပါဝင်တဲ့ ဒီသဘောတူညီချက်ကို ပူတင်နဲ့ အီရန်သမ္မတတို့က ရုရှားသမ္မတအိမ်တော်မှာ တွေ့ဆုံပြီး လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ နှစ် ၂၀ မဟာမဗျူဟာမြောက် သဘောတူညီချက်ဟာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်အားလုံးအတွက် ထပ်လောင်းတွန်းအားဖြစ်စေတယ်လို့ ရုရှားသမ္မတပူတင်က ပြောပါတယ်။ စာချုပ်ဟာ နှစ်နိုင်ငံဆက်ဆံရေးပိုမို နီးကပ်စေတယ်လို့ အီရန်သမ္မတက ဆိုပါတယ်။ ဒါအပြင် နိုင်ငံတနိုင်ငံ တိုက်ခိုက်ခံရပြီဆိုရင် ကျန်တနိုင်ငံက ရန်လိုသူကို စစ်ရေးအကူအညီမပေးရဘူးဆိုတဲ့ အချက်လည်းပါဝင်နေပါတယ်။ သဘောတူချက်ထဲမှာတော့ မြောက်ကိုရီးယား၊ ဘီလာရုစ်တို့နဲ့ ချုပ်ဆိုခဲ့တဲ့နည်းတူ စစ်ရေးတိုက်ရိုက်အကူအညီပေးရေးဆိုတာမျိုးတော့ ဖော်ပြထားတာမရှိပါဘူး။ ရုရှားနဲ့ အီရန်အကြား အခုလို မဟာဗျူဟာမြောက် မိတ်ဖက်စာချုပ်နဲ့ပတ်သက်ပြီး အနောက်အုပ်စုနိုင်ငံတွေကတော့ စိုးရိမ်ကြောင်း…

Read More

ရွှေသောင်ယံ၊ ဘောမိအထက်ဘက်မှာ တိုက်ပွဲပြန်ဖြစ်ပြီး စစ်ရှောင်သူများလာ

ဇန်နဝါရီ ၁၈ – ၂၀၂၅ GG (VOM) ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းနယ်မိတ်အစပ်၊ပုသိမ်မြို့နယ်၊ရွှေသောင်ယံ၊ ဘောမိရွာအထက် ချောင်းဖျားဘက်မှာ တိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့တာကြောင့် အရေးပေါ်စစ်ရှောင်ရသူတွေအများအပြားရှိလာပြီး စစ်ရှောင်တွေအတွက် အကူအညီတွေလိုအပ်နေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။ ဇန်နဝါရီ ၁၆ ရက်နေ့ကစပြီး AA နဲ့နစကတပ်တွေအကြား တိုက်ပွဲတွေထပ်မံဖြစ်ပွားခဲ့တာဖြစ်ပြီးနှစ်ဖက်အဖွဲ့အစည်းတွေက လက်နက်ကြီးပစ်ခတ်မှုတွေရှိသလို နစကဘက်မှ လေကြောင်းပစ်ကူတိုက်ခိုက်မှုတွေရှိခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့် ဘောမိ ၊ ချိုင်လယ်(မကျီးဇင်) ၊တောင်နီမော် ၊မီးလောင်ချိုင်၊ကျွန်းချောင်းဖက်မှ ဒေသခံပြည်သူအများအပြား ရွှေသောင်ယံကို စစ်ဘေးရှောင်လာတဲ့အတွက် ဆန် ၊ဆီ တွေအရေးပေါ်အကူအညီလိုအပ်နေတာဖြစ်တယ်လို့သိရပါတယ်။ ” ၁၆ ရက်နေ့ညနက်ပိုင်းကစပြီးဘောမိအထက် ချောင်းဖျားဘက်နားကလက်နက်ကြီးလက်နက်ငယ်သံတွေကြားရတယ်။တညလုံး တိတ်သွားလိုက်ပြန်ဖြစ်လိုက်နဲ့ည ၁ နာရီကစပြီး စိန်ပြောင်းကြီးသံတွေ၊အမြောက်ကျည်ပေါက်ကွဲသံတွေပါကြားရတယ်။မနေ့က မနက်ကျတပ်က လေယာဥ်တွေနဲ့ဗုံး​ကြဲတယ်။နေ့ခင်းလောက်ကျတော့အသံတွေငြိမ်သွားတယ်။တိုက်ပွဲကြောင့် သပေါ့ကန်၊ သဲကုန်း၊အုန်းချောင်းနဲ့ရွှေသောင်ယံရပ်ကွက်တွေကိုစစ်ဘေးရှောင်တွေ အများအပြား ပြန်လည်ဝင်ရောက်လာလို့ ဆန်အရေးတကြီး လိုအပ်နေပါတယ်။ ” လို့ ရွှေသောင်ယံဒေသခံကပြောပါတယ်။ လက်ရှိမှာတော့ ဘောမိအောက်ဘက် ရွှေသောင်ယံကမ်းခြေတလျောက်​ရှိ ဝက်သေ ၊တပင်မော် ၊သပေါ့ကန်ဘက်မှာဆိုရင်…

