ဆူးငှက် ဆရာကြီးရွှေဥဒေါင်းကိုခရစ်နှစ် ၁၈၈၉ခုနှစ် အောက်တိုဘာ ၂၄ ရက်နေ့တွင် မွေးဖွားခဲ့သောကြောင့် ၁၉၈၉ခုနှစ် အောက်တိုဘာ ၂၄ရက်နေ့တွင် အနှစ်၁၀၀ တင်းတင်း ပြည့်သည်။ ထို့ကြောင့် ဆရာကြီးရွှေဥဒေါင်း အနှစ် ၁၀၀ပြည့်ပွဲကိုဒေါ်ဒေါ်လူထုဒေါ်အမာဦးစီး၍ တောင်လေးလုံးကျောင်းတိုက်တွင် ကျင်းပခဲ့သည်။ လွန်ခဲ့သော၃၁ နှစ် ၁၉၈၉ ခုအောက်တိုဘာလ၂၄ရက်နေ့ကအမရပူရတောင်သမန် တောင်လေးလုံးကျောင်းတိုက်တွင်ဆရာကြီးရွှေဥဒေါင်း နှစ် (၁၀၀)ပြည့် အခမ်းအနားကျင်းပသောအခါအမှတ်မထင်အဖြစ်အပျက်တစ်ခုကိုလည်းသတိရလိုက်မိသည်။ဆရာကြီးရာပြည့်အခမ်းအနားမှာဆရာကြီးပုံအမှတ်တရပို့စကတ်ထုတ်ကြမည်။ ဆေးတံကြီးကိုက်ထားသောဆရာကြီးပုံကိုဆရာပေါ်ဦးသက်ထံစကက်(ချ်)အပ်မည်။ ထိုပုံကိုအဖြူအမည်း၂ရောင်ရိုက်မည့်ပို့စကတ်ထုတ်ဝေကြဖို့ဖြစ်သည်။ ထို့ကြောင့်ဒေါ်ဒေါ်ကဆရာကြီး၏ အဖြူအမည်းမူရင်းဓာတ်ပုံတစ်ပုံကို ကျွန်တော့်အားပေးသည်။ ဓာတ်ပုံကရှားရှားပါးပါးမူရင်းလေးမို့ ထိုဓာတ်ပုံကိုကော်ပီတစ်ပုံပွားပြီး ဆရာပေါ်ဦးသက်ထံပေးထားဖို့ဖြစ်သည်။ မူရင်းဓာတ်ပုံလေးကလည်းကောင်းလှချည့်၊ ရှေးကအဖြူအမည်းပုံမို့ Toneတွေကအသေးစိတ်သည်။ ပြေသည်၊ညက်သည်။ ဆရာကြီးမျက်နှာပေါ်ရှိအရေးအကြောင်းတွေက ဇရာနှင့်တည်ကြည်ရင့်ကျက်ခြင်းကိုအပီအပြင်ဖော်ပြနေ၏။ ဆေးတံကိုအံကြိတ်ကာကိုက်ထား၍မေးရိုးများ၏ တင်းမာမှုအရေးအကြောင်းတွေအထင်းသားပေါ်နေသည်။ ကြည့်စမ်းစာရေးဆရာများ အပလီအပလာတွေနှင့်တတ်နိုင်လိုက်တာ ၊ အခုကျွန်တော်ရေးသမျှဆရာကြီးဓာတ်ပုံနှင့်ပတ်သက်သည့်စာကြောင်းတိုင်းမှာ နောက်မှသာသိရှိ၍ရေးသားခြင်းဖြစ်၏။ အချိန်ကာလတွေလွဲချော်နေသည်။ အခုရေးပုံကထိုစဉ်ကပဲနားလည်တတ်ကျွမ်းသိရှိနေဟန်ညာဖြီးပုံက။ တကယ်တော့ဒေါ်ဒေါ်ပေးလိုက်သောမူရင်းအဖြူအမည်းဓာတ်ပုံလေးကို…
Read MoreDay: February 18, 2025
ကနီနယ်မှာ လေကြောင်းတိုက်ခိုက်ခံရလို့ အပျက်အစီးများ
ဖေဖော်၀ါရီ ၊ ၁၈၊ ၂၀၂၅ ကျော်ဟိန်း (VOM) စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ကနီမြိုနယ် ၊ မုဋော( အရှေ့) ကျေးရွာအနီး ချင်းတွင်းမြစ်ထဲမှာ ဆိုက်ကပ်ထားတဲ့ မော်တော်တစီးဟာ မနေ့က နေ့လယ်ပိုင်းက လေကြောင်းပစ် ခတ်ခံရလို့ မီးလောင်သွားတဲ့အကြောင်း ဒေသခံတွေဆီက သိရပါတယ် ။ “ချင်းတွင်းမြစ်ကြောင်းအတိုင်း မော်တော်က ဆန်သွားနေတယ် အဲ့ဒီအချိန် လေကြောင်းနဲ့ တိုက်ခိုက်ခံရတယ် ၊ မော်တော်ပေါ်မှာ လောင်စာဆီ ပေပါတွေနဲ့ ဆိုင်ကယ်တွေပါတယ် ၊ ဖြစ်တာက နေ့လယ် ၁၂ နာရီနဲ့ ၁ နာရီကြားမှာဖြစ်တယ် ၊ နောက်ပြီး မုဋောရွာထဲကိုလည် ဗုံးနှစ်လုံးချသွားတယ် ၊ ထိခိုက် ပျက်စီးတာတွေ ရှိတယ် ၊ ပျက်စီးတာကတော့ ဆိုင်ကယ် ဆယ်စီး ကျော်နဲ့ ၊ ကား နှစ်စီး ၊လောင်စာဆီ…
