နောင်ချိုရှိ စီမံအုပ်ချုပ်မှုရုံးတွေကို လုံခြုံတဲ့နေရာ ရွှေ့ပြောင်းထားတယ်လို့ TNLA ထုတ်ပြန်လာ

ဇူလိုင် ၁၆၊ ၂၀၂၅
Shy V (VOM)
နောင်ချိုမြို့ပေါ်က အရပ်ဘက်ဆိုင်ရာ စီမံအုပ်ချုပ်မှုရုံးတွေကို လုံခြုံတဲ့နေရာ ရွှေ့ပြောင်းထားတယ်လို့ TNLA ဒီနေ့ ဇူလိုင်လ ၁၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေတာကြောင့် နောင်ချိုရဲ့ မြို့ စီမံအုပ်ချုပ်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်ဖို့ ခက်ခဲလာလို့ ဇူလိုင်လ ၁၅ ရက်နေ့က မြို့ပေါ်ရှိ အရပ်ဖက်ဆိုင်ရာ စီမံအုပ်ချုပ်မှု ရုံးလုပ်ငန်းတွေကို အခြားလုံခြုံတဲ့ နေရာကို ပြောင်းရွေ့ထားကာ ဖော်ပြထားပါတယ်။
ပြီးခဲ့နဲ့ မေလကစ နစက တပ်ဖွဲ့ဘက်က နောင်ချိုမြို့တွင်းနဲ့ နောင်ချိုမြို့အနီးရှိရွာတွေကို ဦးတည်ပြီး အင်အားအလုံးအရင်းနဲ့ ပြင်းထန်တဲ့ ထိုးစစ်ဆင်မှုလာတယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ မေလ ကနေ ယမန်နေ့ ဇူလိုင်လ ၁၅ ရက်နေ့အထိ တိုက်ပွဲ နစက တပ်ဖွဲ့နဲ့ TNLA ပူးပေါင်းတပ်ဖွဲ့ တို့အကြား တိုက်ပွဲ ၃၁၉ ကြိမ်အထိတိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောင်ချိုမြို့မှာ တိုက်ပွဲများဆက်လက်ပြင်းထန်နေမှာ ဖြစ်လို့ ပြည်သူထုလူ အနေနဲ့ လုံခြုံရေးသတိထားဖို့ နှိုးတော်ထားပါတယ်။
“နောက်ချိုက အခြေအနေ မကောင်းဘူး။ သုံးပုံ နှစ်ပုံလောက် စစ်တပ်က ရသွားပြီ။ မြို့ပြင်ဘက် တော်လှန်ရေး တပ်ဖွဲ့တွေ ရှိပါသေးတယ်။” လို့ PDF နဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။
နစက တပ်ဖွဲ့ ရှင်းလင်းရေး လုပ်နေတဲ့ နောင်ချိုမြို့ပေါ်မှာတော့ တော်လှန်ရေးနဲ့ ပတ်သက်တဲ့ လူတွေရဲ့နေအိမ်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ နေအိမ်တွေကို ဖျက်ဆီးပစ်တာမျိုးရှိနေတယ်လို့ ကြားသိရတယ်လို့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။
“နောင်ချိုမြို့ကို စစ်တပ်ဘက်က အကုန်တော့ မရ သေးဘူး ခင်ဗျ။ တိုက်နေတုန်းပါ။ ဒါပေမယ့် TNLA နဲနဲ၊ DPLA တချို့နဲ့ ကာဗာ ဆုတ်လောက်ပါ။” လို့ ရှမ်းပြည်နယ် မြောက်ပိုင်းရဲ့ စစ်ရေး အခြေအနေကို လေ့လာ စောင့်ကြည့်နေသူက ပြောပါတယ်။
နစက တပ်ဖွဲ့နဲ့ TNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား အင်အား မမျှတာကြောင့် ဒီနေ့ မဟုတ်ရင် မနက်ဖြန် နစကဘက်က မြို့အကုန် ယူမယ့် အနေအထား တွေ့ရတယ်လို့ သူက သုံးသပ်ပါတယ်။
“ဒီမနက် ၉ နာရီခွဲ လောက်ကနေတော့ အုမ္မတီးကနေ နောင်ချိုတက်လာတဲ့လမ်း ရွှေညောင်ပင်ရွာဘက် ပစ်ခတ်သံ ပြန်ကြားရတယ်။ ဒရုန်း နဲ့ ပစ်သံတွေကြားရတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။
နစက တပ်ဖွဲ့ ဘက်က ခါတိုင်းလို လက်နက်ကြီး ပစ်သံတော့ မကြားတော့ဘူးလို့ သူက ပြောပါတယ်။
ဘူတာဘက် အပါအဝင် အတက်လမ်း လမ်းမ ဘယ်ဘက်ခြမ်းကတော့ သိမ်းရပြီလို့ မကြားရသေးပေမယ့် အနှေးနဲ့ အမြန်တော့ ပြန်ရမယ့် အခြေအနေပါ လို့ဆိုပါတယ်။
တပ်အင်အားစု ဆိုရှယ်မီဒီယာမှာတော့ ဇူလိုင်လ ၁၃ ရက်နေ့က နောင်ချိုမြို့ တောင်ရပ်ကွက်၊ ပါဟတ်ရပ်ကွက် တွေကို ရခဲ့ပြီး ဇူလိုင်လ ၁၅ ရက်နေ့ ညနေပိုင်းမှာ နောင်ချိုမြို့အတွင်းရှိ အခြေခံပညာ အထက်တန်း ကျောင်း၊ မြို့မရဲစခန်း၊ မြို့မစျေး၊ စီးပွားရေးဘဏ်၊ စည်ပင်သာယာရေးရုံး အပါအဝင် ဌာနဆိုင်ရာနေရာတွေကို ပြန်ရခဲ့ကာ ဇူလိုင်လ ၁၆ ရက်နေ့မှာတော့ နောင်ချိုမြို့ကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောင်ချိုမြို့ ပြန်လည်ထိန်းချုပ်နိုင်ဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ကစ ထိုးစစ်ဆင်လာခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။
နောင်ချိုမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ဇူလိုင်လ ၁၀ ရက်နေ့က TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက် သိမ်းပိုက် ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။
Photo Crd# PSLF TNLA သတင်းနှင့်ပြန်ကြားရေးဌာန

Related posts

Leave a Comment

VOM News

FREE
VIEW