Read More

မြိတ်မှာ နေအိမ်သုံးလုံးမီးလောင်ပြီး လူတယောက်ပါမီးလောင်သေဆုံး

ဇန်နဝါရီ ၁၈ – ၂၀၂၅ GG (VOM) တနင်္သာရီတိုင်း ၊မြိတ်မြို့နယ်၊ အလယ်ကျွန်းရပ်ကွက် ၊ မင်္ဂလာလမ်းသွယ်မှာ ဇန်နဝါရီ ၁၈ ရက်ဒီကနေ့မနက်အစောပိုင်းက နေအိမ်သုံးလုံး မီးလောင်ခဲ့ပြီး အမျိုးသားတယောက်မီးလောင်သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင်မီးသတ်တပ်ဖွဲ့ကသိရပါတယ်။ မီးလောင်မှုက မနက်၃ နာရီခွဲလောက်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး မီးလောင်ချိန် မိနစ်၁၀ လောက်သာရှိခဲ့ပြီး မီးငြိမ်းသွားချိန် မီးလောင်နေအိမ်တွေကို ရှင်းလင်းရေးလုပ်ချိန်မှာ မီးလောင်သေဆုံးနေတဲ့အမျိုးသားကိုတွေ့ရှိရတာဖြစ်တယ်လို့သိရပါတယ်။ ” ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာမသိရသေးဘူး။စုံစမ်းနေတုန်းပါ။” လို့သေဆုံးအမျိုးသားနဲ့ပတ်သက်ပြီးမြိတ်ခရိုင်မီးသတ်ဌာနမှတာဝန်ရှိသူကပြောပါတယ်။ လက်ရှိမှာ မီးလောင်သေဆုံးခဲ့တဲ့ သေဆုံးအမျိုးသားနဲ့ပတ်သက်လို့ အသေးစိတ်မသိရှိရသေးသလို မီးစတင်လောင်ကျွမ်းတဲ့အခြေအနေနဲ့ပျက်စီးဆုံးရှုံးမှုတန်ဖိုးလည်း မသိရသေးဘူးလို့သိရပါတယ်။ ” လူသေမှန်းကိုမသိကြဘူး။မီးငြိမ်းလို့ရှင်းကြလင်းကြမှ အလောင်းတွေ့ရတာ။အဲဒီတော့မှသိကြတာ။မီးကလောင်ထားတော့ဘယ်သူဘယ်ဝါသေချာမသိရဘူးဖြစ်နေတာပေါ့။ခုတော့ဆေးရုံပို့ထားကြတယ်။”လို့ ဒေသခံကပြောပါတယ်။ အဆိုပါမီးလောင်မှုကိုတော့ မြိတ်ခရိုင်မီးသတ်ဦးစီးမှူး ဦးဆောင်ပြီး သန္ဓေတပ်ဖွဲ့ဝင် အယောက် ၄၀ ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်အယောက် ၉၀ ၊ တပ်မတော်သား ၁၄ ယောက်၊ ကြက်ခြေနီ တပ်ဖွဲ့ဝင် ၁၂ ယောက် ၊ ရဲတပ်ဖွဲ့ဝင်…

