မတ် ၁၂ -၂၀၂၅
GG (VOM)
ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့က “နန်းဝတီ “ရွှေဆိုင်ပိုင်ရှင်အမျိုးသမီး သေနတ်နဲ့ပစ်သတ်ခံခဲ့ရမှု ဒီနေ့ မတ် ၁၂ ရက်နေ့မနက်ပိုင်းကဖြစ်ပွားခဲ့ တယ်လို့သိရပါတယ်။
ဖြစ်စဥ်မှာ ရွှေဆိုင်ပိုင်ရှင်အမျိုးသမီးက ရွှေဆိုင်မှာရှိနေစဥ် ဒေသတွင်းလက်နက်ကိုင်အဖွဲ့တဖွဲ့က လာရောက်ပစ်ခတ်သွားတာဖြစ်တယ်လို့သိရပါတယ်။
“ရွှေဆိုင်က မြို့မစျေးမှာဖွင့်ထားတဲ့ဆိုင်ဆိုတော့ လူစည်တဲ့နေရာပဲလေ။ပစ်ခံရတဲ့ပိုင်ရှင်အမျိုးသမီးကတော့ သေသွားပြီ ။ရွှေတွေဘာညာယူသွားသလား ဘာညာတော့မသိဘူး။ရွှေဆိုင်မှာCCTV ရှိတယ်ဆိုတော့စစ်ကြည့်ရင်သိရမှာပါ။သေနတ်နဲ့ပစ်တဲ့အချိန် သူ့ ယောကျ်ားမရှိတာကံကောင်းသွားတယ်ပြောရမယ်။” လို့ ဒေသခံကပြောပါတယ်။
အသတ်ခံရတဲ့သူက ရွှေဆိုင် ပိုင်ရှင်အမျိုးသမီး မသီရိစံဆိုသူဖြစ်ကြောင်းနဲ့အဆိုပါအမျိုးသမီးကို ပဲခူးရိုးမအခြေပြု BTZM GBK-PDF တပ်ဖွဲ့ကကသူတို့ပစ်ခတ်ခဲ့တာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပြီး ပစ္စည်းတွေနဲ့ပတ်သက်လို့ သိမ်းဆည်းခဲ့တာမျိုးမလုပ်ခဲ့ဘူးလို့ ရေးသားထားတာတွေ့ရပါတယ်။
အဆိုပါ ရွှေဆိုင် ပိုင်ရှင်လင်မယားက ပျူစေားထီးအဖွဲ့ဝင်ဖြစ်တဲ့အပြင် ပြည်သူတွေယုံကြည်မှုနဲ့ အပ်နှံထားတဲ့စပါးကိုလည်း အလွဲသုံးစားလုပ်သလို အပ်နှံထားတဲ့စပါးကိုပြန်လည်တောင်းယူသူတွေကို ဖမ်းဆီးခိုင်းတာကြောင့်လို့ အဆိုပါ PDF အဖွဲ့က ထုတ်ပြန်မှုအရသိရပါတယ်။
မတ်လ ၈ ရက်နေ့ကလည်း ကြို့ပင်ကောက်မြို့နယ်၊ ရွှေပန်းတောရွာက ဦးမြင့်လွင်ဆိုသူလည်း သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့သိရပါတယ်။
Photo – Tharyarwady 8 city