Read Moreအမေရိကန် ခရီးသည်တင်လေယာဉ်တစင်း ကနေဒါလေဆိပ်မှာ ပျက်ကျလို့ ၁၈ ယောက် ဒဏ်ရာရ
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၁၈-၂၀၂၅ ရတီ(VOM) အမေရိကန် ဒဲလ်တာလေကြောင်းလိုင်းမှ လေယာဉ်တစင်းဟာ နှင်းမုန်တိုင်းတိုက်ခိုက်မှုကြောင့် ကနေဒါနိုင်ငံ တိုရွန်တိုပီယာဆန်လေဆိပ်မှာ ဆင်းသက်စဉ် ပျက်ကျခဲ့တာကြောင့် လေယာဉ်ပေါ်ပါ ခရီးသည် ၈၀ အနက် ၁၈ ယောက်ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ လေယာဉ်ဟာ ဒဲလ်တာလေကြာင်းလိုင်းရဲ့ အန်ဒါဗာလုပ်ငန်းခွဲကနေ လည်ပတ်နေတဲ့ CRJ900 လေယာဉ်ဟာ ခရီးသည် ၇၆ ယောက်နဲ့ လေယာဉ်အမှုထမ်း လေးယောက်လိုက်ပါသွားခဲ့ပြီး မတော်တဆမှုဖြစ်စဉ်ကို ဒဲလ်တာလေကြောင်းလိုင်းက အတည်ပြုထားပါတယ်။ လေယာဉ်ပျက်ကျရတဲ့အကြောင်းရင်းကို ရှင်းလင်းစွာမသိရသေးကြောင်း ကနေဒါတာဝန်ရှိသူတွေက ပြောပါတယ်။ လေယာဉ်ဟာ ဆင်းသက်ခြင်းမပြုမီ ထူးခြားတဲ့ အရိပ်လက္ခဏာတွေ မတွေ့ခဲ့ဘူးလို့ ခရီးသည်တယောက်က ဆိုပါတယ်။ ကနေဒါနိုင်ငံမှာ သီတင်းပတ်ကုန်ပိုင်းက ပြင်းထန်တဲ့ နှင်းမုန်တိုင်းတွေ တိုက်ခိုက်ခဲ့ပြီး လေဆိပ်မှာ နှင်းထု ၂၂ စင်တီမီတာထိ ကျဆင်းခဲ့ပြီးနောက် လေကြောင်းလိုင်းတွေဟာ ဖျက်သိမ်းလိုက်ရတဲ့ ခရီးစဉ်တွေကို အမှီလိုက်ပြေးဆွဲနိုင်ရေး ကြိုးပမ်းနေကြပြီး လေတိုက်နှုန်းနဲ့…
Read Moreဗန်းမော် တိုက်ပွဲ ဆက်လက်ပြင်းထန်
ဖေဖော်ဝါရီ ၁၈၊ ၂၀၂၅ Shy V (VOM) ကချင်ပြည်နယ်ရဲ့ ဒုတိယ မြို့တော်ဖြစ်တဲ့ ဗန်းမော်မှာ တိုက်ပွဲ ဆက်လက်ပြင်းထန် နေဆဲ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဂျက် တောင် အမျိုးအစား အစုံ၊ တခါလာရင် ၃ စီး၊ ၃ စီးလာတာ။ မနေ့က မနက်ပိုင်း ဗန်းမော်ဘက်။ ဗုံးကျတဲ့ အသံက စစ်ရှောင်နေတဲ့ နေရာ ကနေ ကြားနေရတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။ နစက တပ်ဖွဲ့ ဘက်က KIA တပ်ဖွဲ့တွေ ခြေလျင် စစ်ကြောင်း ထိုးလာမယ် ဆိုတဲ့ သတင်းကြားလို့ လေယာဉ် တခါ လာရင် လေး၊ ငါးစီး လာပြီး ဗုံးလာကြဲတဲ့ အပြင် ဒရုံးနဲ့ပါ ဗုံး ကြဲတာလို့ သိရကြောင်း…
Read MoreTNLA ထိန်းချုပ်ရာ ကွတ်ခိုင်နဲ့နမ္မတူအကြား နစက လေကြောင်းတိုက်ခိုက်
ဖေဖော်ဝါရီ ၁၈၊ ၂၀၂၅ Shy V (VOM) နစက နဲ့ TNLA ကူမင်းမှာ ဆွေးနွေးနေချိန် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ည ၈ နာရီခွဲ ဝန်းကျင်ခန့်က TNLA ထိန်းချုပ်ရာ ကွတ်ခိုင် နဲ့ နမ္မတူ မြို့နယ်အစပ်ကို နစက က လေကြောင်းဗုံးကြဲတိုက်ခိုက် ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “နမ္မတူရဲ့ တဖက် တောင်ကြော၊ ဒေသအခေါ် ဆိုင်းခေါင်ဝ် တောင်ဘက် လာကြဲတာ။ မနေ့ည ၈ နာရီ ခွဲ ဝန်းကျင်ခန့်က။ အထိအခိုက်တော့ မသိဘူး” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ ယမန်နေ့ ညပိုင်းက ကွတ်ခိုင်မြို့ေပါ်မှာလည်း လေယာဉ်တွေ ပျံဝဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “အသံတော့ ကြားလိုက်တယ်။ နမ္မတူ နဲ့ ကွတ်ခိုင်…
Read Moreမြန်မာနိုင်ငံကို ပြန်လာမယ့် အလုပ်သမားတွေကို ပြည်ပပြန်လည် ထွက်ခွာခွင့် ကန့်သတ်
ဖေဖော်ဝါရီ ၁၈ – ၂၀၂၅ SS (VOM) ပြည်ပနိုင်ငံတွေကနေ ခွင့်နဲ့ မြန်မာနိုင်ငံကို ပြန်လာမယ့် အလုပ်သမားတွေကို နစက က ပြည်ပပြန်လည် ထွက်ခွာခွင့် ကန့်သတ်ထားတယ်လို့ အေဂျင်စီလုပ်ငန်းရှင်တွေဆီက သိရပါတယ်။ အသက် ၁၈ နှစ်ကနေ ၃၅ အတွင်း အမျိုးသားတွေကို ကန့်သတ်လိုက်တာဖြစ်ပြီး ဒီကန့်သတ်မှုမှာ အလုပ်အကိုင်ပတ်စ်ပို့ (PJ) နဲ့ အလည်အပတ် နိုင်ငံကူးလက်မှတ် (PV) အမျိုးအစားနှစ်ခုလုံး အကျုံးဝင်တယ်လို့ သိရပါတယ်။ “အခုလို ကန့်သတ်ဖို့ အလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားထားတာပါ။ တရားဝင် စာထုတ်ပြီး ညွှန်ကြားတာတော့ မဟုတ်ဘူး။ ပြီးခဲ့တဲ့ သုံးရက်လောက်က နှုတ်မိန့်နဲ့ ညွှန်ကြားလာတာ။ ဒါက ညွှန်ကြား ချက်အသစ်လို့ သိရတယ်။ နောက်ပိုင်းလည်း ဒီထက် ပိုကြပ်လာဖို့ရှိနေတယ်” လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီ အကျိုးဆောင်တယောက်က ပြောပါတယ်။ လက်ရှိ…
Read Moreရွှေညဝါတောရကျောင်း ရေစက်ချပွဲမှာ နိုင်/ကျဉ်းဟောင်း မိသားစုဝင်တွေ တွေ့ဆုံခဲ့ကြ
ဖေဖော်ဝါရီ ၁၈ – ၂ဝ၂၅ KKO(VOM) ရန်ကုန်မြို့၊မှော်ဘီမြို့နယ်က ရွှေညဝါတောရကျောင်းရဲ့ကျောင်း ဆောင်သစ် ရေစက်ချပွဲအခမ်း အနားမှာ နိုင်/ကျဉ်းဟောင်း မိသားစုဝင်အချို့တွေ့ဆုံခဲ့ကြတယ်လို့ အဲဒီပွဲကိုတက်ရောက်ခဲ့တဲ့ နိုင်/ကျဉ်းဟောင်းတယောက်က ပြောပါတယ်။ ကျောင်းဆောင်သစ်ရေစက်ချပွဲအခမ်းအနားနဲ့ နိုင်/ကျဉ်းဟောင်းများတွေ့ဆုံပွဲ အခမ်းအနားကို မှော်ဘီမြို့နယ်က ရွှေညဝါတောရ ကျောင်းမှာ အခုဖေဖော်ဝါရီလ ၁၇ ရက်၊နံနက်ပိုင်းအချိန်က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ “ဆရာတော်ကြီးက