မတ် ၁၉ – ၂၀၂၅ GG (VOM) ရန်ကုန် – မန္တလေး အမြန်လမ်း နွားထိုးကြီးမြို့နယ်အပိုင် ပြင်စည်ရဲစခန်းအနီး မိုင်တိုင် ၃၁၉ မိုင်ဝန်းကျင်မှာ ဒီနေ့ မတ် ၁၉ ရက်နေ့ မနက် ၁၁ နာရီကျော်လောက်က နစက လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဒေသတွင်းလက်နက်ကိုင်အဖွဲ့တို့ မြေပြင် ပစ်ခတ်မှုထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြင်စည်အမြန်လမ်းရဲတပ်ဖွဲ့ကသိရပါတယ်။ တိုက်ပွဲပစ်ခတ်မှုဖြစ်ပွားနေချိန်မှာ အမြန်လမ်းပေါ်သွားလာမှုတွေ ရပ်ခဲ့ပေမယ့် လက်ရှိမှာတော့ ပုံမှန်တိုင်းသွားလာနိုင်ပြီလို့ဆိုပါတယ်။ ” ဟုတ်တယ် ဖြစ်တော့ဖြစ်သွားပါတယ်။အခုတော့သွားလာမှုပုံမှန်ပြန်ဖြစ်နေပါပြီ။ဘာမှကြီးကြီးမားမားမဟုတ်ပါဘူး။ပျက်စီးဆုံးရှုံးမှုဘာမှမရှိပါဘူးခင်ဗျ။ ” လို့ ပြင်စည်အမြန်လမ်းရဲတပ်ဖွဲ့ဝင်ကပြောပြပါတယ်။ အမြန်လမ်း ၃၁၉ မိုင်က နွားထိုးကြီးမြို့နယ်အပိုင်ထဲကဖြစ်ပြီး အမြန်လမ်း ပြင်စည်စခန်းအနီးကို နယ်မြေခံ နွားထိုးကြီး pdf အဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာ နာရီဝက်လောက်ကြာမြင့်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားမှုကြောင့် ခရီးသွားလာမှုယာယီရပ်တန့်ခဲ့ရတယ်လို့ ခရီးသွားဒေသခံတွေကပြောပါတယ်။ “အမြန်လမ်းမှာ တိုက်ပွဲဖြစ်နေလို့ ကားတွေ လမ်းဘေးမှာထိုးရပ်ထား ရတယ်။သေနတ်ပစ်သံတွေ ဒီတိုင်းကြားရတယ်။…
Read MoreDay: March 20, 2025
ရန်ကုန်နဲ့ မန္တလေးတိုင်းက ကျောင်းတွေကို အဆင့်လျှော့ချဖို့ရှိသလို ကျောင်းတွေ ပေါင်းခိုင်းနေ
မတ် ၁၉ – ၂၀၂၅ SN (VOM) ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းက အထက်တန်း၊ အလယ်တန်း ကျောင်းတွေကို အဆင့်လျှော့ချပြီး ကျောင်းတွေ ပေါင်းခိုင်းနေတယ်လို့ ပညာရေးအသိုင်းအဝိုင်းက သိရပါတယ်။ ကျောင်းတွေမှာ ကျောင်းသား၊ ကျောင်းသူ အင်အား နည်းပါးတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျောင်းတွေကို အဆင့်လျှော့ချဖို့၊ sanction တွေ သိမ်းဖို့ ပညာရေးဝန်ကြီးဌာနကနေ ညွှန်ကြားစာတွေ ထွက်လာတယ်လို့ အလယ်တန်းပြ ဆရာမတယောက်က ပြောပါတယ်။ “နိုင်ငံရေးဖြစ်တဲ့ အချိန်တွေမှာ ဆရာ၊ ဆရာမတွေရော၊ ကျောင်းအုပ်ကြီးတွေရော၊ ကျောင်းသူ၊ ကျောင်းသားတွေရောက ကျောင်းတက်ချင်တဲ့စိတ် တခုတည်းနဲ့ အသက်ကို ဖက်နဲ့ထုပ်ပြီးမှ ကျောင်းဖွင့်နိုင်အောင် ကြိုးစား ရပ်တည်ပြီး ကျောင်းတက်ခဲ့ကြတာပါ။ ဒါပေမယ့် နိုင်ငံရေးအခြေအနေ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းသားမိဘတချို့နဲ့ သဘောထားကွဲလွဲပြီး အပြင်ကျောင်းတွေမှာ ထားတာရှိသလို၊ မထားရဲတဲ့ ကျောင်းသားမိလည်း ရှိခဲ့ပါတယ်။ ဒါကြောင့်…