Read More

ရန်ကုန်မှာ စစ်​ရှောင်နဲ့ နယ်ပြောင်းလာသူ​တွေကို ဧည့်စာရင်းစစ်​ဆေးမှု တင်းကြပ်နေ

ဇန်နဝါရီ ၁၈ – ၂ဝ၂၅ KKO(VOM) ရန်ကုန်တိုင်းမှာ ဧည့်စာရင်းတွေကို စတင်တင်းကြပ်နေပြီး နယ်ကပြောင်းလာသူတွေနဲ့စစ်ဘေးရှောင်လာသူတွေကို အဓိကထားစိစစ်နေတယ်လို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။ “ရန်ကုန်တိုင်းမှာ ဧည့်စာရင်းတွေကိုစတင်တင်းကြပ်နေပါပြီ။ပြောင်းရွှေ့လာတဲ့ဒေသက ရပ်ကွက်/ကျေးရွာတွေရဲ့ထောက်ခံစာမပါဘူးဆိုရင် ဧည့်စာရင်းမပေးတော့ပါဘူး။ မြို့နယ်အတော်များများမှာပေါ့။အပြည့် အစုံတော့မသိရပါဘူး”လို့ ရန်ကုန်တိုင်းအတွင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးတယောက်က VOM ကို ပြောပါတယ်။ လက်ရှိကာလမှာ ဧည့်စာရင်းတိုင်တန်းမယ်ဆိုပါက အိမ်ရှင်ကိုယ်တိုင်လာရောက်ဖို့နဲ့အိမ်ရှင်မှ ကိုယ်တိုင် မိမိတို့ အိမ်ဌားကိုဧည့်စာရင်းပြုလုပ်ပေးရမယ်လို့ သိရပြီး အိမ်ရှင် ကိုယ်တိုင်မလာရောက်ပါက ဧည့်စာရင်းမထုတ်ပေးဘူးလို့လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေကနေ အသိပေးထားတယ်လို့ သိရပါတယ်။ ဒါအပြင် အိမ်ဌားမှ အိမ်ရှင်အိမ်ဌားစာချုပ်၊မူရင်း/မိတ္တူ၊ နိုင်ငံသားအမှတ် မူရင်း/မိတ္တူတို့အပြင် မိမိတို့ပြောင်းရွှေ့ဒေသမှ ထောက် ခံစာမူရင်းတို့ အပါအဝင် နေထိုင်မယ့်သူအားလုံးရဲ့မှတ်ပုံတင်တွေကို ယူဆောင်လာရမှာဖြစ်သလို အိမ်ဌားမှအထက်ပါ အချက် အလက်တွေ မပါရှိပါက ဧည့်စာရင်းကိုမဆောင်ရွက်ပေးဘူးလို့ ရန်ကုန်တိုင်းအတွင်းက ရပ်ကွက်အုပ်ချုပ်ရေးပိုင်းဆိုင်ရာအဖွဲ့ဝင် တယောက်က ပြောပါတယ်။ “နယ်ကလာတဲ့သူတွေက အဓိကထား…

