မန္တလေးမှာပြောက်ကျား၀တ်စုံနဲ့ ဓားပြတိုက်နေတဲ့ ဂိုဏ်းအဖွဲ့ ဖမ်းမိကြောင်း သက်ဆိုင်ရာကထုတ်ပြန်

မေ ၊ ၁၆ ၊၂၀၂၅
SP(VOM)
မန္တလေးတိုင်း ၊ မန္တလေးမြို့၀န်းကျင်းအနီးက ပြောက်ကျား၀တ်စုံနဲ့ ဓားပြတိုက်မှုကျူးလွန်နေတဲ့ ဓားပြအဖွဲ့ကို မန္တလေးတိုင်း ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးလိုက်တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
” ဓားပြတိုက်ရာမှာ ပါ၀င်တဲ့သူ လူအားလုံး အမျိုးသား ၁၅ ယောက်နဲ့ အမျိုးသမီး နှစ်ယောက် စုစုပေါင်း ဓားပြဂိုဏ်းအဖွဲ့ ၁၇ ယောက် ဖမ်းမိထားတယ် ” လို့ မန္တလေးတိုင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
အခု ဖမ်းမိထားတဲ့ ဓားပြအဖွဲ့က မန္တလေးနယ်မှာ ပြောက်ကျား၀တ်စုံ၀တ်လို့ ဓားပြတိုက်နေတဲ့ သူတွေဖြစ်တယ်လို့ လည်း သိရပါတယ်။
ရဲတပ်ဖွဲရဲ့ ထုတ်ဖော်ချက်အရ ဖမ်းဆီးရထားမိသူတွေကတော့ ပြီးခဲ့တဲ့ မေ ၅ ရက်နေ့က ဓားပြတိုက်၊ လု ယက်မှုတွေကို ဦးဆောင်ကျူးလွန်ခဲ့တဲ့ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်နေ နေထက်လင်း (၂၉)နှစ် (ဘ) ဦးသံချောင်းဆိုသူကို ဖော်ထုတ်ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။
အဲ့ဒီနောက် နေထက်လင်းရဲ့ ထွက်ဆိုချက်အရ ကွင်းဆက် ဖမ်းဆီး ရမိရေး ဆက်လက်ဖော် ထုတ် ဖမ်းဆီးခဲ့ရာ ဓားပြတိုက်၊ လုယက်မှုတွေမှာ ပူးပေါင်းပါဝင်ခဲ့သူတွေဖြစ်တဲ့ နေထက်လင်းရဲ့ မိန်းမဖြစ်သူ မေမီမီကို (၃၁) နှစ် (ဘ) ဦးကိုကိုလွင်၊ စဉ့်ကိုင်မြို့နယ်၊ အရေးမဆိုကျေးရွာနေ ညီညီလွင်(ခ) ညီညီ(၂၉)နှစ်(ဘ)ဦးအေးကို၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်နေ ကိုကိုလွင် (၆၅)နှစ် (ဘ)ဦးတင်မောင်လေး၊ အမရပူရမြို့နယ်၊ ရေကြည်ပေါက်ကျေးရွာနေသူတွေဖြစ်တဲ့ ရဲနိုင်ဝင်း(ခ) ဖိုးသား (၃၇)နှစ်(ဘ) ဦးခင်မောင်နှဲ့ ဟိန်းမင်းသူ(ခ) ဟူစိန်(၂၂)နှစ် (ဘ)ဦးမြင့်စိုး၊ မကွေးတိုင်း ၊မင်းလှမြို့၊ အမှတ်(၁၀)ရပ်ကွက်နေ နေမင်းအောင်(ခ) ထက်လင်း (၂၆)နှစ် (ဘ)ဦးမြင့်မိုး၊ အမရပူရမြို့ နယ်၊ စာတိုးကျေးရွာနေ မျိုးဇော် (၂၆)နှစ်(ဘ) ဦးမြင့်နောင်၊ ချမ်းမြသာစည် မြို့နယ်၊ အောင်ပင်လ ယ်ရပ်ကွက်နေသူတွေဖြစ်တဲ့မင်းသက်နိုင်နိုင်(ခ)ကျစ်ကျစ်(၂၈)နှစ် (ဘ) ဦးကိုကိုလွင်၊ ကျော်သီဟ(ခ) သီဟ (၂၄)နှစ် (ဘ)ဦးကျော်၊ မင်းသက်ကို(ခ) ချစ်ချစ်(၂၃)နှစ် (ဘ)ဦးကိုကိုလွင်၊ ပုသိမ်ကြီးမြို့နယ်၊ ကုလားကြီးကျေးရွာနေ ဇာနည်ထွန်း(ခ) ဇာနည် (၃၈)နှစ် (ဘ)ဦးကြည်လေး၊ နေပြည်တော်၊ သာဝတ္ထိမြို့၊ စက်ရုံစုရပ်ကွက်နေ ဉာဏ်ထက်လင်း(ခ) ကိုထက် (၃၁)နှစ် (ဘ) ဦးနေမျိုးလှိုင်၊ မုံရွာမြို့၊ မြဝတီ ရပ် ကွက်နေသူတွေဖြစ်တဲ့မသန်းသန်းမိုး(၅၁)နှစ် (ဘ) ဦးသံချောင်းနှင့် မြင့်မိုး (၅၁)နှစ် (ဘ)ဦးပေါရှိန်၊ အမရ ပူရမြို့နယ်၊ ဘနောကျေးရွာနေ ဖြူစွာမင်း (ခ) ကတုံး (၃၀)နှစ် (ဘ)ဦးချွတ်၊ ဟုမ္မလင်းမြို့နေ ဇော်မျိုးထက်(ခ) ကိုမျိုး (၃၃)နှစ် (ဘ) ဦးသံချောင်းတို့ကို ဖမ်းဆီးရမိတာလို့ သိရပါတယ်။
