တရုတ်ကုန်ပစ္စည်းတွေအပေါ် အခွန် ၁၀ ရာခိုင်နှုန်း ထပ်မံကောက်ခံမယ်လို့ ဒေါ်နယ်ထရန့် ခြိမ်းခြောက်ပြန်

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၂၈-၂၀၂၅ ရတီ (VOM) အမေရိကန်ဟာ တရုတ်ကုန်ပစ္စည်းတွေအပေါ် နောက်ထပ် အခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံဦးမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကပြောပါတယ်။ အခွန်ကောက်ခံမှုကို မတ်လ ၄ ရက်မှာ စတင်မှာဖြစ်ပြီး အမေရိကန်သို့ ဖန်တနိုင်းမူးယစ်ဆေးတွေ ဝင်ရောက်မှုကို တားဆီးရန်ပျက်ကွက်နေကြောင်း အမေရိကန်က စွပ်စွဲထားပါတယ်။ ထရန့်ဟာ သမ္မတဖြစ်လာပြီးနောက် အခွန်ကောက်ခံမှုတွေကို ဆက်လက်တိုက်ပြုလုပ်နေတာကြောင့် ကုန်သွယ်ရေးတင်းမာမှုတွေရှိနေပြီး ယခုလအစောပိုင်းကလည်း တရုတ်သွင်းကုန်တွေအပေါ် အခွန် ၁၀ ရာခိုင်နှုန်း စတင်ကောက်ခံနေပြီဖြစ်ပါတယ်။ ကနေဒါ ၊ မက္ကဆီကပိုတို့အပေါ်ကိုတော့ အခွန် ၂၅ ရာခိုင်နှုန်းကောက်ခံမှာဖြစ်ပြီး မတ် ၄ ရက်မှာ စတင်သက်ဝင်မှာဖြစ်ပါတယ်။ နယ်စပ်လုံခြံရေးကို တိုးမြှင့်မပေးဘူးဆိုရင် အခွန် ၂၅ ရာခိုင်နှုန်းကောက်မယ်လို့ ဖေဖော်ဝါရီ ၄ ရက်က ကြေညာခဲ့တာပါ။ ဒါပေမယ့် နယ်စပ်လုံခြုံရေး တိုးမြှင့်ဖို့နဲ့ မူးယစ်ဆေးတိုက်ဖျက်ရေး နည်းလမ်းတွေကို ဆွေးနွေးပြီးနောက်…

Read More

TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်ကို နစကတပ်တွေ ပိတ်ဆို့ထား

ဖေဖော်ဝါရီ ၂၈ – ၂၀၂၅ SS (VOM) မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို နစကတပ်တွေ ဝိုင်းဝန်းပိတ်ဆို့ထားတယ်လို့ နစက လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေက မနေ့ ဖေဖော်ဝါရီ ၂၇ ရက်မှာ ပြောပါတယ်။ မိုးကုတ်မြို့ကို တအာင်းတပ်မတော် (TNLA) ဦးဆောင်တဲ့ လက်နက်ကိုင်တပ်တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့မှ စတင်ကာ တိုက်ခိုက်ခဲ့ပြီး ဇူလိုင်လ ၂၄ ရက်နေ့မှာတော့ မြို့ကို အပြီးသတ် ထိန်းချုပ်ထားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ မိုးကုတ်မြို့ကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ နစကဘက်က လုပ်ဆောင်လာနေပြီး မြို့ပတ်ပတ်လည်ကနေ ဝိုင်းဝန်း ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။ “မိုးကုတ်မှာ TNLA အဖွဲ့က လိုက်ကြေညာနေတယ်လို့ သိရပါတယ်။ အရပ်သားတွေကို ဘေးကင်းရာနေဖို့ ဆော်ဩနေတယ်” လို့ နစက လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။…

Read More

ချင်းရွှေဟော်၊ ဝမ်တိန်၊ ကျင်စန်းကျော့ ကနေ မန္တလေးအထိ စားသောက်ကုန်ကား လမ်းစရိတ် သိန်း ၃၀၀ ဝန်းကျင်ရှိနေ