Read Moreကွတ်ခိုင်မှာ စစ်ကိုင်းတိုင်း PDF တွေရဲ့ လက်နက်၊ ဆက်သွယ်ရေး ပစ္စည်းနဲ့ ငွေတချို့ TNLA ဖမ်းဆီး
မတ် ၂၀၊ ၂၀၂၅ Shy V (VOM ) ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မှာ လက်နက် လာရောက် ဝယ်ယူတဲ့ စစ်ကိုင်းတိုင်းဘက်က PDF တွေရဲ့ လက်နက်၊ ဆက်သွယ်ရေး ပစ္စည်းနဲ့ ငွေ တချို့ TNLA ရဲတပ်ဖွဲ့ က မတ်လ ၁၆ ရက်နေ့ ညနေ ၃ နာရီခွဲ ဝန်းကျင်ခန့်က ဖမ်းဆီး သိမ်းယူတာခံရကြောင်း ဒေသခံတွေ၊ PDF တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ “ဟုတ်တယ်။ ကွတ်ခိုင်အထွက် အောင်ချမ်းသာ ထမင်းဆိုင်မှာ ဖမ်းခံရတယ်။ စစ်ကိုင်း PDF လို့ သိရတယ်။ ကွတ်ခိုင်မှာ တိုက်ပွဲ စဖြစ်ကတည်းက လက်နက် အရောင်း အဝယ်တွေ လုပ်နေကြတယ်။ စစ်ကိုင်းဘက်က လာပြီး လက်နက် လာ ဝယ်ယူ စုဆောင်းတာ…
Read Moreလွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က လျှို့ဝှက်ဆန်းကျယ် ပျောက်ဆုံးသွားတဲ့ မလေးရှားခရီးသည်တင်လေယာဉ်ကို ပြန်လည်ရှာဖွေမယ်
ကွာလာလမ်ပူ၊ မတ်-၂၀–၂၀၂၅ ရတီ(VOM) လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က လျှို့ဝှက်ဆန်းကျယ် ပျက်ကျ ပျောက်ဆုံးသွားတဲ့ မလေးရှားလေကြောင်းလိုင်း MH370 လေယာဉ်ရဲ့အပျက်အစီးတွေကို ပြန်လည်ရှာဖွေရေးလုပ်ငန်းတွေ ပြန်လည်စတင်ဖို့ မလေးရှားအစိုးရက အတည်ပြုလိုက်ပါတယ်။ မလေးရှားအစိုးရနဲ့ အိုရှင်းအင်းဖက်နကီ ကုမ္ပဏီတို့သဘောတူညီချက်အရ လေယာဉ်ပျက်ကျတယ်လို့ ယူဆရတဲ့ အိန္ဒိယသမုဒ္ဒရာတောင်ပိုင်း စတုရန်းကီလိုမီတာ ၁၅၀၀၀ ကျယ်ဝန်းတဲ့ ဧရိယာမှာ ရှာဖွေမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ လေယာဉ်အပျက်အစီးတွေကို ရှာဖွေတွေ့ရှိမယ်ဆိုရင် ကုမ္ပဏီအနေနဲ့ ဒေါ်လာသန်း ၇၀ ရရှိမှာဖြစ်တယ်လို့ မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီးက ပြောပါတယ်။ မလေးရှားလေကြောင်းလိုင်း လေယာဉ်ခရီးစဉ်အမှတ် MH370 ဟာ ကွာလာလမ်ပူကနေ ပေကျင်းကို ပျံသန်းစဉ် ၂၀၁၄ ခုနှစ်မှ ပျက်ကျပျောက်ဆုံးခဲ့တာပါ။ လေယာဉ်ပေါ်မှာ ခရီးသည်နဲ့ အမှုထမ်း ၂၃၉ ယောက်လိုက်ပါခဲ့ပြီး လေယာဉ်ပျောက်ဆုံးမှုဟာ ကမ္ဘာပေါ်မှာ လေကြောင်းဆိုင်ရာ လျှို့ဝှက်ဆန်းကျယ်မှုတွေထဲက တခုလည်းဖြစ်ပါတယ်။ ပျောက်ဆုံးခဲ့တဲ့ နှစ်တွေအတွင်း…
