TNLA နဲ့ နစက ဆွေးနွေးပွဲနဲ့ မြေပြင်စစ်ရေးအခြေအနေ

ဖေဖော်ဝါရီ ၁၆၊ ၂၀၂၄
Shy V (VOM)
တရုတ်နိုင်ငံရဲ့ ကြားဝင်စီစဉ်မှုနဲ့ လက်ရှိစစ်ရေးပြဿနာတွေပြေလည်နိုင်ဖို့ မြန်မာကိုယ်စားလှယ်တွေနဲ့ TNLA ကိုယ်စားလှယ်တွေ ကူမင်းမြို့မှာ ဒီကနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကစ တွေ့ဆုံမှု စတင်မှာ ဖြစ်ကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ယမန်နေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကမှာသတင်း ထုတ်ပြန်ထားပါတယ်။
ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)ရဲ့ ကိုယ်စားလှယ်တွေဟာ တရုတ်အစိုးရရဲ့ စီစဉ်ချက်အရ မြန်မာကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံရန်အတွက် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်မှာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း အသိပေး ဖော်ပြထားပါတယ်။
PSLF ကိုယ်စားလှယ်အဖွဲ့ကို ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားမှ ဦးဆောင်ပြီး မဟာမိတ်ဆက်ဆံရေးဌာနမှူး ဗိုလ်မှူးကြီး တာမိုးဟိန်း အပါအဝင် ကိုယ်စားလှယ် ၉ ဦးတက်ရောက်မှာဖြစ်ပြီး၊ မြန်မာကိုယ်စားလှယ်ဘက်က MNDAA ကိုးကန့်အဖွဲ့ကို တွေ့ဆုံဆွေးနွေးခဲ့သူ ကစထ (၁) မှူးဖြစ်တဲ့ ဒု ဗိုလ်ချုပ်ကြီး ကိုကိုဦးမှ ဦးဆောင်မှာဖြစ်ကြောင်း သိရှိကြောင်း ဖော်ပြထားပါတယ်။
“နစက ဘက်က ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ TNLA ဘက်က ဒုတိယ ခေါင်းဆောင် ဗိုလ်ချုပ် တားဂျုတ်ဂျား ခေါင်းဆောင်တဲ့အဖွဲ့ တွေ့ဆုံဆွေးနွေးဖို့ ယမန်နေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ တရုတ်နိုင်ငံကို ရောက်ရှိနေပြီ လို့သိရတယ်” လို့ နယ်စပ် ဒေသခံ တယောက်က ပြောပါတယ်။
TNLA နဲ့ နစက တရုတ်ရဲ့ စီစဉ်မှုနဲ့ ဆွေးနွေးပွဲပြုလုပ်ဖို့ လုပ်နေချိန်မှာပဲ TNLA နဲ့ နစက တိုက်ပွဲ ဖြစ်ပွားနေတဲ့ စစ်မြေပြင် အနီးက TNLA ထိန်းချုပ်ရာ ရွာတွေကို နစက ဘက်က လက်နက်ကြီး နဲ့ ပစ်ခတ်တဲ့ အပြင် လေကြောင်း ဗုံးတွေပါ ကြဲချ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတွေရဲ့ ပြောပြချက်နဲ့ TNLA ဘက်က သတင်း ထုတ်ပြန်ချက် အရ သိရပါတယ်။
ဲ နောင်ချိုမြို့နယ်ရှိ နာဆွေကျေးရွာ၊ အုမ္မတီးကျေးရွာ၊ ညောင်နီကျေးရွာ၊ တောင်ရွှေကျေးရွာတို့ကို ဖေဖော်ဝါရီလ ၁၅ ရက်ေန့ကက တောင်ခမ်းစခန်း ခမရ (၄၀၆)၊ တပ်ရင်း (၃၅၄)နဲ့ တပ်ရင်း (၉၀၂)တို့ ကနေ လက်နက်ကြီး အလုံးရေ (၁၃၇)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ နေ့လယ် ၂ နာရီ ၃ မိနစ်ခန့်မှာလည်း Y-12 လေယာဥ်နဲ့ နာဆွေကျေးရွာအတွင်း ဗုံး (၃၈)လုံး လာရောက်ကြဲချခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက သတင်း ထုတ်ထားပါတယ်။
“မြေပြင် စစ်ရေး အခြေအနေက မနေ့ကတော့ တောင်ခမ်း တဝိုက်က ရွာတွေကို ဗုံးတွေကြဲတယ်။ အလုံး ၁၇၅ လုံး လောက်ရှိတယ်လို့ တော့ သိရတယ်။ ဒီနေ့တော့ သတင်း ဘာမှ မကြားရသေးဘူး။” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
လက်နက်ကြီး ပစ်ခတ်၊ လေကြောင်း ဗုံးကြဲ ခံရတဲ့ ရွာတွေတော့ ရစရာမရှိတော့ဘူး လို့ ဒေသခံတွေက ပြောပါတယ်။
“နာဆွေရွာလို့မရှိဘူးပဲ။ နားရှိူးရွာ ထင်တယ်။ တောင်ေတာင်ေရွှ မဟုတ်ပဲ တောင်ရှည်လို့ ပြောချင်တာ နေမယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။
နစက တပ်ဖွဲ့ နဲ့ နီးစပ်သူတွေက နောင်ချို တောင်ခမ်း အနီးက နားရှိုးရွာ စခန်းကိုနစက စစ်ကြောင်းတွေ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေ ၅ နာရီ ကျော်ခန့်က သိမ်းပိုက်ရရှိ ကြောင်းနဲ့ နောင်ချို၊ အုမ္မသီးရွာ အနီးချဉ်းကပ်လာတဲ့ TNLA တပ်ဖွဲ့တွေကို တိုက်ထုတ်ခဲ့ကြောင်း ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက် နေ့ကလည်း မိုးကုတ်မြို့ကို လေကြောင်း ဗုံးကြဲ တိုက်ခိုက်တာကြောင့် လူ ၅ ယောက် သေဆုံးခဲ့ပြီး ၁၉ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA ဘက်က သတင်း ထုတ်ပြန်ချက် အရ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW