ကျန်းမာသုခဆေးခန်း ပိတ်သိမ်းရမယ်ဆိုတာမဟုတ်ဘဲ ပုံမှန်အတိုင်းလည်ပတ်နေကြောင်း ဆေးရုံဘက်ကရှင်းလင်း

ဖေဖော်ဝါရီ ၁၆ -၂၀၂၅
GG (VOM)
ရန်ကုန်မြို့က ပိတ်သိမ်းဖို့သတင်းထွက်ပေါ်ခဲ့တဲ့ဆေးရုံတွေထဲမှာ ကျန်းမာသုခ အထူးကုဆေးခန်းပါဝင်တယ်ဆိုတာ မဟုတ်ကြောင်း လုပ်ငန်းပုံမှန်လည်ပတ်နေတယ်လို့ ဆေးရုံဘက်က ပြန်လည်ရှင်းလင်း ပြောဆိုလာပါတယ်။
ကျန်းမာသုခအထူးကုဆေးခန်းက ရန်ကုန်မြို့ထဲမှာ ဖွင့်လှစ်ထားတဲ့ ဆေးခန်းခွဲတွေထဲကမှ ဆေးခန်းခွဲတခုကိုသာ ပိတ်ထားပြီး ကျန်တဲ့ဆေးခန်းခွဲတွေကို ဖွင့်လှစ်ထားကာလုပ်ငန်းလည်ပတ်နေတယ်လို့ ဆေးရုံပိုင်ရှင်ကဆိုပါတယ်။
” လတ်တလောမှာ လုပ်ငန်းခွဲဆေးခန်းခွဲတခုကိုသာပိတ်လိုက်တယ်။ပိတ်လိုက်တယ်ဆိုတာ အခြားအကြောင်း တခုကြောင့်ပိတ်လိုက်တာပါ။ကျန်တဲ့လုပ်ငန်းတွေကပုံမှန်အတိုင်းလည်ပတ်နေပါတယ်။” လို့ ဆေးရုံပိုင်ရှင်က ပြောပါတယ်။
လူမှုကွန်ယက်မှာ ​ထွက်ပေါ်ခဲ့တဲ့ ဆေးရုံပိတ်သိမ်းခံရတဲ့ သတင်းတွေထဲမှာတော့ ကျန်းမာသုခ ဆေးရုံက အပြီးပိတ်သိမ်းခံရတယ်ဆိုပြီး ထွက်ပေါ်ခဲ့တာဖြစ်ပေမယ့် အဆိုပါ သတင်းက မဟုတ်မှန်ကြောင်း ဆေးရုံဘက်က ပြန်လည် ရှင်းလင်းပြောဆိုလာတာဖြစ်ပါတယ်။
ဆေးရုံ အချို့ကို ပြစ်ဒဏ်တွေချမှတ်တဲ့စာရင်းမှာပါတဲ့ ဂရန်းဟံသာ နဲ့ဆာကူရာဆေးရုံတွေကလည်း ဆေးရုံပိတ်ရမယ်ဆိုတာသတင်းအမှားသာဖြစ်ကြောင်းနဲ့ ၂၄ နာရီဆေးရုံဖွင့်လှစ်ဝန်ဆောင်မှုပေးနေတယ်လို့ အသိပေးထားပါတယ်။
Photo – ကျမ္မာသုခဆေးခန်း

Related posts

Leave a Comment

VOM News

FREE
VIEW