ဂျာမနီနဲ့ ယူကရိန်းတို့ တာဝေးပစ်ဒုံးကျည်တွေ ပူးတွဲထုတ်လုပ်ဖို့ သဘောတူ

ဘာလင်၊ မေ-၂၉-၂၀၂၅ ရတီ(VOM) ဂျာမနီနဲ့ ယူကရိန်းတို့ဟာ တာဝေးပစ်ဒုံးကျည်တွေ ပူးတွဲထုတ်လုပ်ဖို့ သဘောတူလိုက်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဂျာမနီဝန်ကြီးချုပ် မာ့ဇ်နဲ့ ယူကရိန်းသမ္မတ ဇီလန်စကီးတို့ ဘာလင်မှာ တွေ့ဆုံဆွေးနွေးပြီးနောက် သဘောတူခဲ့ကြတာပါ။ အနောက်အုပ်စုက အဆိုပြုထားတဲ့ အပစ်အခတ်ရပ်စဲရေးကို ငြင်းပယ်ပြီး ယူကရိန်းကို အရှိန်မြှင့်တိုက်ခိုက်နေတဲ့ ရုရှားကို တုံ့ပြန်ဖို့နည်းလမ်းတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ ရုရှားဟာ စစ်ပွဲအဆုံးသတ်ရေး အချိန်ဆွဲနေပြီး ငြိမ်းချမ်းရေးစကား ဘာမှထွက်မလာဘူးလို့ ဂျာမနီဝန်ကြီးချုပ်က ပြောပါတယ်။ ယူကရိန်းရဲ့ ကာကွယ်ရေးစွမ်းရည်အတွက် တာဝေးပစ်ဒုံးကျည်တွေ ပူးတွဲထုတ်လုပ်ဖို့ သဘောတူခဲ့တာဖြစ်ပြီး ရုရှားအပေါ် ရနိုင်သမျှ ဖိအားမျိုးစုံပေးရမယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။ ရုရှားနိုင်ငံထဲထိ ပစ်ခတ်တိုက်ခို်ကမှုတွေမှာ ဂျာမနီထောက်ပံ့ပေးထားတဲ့ တာဝေးပစ်လက်နက်တွေကို ယူကရိန်းအတွက် အသုံးပြုခွင့်ပေးထားပါတယ်။ ဒီအစည်းအဝေးမှာ ဂျာမနီအနေနဲ့ ကီလီမီတာ ၅၀၀ ထိ ပစ်ခတ်နိုင်တဲ့ Taurus ဒုံးကျည်စနစ်တွေ ယူကရိန်းကို ထောက်ပံ့မှုနဲ့ပတ်သက်ပြီးတော့…

Read More

လေဖိအားနည်းရပ်ဝန်း မုန်တိုင်းငယ်အဆင့် ရောက်ရှိနိုင်

မေ ၂၈ – ၂၀၂၅ SS (VOM) ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းလွန်) မှာ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေပြီး မုန်တိုင်းငယ်အဆင့် ရောက်ရှိလာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။ မိုး/ဇလဌာနရဲ့ ဒီကနေ့ မေ ၂၈ ရက်၊ ညနေ ၃ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ လေဖိအားနည်းရပ်ဝန်းဟာ လက်ရှိမှာ အားကောင်းတဲ့အဆင့်ကို ရောက်ရှိနေပြီး မြောက်ဘက်ကို ဖြည်းညှင်းစွာ ရွေ့လျားနိုင်ကာ ပိုမို အားကောင်းလာနိုင်ပြီး နောက် ၂၄ နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ် ရောက်ရှိလာနိုင်တယ်လို့ သိရပါတယ်။ “လေဖိအားနည်းရပ်ဝန်းက အခုဆို အားကောင်းတဲ့ အဆင့်ကိုရောက်ပြီ။ မနက်ဖြန် (မေ ၂၉ ရက်) ဆိုရင်တော့ မုန်တိုင်းငယ်ဖြစ်နိုင်တယ်။ မုန်တိုင်းငယ်ကနေ ဆိုင်ကလုန်းမုန်တိုင်း အဆင့်အထိတော့…

Read More
VOM News

FREE
VIEW