အမေရိကန်စစ်တပ်အတွက် အက်ဖ်-၄၇ ကိုယ်ပျောက်တိုက်လေယာဉ်တွေ ဘိုးအင်းကုမ္ပဏီ ထုတ်လုပ်မယ်

ဝါရှင်တန်၊ မတ်-၂၂-၂၀၂၅
ရတီ (VOM)
အမေရိကန်စစ်တပ်အတွက် မျိုးဆက်သစ်တိုက်လေယာဉ်ကို ဘိုးအင်းကုမ္ပဏီက တည်ဆောက်ထုတ်လုပ်သွားမှာဖြစ်ပြီး ဒီလေယာဉ်ကို အက်ဖ်-၄၇ လို့အမည်ပေးမယ်လို့ အမေရိကန်ရဲ့ ၄၇ ယောက်မြောက်သမ္မတ ဒေါ်နယ်ထရန့်က ပြောပါတယ်။
အက်ဖ်-၄၇ လေယာဉ်တွေဟာ တည်ဆောက်ဖူးသမျှတွေထဲမှာ အတိုးတက်ဆုံး၊ စွမ်းရည်အရှိဆုံးနဲ့ တိုက်ခိုက်ရေးစွမ်းရည် အကောင်းဆုံးဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ပီးဟက်ဆက်ချ်နဲ့အတူ သမ္မတ ထရန့်က ကြေညာခဲ့ပါတယ်။
ဒီလေယာဉ်မှာ ရေဒါတွေ အာရုံခံထောက်လှမ်းနိုင်ခြင်းမရှိအောင် ကိုယ်ပျောက်စွမ်းရည်ပါဝင်မှာဖြစ်ပြီး ငါးနှစ်ကြာ စမ်းသပ်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်လေယာဟာ တရုတ်နိုင်ငံနဲ့ အလားအလာရှိတဲ့ ပဋိပက္ခတွေမှာ မရှိမဖြစ်လိုအပ်တယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ဆိုပါတယ်။
ဘိုအင်းနဲ့ ကနဦးစာချုပ်တန်ဖိုးမှာ ဒေါ်လာ ၂၀ ဘီလီယံဖြစ်ပါတယ်။ ထုတ်လုပ်မယ့် လေယာဉ်တွေဟာ အက်ဖ်-၂၂ နဲ့ယှဉ်ရင် ကုန်ကျစရိတ်သက်သာသလို အနာဂတ်ခြိမ်းခြောက်မှုတွေနဲ့ လိုက်လျောညီထွေရှိပြီး ဒီလေယာဉ်တွေကို စစ်တပ်မှာ ပိုမိုတွေ့လာရမယ်လို့ လေတပ်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဒေးဗစ်အယ်လ်ဗင်က ပြောပါတယ်။
တိုက်လေယာဉ်တည်ဆောက်ရေးနဲ့ပတ်သက်ပြီး သဘောတူညီချက်ကို လော့ဟိဒ်မာတင်ကုမ္ပဏီကို ကျော်ပြီး ဘိုးအင်းရ ရရှိခဲ့ခြင်းဖြစ်ပြီး ဘိုးအင်းရဲ့ရှယ်ယာတွေ ၅ ရာခိုင်နှုန်းတက်ခဲ့ပြီး လော့ဟိဒ်မာတင်ကတော့ ၇ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ပါတယ်။
ဆဌမမျိုးဆက် တို်ကလေယာဉ်ရဲ့ အသေးစိတ်ဒီဇိုင်းကတော့ လျှို့ဝှက်ချက်တခုအဖြစ် ဆက်လက်ရှိနေပေမယ့် ကိုယ်ပျောက်စွမ်းရည်နဲ့ အဆင့်မြင့်နည်းပညာတွေက ယခင်မျိုးဆက်တို်ကလေယာဉ်တွေထက် စွမ်းဆောင်ရည် ပိုမိုမြင့်မားတယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။
Ref:Reuters
Photo:AP

Related posts

Leave a Comment

VOM News

FREE
VIEW