ဆူးငှက် ကုန်လွန်ခဲ့တဲ့ နှစ်၄၀လောက်က မန္တလေးမှာ အငြိမ့်တစ်ခေတ် တကျော့တပြန် ခေတ်စားလာပါတယ်။ ခေတ်အဆက်ဆက် ထွန်းကားခဲ့တဲ့ မန္တလေးအငြိမ့်ဟာ ရတနာပုံခေတ်က မယင်းတော်တို့ မကြေးမျှင် (ခေါ်) ဆင်ခိုးမလေးတို့ မထွေးလေးတို့ ဆီကနေ ဆင်းသက်လာပြီး မြခြေကျင်းမငွေမြိုင်တို့ လေဘာတီမမြရင်တို့ သြဘာသောင်းတို့ ဥက္ကလာအေးကြည်တို့ ခေတ်အထိ လက်ဆင့်ကမ်းခဲ့ကြပါတယ်။ ဒီလက်ဆင့်ကမ်းမှုဟာ “အငြိမ့်” ဆိုတဲ့ ဝေါဟာရအတိုင်း တီးတော့လည်း ငြိမ့်ငြိမ့်၊ ဆိုတော့လည်း ငြိမ့်ငြိမ့်၊ က တော့လည်း ငြိမ့်ငြိမ့် ပါပဲ။ ရွှေနန်းတွင်းက သက်ဆင်းခဲ့လေတော့ ရိုင်းလို့မရပါဘူး။ ကြမ်းလို့မရပါဘူး။ ခုန်လို့ ပေါက်လို့ အော်လို့ ဟစ်လို့ မရပါဘူး။ ဒီအစဉ်အလာအတိုင်း အငြိမ့် က ဖြစ်တည်လာလိုက်တာ ကိုလိုနီခေတ်ဦးရောက်တော့ အချိုးအကွေ့တစ်ခု ရောက်ရပါပြီ။ သီချင်းတွေ တေးသွားတွေမှာ အင်္ဂလန် က ဘင်သံတွေ ဝင်လာပါပြီ။…
Read MoreDay: February 16, 2025
တပတ်အတွင်း ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်ဈေးကွက်
ဖေဖော်ဝါရီ ၁၇ – ၂၀၂၅ SN (VOM) ဒီတပတ် ပြည်တွင်းရွှေဈေးကွက်မှာတော့ အခေါက်ရွှေဈေး ဆက်တိုက်ဆိုသလို မြင့်တက်လာကို တွေ့ရပါတယ်။ အမေရိကန်ဒေါ်လာဈေးကတော့ ၄၅၀၀ ဝန်းကျင်နဲ့ ဒီတပတ်မှာ ဈေးငြိမ်နေပါတယ်။ စက်သုံးဆီ ဈေးကွက်မှာတော့ ဆီဈေးနှုန်းတွေက အရင်တပတ် ရည်ညွှန်းဈေးအတိုင်း မပြောင်းလဲဘဲ ရှိနေပါတယ်။ အခြေခံစားသောက်ကုန် ဈေးကွက်ထဲမှာတော့ ကုန်စိမ်းတချို့ ဈေးပြန်တက်နေပြီး တခြားကုန်စည် အများစုကတော့ အမြင့်ဈေးအတိုင်း ရှိနေဆဲဖြစ်ပါတယ်။ #ပြည်တွင်းရွှေဈေးနှုန်း ပြည်တွင်းက ပြင်ပရွှေဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့တပတ် ဖေဖော်ဝါရီ ၅ ရက်နေ့၊ ညနေပိုင်းကစလို့ အတက်ဘက်ကို ရောက်ရှိလာခဲ့တာပါ။ အဲဒီနောက်ပိုင်း တောက်လျှောက် မြင့်တက်လာခဲ့တာမှာ ဒီတပတ် ဖေဖော်ဝါရီ ၁၄ ရက်နေ့၊ ညနေပိုင်းမှာတော့ အမြင့်ဆုံးဈေး ခြောက်ဆယ့်ခုနစ်သိန်း နှစ်သောင်းဝန်းကျင်အထိ ရောက်ရှိခဲ့တာကို တွေ့ရပါတယ်။ တပတ်တာအတွင်း အနိမ့်ဆုံးဈေးကတော့ ဖေဖော်ဝါရီ ၁၀ ရက်နေ့၊…
