ရခိုင်နဲ့ထိစပ်နေတဲ့ ပဲခူးတိုင်းနဲ့ဧရာဝတီတိုင်းအစပ်မှာ စစ်ရေး ဆက်လက်တင်းမာ

ဖေဖော်ဝါရီ ၂၅- ၂၀၂၅ GG (VOM) ရခိုင်ပြည်နယ်နဲ့နယ်နမိတ်ထိစပ်နေတဲ့ ပဲခူးတိုင်း နဲ့ ဧရာဝတီတိုင်း အစပ်တွေမှာ AA နဲ့ နစက တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေဆဲဖြစ် တယ်လို့ဒေသခံတွေဆီက သိရပါတယ်။ ပဲခူးတိုင်းထဲမှာဆိုရင် ပန်းတောင်မြို့နယ်၊ညောင်ကျိုးရွာမှာ တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးပစ်ခတ်မှုတွေအပြင် နစကမှလည်း လေကြောင်းတိုက်ခိုက်မှုတွေရှိတယ်လို့သိရပါတယ်။ ဒါကြောင့် ညောင်ကျိုးရွာဒေသခံတွေ ရွာလုံးကျွတ်စစ်ဘေးရှောင်နေကြရသလို အနီးနားက နေထိုင်သူတွေလည်း နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်နေရတဲ့အတွက် စစ်ရှောင်တွေပိုတိုးလာနေ တယ်လို့သိရပါတယ်။ ” ညောင်ကျိုးဘက်မှာ တိုက်ပွဲဖြစ်နေတော့ဘယ်သူမှမရှိတော့ဘူး။သွားလာဖို့လည်းမလွယ်တော့ဘူး။သွားလို့လည်းမရဘူး။ခုထိချနေကြတုန်းပဲ။ပစ်သံခတ်သံတွေကြားရတုန်းပဲ။လေယာဥ်တွေလည်းကျဲတယ်။ရွာသားတွေကတော့ အကုန်ပြေးကြပြီးကျွန်တော်တို့တောင်းပန်းတောင်ရောက်နေပြီ။ညောင်ကျိုးက ရခိုင်နဲ့အစပ်နေရာပဲ။နစက ကလည်းခံစစ်တော်တော်ပြင်ထားတဲ့သဘောရှိတယ်။အဲဒီဘက်ကို စစ်ကားတွေအင်အားဖြည့်တယ်။ ” လို့ စစ်ရှောင်လာတဲ့ဒေသခံကပြောပါတယ်။ တိုက်ပွဲပြင်းထန်နေတဲ့ ညောင်ကျိုးနဲ့ ညောင်ခြေထောက်မှာရှိတဲ့အမှတ် ၆ ကာကွယ်ရေးပစ္စည်းစက်ရုံက ၁၀ မိုင်လောက်သာရှိတာကြောင့် နစကဘက်ကလည်းညောင်ကျိုးစခန်းမကျအောင် အင်အားဖြည့်ပြီး ကာကွယ်တိုက်ခိုက်နေတယ်လို့သိရပါတယ်။ စစ်ရေးတင်းမာနေတဲ့ ညောင်ကျိုး ဘက်အပြင် ညောင်ခြေထောက်ဘက်ကိုလည်းနစက တပ်ဖွဲ့မှလွဲပြီး ကျန်သူတွေ…

Read More

သီပေါမှာ စစ်ကျန်လက်နက် ပစ္စည်းရှာဖွေ ရောင်းချတာ ဈေးကွက်တခုလို ဖြစ်လာနေ

ဖေဖော်ဝါရီ ၂၅၊ ၂၀၂၅ Shy V (VOM ) ရှမ်းပြည်နယ်၊ သီပေါမြို့မှာ TNLA တပ်ဖွဲ့ သိမ်းပိုက် ထိန်းချုပ်ထားပြီးနောက် စစ်ကျန်လက်နက် ပစ္စည်း ရှာဖွေ ရောင်းချတာ ဈေးကွက် တခုလို ဖြစ်‌နေတာကြောင့် အန္တရာယ် စိုးရိမ်ရကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။ “သီပေါဘက်မှာကလေ အဲဒီဗုံးတွေက ဈေးကွက်ဖြစ်နေတာ။ မကွဲ‌သေးတဲ့ ဗုံးတွေကို လိုက်တူး လိုက်ရှာပြီး ပြန်ရောင်းစားနေကြတာ။ ကွဲလို့သေတဲ့သူအများစုက အဲဒီလိုတွေပဲများတာ။ ဆော့လို့ကွဲသေတယ်ဆိုတာ အလကားပါ” လို့ ဒေသခံ တယောက်က ပြောပါတယ်။ ဈေးကောင်းလည်း ရတာကြောင့် အလုပ်အကိုင် ရှားပါးပြီး ဝမ်းရေး အခက်အခဲ နေချိန် တချို့က အဲဒီ စစ်ကျန်လက်နက် ပစ္စည်းတွေကို အန္တရာယ် တွေကြားက ရှာဖွေကာ အခက်အခဲကို ဖြေရှင်း နေကြရတယ် လို့ သူက…

Read More

ရုရှား-တရုတ် ပူးပေါင်းဆောင်ရွက်မှု အကန့်အသတ်မရှိဘူးလို့ တရုတ်သမ္မတပြော

ပေကျင်း၊ ဖေဖော်ဝါရီ-၂၅-၂၀၂၅ မျိုးဆက်(VOM) ရုရှားနဲ့ တရုတ် ပူးပေါင်းဆောင်ရွက်မှုဟာ အကန့်အသတ်မရှိကြောင်း တရုတ်သမ္မတ ရှီကျင်းပင်က ရုရှားသမ္မတ ပူတင်နဲ့ တယ်လီဖုန်းဆက်သွယ်ဆွေးနွေးရာမှာ ပြောကြားလိုက်တယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။ ယူကရိန်းစစ်ပွဲ သုံးနှစ်ပြည့်လာပြီး စစ်ပွဲအဆုံးသတ်ရေးအတွက် သဘောတူညီချက်တရပ် အမြန်ဆုံးရယူဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တွန်းအားပေးနေချိန်မှာ အခုလို ဆွေးနွေးခဲ့ကြတာဖြစ်ပြီး နှစ်နို်ငငံအကြား မဟာမိတ်ဖွဲ့မှုနဲ့ ရေရှည်ဆက်ဆံရေးကို တတိယာအင်အားစုကြောင့် သက်ရောက်မှုရှိနိုင်မှာမဟုတ်ဘူးလို့ ပူတင်နဲ့ ရှီကျင်းပင်က အလေးပေးပြောဆိုပါတယ်။ တရုတ်-ရုရှားဆက်ဆံရေးမှာ ခို်ငမာတဲ့ ပြည်တွင်ရေးမောင်းနှင်အားနဲ့ ထူးခြားတဲ့ဗျူဟာမြောက် တန်ဖိုးတွေရှိပြီး ဘယ်နိုင်ငံ ဘယ်အဖွဲ့အစည်းကမှ ဩဇာလွှမ်းမိုးခြင်းမရှိဘူးလို့ တရုတ်သမ္မတ ရှီကျင်းပင်က ပြောပါတယ်။ တရုတ်နဲ့ ရုရှားတို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာတွေနဲ့ နို်ငငံခြားရေး မူဝါဒတွေဟာ ရေရှည်အတွက်ဖြစ်တယ်လို့ သူကဆိုပါတယ်။ နေတိုးနဲ့ အနောက်အုပ်စုနိုင်ငံတွေ ကျောထောက်နောက်ခံပြုထားတဲ့ ယူကရိန်းနဲ့ စစ်တိုက်နေတဲ့ ရုရှားကတော့ တရုတ်နဲ့…

Read More

ချင်းတွင်းမြစ်​ မြစ်ကြောင်းမှာ ပို့ကုန်တွေ ဖြတ်တောက်ခံရလို့ မော်တော်ပိုင်ရှင်တွေနဲ့ ကုန်သည်တွေ အခက်တွေ့

ဖေဖော်၀ါရီ ၊ ၂၅ ၊ ၂၀၂၅ KH ( VOM) စစ်ကိုင်းတိုင်း ၊ မုံရွာဆိပ်ကမ်းကနေအထက်ချင်းတွင်း ဒေသဖြစ်တွေတဲ့ ၊ ကလေး၀ ၊ မင်းကင်း၊မော်လိုက် ၊ ဖောင်းပြင် ၊ ဟုမ္မလင်း ၊ခန္တီး စတဲ့ မြို့နယ်တွေဘက်ကို ကုန်စည်တွေ သယ်ယူပို့ဆောင်တဲ့အခါ မြစ်ကြောင်းတလျောက်မှာရှိတဲ့ စစ်ဆေးရေးအဖွဲ့တွေက ပိတ်ဆို့ တားဆီးတာတွေရှိနေတယ်လို့ ရေယာဥ် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ” နှစ်ဘက် စစ်ဆေးရေး အဖွဲ့တွေက ပို့ကုန် တချို့ကို တားဆီးပိတ်ပင်ထားတယ် ၊ အဲ့ဒီလို့ တားဆီး ပိတ်ပင်တွေအဖွဲ့ က မြစ်ကြောင်း တလျောက် အနည်းဆုံး အဖွဲ့၂၀ ကျော်အထက်မှာရှိတယ် ” လို့ ရေယာဥ် လုပ်ငန်းရှင်တယောက်က ပြောပါတယ်။ ဒါ့အပြင် အခုလို တားဆီးပိတ်ပင်ထားတဲ့ ကုန်စည်အမျိုးအစားတွေကတော့ အိမ်သုံးဆေး၀ါး အမျိုးမျိုး…

Read More

စစ်ရှောင်တွေကြောင့် မကွေးမြို့ပေါ်က အိမ်ခြံမြေ‌ဈေးကွက် ပြန်သွက်လာ

ဖေဖော်ဝါရီ ၂၅ – ‌‌၂၀၂၅ KKO(VOM) မကွေးတိုင်းရဲ့မြို့တော်ဖြစ်တဲ့ မကွေးမြို့အိမ်ခြံမြေဈေးကွက်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊နှစ်လည်ပိုင်းကစလို့ အိမ်ခြံမြေဈေးနှုန်းတွေ မြင့်မားလာသကဲ့သို့ အငှားဈေး ကွက်ဟာလည်း ယခင်နှစ်တွေကထက် ငှားရမ်းသူတွေပိုမိုများပြားလာတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကစလို့ ရခိုင်ပြည်နယ်မှာ AA လက်နက်ကိုင်အဖွဲ့တွေနဲ့ နစက တပ်တို့အကြား တိုက်ပွဲတွေ စဉ်ဆက်မပြတ်ဆက် တိုက်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အဲဒီလိုတိုက်ပွဲတွေကြောင့် နိုင်ငံ့၀န်ထမ်းတွေ အခြားသော အရပ်သားတွေ အပါအဝင် ရခိုင်ပြည်နယ်က စီးပွားရေးလုပ်ငန်းရှင်တွေဟာ မြို့လုံးကျွတ်၊ရွာလုံးကျွတ် အုပ်ချုပ်ရေးပိုင်း၊လုံခြုံမှုအပိုင်းအားကောင်းတဲ့ မကွေးမြို့ပေါ်သို့ အစုလိုက်အပုံလိုက်ပြောင်းရွှေ့လာတဲ့အတွက် မကွေးမြို့အိမ်ခြံမြေ‌ဈေးကွက်က ပြန်သွက်လာခဲ့တာဖြစ်တယ်လို့ ဒေသခံအိမ်ခြံမြေဈေးကွက်ပွဲစား တယောက်က VOM ကို ပြောပါတယ်။ “မကွေးကို စစ်ဘေးရှောင်လာကြသူတွေထဲမှာဆိုရင် တိုက်ပွဲဖြစ်ပွားနေတဲ့ မကွေးတိုင်းမြောက်ခြမ်းကမြို့တွေ ချင်းပြည်နယ်တောင်ပိုင်း၊မြောက်ပိုင်းက စစ်ဘေးရှောင်တွေမိသားစု၀င်တွေ ကျောင်းနေအရွယ်ကလေးငယ်တွေ များစွာပါဝင်တဲ့ အတွက် ဒီဘက်က အိမ်ခြံမြေဈေးကွက်မြင့်မားလာတဲ့ သဘောပါ”လို့ မကွေးမြို့ဒေသခံ တယောက်က…

Read More

ဖလမ်းမြို့တိုက်ပွဲ ပြင်းထန်နေပြီး ဟားခါးမြို့မှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေ

ဖေဖော်ဝါရီ ၂၅ – ၂၀၂၅ SN (VOM) ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ နစကတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်တွေကြား တိုက်ပွဲ ပြင်းထန်နေသလို ဟားခါးမြို့မှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ချင်းညီနောင် ပူးပေါင်းတပ်တွေဟာ ဖလမ်းနဲ့ မင်းတပ် မြို့သိမ်းစစ်ဆင်ရေးကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ဒုတိယပတ်မှာ စတင်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၂၁ ရက်မှာ မင်းတပ်မြို့ကို အပြီးသတ်ထိန်းချုပ်နိုင်ခဲ့ပြီး ဖလမ်းမြို့ကို လက်ရှိအချိန်အထိ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ စစ်ဆင်ရေး သုံးလကျော်ကာလအတွင်း ဖလမ်းမြို့နယ် ဧရိယာအများစုကို ချင်းညီနောင် ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားပြီး မြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ဖို့ လက်ရှိမှာ နစကရဲ့ ခြေလျင်တပ်ရင်း ခလရ (၂၆၈) ဌာနချုပ်တခုသာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။ “အခုက ဖလမ်းမြို့ရဲ့…

Read More

ရင်ကပ်သရဖီ..၊ကင်ပွန်းခြုံကွယ် နှင့် ပျို့ဇာတိနွယ်

  ညို့ညို့ဆိုင်းဆိုင်း၊ မှိုင်းပြာရီ မှောင်တန်းတော့ တိမ်ခိုးလေးတွေ ဘေးက ယှက်လို့ တောင်တန်းတစ်ဖက် တစ်ချက် ဝန်းကာရံကာပင် လွမ်းစရာ့ စံရာတစ်ခွင် သခင်မမှာ အရင်ဘဝက ခင်ပပသို့ အသွင် . . .။ သနားစရာ ကမ်းပါးအစ၊ ရင်ခတ်သရဖီ အခွေအခွေပင် . . . ။ ယခုတိုင်ပင် ဒိဋ္ဌအမြင် . . .၊ ပုံတော်အစစ်ကို မြင်ရတော့ သခင်မ၊ ယခင်ဘဝ . . . အသက်မရှည်လေခြင်း . . . ကျေးဇူးရှင်ရယ် နေညိုနု၊ ရွှေလိုရှု . . . မေပျိုဥရဲ့ . . .၊ တောင်တော်အဝင် . . .။ (နန်းတော်ရှေ့ဆရာတင်၊ မယ်ဥတောင်သီချင်း)  …

Read More

မြိုင်မြို့နယ်က PDF မင်္ဂလာဆောင်ပွဲ လေကြောင်းတိုက်ခိုက်ခံရလို့ သေဆုံးထိခိုက်များ

ဖေဖော်၀ါရီ ၊ ၂၅ ၊ ၂၀၂၅ KH(VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ် ၊ကျောက်ခွက် ရေနံမြေအနီး ဆုံကုန်း ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ ဒီကနေ့ မနက် ၁၀ နာရီ ၀န်းကျင်ခန့်က မဂ်လာဆောင်ပွဲ ပြုလုပ်နေတဲ့ နေရာအပေါ် လေကြောင်း တိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံး ဒဏ်ရာရသူတွေအများပြား ရှိတယ်လို့ မြိုင်မြို့ခံတွေဆီက သိရပါတယ် ။ ” မဂ်လာဆောင်တာက PDF စုံတွဲဖြစ်တယ် ၊ ဒီမနက် ၁၀ နာရီလောက်မှာ လေယာဥ်ရောက်လာပြီး မင်္ဂဆောင်လုပ်နေတဲ့ နေရာအပေါ်ကို ဗုံးကျဲချသွားတယ် ၊အသေအပျောက်များတယ် အရေအတွက်တော့ မသိရသေးဘူး ၊ နောက်ပြီး ဒဏ်ရာရတဲ့တွေလည်းရှိတယ် ” လို့ မဂ်လာဆောင်ပွဲသွားခဲ့တဲ့ ဒေသခံ တယောက်က ပြောပါတယ်။ ဆုံကုန်းရွာခံ တယောက်ပြောတာက ” အသေအပျောက်က…

Read More
VOM News

FREE
VIEW