Read More

ထိုင်ဝမ်အရေး သတိထားကိုင်တွယ်ဖို့ ထရန့်ကို ရှီကျင်းပင် တိုက်တွန်း

ပေကျင်း၊ ဇန်နဝါရီ-၁၈-၂၀၂၅ ရတီ(VOM) အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်နဲ့ တရုတ်သမ္မတရှီကျင်းပင်တို့ဟာ ဇန်နဝါရီ ၁၇ ရက်မှာ တယ်လီဖုန်းဆက်သွယ်ဆွေးနွေးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီဆွေးနွေးမှု ကောင်းမွန်တဲ့ ဆွေးနွေးမှုလို့ သမ္မတနှစ်ဦးစလုံးက ဆိုပါတယ်။ ဒါဟာအပြုသဘောဆောင်တဲ့ ဆက်ဆံရေးတွေအတွက် အစပြုတာလို့ မျှော်လင့်ကြောင်း ရှီကျင်းပင်က ပြောပါတယ်။ တရုတ်-အမေရိကန် စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ သံတမန်ရေးရာတို့မှာ ထိပ်တိုက်ပဋိပက္ခတွေကို ရှောင်ရှားပြီး နှစ်ဦးနှစ်ဖက်အကျိုးရှိစေမယ့် နည်းလမ်းတွေကို ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့ သမ္မတရှီကျင်းပင်က တိုက်တွန်းခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒါအပြင် ထိုင်ဝမ်ဟာ တရုတ်ရဲ့ အချုပ်ခြာအာဏာနဲ့ နယ်မြေစိုးမိုးရေးကို အလေးထားတဲ့ ကိစ္စဖြစ်တာကြောင့် သတိထား ကိုင်တွယ်ဆောင်ရွက်ဖို့ ရှီကျင်းပင်က ဒေါ်နယ်ထရန့်ကို တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။ နှစ်နိုင်ငံအကြား အဓိကကိစ္စရပ်များကို ဆက်လက်ဆွေးနွေးဖို့နဲ့ မဟာဗျူဟာမြောက် ဆက်သွယ်ရေးလမ်းကြောင်း ထူထောင်ဖို့ကိုလည်း သဘောတူခဲ့ကြောင်း နို်ငငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ သမ္မတရှီကျင်းပင်နဲ့ ကောင်းမွန်တဲ့…

Read More

ရွှေဘိုမင်းဆက် မှန်နန်းစံ

  ဆူးငှက်         “အင်းအိုင်ဝိုက်လည် မြို့ကြီးတည်ပြန်… ၁၁၄၄ ခုနှစ်က အမရပူရရွှေနိုင်ငံ… ရေချိုတွင်းနဲ့ ပျံ့နန်းလှန်… ရွှေဘိုမင်းဆက် မှန်နန်းစံ၊ မြတ်ဘိုးတော် သူစီမံ အင်းကြီးတောင်သမန်…”တဲ့။   ဂန္ထဝင်တေးပြုစာဆိုကြီး နန်းတော်ရှေ့ဆရာတင်က “တောင်သမန်”ကို ဖွဲ့ဆိုရင်းနဲ့ အမရပူရကို ပုံဖော်ခဲ့တယ်။   အမရပူရကို ကောဇာသက္ကရာဇ် ၁၁၄၄ ခုနှစ်မှာ(ခရစ် ၁၇၈၂)မှာ အလောင်းမင်းတရားရဲ့သားတော် ဘိုးတော်ဘုရားခေါ် ဗဒုံမင်းက တည်ခဲ့ပါတယ်။ ဘိုးတော်ဘုရားဟာ အမရပူရ ရွှေနန်း တော်မှာ ၃၇ နှစ် နန်းစံပြီး သက်တော် ၇၅ နှစ်မှာ နတ်ရွာစံခဲ့တယ်။ ဘိုးတော်ဘုရား လွန်ပြီးနောက် စစ်ကိုင်းမင်းခေါ် ဘကြီးတော်က အင်းဝမှာ ပြောင်းရွှေ့ နန်းစံပြန်တယ်။ အင်းဝမှာ ဘကြီးတော်က ၁၈ နှစ် နန်းစံပြီး ရွှေဘိုမင်းခေါ် သာယာဝတီမင်းက…

Read More
VOM News

FREE
VIEW