ဖေဖော်၀ါရီ ၁ ၊ ၂၀၂၅
ကျော်ဟိန်း(VOM)
စစ်ကိုင်းတိုင်း ၊မုံရွာမြို့ ပြည်တော်ရပ်ကွက် ၊ သာစည်လမ်းမှာ မနေ့က ဓားပြသုံးယောက်ကို တိုက်ရာပါ ပစ္စည်းတွေနဲ့အတူ လုံခြုံရေး ရဲအဖွဲ့က လက်ရ ဖမ်းလိုက်တယ်လို့ ရဲနဲ့ နီးစပ်သူတယာက်က ပြောပါတယ်။
” ဖြစ်စဥ်က သူတို့အချင်းချင်း ဝေစုမတည့်ရာက အခုလို ပေါ် ပေါက်တာပါ ၊ အသေးစိပ် စစ်ဆေးနေဆဲဖြစ်တယ် ၊ လတ်တလောတော့ တိုက်ရာပါ ပစ္စည်းတွေ သိမ်းနေဆဲ ဆိုတော့ အသေးစိပ်ပြောဖို့ ထုတ်ဖော်ပြောလို့ မရသေးဘူး ၊ ဒီနယ်ခံတွေ မဟုတ်ကြဘူး” လို့ ရဲနဲ့ နီးစပ်တယာက်က ပြောပါတယ်။
ဒါ့အပြင် ဖမ်းဆီးခံရတဲ့ သူတွေဟာ အမျိုးသား နှစ်ယောက်နဲ့ အမျိုးသမီး တယာက် ပါ၀င်တယ်လို့ သိရပါတယ် ။
ရဲတယောက်က ” ဟိန်း လက်ဖက် ရည်ဆိုင်မှာ ဓားပြတိုက်ဖို့ လုပ်နေတုန်း လှည့်ကင်းအဖွဲ့က ၀င်ဖမ်း တာဖြစ်တယ် ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ လေးနှစ်ကျော် ကာလအတွင်း မုံရွာမြို့မှာ ပြန်ပေးဆွဲဖမ်းဆီးခံရမှု အပါအ၀င် ဓားပြတိုက်ခံရတဲ့ ဖြစ်စဥ်၈၀ ကျော် ဖြစ်ပွားခဲ့ပြီး အဲ့ဒီ ဖြစ်စဥ်တွေထဲက တချို့တ၀က်ကိုသာ ဖော်ထုတ်နိုင်ခဲ့ပြီး ကျန်တဲ့ ဖြစ်စဥ်တွေကိုတော့ ရဲက စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းက မုံရွာမြို့ပေါ်မှာ ဓားပြတိုက် လူပြန်ပေးဆွဲတဲ့ အဖွဲ့တခုကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။