နိုင်/ကျဉ်းတွေကိုလှူနေတာ ကူညီထောက်ပံ့နေတာ ယနေ့အထိဆိုရင် အကြိမ်(၈၂) ကြိမ်ရှိပါပြီ။အရင်ပထမတခေါက်တုန်းကဆိုရင် အပြင်မှာရှိနေတဲ့ နိုင်/ကျဉ်းတွေရော အထဲမှာရှိတဲ့ နိုင်/ကျဉ်းတွေရော အားလုံးကိုထောက် ပံ့ပေးတာပါ။အခုအကြိမ်က အထဲမှာရှိနေကြတဲ့ သူတွေရဲ့ မိသားစုတွေကို ဆရာတော်ကြီးက သူရဲ့ကျောင်းရေစက်ချပွဲမှာထောက်ပံ့ကူညီပေးတာပါ။နိုင်/ကျဉ်းတွေကို ထောက်ပံ့ပေးအပ်တာပါ။အဓိက က သူ့ကျောင်းမှာကျောင်းရေစက် ချပွဲလုပ်တာပါ။ကျန်တာဆွေးနွေးခဲ့တာတွေ ထုတ်ပြန်တာတွေတော့ဘာမှမရှိပါဘူး။အလွတ်သဘော မိတ်ဟောင်း၊ဆွေဟောင်း ပြောဆိုခဲ့ကြတာတွေလောက်ပဲရှိပါတယ်”လို့ အဲဒီအခမ်းအနားကို တက်ရောက်ခဲ့တဲ့ နိုင်/ကျဉ်းဟောင်းတယောက်က ပြောပါတယ်။ ရွှေညဝါ ဆရာတော်ကြီးက လက်ရှိ အကျဉ်းကျခံနေရတဲ့ ပြင်ပမှာရှိနေတဲ့ နိုင်/ကျဉ်းဟောင်းမိသားစုဝင်တွေကို ကူညီထောက်ပံ့ရေးလက်…
Read Moreကူမင်း ဆွေးနွေးပွဲမှာ TNLA က နယ်မြေတောင်းဆို တင်ပြခဲ့ကြောင်း သတင်းထွက်
ဖေဖော်ဝါရီ ၁၈၊ ၂၀၂၅ Shy V ( VOM) တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ လက်ရှိစစ်ရေးပြဿနာတွေပြေလည်နိုင်ဖို့ နစက တပ်ဖွဲ့နဲ့ TNLA တို့အကြား တရုတ်ဘက် ကူမင်းမှာ ဆွေးနွေးပွဲ ပြုလုပ်နေတာ ဖြစ်ပြီး ဆွေးနွေးပွဲမှာ TNLA တပ်ဖွဲ့က နယ်မြေ တောင်းဆို တင်ပြလာကြောင်း သတင်း ထွက်ပေါ်နေပါတယ်။ ကူမင်း ဆွေးနွေးပွဲမှာတော့ TNLA တပ်ဖွဲ့က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုးမိတ်၊ မိုးကုတ်၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုင်းလုံ၊ မိုင်းငေါ့ စတဲ့ ၁၂ မြို့၊ KIA နဲ့ ပူးပေါင်း တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ မဘိမ်းမြို့၊ နစက အစိုးက ထိန်းချုပ်နေတဲ့ မိုင်းရယ်၊ တန်.ယန်း၊ မူဆယ် စတဲ့…
Read Moreယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး အမေရိကန်-ရုရှားဆွေးနွေးပွဲ ဆော်ဒီမှာ စတင်
ရီယတ်၊ ဖေဖော်ဝါရီ-၁၈-၂၀၂၅ မျိုးဆက်(VOM) ယူကရိန်စစ်ပွဲအဆုံးသတ်ရေးအတွက် အမေရိကန်နဲ့ ရုရှားတို့ ဆော်ဒီအာရေဗျမှာ ဆွေးနွေးမှုတွေ စတင်နေပြီဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလပ်ရော့ဗ်နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုတို့ ဦးဆောင်ဆွေးနွေးနေပါတယ်။ ဒါပေမယ့်လည်း ဆွေးနွေးပွဲမှာ ယူကရိန်း သို့မဟုတ် ဥရောပနိုင်ငံတွေကိုတော့ ဖိတ်ကြားခဲ့တာမရှိပါဘူး။ ဒါဟာ စစ်ပွဲအဆုံးသတ်ရေး ရုရှားက