ဒါအပြင် ဓားပြတိုက် လုယက်မှုကျုးလွန်းတဲ့အခါ အသုံးပြုတဲ့ ပစ္စတို သေနတ် လေးလက် ၊ကားသုံးစီး ၊ ဆိုင်ကယ် တစီး ၊ပြောက်ကျား၀တ်စုံ လေးစုံနဲ့အတူ ဖမ်းဆီးရမိတာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဖမ်းဆီးရမိထားသူတွေရဲ့ ထွက်ဆိုချက်အရ နေထက်လင်း၊ ညီညီလွင်၊ ဖြူစွာမင်းတို့ ၃ ဦးဟာ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့က တံတားဦးမြို့နယ်၊ ခင်လူးလေးကျေးရွာနေ ကိုဟန်(ခ)ကိုသီဟန် မောင်းနှင်လာသည့် YGN 2R-XXXX FORD DOUBLE CUB ကားတစီးကိုအကြမ်းဖက် လုယက်မှုကျူးလွန်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် နေထက်လင်း၊ ညီညီလွင်၊ ဖြူစွာမင်းတို့ ၃ ဦးဟာ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့က အမရ ပူရမြို့နယ်ရှိ “မောင်ဒိန်း” ရွှေဆိုင်အား လုယက်မှုကျူးလွန်ရာတွင်လည်းကောင်း၊ နေထက်လင်း၊ ရဲနိုင်ဝင်း၊ ဟိန်းမင်းသူ၊ နေမင်းအောင် ပါ၀င်တဲ့ လူလေးယောက် အဖွဲ့ဟာ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့က ချမ်းမြသာစည် မြို့နယ်ရှိ “Sky Star Mobile” ဖုန်းဆိုင်မှ ဖုန်း ၈၄ လုံးနှင့် ငွေ ၇ သိန်းကျော်ကို လုယက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် နေထက်လင်း၊ ညီညီလွင်၊ ရဲနိုင်ဝင်း၊ ဟိန်းမင်းသူ၊ နေမင်းအောင်တို့ ၅ ဦးဟာ၂၀၂၄ ခုနှစ် ဇန်နဝါရီလ วว ရက်နေ့ကကျောက်ဆည်မြို့၊ မြို့မဈေးအတွင်းရှိ“ဦးသန်းထွန်း+ဒေါ်ခင်ရီ” ရွှေဆိုင်နဲ့“ဦးသန်းနိုင်+ဒေါ်သူဇာဝင်း”ရွှေဆိုင်ကို ဓားပြတိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီနောက် နေထက်လင်း၊ မျိုးဇော်၊ နေမင်းအောင်၊ မင်းသက်နိုင်၊ ဇာနည်ထွန်း၊ သန်းသန်းမိုး၊ မြင့်မိုးတို့ ၇ ဦး အဖွဲ့ဟာ ၂၀၂၄ ခုနှစ် မေလ ၃၁ ရက်နေ့တွင် မဟာအောင်မြေမြို့နယ်၊ ၃၈x၃၉ လမ်းနှင့် ၈၄ x ၈၅ ကြားရှိ မန်းမြို့ဈေးအတွင်းရှိ “ဆယ်သန်း”ရွှေဆိုင်အား ဓားပြတိုက်မှု ကျူးလွန်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီနောက် နေထက်လင်းနဲ့ညီညီလွင်တို့ ၂ ဦးဟာ ၂၀၂၅ ခုနှစ် မတ်လ ၁၇ ရက်နေ့က ချမ်းမြသာစည် မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၅၄x၅၅ ကြား၊ (၁၁)F လမ်းနေ ဒေါ်ဆွေဇင်ထွန်းရဲ့ နေအိမ်အတွင်း ဝင်ရောက်လို့ ငွေစက္ကူရောရာ ကျပ် ၁၁၉ သိန်းကျော်အား လုယက်မှုကျူး လွန်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင်နေထက်လင်း၊ ညီညီလွင်၊ မင်းသက်ကို၊ ကျော်သီဟ၊ မေမီမီကို၊ ဉာဏ်ထက်လင်း တို့ ၆ ဦးသည် ၂၀၂၅ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် အမရပူရမြို့နယ်၊ ဆင်ရွာမြင်းမူကျေးရွာရှိ “မြသဇင်”အထည်ဆိုင်ကို ဓားပြတိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီနောက် နေထက်လင်း၊ ညီညီလွင်၊ မင်းသက်ကို၊ ကျော်သီဟ၊ မေမီမီကို၊ ကိုကိုလွင်နဲ့ ဉာဏ်ထက်လင်းတို့အဖွဲ့ဟာ ၂၀၂၅ ခုနှစ် ဧပြီလ ၂၈ ရက်နေ့က ချမ်းမြ သာစည် မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ ၅၅ လမ်း၊ ကြားရှိ “ရွှေဇာမဏီ” ရွှေဆိုင်ကို ဓားပြတိုက်ခဲ့တယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW