မန်တုံ နဲ့ မိုင်းငေါ့မှာ လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ သေဆုံး၊ ထိခိုက်မှုရှိ

မေ ၁၃၊ ၂၀၂၅
Shy V ( VOM)
ရှမ်းပြည်နယ် မြောက်ပိုင်း၊ TNLA ထိန်းချုပ်ထားတဲ့ မန်တုံနဲ့ မိုင်းငေါ့မှာ ဧပြီလ ၁၂ ရက်နေ့ ညပိုင်းက လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ သေဆုံး၊ ထိခိုက်မှုရှိ ဒေသခံတွဆီက သိရပါတယ်။
“မန်တုံ အောင်ချမ်းသာ ရပ်ကွက်မှာ ယမန်နေ့ မေလ ၁၂ ရက် နေ့ည ၁၀ နာရီခွဲ ဝန်းကျင်က လေကြောင်းကနေ ဗုံးကြဲလို့ တယောက် သေဆုံးသွားတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။
နေအိမ်ပေါ်တည့်တည့်ကျတာဖြစ်ပြီး လူ တချို့ ထိချုက်ဒဏ်ရာရကာ နေအိမ် ၆ အိမ်လောက် လုံးဝ ရစရာ မရှိအောင် ပျက်စီးသွား တခြား ၁၀ အိမ်ကျော်လည်း ထိခိုက်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
“မနေ့ မေလ ၁၂ ရက်နေ့ ညပိုင်း ၇ နာရီခွဲဝန်းကျင်ကမိုင်းငေါ့မှာ လေကြောင်းကနေ ဗုံး ၄ လုံး ကြဲသွားတယ်။ မန်တုံဘက်မှာကောပဲ ည ၁၀ နာရီက။ အကုန်ပတ် ကြဲမှာ သေချာတယ်။” လို့ ဒေသခံ တယောက်က ပြောပါတယ်။
တာလုံရပ်ကွက် စာသင်ကျောင်းဘေးမှာ ကျကွဲတယ်လို့ ဆိုပါတယ်။
မန်တုံမြို့ အောင်ချမ်းသာရပ်ကွက်နဲ့ မိုင်းငေါ့ မြို့၊တာလုံရပ်ကွက် စာသင်ကျောင်းအနီး တွေမှာ မေလ ၁၂ ရက်နေ့ ည ၁၀ နာရီခွန်ကျော်ခန့်နဲ့ ည ၇ နာရီခွဲကျော်ခန့်ကဂျက်ဖိုက်တာနဲ့ ဗုံးလာ ရောက်ကြဲ ချတိုက်ခိုက်ခဲ့လို့ လူ တယောက် သေဆုံးပြီး သုံးယောက် ထိခိုက် ဒဏ်ရာရခဲ့ကြာင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။
ရှမ်းပြည်မြောက်ပိုင်း၊ TNLA ထိန်းချုပ်ဒေသ၊ မန်တုံ နဲ့ မိုင်းငေါ့ ကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း နစက တပ်ဖွဲ့နဲ့ နီးစပ်သူ ေတွကလည်း ပြောပါတယ်။
ဒါ့အပြင် ယမန် နေ့မေလ ၁၂ ရက်နေ့မှာပဲ ၁၀ နာရီခန့်က ဒီပဲယင်းမြို့နယ် အိုးထိမ်းကွင်းရွာ စာသင်ကျောင်း လေကြောင်း ဗုံးကြဲတိုက်ခိုက် ခံခဲ့ရလို့ လူ အများအပြား သေဆုံး ထိခိုက် ဒဏ်ရာရခဲ့သလို မနက် ၉ နာရီ ကျော်ခန့်ကလည်း စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်၊ မှန်ချိုရွာကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် အချို့ ထိမှန် ပျက်စီးသွားပြီး ဒေသခံ အမျိုးသမီး ၂ ဦး သေဆုံးကြောင်း ဒေသခံတွဆီက သိရပါတယ်။
Photo Crd# PSLF/TNLA သတင်းနှင့် ပြန်ကြားရးဌာန

Related posts

Leave a Comment

VOM News

FREE
VIEW