အလေးအနက်ထားလားဆိုတာ စောင့်ကြည့်ဖို့ ပထမဆုံးခြေလှမ်းလို့ အမေရိကန်က ပြောပါတယ်။ ယူကရိန်းသမ္မတ ဇီလန်စကီးကတော့ အမေရိကန်-ရုရှား ဆွေးနွေးပွဲရဲ့ သဘောတူညီချက်တွေကို အသိအမှတ်မပြုဘူးလို့ ပြောပါတယ်။ ဒီဆွေးနွေးမှုတွေနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေရှိနေချိန်မှာ ဥရောပခေါင်းဆောင်တွေဟာ ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ပြင်သစ်မှာ စုဝေးနေကြပါတယ်။ အစည်းအဝေးမှာ ပြင်သစ်သမ္မတ မက်ခရို၊ ဂျာမနီအဓိပတိ အိုလုပ်ရှုဇ်နဲ့ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာအပါအဝင် ဥရောပခေါင်းဆောင်တွေ တက်ရောက်နေကြပါတယ်။ တက်ရောက်သူတွေဟာ ဆော်ဒီမှာကျင်းပမယ့် အမေရိကန်-ရုရှား ဆွေးနွေးပွဲဖြစ်နိုင်ခြေနဲ့ ယူကရိန်းလက်ရှိအခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ယူကရိန်းအရေးမှာ ဥရောပအနေနဲ့ သူ့ရဲ့အခန်းကဏ္ဍကနေ…
Read Moreတောင်ကြီးတန်ဆောင်တိုင်ပွဲကာလမှာ ဖမ်းထားတဲ့ ဆိုင်ကယ်အချို့ ဒီကနေ့အချိန်ထိ ပြန်မထုတ်ပေးသေး
ဖေဖော်ဝါရီ ၁၈၊ ၂၀၂၅ ZY(VOM) ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ကျင်းပပြုလုပ်ခဲ့တဲ့ တန်ဆောင်တိုင် ပွဲကာလအတွင်းက ဖမ်းဆီးထားတဲ့ ဆိုင်ကယ်အစီးရေ ရာချီအနက် ဆိုင်ကယ်အချို့ကို ဒီကနေ့ ဖေဖော်ဝါရီလ၊ တတိယပါတ်အတွင်း ပြန်မထုတ်ပေးဘူးလို့ ဆိုင်ကယ်ဖမ်းဆီးခံရသူတွေထံကနေ သိရပါတယ်။ တန်ဆောင်တိုင်ပွဲကာလအတွင်း ပွဲဧရိယာအတွင်းကို လိုင်စင်မဲ့မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်တွေကို လုံးဝဝင်ခွင့်ပြုမှာ မဟုတ်ကြောင်းနဲ့ စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူခံရမှာဖြစ်တယ်လို့ ဒေသခံအာဏာပိုင်တွေက အသိပေးထားသလို ဆိုင်ကယ်အစီးရေ ရာချီဖမ်းဆီးခံခဲ့ရပြီး မြို့တွင်းလမ်းမတွေမှာပါ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရတဲ့ ဆိုင်ကယ်တွေအနက် လိုင်စင်မဲ့ဆိုင်ကယ်တွေပါဝင်နေသလို လိုင်စင်ပါရှိပေမယ့် ဆိုင်ကယ်ဘက်မှန် မပါတာ၊ စည်းကမ်းမဲ့ရပ်တာ၊ ပါဝါအိတ်ဇောတွေတပ်ဆင်မောင်းနှင်တဲ့ ဆိုင်ကယ်တွေကိုပါ ဖမ်းဆီးထိန်းသိမ်းထားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ “ဆိုင်ကယ်က လိုင်စင်ပါတယ်၊ ပါဝါအိတ်ဇောတပ်မောင်းလို့ဆိုပြီး အရှေ့မြို့ပါတ်လမ်းမှာ ဖမ်းခံရတာ။ အဲဒီကတည်းက တောက်လျှောက်သွားထုတ်တာ။ အကြောင်းအမျိုးမျိုးပြပြီး မထုတ်ပေးသေးဘူး။ တခြား ထုတ်လို့မရသေးတဲ့…
Read More