ဆူးငှက် ကျွန်တော်သည် တက္ကသိုလ်ကျောင်း ၄နှစ် တက်ပြီးမှ ရန်ကုန်မြို့သို့ ပထမဆုံး ရောက်ဖူးသည်။ တကယ်တော့ ရန်ကုန်ကို ရောက်ဖူးသူများပြောတိုင်း ငေး၍ နားထောင်ကာ ကိုယ်လည်းရောက်ဖူးချင်သည်။ မိုးရွာလျှင် ရေမတင်သော နိုင်လွန်ကတ္တရာလမ်းမကြီးတွေ၊ မီးပွိုင့်တွေ၊ သမ္မတရုပ်ရှင်ရုံ အတက်က မှန်ချပ်ကြီးတွေ၊ ဓာတ်လှေကားနှင့် ရွှေတိဂုံဘုရား၊ ဟီးနိုးကားတွေ၊ တိရစ္ဆာန်ရုံ ရန်ကုန်ဘူတာကြီး ဆူးလေလမ်းမနှင့် ဗန္ဓုလပန်းခြံ၊ ညဈေး စသည်ဖြင့် ပြောသူတိုင်း၏ စကားတိုင်းမှာပါသော ရန်ကုန်မြို့ကို စိတ်ကူးထဲကပဲ အလည်ရောက်နေရသည်။ အမေက ရန်ကုန်သို့ လက်ဖက်ခြောက် ကုန်ကူးစဉ်က လိုက်ခဲ့ဖို့ ခေါ်ပါသည်။ သို့သော် အမေတို့က လက်မှတ်မဲ့နှင့် အိမ်သာဘေး ဖြစ်သလို လိုက်ရတာ၊ ညရောက်ရင် ရထားကြမ်းခင်းပေါ် သူများခုံအောက် ခေါင်းလျှိုအိပ်ရတာတွေ ကြားတော့ မလိုက်ဝံ့တော့ပဲ။ ကိုယ့်ခုံနှင့်ကိုယ် သက်သက်သာသာ လိုက်ရသည်ပင်လျှင် ခုံကို နောက်ပြန်ထိုင်ရလျှင် ပြတင်းပေါက်…
Read MoreDay: February 13, 2025
ထရန့်ရဲ့ အခွန်ကောက်ခံမှုကြောင့် ကိုကာကိုလာအချိုရည် ထုတ်ပိုးမှု ပလတ်စတစ်ဗူးသာ ပိုမိုအသုံးပြုရဖွယ်ရှိနေ
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၁၂-၂၀၂၅ ရတီ(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အခွန်စည်းကြပ်မှုကြောင့် အလူမီနီယံဗူးများ စျေးကြီးလာပါက အမေရိကန်မှာ ကိုကာကိုလာအချိုရည်ကို ပလတ်စတစ်ဗူးနဲ့ ပိုမိုထုတ်လုပ်ရောင်းချရဖွယ်ရှိနေတယ်လို့ ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် James Quincey ကပြောပါတယ်။ ထရန့်ဟာ အမေရိကန်ကို တင်သွင်းလာတဲ့ သံမဏိနဲ့အလူမီနီယံတွေကို အခွန် ၂၅ ရာခိုင်နှုန်းကောက်မယ်လို့ အမိန့်ထုတ်လိုက်ပြီးနောက်မှာ အမေရိကန်မှာ စည်းသွတ်ဗူးနဲ့ သောက်သုံးကုန်တွေ စျေးတက်နေပါတယ်။ အဖျော်ယမကာကုမ္ပဏီတွေဟာ သူတို့ရဲ့ ထုတ်ပိုးမှုမှာ ၅၀ ရာခိုင်နှုန်းပြန်လည်အသုံးပြုလို့ရတဲ့ ရေရှည်တည်မြဲရေး ရည်မှန်းချက်တွေကို ၂၀၃၀ ခုနှစ်မှ စတင်ဖို့ ရည်မှန်ထားပေမယ့် လက်ရှိမှာတော့ ၂၀၃၅ ခုနှစ်ရောက်မှာ ၃၅ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်း အသုံးပြုနိုင်ဖွယ်ရှိနေပါတယ်။ ကိုကာကိုလာကို ကမ္ဘာ့ပလတ်စတစ်ညစ်ညမ်းမှု ထိပ်ဆုံးကုမ္ပဏီအဖြစ် သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာအဖွဲ့တွေက ခြောက်နှစ်ဆက်တိုက် သတ်မှတ်ထားခဲ့ပါတယ်။ သွင်းအားစုကုန်ကျစရိတ် မြင့်တက်နေတယ်ဆိုရင် အခြားထုတ်ပိုးမှုပုံစံတွေကို ရွေးချယ်ရတော့မယ်လို့ ကိုကာကိုလာ အမှုဆော်ငအရာရှိချုပ်က…
Read Moreထိုင်းထုတ်ကုန်တွေထဲက ဆိုလာ ၊ဖုန်း၊ ပါဝါဘန့်အပါအဝင် လျှပ်စစ်ပစ္စည်းတွေ မြဝတီနယ်စပ်ကနေ တင်ပို့ခွင့်ပိတ်
ဖေဖော်ဝါရီ ၁၃ – ၂၀၂၅ GG(VOM) ထိုင်းနိုင်ငံထုတ်ကုန်တွေထဲက မီးစက်၊ ဆိုလာ နဲ့လျှပ်စစ်ပစ္စည်းအချို့ကို မြဝတီနယ်စပ်ကနေ တင်ပို့ခွင့်ကို ထိုင်းအစိုးရက ပိတ်လိုက်တယ်လို့ ကနဦးသိရပါတယ်။ မြဝတီဘက်ကို တင်ပို့ခွင့်ပိတ်လိုက်တဲ့ ပစ္စည်းတွေက မိုဘိုင်းဖုန်းအသစ်၊ ဘက်ထရီအားလုံး၊အင်ဗာတာ၊မီးစက်၊ဆိုလာပြား၊ မိုဘိုင်းဖုန်းများ၊ CABLE၊ HARDWARE ၊ဆော့ဖ်ဝဲ၊လိမ်လည်သူများနှင့် သက်ဆိုင်သော ကုန်ပစ္စည်း၊ အင်ဂျင်ဝိုင် ၊ပါဝါဘန့် ပစ္စည်းတွေဖြစ်တယ်လို့ကနဦးသိရပါတယ်။ ” အခုက ဆိုလာရယ်၊ ပါဝါဘန့်ရယ်၊ ဘတ္တရီတွေ၊ ဖုန်းတွေ၊ wifi စက်တွေ၊ icon တွေအဓိကပဲ ပို့ရခက်နေတယ်။ ပို့လို့မရသေးဘူး။အခုကပူပူနွေးနွေးပြောထားတာဆိုတော့ပို့ကိုမရသေးဘူး။ဒါပေမယ့်နောက်တော့ ပို့လို့ရမယ့်လမ်းကြောင်းပေါ်လာမှာပါ။စရိတ်ကတော့ပိုများသွားနိုင်တယ်။” လို့ ထိုင်းကနေ ကုန်စည်တွေ ဝယ်ယူပြီး မြဝတီကတဆင့် တင်ပို့ပေးနေသူကပြောပါတယ်။ ထိုင်းနိုင်ံကနေ အဆိုပါပစ္စည်းတွေကို မြဝတီနယ်စပ်ကတဆင့် မြန်မာနိုင်ငံထဲ တင်ပို့ခွင့်ပိတ်လိုက်တာကြောင့် တင်ပို့ခွင့်ပိတ်ခံလိုက်ရတဲ့ပစ္စည်းတွေအားလုံးစျေးနူန်းမြင့်တက်သွားတယ်လို့သိရပါတယ်။ ဒါအပြင် ပစ္စည်းပြတ်လပ်မှုရှိပြီး ဝယ်ယူရခက်တဲ့အခြေအနေတွေ ရှိလာနေတယ်လို့သိရပါတယ်။ ” ထိုင်းဘက်မှာပစ္စည်းကြိုက်သလောက်ဝယ်လို့ရပေမယ့်လောလောဆယ် မြဝတီနယ်စပ်ကနေပို့မရဘူးဖြစ်သွားတယ်။ပို့လို့ရတဲ့အချိန်ကျရင်လည်း…
Read Moreဒေါပုံမှာ သန်းခေါင်စာရင်းကောက်တဲ့ ရာအိမ်မှူးအဖွဲ့ ဓာတ်ဆီနဲ့ပက်ပြီး မီးရှို့တိုက်ခိုက်ခံရ
ဖေဖော်ဝါရီ ၁၃ – ၂၀၂၅ GG (VOM) ရန်ကုန်တိုင်း ၊ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်၊ ဓမ္မရိပ်သာလမ်းသွယ်ထဲမှာ ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းလာကောက်တဲ့ ရာအိမ်မှူးအပါအဝင်သုံးယောက်ကို အိမ်ရှင်အမျိုးသားက ဓာတ်ဆီနဲ့ပက်ပြီးမီးရှို့ တိုက်ခိုက်မှု ဖေဖော်ဝါရီ ၁၂ ရက်နေ့ကဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ မီးလောင်တဲ့ရာအိမ်မှူးအဖွဲ့ကတော့ ရပ်ကွက်တွင်းနေထိုင်သူတွေက မီးငြှိမ်းပေးတာကြောင့် ဒဏ်ရာသာရရှိပြီး အသက်မသေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ “နေ့ခင်း ၁၂ နာရီခွဲလောက်မှာရာအိမ်မှူးရယ်၊ဆယ်အိမ်မှူးအမျိုးသမီးရယ် ဘော်လန်တီယာတယောက်ရယ် စာရင်းသွားကောက်တယ်။သန်းခေါင်စာရင်းထဲကအတိုင်း အိမ်မှာ နေလား ဘာညာ ကောက်တာလို့ပြောတယ်။ အဲဒါကို ဓာတ်ဆီနဲ့ရှေ့ရောနောက်ရော ပက်ပြီးမီးရှို့သွားတာ။အစကရေနဲ့ပက်တယ်ထင်တာတဲ့မီးရှို့မှ နောက်မှဓာတ်ဆီနဲ့ပက်တာမှန်းသိတာ။မီးလောင်တာမှာဆယ်အိမ်မှူးအမျိုးသမီးကတခြမ်းလုံးလောင်တယ်။” လို့ ဒေါပုံမြို့နယ်က လူမှုကူညီရေးအဖွဲ့ဝင်တယောက် ကပြောပါတယ်။ ဓာတ်ဆီနဲ့လောင်းပြီး မီးရှို့ခံရသူတွေကတော့ ကြည်စုရပ်ကွက်က ရာအိမ်မှူး၊ ဆယ်အိမ်မှူးနဲ့ ဘော်လန်တီယာအဖြစ်လိုက်ပါသူအမျိုးသမီး တယောက်တို့ဖြစ်ကြောင်း၊ ရာအိမ်မှူးမှာတကိုယ်လုံးမီးလောင်ပြီး ဒဏ်ရာများတယ်လို့သိရပါတယ်။ အိမ်ရှင်အမျိုးသားကတော့ ဓာတ်ဆီနဲ့လောင်းကာ မီးရှို့ပြီးကတည်းက နေအိမ်ကနေ ထွက်ပြေးသွားတယ်လို့သိရပါတယ်။ ” လုပ်ပြီးတာနဲ့တန်းပြေးသွားတာပဲ ။စာရင်းကောက်ရုံနဲ့တော့ ခုလောက်ထိဖြစ်မယ်မထင်ဘူး ကိုယ့်စိတ်နဲ့တွေးကြည့်တာလေ…
Read Moreနဘားစျေးတန်းမှာ လက်နက်ကြီး ကျည် ထိမှန်လို့ ၊ ဆိုင်ခန်း၂၀ ကျော် မီးလောင် ပျက်စီး
ဖေဖော်၀ါရီ ၁၃ ၊ ၂၀၂၅ ကျော်ဟိန်း (VOM) စစ်ကိုင်းတိုင်း ကသာခရိုင် အင်းတော်မြို့နယ် နဘားစံပြကျေးရွာမှာရှိတဲ့ စည်ပင်သာယာ စျေးတန်းဟာ မနေ့က နေ့လယ်ပိုင်းက မီးလောင်ခဲ့တယ်လို့ စျေးသူ စျေးသားတွေဆီက သိရပါတယ် ။ ” စျေးထဲက အထည်ဆိုင်ကနေ မီးစတင် လောင်တယ်၊ နဘားစျေးရဲ့ သုံးပုံ၊ နှစ်ပုံလောက် မီးလောင် ပျက်စီးတယ် ၊ မီးစတင်လောင်ရတဲ့ အကြောင်းကတော့ စျေးကို လက်နက်ကြီး ကျည် ထိမှန်ပြီး လောင်တာ ” လို့စျေးသည်တယောက်က ပြောပါတယ် ။ အဲ့ဒီ နဘားစျေး မီးလောင်မှုကြောင့် အထည်ဆိုင် အပါအ၀င် စျေးဆိုင် ၊ ဆိုင်ခန်းပေါင် နှစ်ဆယ်ကျော် ပျက်စီး ဆုံးရှုံခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ နှစ်က စတင်အင်းတော်မြို့နယ်မှာ စစ်တပ်နဲ့ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေ့ကြား…
Read Moreညောင်ဦးဒေသ ဂျိုးကန်နဲ့ကျောက်ပြင်ကန်မှာတိုက်ပွဲဖြစ်လို့ ဒေသခံထောင်နဲ့ချီ အရေးပေါ်စစ်ရှောင်နေကြ
ဖေဖော်ဝါရီ ၁၃ – ၂၀၂၅ GG (VOM) မန္တလေးတိုင်း ၊ညောင်ဦးမြို့နယ် ၊ ဂျိုးကန်ရွာနဲ့ကျောက်ပြင်ကန်ရွာကြားမှာ မနေ့က ဖေဖော်ဝါရီ ၁၂ ရက်နေ့ညကစပြီး တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံတွေထောင်နဲ့ချီပြီး အရေးပေါ် စစ်ဘေးရှောင်နေရတယ်လို့သိရပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့ ဂျိုးကန်ရွာနဲ့ကျောက်ပြင်ကန်ရွာကြားကို ဒီနေ့ဖေဖော်ဝါရီ ၁၃ ရက်မနက်ပိုင်းမှာ နစကမှ လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ် ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့် ဂျိုးကန်ရွာနဲ့ကျောက်ပြင်ကန်ရွာဒေသခံတွေ အများအပြားအရေးပေါ်စစ်ဘေးရှောင်ခဲ့ကြရသလို အနီးပတ်ဝန်းကျင်ရှိ ဇီးစားမြင် ၊ယာတောကြီး၊အနောက်အုံရွာက ဒေသခံပြည်သူအချို့လည်း စစ်ဘေးရှောင်မှုရှိနေတယ်လို့သိရပါတယ်။ ” ဂျိုးကန်မှာမနေ့က စစ်သားတွေဝင်ပြီးမကြာဘူး ညကတည်းကစပြီးတိုက်ပွဲဖြစ်တာပဲ။ အဲဒီရွာကလူတွေလည်းနီးစပ်ရာအကုန်ပြေးကုန်ပြီ။အခုမနက် ဟတ်စကီးနဲ့ နှစ်ကြိမ်လာကြဲသွားတယ်။ဘယ်နေရာကျတယ်ဆိုတာအတိကျမသိသေးပေမယ့် ကျောက်ပြင်ကန်ကလည်း တော်တော်များများစစ်ရှောင်ကြပြီ။ကျောက်ပြင်ကန်ရွာဆိုအိမ်ခြေ ၁၀၀၀ နီးပါးလောက်တော့ရှိတယ်။ဂျိုးကန်ကတော့၁၀၀ ကျော်ရှိမယ်။အဲဒီရွာတကျောထဲကရွာတွေလည်း ရှောင်ကြပြီ။လေကြောင်းပါလာတော့ အကုန်ကြောက်ပြီး ရှောင်ကြတာ။ ” လို့ ဂျိုးကန်အနီးနေထိုင်တဲ့ ကျေး ရွာဒေသခံကပြောပါတယ်။ အဆိုပါ တိုက်ပွဲဖြစ်ပွားတဲ့ ဂျိုးကန်နဲ့ ကျောက်ပြင်ကန်ရွာက ညောင်ဦး -ကျော…
Read Moreရွှေအလေးချိန် ပြောင်းလဲတဲ့စနစ်ကို ISO လက်မှတ် ရရှိအောင် ဆောင်ရွက်နေ
ဖေဖော်ဝါရီ ၁၃ – ၂၀၂၅ SS (VOM) ရွှေအလေးချိန် ပြောင်းလဲတဲ့စနစ်ကို ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြု စံနှုန်းဖြစ်တဲ့ ISO လက်မှတ် ရရှိအောင် ဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA) မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။ အရေးကြီးကုန်စည် ဝန်ဆောင်မူဥပဒေမှာ ပါရှိတဲ့ အလေးချိန် စံချိန်စံညွှန်း သတ်မှတ်ချက်တွေအရ ရွှေအလေးချိန်တွေကို ဒီကနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကစပြီး တပြေးညီ ပြောင်းလဲကျင့်သုံးဖို့ စီစဉ်ထားတာဖြစ်ပြီး ဒါနဲ့ပတ်သက်လို့ ISO 17025 ရရှိနိုင်အောင်အထိ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။ “ဒီဂရမ်နဲ့ သွားတဲ့စနစ်ကတော့ နိုင်ငံတကာ စံချိန်စံညွှန်း ISO 17025 ရရှိအောင် အသင်းအနေနဲ့ ဆောင်ရွက်နေပါတယ်။ ရွှေနဲ့ ငွေ စံချိန်စံညွှန်း ဓာတ်ခွဲခန်းဆိုပြီး ကျွန်တော်တို့ လုပ်ကိုင်ဆောင်ရွက်နေပါတယ်။ အဲဒီမှာ ကျွန်တော်တို့…
Read Moreပေါက်တောမှာ စစ်ကျန်ဗုံးသီးပေါက်ကွဲလို့ နှစ်ယောက်သေပြီး လေးယောက်ဒဏ်ရာရ
ဖေဖော်ဝါရီ ၁၃ – ၂၀၂၅ CC (VOM) ရခိုင်ပြည်နယ် ၊ ပေါက်တောမြို့နယ်၊ဂြင်းဒွေရွာမှာ စစ်လက်ကျန်ဗုံးသီးတလုံးပေါက်ကွဲပြီး နှစ်ယောက်သေဆုံးပြီး လေးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့မှု ဖေဖော်ဝါရီ ၁၂ ရက်နေ့ကဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ “မနေ့ကညနေ ၃နာရီလောက်မှာ ဗုံးသီးပေါက်ကွဲမှုဖြစ်သွားတာ။ဖြစ်တာက အခုဒဏ်ရာရတဲ့အထဲကကောင်လေးက ဗုံးသီးကိုကောက်တွေ့လို့ယူလာပြီး ရွာရောက်တော့ သူတို့သူငယ်ချင်းတွေစုပြီး ဗုံးသီးကိုထုကြည့်ကြရာကနေ ပေါက်ကွဲပြီးခုလိုတွေဖြစ်ကုန်တာ။နှစ်ယောက်ကတော့နေရာမှာတင်ပွဲချင်းပြီးပဲ။ကလေးတွေလည်းမဟုတ် ဘဲ ခုလိုဗုံးသီးကိုထုကြည့်တာအရမ်းမိုက်မဲတယ်။မဖြစ်သင့်တာတွေဖြစ်ကုန်ရပြီ။” လို့ စစ်ရှောင်အရေးကူညီနေသူကပြောပါတယ်။ ဗုံးသီးပေါက်ကွဲမှုကြောင့် သေဆုံးတွေက အသက် ၂၀ အရွယ်အမျိုးသားနဲ့ ၁၈ နှစ်အရွယ် အမျိုးသားတို့ဖြစ်ပြီး ဒီနေ့ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ သဂြိုလ်မှာဖြစ်တယ်လို့သိရပါတယ်။ ပေါက်ကွဲမှုအတွင်း ထိခိုက်ဒဏ်ရာရရှိသွားသူတွေကတော့ အသက် ၁၅ နှစ်အရွယ်အမျိုးသားနှစ်ယောက်၊၁၇ နှစ်အရွယ် အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်တို့ဖြစ်ပြီး လက်ရှိမှာဆေးကုသမှုခံယူနေတယ်လို့သိရပါတယ်။ မောင်တောမြို့နယ်မှာလည်း ဖေဖော်ဝါရီ ၁ဝ ရက်နေ့က စစ်ကျန်လက်နက်ဗုံးသီးကို ဆော့ကစားရာကနေ ပေါက်ကွဲပြီး တယောက်သေဆုံးကာ လေးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ဖေဖော်ဝါရီ…
Read Moreကျားဖြန့်ဂိုဏ်းတွေကို တယောက်မကျန်ဖမ်းဖို့ဆိုကာ BGFက နှိမ်နင်းရေး အထူးတပ်ဖွဲ့ဖွဲ့
ဖေဖော်ဝါရီ ၁၃ – ၂၀၂၅ CC (VOM) ကရင်ပြည်နယ်ထဲက ကျားဖြန့်ငွေလိမ်ဂိုဏ်း၊လူမှောင်ခို ကူးသူတွေကို နှိမ်နှင်းဖို့ဆိုပြီး ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGF က ကျားဖြန့်ငွေလိမ်ဂိုဏ်း၊လူမှောင်ခို ပပျောက်နှိမ်နင်းရေးအထူးတပ်ဖွဲ့ကို ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ဖွဲ့စည်းလိုက်ပါတယ်။ BGF ခေါင်းဆောင် တွေဖြစ်တဲ့ ဗိုလ်မှူးကြီး စောချစ်သူ ၊ဗိုလ်မုတ်သုန်နဲ့ဗိုလ်တင်ဝင်းတို့ကို ထိုင်းက ဖမ်းဝရမ်းထုတ်ဖို့ သတင်းထွက်အပြီးမှာ BGF ဘက်က ကျားဖြန့်နှိမ်နင်းဖို့အထူးအဖွဲ့ ကိုဖွဲ့စည်းကြောင်းအသိပေးလာတာဖြစ်ပါတယ်။ ဒါအပြင် ဗိုလ်မှူးကြီးစောချစ်သူကလည်း မကြာခင်မှာ လူမှောင်ခို ကျားဖြန့်ဂိုဏ်းကို နှိမ်နင်းပြီး တယောက်မကျန်ဖမ်းဆီးပြီး သက်ဆိုင်ရာနိုင်ငံကိုပြန်ပို့ပေးမှာဖြစ်ကြောင်း မီဒီယာအချို့ကိုပြောဆိုထားတာတွေ့ရပါတယ်။ “ လူမှောင်ခို ကျားဖြန့်နှိမ်နင်းရေး အထူးအဖွဲ့ကို ကျနော်တို့ ဖွဲ့ပြီးတော့ ဖမ်းမှာ။ လုံးဝ တယောက်မကျန် ဖမ်းပြီးတော့ ကျနော်တို့ ပြန်ပို့မှာ။ ကျွန်တော် လည်း ဘာမှ အကျိုးစီးပွားမခံစားရဘူး။ သူတို့ လာပြီး…
Read More