Read Moreမော်တင်စွန်းဘုရားပွဲ နှစ်စဉ်ကျင်းပမြဲအတိုင်း ၁၅ ရက်ကြာ ပြုလုပ်မယ်
Ms(VOM) ဖေဖော်ဝါရီ၁၆၊၂၀၂၅ ဧရာ၀တီတိုင်းမှာ စစ်ရေးတင်းမာမှုတွေရှိနေပေမယ့် မော်တင်စွန်းဘုရားပွဲတော်ကို မူလကျင်းပမြဲရက်များ အတိုင်းသာ ၁၅ရက်ကြာပြုလုပ်သွားမှာဖြစ်ကြောင်း ဂေါပကအဖွဲ့ကပြောပါတယ်။ မော်တင်စွန်းဘုရားပွဲတော်ကို ဖေဖော်ဝါရီ ၂၇ ရက်ကနေ မတ် ၁၃ ရက်အထိကျင်းပပြုလုပ်ဖို့ရှိနေတာဖြစ်ပြီး လက်ရှိမှာတော့ဘုရားပွဲတော်ကျင်းပဖို့ ဘုရားစေတီတော်ရင်ပြင် သန့်ရှင်းစေဖို့ပြင်ဆင်ဆောင်ရွက်တာတွေနဲ့ ဘုရားဖူးတွေရဲ့လုံခြုံရေးပိုင်းတွေအတွက် လုပ်ဆောင်ဖို့ပြုလုပ်နေတယ်လို့ဆိုပါတယ်။ ” ဘုရားပွဲကလုပ်ဖြစ်တာဟုတ်ပါတယ်။နှစ်စဉ်အတိုင်းပါပဲ ၊နှစ်စဉ်ပြုလုပ်နေကြ ရက်အတိုင်း လုပ်နေကြအတိုင်းလုပ်မှာပါ၊ကျန်တဲ့ဘုရားပွဲတော်အစီစဉ်တွေက ဘုရားပွဲလုပ်မယ့်ရက်နီးလာရင်ပြန်ပြောမှာပါ”လို့ မော်တင်စွန်းစေတီတော်ဂေါပကအဖွဲ့ဝင်တယောက်ကပြောပါတယ်။ ပြီးခဲ့တဲ့ရက်များအတွင်း ရခိုင်ပြည်နယ်အစပ်ဖြစ်တဲ့၊ဧရာဝတီတိုင်းငပုတောမြို့နယ်အနီးကရွာတွေမှာ တိုက်ပွဲအနည်းငယ်ဖြစ်ပွားတာတွေရှိခဲ့သလို မော်တင်စွန်းတောင်ခြေအနီးနဲ့ ဘုရားဖူးလာရာလမ်းတွေမှာ လုံခြုံရေးတပ်ဖွဲ့စခန်းတွေနဲ့ စစ်ဆေးရေးဂိတ်တွေ ပြုလုပ်စစ်ဆေးတာတွေရှိနေကြောင်း ဒေသခံတွေထံကသိရပါတယ်။ ” မော်တင်စွန်းဘုရားပွဲကဒီနှစ်တော့အကျဉ်းချုံးလုပ်မယ်ကြားနေရတာပဲ၊၁၅ရက်လုပ်တာကတော့နှစ်စဉ်အဲဒီရက်အတိုင်းပါပဲ။တိုက်ပွဲတွေဖြစ်တာရှိတော့အရင်ကလောက်တော့စည်မှာမဟုတ်ဘူးထင်တယ်။ဈေးဆိုင်ခန်းနဲ့တည်းခိုနေရာတွေတော့ မလုပ်ကြသေးဘူး။ပွဲတော်ကျင်းပရေးဘက်ကတော့ ဈေးဆိုင်တွေကိစ္စမကြာခင်ပြောမယ်ပြောတယ်။ခုထိတော့ ဘုရားပွဲတော်အတွက်သေချာမသိသေးဘူး။ရေကြောင်းကနေဘုရားဖူးလာမယ့်သူတွေအတွက်ကတော့ဒီဖေဖော်ဝါရီ၅ရက်ထဲကသင်္ဘောစပြေးနေတယ်”လို့ ငပုတောမြို့နေ ဒေသခံတယောက်ကပြောပါတယ်။ နှစ်စဉ် တပေါင်းလဆန်း ၁ ရက်ကနေ တပေါင်းလပြည့်နေ့အထိ ၁၅ ရက်ကြာ မော်တင်စွန်းဘုရားပွဲတော်ကို ကျင်းပတာဖြစ်ရာ ဘုရားဖူးများတနှစ်ထက်တနှစ်များပြားလာခဲ့လို့၂၀၂၃ခုနှစ်မှာ စေတီတော်ရင်ပြင်ကို တိုးချဲ့ပြုပြင်တာတွေရှိခဲ့တယ်လို့သိရပါတယ်။ မော်တင်စွန်းဘုရားမှာ ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ဟိုင်းကြီးကျွန်းအနီး…
Read Moreအခုရက်ပိုင်းအတ္ငင်း စစ်ကိုင်းတိုင်းမှာ လေကြောင်း တိုက်ခိုက်ခံရမှုများလာ
ဖေဖော်၀ါရီ ၊ ၁၆ ၊ ၂၀၂၅ ကျော်ဟိန်း (VOM) စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာတွေမှာ အခု ရက်ပိုင်းအတွင်း လေကြောင်း တိုက်ခိုက်ခံရမှု ဖြစ်စဥ်တွေ များပြားလာတယ်လို့ စစ်ကိုင်းတိုင်း နိုင်ငံရေး အသိုင်းအ၀ိုင်ဆီနေက သိရပါတယ်။ အဲ့ဒီလို တိုက်ခိုက်ခံရတဲ့ ဖြစ်စဥ်တွေကတော့ တမူးမြို့နယ် ၊ ကလေးမြို့နယ် တောင်ပိုင်း၊ ချောင်းဦးမြို့နယ် ၊ အင်းတော်မြို့နယ်၊ မုံရွာမြို့နယ်နဲ့ ကနီမြို့နယ်တွေဖြစ်တယ်လို့ သိရပါတယ်။ ” အခုနောက်ပိုင်း နစကတပ်ဘက်က လေကြောင်း စစ်ဆင်ရေးအတွက် Paramortar ( စက်တပ်လေထီး)တွေကို ပြောင်းလဲ အသုံးပြုလာတယ်၊ ဒါ့အပြင် ချေမူန်းရေး နေရာတွေကိုတော့ ဂျက်လေယာဥ်တွေ အသုံးပြုတယ်” လို့ ကနီမြိုခံ တယောက်က ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ကနီမြိုနယ် နတ်ကြီးကျေးရွာနဲ့ နတ်လာပို့ရွာဘက်မှာ စက်တပ်လေထီးတွေနဲ့ တိုက်ခိုက် ခံရတာကြောင့် လူနေအိမ်…
Read Moreဒေလီရှိ ဘူတာရုံတခုမှာ လူအုပ်ပြိုကျမှုကြောင့် ၁၅ ယောက်ထက်မနည်း သေဆုံး
ဒေလီ၊ ဖေဖော်ဝါရီ-၁၆-၂၀၂၅ ရတီ(VOM) အိန္ဒိယနိုင်ငံ မြို့တော်ဒေလီရှိ ဘူတာရံတခုမှာ လူအုပ်ပြိုကျမှုကြောင့် ကလေးငယ်သုံးယောက်အပါအဝင် လူ ၁၅ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ခရီးသည်တွေဟာ ဘာသာရေးပွဲတော်တခုအတါက် နိုင်ငံမြောက်ပိုင်း ပရာယာဂရက်ကို သွားရောက်ဖို့ စောင့်ဆိုင်းနေကြတာဖြစ်ပြီး သီတင်းခြောက်ပတ်ကြာမြင့်မယ့် အဲဒီပွဲတော်ကို ဇန်နဝါရီလမှာ စတင်ခဲ့တာဖြစ်ကာ အင်္ဂါမြစ်မှာ လူသန်းနဲ့ချီပြီး ရေချိုးလေ့ရှိကြပါတယ်။ ဘူတာရုံမှာ လူတွေများလွန်းတာကြောင့် ၁၀ မိနစ်ကနေ ၁၅ မိနစ်အတွင်းမှာ အခြေအနေက ထိန်းမနိုင် သိမ်းမရ ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ လက်ထောက်ကော်မရှင်နာမင်းကြီးကပြောပါတယ်။ လူအများအပြားကိုလည်း ဆေးရုံပို့ထားတယ်လို့ သူကဆိုပါတယ်။ လူအုပ်ကြီးဟာ ဘူတာရုံကို ဝင်လို့မရအောင်ထိ များပြားခဲ့ပြီး အမျိုးသမီး ခုနှစ်ယောက်လောက်ကို ထမ်းစင်တွေနဲ့ ခေါ်ထုတ်သွားကြတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ သေဆုံးသူတွေထဲမှာ ကလေးသုံးယောက်နဲ့ အမျိုးသမီး ၁၀ ယောက်ပါဝင်ပြီး ၁၀ ကျော်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။…
Read Moreကျန်းမာသုခဆေးခန်း ပိတ်သိမ်းရမယ်ဆိုတာမဟုတ်ဘဲ ပုံမှန်အတိုင်းလည်ပတ်နေကြောင်း ဆေးရုံဘက်ကရှင်းလင်း
ဖေဖော်ဝါရီ ၁၆ -၂၀၂၅ GG (VOM) ရန်ကုန်မြို့က ပိတ်သိမ်းဖို့သတင်းထွက်ပေါ်ခဲ့တဲ့ဆေးရုံတွေထဲမှာ ကျန်းမာသုခ အထူးကုဆေးခန်းပါဝင်တယ်ဆိုတာ မဟုတ်ကြောင်း လုပ်ငန်းပုံမှန်လည်ပတ်နေတယ်လို့ ဆေးရုံဘက်က ပြန်လည်ရှင်းလင်း ပြောဆိုလာပါတယ်။ ကျန်းမာသုခအထူးကုဆေးခန်းက ရန်ကုန်မြို့ထဲမှာ ဖွင့်လှစ်ထားတဲ့ ဆေးခန်းခွဲတွေထဲကမှ ဆေးခန်းခွဲတခုကိုသာ ပိတ်ထားပြီး ကျန်တဲ့ဆေးခန်းခွဲတွေကို ဖွင့်လှစ်ထားကာလုပ်ငန်းလည်ပတ်နေတယ်လို့ ဆေးရုံပိုင်ရှင်ကဆိုပါတယ်။ ” လတ်တလောမှာ လုပ်ငန်းခွဲဆေးခန်းခွဲတခုကိုသာပိတ်လိုက်တယ်။ပိတ်လိုက်တယ်ဆိုတာ အခြားအကြောင်း တခုကြောင့်ပိတ်လိုက်တာပါ။ကျန်တဲ့လုပ်ငန်းတွေကပုံမှန်အတိုင်းလည်ပတ်နေပါတယ်။” လို့ ဆေးရုံပိုင်ရှင်က ပြောပါတယ်။ လူမှုကွန်ယက်မှာ ထွက်ပေါ်ခဲ့တဲ့ ဆေးရုံပိတ်သိမ်းခံရတဲ့ သတင်းတွေထဲမှာတော့ ကျန်းမာသုခ ဆေးရုံက အပြီးပိတ်သိမ်းခံရတယ်ဆိုပြီး ထွက်ပေါ်ခဲ့တာဖြစ်ပေမယ့် အဆိုပါ သတင်းက မဟုတ်မှန်ကြောင်း ဆေးရုံဘက်က ပြန်လည် ရှင်းလင်းပြောဆိုလာတာဖြစ်ပါတယ်။ ဆေးရုံ အချို့ကို ပြစ်ဒဏ်တွေချမှတ်တဲ့စာရင်းမှာပါတဲ့ ဂရန်းဟံသာ နဲ့ဆာကူရာဆေးရုံတွေကလည်း ဆေးရုံပိတ်ရမယ်ဆိုတာသတင်းအမှားသာဖြစ်ကြောင်းနဲ့ ၂၄ နာရီဆေးရုံဖွင့်လှစ်ဝန်ဆောင်မှုပေးနေတယ်လို့ အသိပေးထားပါတယ်။ Photo – ကျမ္မာသုခဆေးခန်း
Read Moreမူဆယ် ကနေ တရုတ်ဘက် ၇ ရက်ကတ်နဲ့ တိုကင်ယူစရာမလိုပဲ ဖြတ်သန်းခွင့်ပြု
ဖေဖော်ဝါရီ ၁၆၊ ၂၀၂၄ Shy V VOM မူဆယ် ကနေ တရုတ်ဘက်ကို လတ်တလော ကြိုတင် တုံကင် ယူစရာ မလိုပဲ ၇ ရက် သက်တမ်း ရှိ ယာယီ နယ်စပ် ဖြတ်ကျော်ခွင့်ကတ် နဲ့ ဘယ်မျဉ်းစောင်း မဆို ဝင်ထွက် ဖြတ်သန်းခွင့်ပြုကြောင်း နယ်စပ် ဒေသခံတွေဆီက သိရပါတယ်။ “၇ ရက်သက်တမ်း ကတ်နဲ့ မှတ်ပုံတင်ဘယ် မျဉ်းစောင်း မဆို ဝင်ခွင့် ပြုတာတော့ ဟုတ်တယ်။ ဒါပေမယ့် ကျယ်ဂေါင်ထိပဲ ရတယ်။ ရွှေလီတောင်သွားလို့မရဘူး။ ကန့်သတ်ချက်တွေ ရှိတယ်” လို့ မူဆယ် ဒေသခံ တယောက်က ပြောပါတယ်။ စစ်မှုထမ်း ကန့်သတ် အသက် ကျော်လွန်ပြီးသူတွေနဲ့ စစ်မှုထမ်း ကင်းလွတ်ခွင့်ရသူတွေပဲ ဝင်ခွင့်ရတယ်လို့ သိရတယ်လို့ ဆိုပါတယ်။ “မြန်မာ လူကြီးတွေတော့…
Read Moreချောင်းဦးနယ် တိုက်ပွဲမှာ ထိခိုက်သေဆုံးသူများပြား
ဖေဖော်၀ါရီ ၊ ၁၆ ၊ ၂၀၂၅ ကျော်ဟိန်း (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြိုနယ်ရဲ့ အနောက်တောင်ဘက်မှာရှိတဲ့ ကင်မွန်းတော်ကျေးရွာမှာ မနေ့ မနက်ပိုင်းကစလို့ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ ချောင်းဦးမြိုခံတွေဆီက သိရပါတယ်။ ” ကင်မွန်းတော်မှာ မနက်ပိုင်းကစလို့ ထိတွေမှုတွေဖြစ်တယ် ၊ ကျေးရွာ လုံခြုံရေး ပြည်သူ့စစ် အဖွဲ့နဲ့ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေကြား ပစ်ခတ်တာတွေဖြစ်တယ် ၊ ဒေသတွင်း လက်နက်ကိုင်အဖွဲ့ သုံးထောင်၀န်းကျင်လောက်နဲ့ ကျေးရွာ ပြည်သူ့စစ် အဖွဲ့တွေ ဖြစ်ကြတာ ၊ တိုက်ပွဲဖြစ်ပြီး မကြာခင် တပ်ဘက်က စစ်ကူတွေ ရောက်လာတယ် ၊ မနေ့က ညပိုင်းအထိ ဖြစ်ကြတယ် ဒေသတွင်းအဖွဲ့တွေ ထိခိုက်သေဆုံးတာ များတယ် ၊ သေဆုံးသူ အရေအတွက်တော့ အခုထိ မသိရသေးဘူး” လို့…
Read Moreလှိုင် ဘာတာဈေး မီးလောင်မှု ဆိုင်ခန်း ၁၂၀ ဝန်းကျင် ပျက်စီးဆုံးရှုံး
ဖေဖော်ဝါရီ ၁၆ – ၂၀၂၅ SS (VOM) ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ (၁၂) ရပ်ကွက်ရှိ ဘာတာဈေး (လှိုင်ရတနာဈေး) မှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၆ ရက်၊ မနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ခန်း ၁၂၀ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရပါတယ်။ ဒီကနေ့မနက် ၁၂ နာရီ ၁၁ မိနစ်ဝန်းကျင်က မီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အဲဒီမီးလောင်မှုကို Level 2 ယာဉ်အုပ်စု ထွက်ခွာ မီးငြှိမ်းသတ်ခဲ့ရခြင်း ဖြစ်တယ်လို့ သိရပါတယ်။ “ဒီမီးလောင်မှုမှာ လူအထိအခိုက်တော့ မရှိခဲ့ဘူး။ ဆိုင်ခန်းကတော့အားလုံး စုစုပေါင်း ၁၂၀ ပါသွားတယ်။ မီးလောင်မှုကြောင့် ဆုံးရှုံးတန်ဖိုးနဲ့ အကြောင်းရင်းလည်း မရသေးဘူး။ သူက စုံခုံဖွဲ့ပြီး စစ်မှာဆိုတော့ အခြေအနေက မသိရသေးဘူး” လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ…
Read Moreအောင်လံမှာ ရဲတပ်ကြပ်နဲ့အမျိုးသားတယောက်ကို အိမ်ရှင်က ဓားနဲ့ခုတ်သတ်မှုဖြစ်ပွား
ဖေဖော်ဝါရီ ၁၆ -၂၀၂၅ GG (VOM) မကွေးတိုင်း ၊အောင်မြို့၊မကျည်းကုန်းရပ်ကွက်မှာ ဖေဖော်ဝါရီ ၁၅ ရက်နေ့က ရဲတပ်ကြပ်နဲ့အမျိုးသားတို့ကို အိမ်ရှင်ကဓားနဲ့ခုတ်သတ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ဓားနဲ့ခုတ်ပြီးသတ်ခံရတဲ့ ရဲတပ်ကြပ်ကြီးက အောင်လံမြို့မရဲစခန်းမှ ရဲတပ်တပ်ကြပ်ကြီးကျော်သူရဆိုသူဖြစ်ပြီး အတူပါအမျိုးသားကတော့ အသက် ၅၀ အရွယ် ကိုထွန်းဆိုသူဖြစ်တယ်လို့သိရပါတယ်။ ” မနေ့ကညနေမှာ သူတို့ကလာခေါ်ချိန် အဲဒီအိမ်က ကောင်လေးက အရင်ရက်က စစ်မှုထမ်းဖို့ဆိုပြီး အခေါ်ခံရပြီးပါသွားတာ။ပြီးတော့ပြန်ပြေးလာတာပေါ့။အဲဒါကို ရဲတွေက ပြန်လာခေါ်တာမှာ ဟိုကခုတ်လွှတ်လိုက်တာ။စစ်မှုထမ်းဖို့လာခေါ်ခံရတဲ့ကောင်လေးက အသက် ၃၃ နှစ်ရှိမယ်။ သူတို့က ညီအစ်ကိုလေးယောက်ရှိတာ။အခုသေသွားတဲ့ရဲကတော့ သူ့အိမ်မှာ နာရေးပြင်ထားတာတွေ့တယ်။ ” လို့ ဒေသခံကပြောပါတယ်။ ရဲတပ်ကြပ်ကြီးတို့နှစ်ယောက်ကို ဓားနဲ့ခုတ်သတ်ခဲ့တဲ့အိမ်ရှင်မိသားစုကတော့ လက်ရှိမှာ မိသားစုလိုက် ထွက်ပြေး တိမ်းရှောင်သွားတာကြောင့် ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ ဒေသခံပြောပြချက်အရသိရပါတယ်။ အသတ်ခံရတဲ့ ရဲတပ်ကြပ်ကြီးနဲ့ အမျိုးသားတို့ကို မနက်ဖန် ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ မီးသဂြိုလ်မှာဖြစ်တယ်လို့သိရပါတယ်။ ရန်ကုန်တိုင်း ၊ဒေါပုံမြို့နယ်၊…
Read More