ဖေ‌ဖော်ဝါရီ ၂၈၊ ၂၀၂၅ Shy V (VOM ) ရှမ်းပြည်နယ် မြောက်ပိုင်း၊ MNDAA ထိန်းချုပ်ရာ ချင်းရွှေဟော်၊ ဝမ်တိန်၊ ကျင်စန်းကျော့ ကနေ မန္တလေးအထိ စားသောက်ကုန်ကား လမ်းစရိတ် သိန်း ၃၀၀ ဝန်းကျင်ရှိနေကြောင်း နယ်စပ်ဒေသခံတွေ ဆီက သိရပါတယ်။ “ဒီ တရုတ်နယ်စပ် ကနေ မန္တ‌ေလးထိ လမ်းစရိတ် သိန်း ၃၀၀ လောက် ကုန်တယ် ဆိုတာ လမ်းကြေးတွေ ရော အပါ ဖြစ်မယ်။ တစီးစီး နဲ့ တစီး ကုန်ကျ စရိတ် မတူဘူး။ ကုန်ပေါ်မှာလည်း မူဆယ်တယ်။ ပြီးရင် ဒီကုန်ပေါ်မှာ ဘာ်လောက်ထိ အာမ ခံသလဲ ဆိတဲ့ အပေါ်လည်း မူတည်တယ်” လို့ နယ်စပ် ပို့ကုန် သွင်းကုန် ကိုယ်စားလှယ် တယောက်က…

Read More

ဒစ်ဂျစ်တယ်ငွေပေးချေမှု မြန်မာကျူအာစနစ် စတင်

ဖေဖော်ဝါရီ ၂၈ – ၂၀၂၅ SN (VOM) ဒီဂျစ်တယ်ငွေပေးချေမှု မြန်မာကျူအာ (MMQR) ငွေပေးငွေယူ စနစ်အသုံးပြုမှုကို ခွင့်ပြုဲလိုက်ပြီး လက်ရှိမှာတော့ စျေးဝယ်တာအပါအဝင် ငွေပေးချေမှုအချို့မှာသာ လက်ရှိအသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ငွေကျပ် ဘီလီယံပေါင်း များစွာ ရိုက်ထုတ်ဖို့ မလိုအပ်အောင် ဒီဂျစ်တယ်ငွေပေးချေမှု မြန်မာကျူအာ (MMQR) စနစ်ကို အသုံးပြုသွားမှာ ဖြစ်တယ်လို့ နစကဥက္ကဋ္ဌက မနေ့ ဖေဖော်ဝါရီ ၂၇ ရက်က နေပြည်တော်၊ ကျောက်စိမ်းခန်းမမှာ ပြုလုပ်တဲ့ MMQR ငွေပေးငွေယူစနစ် စတင်အသုံးပြုတဲ့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။ MMQR စနစ် အသုံးပြုပြီး ငွေပေးချေမှုကို အစိုးရကို အခွန်အခ၊ မီတာခပေးဆောင်ခြင်း၊ ခရီးသွားလုပ်ငန်း၊ နိုင်ငံ့ဝန်ထမ်းတွေ လစာပေးခြင်း၊ ပင်စင်ထုတ်ပေးခြင်း၊ အသေးစား စီးပွားရေးလုပ်ငန်း၊ စက်သုံးဆီအရောင်းဆိုင်၊ ပုဂ္ဂလိကဆေးရုံတွေ၊ ကျောင်းတွေနဲ့ လူသုံးကုန်ပစ္စည်း ရောင်းချခြင်း စတဲ့…

Read More

TNLA က စခန်းကိုဝင်စီးပြီး ရိုက်နှက်ခံရတဲ့ KIA တပ်သား ၁၀ ယောက်ကျော် အဆက်အသွယ်မရ

ဖေဖော်ဝါရီ ၂၈၊ ၂၀၂၅ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန်တုံမြို့နယ်၊ မန်ပွန်း (ကချင်)ကျေးရွာအုပ်စု၊ မန်မောက်ရွာမှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နေ့လယ် ခန့်က KIA တပ်စခန်းကို TNLA တပ်ဖွဲ့က သွားရောက်စီးနင်းရာ TNLA တပ်ဖွဲ့ဘက်က လက်လွန် ရိုက်နှက်ထားတဲ့ KIA တပ်သား ၁၀ ယောက်ကျော်ကို အဆက်အသွယ် မရကြောင်း KIA နဲ့ နီးစပ်သူတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။ “TNLA တပ်ဖွဲ့ ရိုက်နှက် နှိပ်စက်ထားတဲ့ KIA တပ်သား ၁၁ ယောက်က သေမလား၊ ရှင်မလား တောင်မသိဘူး။ ရထားတဲ့ ဒဏ်ရာ ပြင်းထန်တယ်လို့ သိရတယ်” လို့ ‌KIA နဲ့ နီးစပ်တဲ့ ဒေသခံ တယောက်က ပြောပါတယ်။ မန်တုံ…

Read More
VOM News

FREE
VIEW