ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅
ရတီ(VOM)
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အိမ်နီးချင်းနှစ်နိုင်ငံနဲ့ နယ်စပ်လုံခြုံရေး၊ ရာဇဝတ်မှုတိုက်ဖျက်ရေးတွေနဲ့ပတ်သက်ပြီး လိုလျောညီထွေ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့အတွက် ကနေဒါနဲ့ မက္ကဆီကိုတို့အပေါ် အခွန်ကောက်ခံမှုကို ရက် ၃၀ ဆိုင်းငံ့လိုက်ပါတယ်။
နယ်စပ်မှာ လူဝင်မှုကြီးကြပ်ရေးနဲ့ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုတွေကို နှိမ်နင်းဖို့ ဒေါ်နယ်ထရန့်ရဲ့ တောင်းဆိုမှုကို တုံ့ပြန်တဲ့အနေနဲ့ နယ်စပ်လုံခြုံရေးဆိုင်ရာ အစီအမံတွေကို မြှင့်တင်ဖို့ သဘောတူခဲ့ကြောင်း ကနေဒါဝန်ကြီးချုပ်နဲ့ မက္ကဆီကို သမ္မတတို့က ပြောပါတယ်။
ဒါကြောင့် အခွန် ၂၅ ရာခိုင်နှုန်း စတင်ကောက်ခံမယ့် အစီအစဉ်ကို ရက် ၃၀ ကြာ ဆိုင်းငံ့ခဲ့တာလို့ ဆိုပါတယ်။ ကနေဒါဟာ နယ်စပ်တလျှောက်မှာ နည်းပညာနဲ့ ဝန်ထမ်းအသစ်တွေ ထပ်မံဖြန့်ကြက်ပြီး ရာဇဝတ်မှု၊ ဖန်တနိုင်းမူးယစ်ဆေးဝါး မှောင်လိုမှု၊ ငွေကြေးခဝါချမှုတို့ကို တိုက်ဖျက်ရေး ပိုမိုအားထုတ်လုပ်ဆောင်ဖို့ သဘောတူခဲ့ပါတယ်။
မက္ကဆီကိုကလည်း တရားမဝင် ရွှေ့ပြောင်းဒုက္ခသည်တွေနဲ့ မူးယစ်ဆေးဝါး မှောင်ခိုမှုတွေကို ဟန့်တားဖို့ အမျိုးသားအစောင့်တပ် အင်အားတသောင်းဖြည့်တင်းပြီး မြောက်ပိုင်းနယ်စပ်ကို လုံခြုံရေးတိုးမြှင့်ဖို့ မက္ကဆီကိုလည်း သဘောတူခဲ့ပါတယ်။
ဒါပေမယ့်လည်း တရုတ်နို်ငငံအပေါ် အခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံမှုကတော့ နာရီပိုင်းအတွင်း စတင်သက်ဝင်တော့မှာ ဖြစ်ပြီး နောက်ထပ်လည်း ထပ်တိုးနိုင်တယ်လို့ ဒေါ်နယ်ထရန့်က ခြိမ်းခြောက်ထားကာ လက်ရှိအချိန်ထိ နှစ်ဖက်အကြား သဘောတူညီချက် တစုံတရာ မရရှိသေးပါဘူး။
တရုတ်ကနေ ဖန်တနိုင်းမူးယစ်ဆေးတွေပို့တာ ရပ်သွားလိမ့်မယ်လို့ မျှော်လင့်ထားပြီး မဟုတ်ရင်တော့ အခွန်တွေ သိသိသာသာ ထပ်တိုးမယ်လို့ ထရန့်က ဆိုပါတယ်။ တရုတ်ကတော့ ဆွေးနွေးမှုတွေအတွက် တံခါးဖွင့်ထားဆဲ ဖြစ်ပေမယ့် ဒီကိစ္စကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှာ တိုင်ကြားသွားမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။
Ref:CNA
Photo:Reuters