ဖေဖော်ဝါရီ ၄ – ၂၀၂၅
GG (VOM)
ရခိုင်ပြည်နယ် ၊ဂွမြို့နယ်၊တိုင်ကျိုးကျေးရွာမှာ ဖေဖော်ဝါရီ ၃ ရက်နေ့က စစ်ကျန်လက်နက်ပစ္စည်းဗုံးသီး ပေါက်ကွဲပြီး လူသုံးယောက်သေဆုံးကာနှစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့်သေဆုံးသူတွေထဲမှာ အသက် ၅ နှစ်အရွယ်ကလေး ပါဝင်ပြီး နောက်ထပ်အသက် ၂၀ အရွက်မိန်းကလေးနဲ့ အသက်၄၀ အရွယ်အမျိုးသားတို့သေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။
” တိုင်ကျိုးရွာ-အုန်းတောဘက်အခြမ်းမှာပါ။ စစ်ကျန်လက်နက်ပစ္စည်းဗုံးသီးကို ဆော့ကစားရာကနေ ပေါက်ကွဲပြီး ကလေးငယ်ကျားတယောက်ဉမတယောက်နဲ့လူကြီးကျားတယောက် သေဆုံးခဲ့တယ်။” လို့ စစ်ရှောင်အရေးကူညီပေးနေသူကပြောပါတယ်။
သေဆုံးသူသုံးယောက်ကို ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့က ပို့ဆောင်သဂြိုလ်ပေးခဲ့ပြ ထိခိုက်ဒဏ်ရာရရှိသူတွေကို လည်း ဆေးကုသဖို့အတွက်ပို့ဆောင်ကာ အကူအညီတွေပေးနေတယ်လို့သိရပါတယ်။
အရင်လ ဇန်နဝါရီ ၁၈ ရက်ကလည်း ဂွမြို့နယ် ကင်းပုံရွာမှာ စစ်ကျန်လက်နက်ကိုတွေ့ရှိပြီး ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပြီး အသက် ၄ နှစ်အရွယ်ကလေးငယ်သေဆုံးခဲ့တယ်လို့သိရပါတယ်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နဲ့၁၇ ရက် နေ့ကလည်း ဂွမြို့နယ် ဂျိုင်ကောက်ကျေးရွာနဲ့ ကုလားပြင်ရွာမှာ မိုင်းနင်းမိလို အမျိုးသားတယောက်နဲ့အမျိုးသမီးတယောက် ခြေထောက်တဖက်စီဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။
ဂွမြို့နယ်အတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကာလက စစ်လက်ကျန် ဗုံးသီးတွေ၊ မြေမြုပ်မိုင်းတွေနဲ့ မပေါက်ကွဲပဲကျန်ရစ်ခဲ့တဲ့ လက်နက်ကြီးကျည်ဆန်တွေ တွေ့ ရှိပါက ဒေသခံပြည်သူတွေအနေနဲ့ အဝေးမှရှောင်ရှားရန်နဲ့ ထိတွေ့ကိုင်တွယ်ဆော့ကစားခြင်းမလုပ်ရန်ပညာပေး လုပ်ငန်းတွေ ဆောင်ရွှက်နေပေမယ့် လည်း ဗဟုသုတအားနည်းမှု ကြောင့် ခုလိုသေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရသူတွေရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။
Photo – ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့