Read Moreကွတ်ခိုင်မှာ KIO က မြေသိမ်း ၊ အကွက်ရိုက် ရောင်းချမှုတွေရှိနေ
မတ် ၂၀၊ ၂၀၂၅ ZY(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာထဲက ဒေသခံတွေ ပိုင်ဆိုင်တဲ့ မြေယာတွေကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO အုပ်ချုပ်ရေးအဖွဲ့က အခုမတ်လအတွင်း အကွက်ရိုက် ရောင်းချမှုရှိနေတယ်လို့ VOMသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။ တောင်ပိုင်းတိုင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO အုပ်ချုပ်ရေးအဖွဲ့ အာဏာပိုင် တချို့က ဒေသဖွံ့ဖြိုးရေးစီမံကိန်း အတွက်ဆိုပြီး ၂၀၂၄ခုနှစ်အတွင်း သိမ်းယူကာ အခု၂၀၂၅ခုနှစ်အတွင်း အကွက်ရိုက် ရောင်းချ နေတယ်လို့ ဆိုပါတယ်။ “ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကစပြီး ဒေသဖွံ့ဖြိုးရေးစီမံကိန်းအတွက် ဆိုပြီး ဒေသခံတွေရဲ့ မြေယာခြံတွေ ပြီးတော့ ဒေသအတူနေ ဗုဒ္ဓဘာသာဝင်တွေရဲ့ သာသနာ့ပိုင်မြေ တွေကို သိမ်းယူပြီးနောက် အခုနှစ် ၂၀၂၅ ထဲမှာတော့ အကွက်ချ ရောင်းချမှုတွေ လုပ်လာတယ်” လို့ သတင်းရင်းမြစ်တယောက်က VOMကို ပြောပါတယ်။ ဒါ့အပြင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO လို…
Read Moreရှိန်းခေါင်ရွာ နေအိမ်လေးလုံး မီးလောင်မှု ကျပ်သိန်းတသောင်းကျော် ဆုံးရှုံး
မတ် ၂၀၊ ၂၀၂၅ Shy V (VOM) ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်၊ ဇီးထန် ကျေးရွာအုပ်စု၊ ရှိန်းခေါင်ရွာရှိ နေအိမ် လေးလုံး မတ်လ ၁၈ ရက်ည မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကျပ်သိန်း တသောင်းကျော်ခန့် ဆုံးရှုံးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ရှားကော ခြံတွေ ပါတာ မဟုတ်ဘူး။ ရောင်းဖို့ ထားထားတဲ့ ဟာတွေပါသွားတာ။ အဓိက သူတို့ရဲ့ ရှားကောတွေ သူတို့ ကျင်းလိုက် ထားထားတာ အကုန်လုံး မီးထဲ ပါသွားတဲ့ အခါကျတော့ သူတို့ရဲ့ ပိုင်ဆိုင်မှုက အများကြီး ဆုံးရှုံး သွားတာပေါ့လေ။ ရှိန်းခေါင်ဘက်မှာကျတော့ ရှားကော ခင်းတွေ အများကြီးရှိတယ်။ ဈေးကောင်း ရတဲ့ အချိန်ဆိုရင် ဒေသခံတွေ အရမ်း အဆင်ပြေတယ်။” လို့ ဒေသခံ တယောက်က ပြောပါတယ်။ မီးလောင်မှုကြောင့်…
Read Moreကမ္ဘာ့ရွှေ အတက်ကြမ်းပေမယ့် မြန်မာ့ရွှေဈေး အနည်းငယ်သာ လိုက်တက်
