တောင်ကြီးမှာ ကား၊ ဆိုင်ကယ် ခိုးယူခံရမှုတွေ တိုးပွားလာ

ဖေဖော်ဝါရီ ၁၉၊ ၂၀၂၅ ZY(VOM) ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးအခြေစိုက်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ အခု ဖေဖော်ဝါရီလ၊ တတိယပတ်အတွင်း ကားနဲ့ ဆိုင်ကယ်ခိုးယူခံရမှုတွေ ပိုမိုတိုးပွားလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ယခုသီတင်းပတ်အတွင်းကလည်း ပညာရေးဝန်ထမ်းအိမ်ယာက ကားတစ်စီးအပါအဝင် ကားနှစ်စီး ခိုးယူခံရမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ မနေ့ ဖေဖော်ဝါရီလ ၁၈ရက်၊ ညပိုင်းက တောင်ကြီးမြို့၊ အမှတ်-၂ရဲစခန်းအနီး၊ မင်္ဂလာဦးရပ်ကွက်၊ အရှေ့မြို့ပါတ်လမ်းဆုံးအနီးမှာ နေအိမ်ရှေ့ ရပ်ထားတဲ့ Honda Fitအမျိုးအစား၊ ခဲရောင် ကားတစီးကို ကားမှန်ရိုက်ခွဲကာ သော့ဖျက်ပြီးတော့ ခိုးယူခံရမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ “မနေ့ည ၈နာရီထိ ကားက ရှိနေပါသေးတယ်။ မိုးလင်းတော့ ကားက မရှိတော့ဘူး။ ကားမှန်ကို ရိုက်ခွဲပြီး ခိုးသွားတာ။ မှန်ကွဲစတွေ ကျန်ခဲ့တယ်။ အစစအရာရာ ရှားပါးနေတဲ့ အချိန်မှာ ခိုးခံရတော့ နှမျောတာပေါ့။ ရှေ့ရက်က ဝါးပြားမှာ…

Read More

တက္ကသိုလ်ဝင် စာမေးပွဲလျှာက်လွှာ မဖြေခင်တရက်အလိုထိ လက်ခံမှာဖြစ်ပြီး စာရင်းသွင်းသူ အရင်နှစ်ထက် ပိုများ

ဖေဖော်ဝါရီ ၁၉ – ၂၀၂၅ CC (VOM) မကြာမီကျင်းပတော့မယ့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ စာမေးပွဲဖြေဆိုခွင့်လျှောက်ထားတဲ့ ကျောင်းသားကျောင်းသူ ၂ သိန်းကျော်အထိရှိပြီး ဖြေဆိုခွင့်လျှောက်လွှာတွေကိုတော့ စာမေးပွဲမဖြေခင်တရက်အလိုအထိ လက်ခံပေးသွားမယ်လို့မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနကသိရပါတယ်။ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စာရင်းသွင်းဖို့အတွက် အကြောင်းအမျိုးမျိုးကြောင့် နောက်ကျတဲ့ ကျောင်းသား ကျောင်းသူတွေအားလုံး စာမေးပွဲကို ဝင်ရောက်ဖြေဆိုနိုင်စေ ရေးအတွက် စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာတင်သွင်းမှုကို စာမေးပွဲ မကျင်းပမီ တရက်အလို မတ်လ ၁၆ ရက်နေ့အ ထိ လက်ခံပေးခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ” မနက်ဖြန်ဖြေမယ်ဆိုရင် ဒီနေ့ညနေ ၄ နာရီအထိ ဖြေဆိုခွင့်လျှောက်လွှာကို လက်ခံပေးမှာပါ။အဓိက စာမေးပွဲဖြေဆိုဖို့ကြိုးစားနေတဲ့ကျောင်းသူကျောင်းသားအားလုံး နောက်ဆုံးရက်အထိကြိုးစားလို့ရအောင်ပါ။ခုနှစ် စာမေးပွဲဖြေဖို့လျှောက်လွှာတင်တာများတယ်။မနှစ်ကထက်ပိုတယ်။စနစ်သစ်နဲ့ဖြေတာ ဒီနှစ်နဲ့ဆိုနှစ်နှစ်ရှိပြီပေါ့။မနှစ်ကထက်တော့ မေးခွန်းတွေလေ့လာလို့ရတယ်ဆိုတော့ပြင်ဆင်ချိန်ကောင်းကောင်းရပါတယ်။” လို့ အထက်တန်းပြကျောင်းဆရာမတယောက်ကပြောပါတယ်။ ဒါအပြင် အကြောင်းကြောင်းကြောင့် နေရပ်စွန့်ခွာပြီး ပြောင်းရွှေ့နေထိုင်ကြသူတွေအနေနဲ့လည်း မူလစာရင်းသွင်းထားတဲ့ စာစစ်ဌာနတွေမှာ မဖြေဆိုနိုင်ပါက…

Read More

အင်းလေးမှာ ခရမ်းချဉ်သီး တပိဿာကို ၄၀၀ ကျပ်ခန့်သာ ပေါက်ဈေးရှိလို့ တောင်သူတွေ အရှုံးပေါ်နေ

ဖေဖော်ဝါရီ ၂၀၊ ၂၀၂၅ ZY(VOM) ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ရက်ကနေ ဒီကနေ့ ဖေဖော်ဝါရီလ ၁၉ရက်အထိ ခရမ်းချဉ်သီး တပိဿာကို ၄၀၀ ကျပ်ဝန်းကျင်ခန့်သာ ဈေးရရှိနေတဲ့အတွက် အရှုံးပေါ်နေတယ်လို့ ခရမ်းချဉ်သီးစိုက်တောင်သူတွေထံကနေ သိရပါတယ်။ အင်းလေးဒေသထွက် ခရမ်းချဉ်သီးတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ နောက်ဆုံးပါတ်အတွင်းက တပိဿကို ၇၀၀ကျပ်ကနေ ၉၀၀ကျပ်အထိ ဈေးရရှိခဲ့ပေမယ့် ဖေဖော်ဝါရီလ ၁ရက်ကနေစတင်ပြီး တစ်ပိဿကို ၃၀၀ကျပ်ကနေ ၄၀၀ကျပ်ဝန်းကျင် ဈေးကျဆင်းသွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ “အခုချိန်က အင်းလေးက နေရာတိုင်းနီးပါးမှာ ခရမ်းချဉ်သီးတွေက တပြိုင်တည်းထွက်လာကြပြီဆိုတော့ ဈေးက ထိုးကျကုန်တာ။ အစိမ်းသီးဆိုရင် ၃၀၀၊ သံယောင်သီးဆိုရင် ၃၅၀၊ ၄၀၀လောက်ပဲ ရတယ်။ ကုန်ကျစရိတ်က တပိဿကို ၄၀၀၊ ၅၀၀လောက်ရှိတော့ ရှုံးပြီပေါ့။ ဒါတောင် ကိုယ့်လုပ်အားခ မပါသေးဘူး”လို့ တောင်သူတယောက်က…

Read More

TNLA နဲ့ နစက တွေ့ဆုံပြီးနောက် ဒေသတွင်းပြည်သူတွေရဲ့ သဘောထား အမြင်

ဖေဖော်ဝါရီ ၂၀၊ ၂၀၂၅ Shy V (VOM) ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်တဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ ကိုယ်စားလှယ် တွေနဲ့ ကစထ(၁) မှူးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်တဲ့ စနစက တပ်ဖွဲ့ရဲ့ ကိုယ်စားလှယ်တို့အကြား တရုတ်အစိုးရရဲ့ စီစဉ်ချက်အရ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၆ နဲ့ ၁၇ ရက် တွေမှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ ဟိုင်ဂင်ဟိုတယ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြရာ နှစ်ဖက်တောင်းဆိုတင်ပြမှုတွေ အပြန်အလှန်ပြုလုပ်ခဲ့ကြပြီး ဆွေးနွေးညှိနှိုင်းရန် ခက်ခဲလို့ ၁၇ ရက်နေ့ ညနေပိုင်းမှာ တွေ့ဆုံပွဲ ပြီးဆုံးခဲ့ ကြောင်း PSLF/ TNLA သတင်းနှင့်ပြန်ကြားရေးဌာန က သတင်းထုတ်ပြန်ပါတယ်။ TNLA ဘက်က ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်တန့်နိုင်ဖို့ အချက် (၃) ချက်ကိုသာ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း…

Read More

ယူကရိန်းအရေး ဥရောပခေါင်းဆောင်တွေ ဒုတိယအကြိမ် စည်းဝေး

ပါရီ၊ ဖေဖော်ဝါရီ-၂၀-၂၀၂၅ ရတီ(VOM) ယူကရိန်းစစ်ပွဲအရေးနဲ့ပတ်သက်ပြီး ဥရောပခေါင်းဆောင်တွေရဲ့ ဒုတိယမြောက် အစည်းအဝေကို ပြင်သစ်နိုင်ငံ ကဦးဆောင်ပြီး မနေ့က ထပ်မံပြုလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့က ပထမအကြိမ်ဆွေးနွေးပွဲ မတင်္ကရောက်ခဲ့တဲ့ နော်ဝေ၊ ဖင်လန်၊ ကနေဒါအပါအဝင် နေတိုးအဖွဲ့ဝင်နိုင်ငံတွေနဲ့ ဘောတစ်နိုင်ငံခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။ ယူကရိန်းကို ဆက်လက်ထောက်ပံ့ရေးနဲ့ ဥရောပလုံခြုံရေးအတွက် အစီအမံတွေကို သဘောတူခဲ့တယ်လို့ ပြင်သစ် သမ္မတက ပြောပါတယ်။ ဥရောပနဲ့ အမေရိကန်တို့အကြား ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ရည်မှန်းချက်ကတော့ တူညီနေတယ်လို့ သူကဆိုပါတယ်။ ယူကရိန်းအဆက်မပြတ်ပါဝင်မှု၊ ခိုင်မာယုံကြည်ရတဲ့ အာမခံချက်နဲ့ အခြေခံမူတွေနဲ့ ထာ၀ရငြိမ်းချမ်းရေး ရရှိအောင်လုပ်မယ်လိုပ မက်ခရိုက ပြောပါတယ်။ ဥရောပကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် နိုင်ငံတွေအနေနဲ့ ကာကွယ်ရေးအသုံးစရိတ်နဲ့ စွမ်းဆောင်ရည်တွေ တိုးမြှင့်ဖို့လိုအပ်ပြီး ဒီအစီအစဉ်နဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို လာမယ့်သီတင်းပတ်တွေအတွင်း ချမှတ်သွားမယ်လို့ ပြင်သစ်သမ္မတက ပြောပါတယ်။ လက်ရှိမှာတော့ အမေရိကန်နဲ့ ရုရှားတို့ဟာ ယူကရိန်းစစ်ပွဲ…

Read More

ဗန်းမော် နစက ဌာနချုပ်စခန်းနှစ်ခုကို KIA ထိန်းချူပ်လိုက်ကြောင်း သတင်းထွက်ပြီးနောက် တိုက်ပွဲပိုမိုပြင်းထန်လာ

ဖေဖော်ဝါရီ-၂၀-၂၀၂၅ Shy V (VOM) ဗန်းမော် မြို့ရှိ နစက တပ်ဖွဲ့ရဲ့ ခလရ – ၂၃၆ နဲ့ အမတ – ၃၆၆ တပ်ဌာနချုပ်စခန်း နှစ် ခု ကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေက KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ ထိန်းချုပ်လိုက်ပြီလို့ သိရကြောင်း လို့ KIA တပ်ဖွဲ့ နဲ့ နီးစပ်တဲ့ သူ တယောက်က ပြောပါတယ်။ အမတ ၃၆၆ တပ်စခန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့ တာဖြစ်ပေမယ့် နစကဘက်က ဒရုန်း၊လက်နက်ကြီး၊ လေကြောင်း တွေနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုကြောင့် KIA နဲ့ ပူးပေါင်း တပ်ဖွဲ့က ပြန်လည်ဆုတ်ခွာသွားတာလို့ သူက ပြောပါတယ်။ လက်ရှိမှာလည်း…

Read More

နေပြည်တော်မှာ အမျိုးသားတယောက် လေးထပ်တိုက်ပေါ်ကနေ ခုန်ချအဆုံးစီရင်မှု ဖြစ်ပွား

ဖေဖော်ဝါရီ ၂၀ – ၂၀၂၅ SN (VOM) နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်မှာ အမျိုးသားတယောက် လေးထပ်တိုက်ပေါ်ကနေ ခုန်ချပြီး အဆုံးစီရင်မှု မနေ့ ဖေဖော်ဝါရီ ၁၉ ရက်၊ နေ့လယ် ၂ နာရီကျော်က ဖြစ်ပွားခဲ့တယ်လို့ စိုးမိုးသူ လူမူကူညီရေးအဖွဲ့ချုပ်မှ သိရပါတယ်။ သေဆုံးသူဟာ ဇမ္ဗူသီရိမြို့နယ်၊ ဓနသိဒ္ဓိရပ်ကွက်၊ တိုက်နံပါတ် ၁၃၂၂၊ အခန်းနံပါတ် ၃၂ မှာ နေထိုင်တဲ့ အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားတယောက် ဖြစ်ပြီး အခင်းဖြစ် နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။ “သေချာတာကတော့ ခုန်ချတာပါ။ ရှောကျတာ မဟုတ်ဘူး၊ ပြုတ်ကျတာ မဟုတ်ဘူး။ တမင်သက်သက်ကို ခုန်ချတာ။ ဘာကြောင့် ခုန်ချတယ်တော့ မသိပေမယ့် သေချာတာကတော့ အရက်သောက်ထားတယ်။ ခုန်ချမယ့်အပေါက်ရဲ့ အောက်တည့်တည့်မှာ အရက်ခွက်ပါ တွေ့ခဲ့သေးတယ်။ အပေါက်ကလည်း…

Read More

တောင်ကြီး-လွိုင်ကော် ပို့ဆောင်လာတဲ့ ကုန်စည်တွေ ဒေသကွပ်ကဲရေးအဖွဲ့လက်မှတ်ပါမှသာ ထုတ်ယူခွင့်ပြုမယ်

ဖေဖော်ဝါရီ ၂၀၊ ၂၀၂၅ ZY(VOM) ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ကနေ ကယားပြည်နယ်၊ လွိုင်ကော်မြို့ကို ပို့ဆောင်လာတဲ့ ကုန်စည်ပစ္စည်းတွေကို ဒေသကွပ်ကဲရေးအဖွဲ့လက်မှတ်ပါမှသာ ထုတ်ယူခွင့်ပြုသွားမှာဖြစ်တယ်လို့ ​ဒေသခံ သတင်းရင်းမြစ်တွေထံက ပြောပါတယ်။ ကယားပြည်နယ်အတွင်းရှိ ဒေသတွင်းလက်နက်ကိုင်အင်အားစုတွေကို ထောက်ပို့လုပ်မှာစိုးရိမ်တာကြောင့် တောင်ကြီးမြို့ကနေ လွိုင်ကော်မြို့ကို ကုန်ပစ္စည်းပို့ပါက ပစ္စည်းစာရင်းအသေးစိတ်၊ အရေအတွက် အတိအကျနဲ့ စစ်ကောင်စီဒေသကွပ်ကဲရေးအဖွဲ့လက်မှတ်ပါမှ ပို့ဖို့ ကန့်သတ်ထားတယ်လို့ ဆိုပါတယ်။ “လွိုင်ကော်မှာလည်း လက်မှတ်ပါမှ ထုတ်ပေးလို့ရတာကြောင့် လက်မှတ်ပါမှ ပစ္စည်းပို့ဖို့ ပြောထားရတယ်။ လူကော၊ ကုန်ကောပါရင်တော့ ပြဿနာမရှိပေမယ့် ကုန်ပစ္စည်းတွေပဲ တင်မယ်ဆိုရင်တော့ လက်မှတ်က ပါကိုပါမှ ပေးတင်တာ။ လူ​ရော ကုန်​ရော ပါရင်တောင် ပစ္စည်းတွေ ဖွင့်စစ်ပြီးမှ ပေးတင်တာ”လို့ သတင်းရင်းမြစ်တယောက်က VOMကို ပြောပါတယ်။ အဲဒီလို တင်ပို့လိုက်တဲ့ ပစ္စည်းတွေကို လမ်းခရီးမှာ ချယူလို့မရဘဲ လွိုင်ကော်မြို့ဘောလုံးကွင်းဝန်းအတွင်းရှိ နစက ဒေသကွပ်ကဲရေးအဖွဲ့ရဲ့ ရှေ့မှာ…

Read More

အမှတ်တရ ရွှေဥဒေါင်းရာပြည့်

      ဆူးငှက်   ဆရာကြီးရွှေဥဒေါင်းကိုခရစ်နှစ် ၁၈၈၉ခုနှစ် အောက်တိုဘာ ၂၄ ရက်နေ့တွင် မွေးဖွားခဲ့သောကြောင့် ၁၉၈၉ခုနှစ် အောက်တိုဘာ ၂၄ရက်နေ့တွင် အနှစ်၁၀၀ တင်းတင်း ပြည့်သည်။ ထို့ကြောင့် ဆရာကြီးရွှေဥဒေါင်း အနှစ် ၁၀၀ပြည့်ပွဲကိုဒေါ်ဒေါ်လူထုဒေါ်အမာဦးစီး၍ တောင်လေးလုံးကျောင်းတိုက်တွင် ကျင်းပခဲ့သည်။   လွန်ခဲ့သော၃၁ နှစ် ၁၉၈၉ ခုအောက်တိုဘာလ၂၄ရက်နေ့ကအမရပူရတောင်သမန် တောင်လေးလုံးကျောင်းတိုက်တွင်ဆရာကြီးရွှေဥဒေါင်း နှစ် (၁၀၀)ပြည့် အခမ်းအနားကျင်းပသောအခါအမှတ်မထင်အဖြစ်အပျက်တစ်ခုကိုလည်းသတိရလိုက်မိသည်။ဆရာကြီးရာပြည့်အခမ်းအနားမှာဆရာကြီးပုံအမှတ်တရပို့စကတ်ထုတ်ကြမည်။   ဆေးတံကြီးကိုက်ထားသောဆရာကြီးပုံကိုဆရာပေါ်ဦးသက်ထံစကက်(ချ်)အပ်မည်။ ထိုပုံကိုအဖြူအမည်း၂ရောင်ရိုက်မည့်ပို့စကတ်ထုတ်ဝေကြဖို့ဖြစ်သည်။   ထို့ကြောင့်ဒေါ်ဒေါ်ကဆရာကြီး၏ အဖြူအမည်းမူရင်းဓာတ်ပုံတစ်ပုံကို ကျွန်တော့်အားပေးသည်။ ဓာတ်ပုံကရှားရှားပါးပါးမူရင်းလေးမို့ ထိုဓာတ်ပုံကိုကော်ပီတစ်ပုံပွားပြီး ဆရာပေါ်ဦးသက်ထံပေးထားဖို့ဖြစ်သည်။   မူရင်းဓာတ်ပုံလေးကလည်းကောင်းလှချည့်၊ ရှေးကအဖြူအမည်းပုံမို့ Toneတွေကအသေးစိတ်သည်။ ပြေသည်၊ညက်သည်။ ဆရာကြီးမျက်နှာပေါ်ရှိအရေးအကြောင်းတွေက ဇရာနှင့်တည်ကြည်ရင့်ကျက်ခြင်းကိုအပီအပြင်ဖော်ပြနေ၏။   ဆေးတံကိုအံကြိတ်ကာကိုက်ထား၍မေးရိုးများ၏ တင်းမာမှုအရေးအကြောင်းတွေအထင်းသားပေါ်နေသည်။ ကြည့်စမ်းစာရေးဆရာများ အပလီအပလာတွေနှင့်တတ်နိုင်လိုက်တာ ၊ အခုကျွန်တော်ရေးသမျှဆရာကြီးဓာတ်ပုံနှင့်ပတ်သက်သည့်စာကြောင်းတိုင်းမှာ နောက်မှသာသိရှိ၍ရေးသားခြင်းဖြစ်၏။ အချိန်ကာလတွေလွဲချော်နေသည်။  အခုရေးပုံကထိုစဉ်ကပဲနားလည်တတ်ကျွမ်းသိရှိနေဟန်ညာဖြီးပုံက။ တကယ်တော့ဒေါ်ဒေါ်ပေးလိုက်သောမူရင်းအဖြူအမည်းဓာတ်ပုံလေးကို…

Read More

ကနီနယ်မှာ လေကြောင်းတိုက်ခိုက်ခံရလို့ အပျက်အစီးများ

ဖေဖော်၀ါရီ ၊ ၁၈၊ ၂၀၂၅ ကျော်ဟိန်း (VOM) စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ကနီမြိုနယ် ၊ မုဋော( အရှေ့) ကျေးရွာအနီး ချင်းတွင်းမြစ်ထဲမှာ ဆိုက်ကပ်ထားတဲ့ မော်တော်တစီးဟာ မနေ့က နေ့လယ်ပိုင်းက လေကြောင်းပစ် ခတ်ခံရလို့ မီးလောင်သွားတဲ့အကြောင်း ဒေသခံတွေဆီက သိရပါတယ် ။ “ချင်းတွင်းမြစ်ကြောင်းအတိုင်း မော်တော်က ဆန်သွားနေတယ် အဲ့ဒီအချိန် လေကြောင်းနဲ့ တိုက်ခိုက်ခံရတယ် ၊ မော်တော်ပေါ်မှာ လောင်စာဆီ ပေပါတွေနဲ့ ဆိုင်ကယ်တွေပါတယ် ၊ ဖြစ်တာက နေ့လယ် ၁၂ နာရီနဲ့ ၁ နာရီကြားမှာဖြစ်တယ် ၊ နောက်ပြီး မုဋောရွာထဲကိုလည် ဗုံးနှစ်လုံးချသွားတယ် ၊ ထိခိုက် ပျက်စီးတာတွေ ရှိတယ် ၊ ပျက်စီးတာကတော့ ဆိုင်ကယ် ဆယ်စီး ကျော်နဲ့ ၊ ကား နှစ်စီး ၊လောင်စာဆီ…

Read More
VOM News

FREE
VIEW