မတ် ၂၀ – ၂၀၂၅ SS (VOM) လက်ရှိမှာ ကမ္ဘာ့ရွှေဈေး စံချိန်တင် အတက်ကြမ်းနေပေမယ့် ပြည်တွင်းရွှေဈေးကတော့ ဈေးအနည်းငယ်သာ မြင့်တက်မှု ရှိနေတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။ ကမ္ဘာ့ရွှေဈေးဟာ ဒီကနေ့ မတ် ၂၀ ရက်၊ မနက်ပိုင်းမှာ တအောင်စကို ဒေါ်လာ ၃၀၄၉ အထိ မြင့်တက်နေတာဖြစ်ပြီး ဒီဈေးနှုန်းက သမိုင်းတလျှောက် အမြင့်ဆုံး စံချိန်တင်ဈေး ဖြစ်တယ်လို့ ဈေးကွက် ကျွမ်းကျင်သူတွေက ပြောပါတယ်။ “ကမ္ဘာ့ရွှေဈေးက တအောင်စ ဒေါ်လာ ၂၆၀၀ ဈေးကနေ သုံးလအတွင်း ၃၀၅၀ နားကို ရောက်လာခဲ့ပြီပေါ့။ အမေရိကန်အစိုးရရဲ့ သွင်းကုန်အခွန် သတ်မှတ်ချက် တိုးမြှင့် ကောက်ခံတာတွေ၊ ကုန်သွယ်စစ်ပွဲ အလားအလာတွေ၊ ပထဝီနိုင်ငံရေး မတည်ငြိမ်တာတွေ စတဲ့ အခြေအနေ အကြောင်းတရား အရပ်ရပ်တွေကြောင့် ကမ္ဘာ့ဈေး အတက်ကြမ်းလာတာ။ Market…
Read Moreအစ္စတန်ဘူလ်မြို့တော်ဝန် ဖမ်းဆီးခံရမှု တူရကီမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပွားနေ
အန်ကာရာ၊ မတ်-၂၀-၂၀၂၅ ရတီ(VOM) သမ္မတလောင်းအဖြစ် ရွေးချယ်ခံရမယ့် အစ္စတန်ဘူလ်မြို့တော်ဝန်ကို တရားဝင်မရွေးချယ်ခင် ရက်ပိုင်းအလိုမှာ အာဏာပိုင်တွေက ဖမ်းဆီးမှုကြောင့် မြို့တော်အစ္စတန်ဘူလ်မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပွားနေပါတယ်။ အစ္စတန်ဘူလ်မြို့တော်ဝန် အက်ခ်ရမ်အင်မာမိုဂလူကို ရီပတ်ဘလီကန် ပြည်သူ့ပါတီရဲ့ သမ္မတလောင်းအဖြစ် ရွေးချယ်ဖို့ စီစဉ်ထားပြီး သူဟာ လက်ရှိသမ္မတ အာဒိုဂန်ကို ယှဉ်ပြိုင်နိုင်မယ် အဓိက နိုင်ငံရေးပြိင်ဘက်အဖြစ် သတ်မှတ်ခံထားရသူလည်းဖြစ်ပါတယ်။ မြို့တော်တွင်လည်း လေးရက်ကြာ ကန့်သတ်မှုတွေနဲ့ လူစုလူဝေးကို ရဲတပ်ဖွဲ့က တားမြစ်ထားပေမယ့် ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး လူအုပ်ကိုဖြိုခွဲမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဆန္ဒပြသူတွေဟာ အစ္စတန်ဘူလ်မြို့ လမ်းမတွေ၊ တက္ကသိုလ်တွေနဲ့ မြေအောက်ရထားဘူတာရုံတွေမှာ အစိုးရဆန့်ကျင်ရေး ကြွေးကျော်သံတွေနဲ့ ချီတက်ဆန္ဒပြမှုများပြုလုပ်ခဲ့ပြီး ဒါဟာ နှစ်များစွာအတွင်း အစိုးရအပေါ် ပြည်သူတွေရဲ့ မကျေနပ်ချက်တွေကို ထင်ဟပ်နေတယ်လို့ အကဲခတ်တွေက ပြောပါတယ်။ လာမယ့် သမ္မတရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ တောင်းဆိုမှုတွေလည်းရှိနေပြီး ရီပတ်ဘလီကန် ပြည်သူ့ပါတီကတော့…
Read More