ပေကျင်း၊ ဇူလိုင်-၂၉-၂၀၂၅ မျိုးဆက်(ရတီ) တရုတ်နိုင်ငံ မြောက်ပိုင်းမှာ ရက်အတန်ကြာ မိုးသည်ထးန်စွာ ရွာသွန်းမှုတွေကြောင့် လူ ၃၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီကနေ့မှာလည်း မိုးရွာသွန်းမှုတွေ ဆက်လက်ရှိနေယ်လို့ အာဏာပိုင်တွေက ခန့်မှန်းထားပြီး မြို့တော်အာဏာပိုင်တွေက လူရှစ်သောင်းကို ဘေးလွတ်ရာရွှေ့ပြောင်းပေးထားပါတယ်။ ရှာဖွေကယ်ဆယ်ရေးတွေ အရှိန်မြှင့်လုပ်ဆောင်ဖို့နဲ့ နောက်ထပ်သေဆုံးမှုတွေကို ကာကွယ်ဖို့ တရုတ်သမ္မတ ရှီကျင်းပင်က ညွှန်ကြားထားပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ မိုးသည်းထန်ရွာသွန်းခဲ့ပြီး မနေ့ကတော့ ပေကျင်းအနီးဝန်းကျင်ဒေသတွေနဲ့ မြောက်ပိုင်းက ဒေသတွေမှာ မိုးရေချိန် ၅၄၃ ဒဿမ ၄ မီလီမီတာ ရွာသွန်းခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ မိုးကြောင့် လမ်းနဲ့ ဆက်သွယ်ရေး အခြေခံအဆောက်အအုံတွေ ပျက်စိးခဲ့ပြီး မနေ့ကညသန်းခေါင်အထိ ကျေးရွာပေါင်း ၁၃၆ ရွာ လျှပ်စစ်ဓါတ်အား ပြတ်တောက်နေပါတယ်။ မြို့တော်ပေကျင်းမှာ တနင်္လာနေ့က အမြင့်ဆုံးအဆင့် မိုးရွာသွန်းမှုနဲ့ ရေကြီးမှု…
Read MoreDay: July 29, 2025
ထန်းတပင်နဲ့အုတ်တွင်းရေကြီးမှုမှာ လူလေးယောက်ရေစီးနဲ့မျောပါသေဆုံး
ဇူလိုင် ၂၉ ၊ ၂၀၂၅ GG (VOM) ပဲခူးတိုင်း ၊ အုတ်တွင်းမြို့နယ် နဲ့ ထန်းတပင်မြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုမှာ လူလေးယောက် ရေစီးနဲ့မျောပါပြီး သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ရေစီးနဲ့မျောပါသေဆုံးသူတွေက ထန်းတပင်မြို့နယ်မှ တယောက် ဖြစ်ပြီး အုတ်တွင်းမြို့နယ်ရှိ မြင်းစုရွာ ၊ ရှမ်းဝါးတီးရွာ နဲ့ ပေါင်းလောင်းတိန်ရွာတို့မှ သုံးယောက်ဖြစ်ကြောင်း သေဆုံးတဲ့အထဲမှာ အသက် ၁၇ နှစ်အရွယ်ကောင်လေးလည်းပါတယ်လို့သိရပါတယ်။ ” ရေစီးကတအားသန်တော့ ပါသွားတာ။ရှမ်းဝါးတီးကကောင်လေးဆိုနွားနဲ့ အတူရေဘေးရှောင်သွားတာကို နွားကလန့်ပြီးတော့ မျှောပါသွားတာ။ရေကခုထိလည်းတက်တုန်းပဲ ။” လို့ ဒေသခံကပြောပါတယ်။ လက်ရှိအချိန်ထိ စစ်တောင်းမြစ်ရေမြင့်တက်နေလို့ ထန်းတပင်မြို့နယ်နဲ့ အုတ်တွင်းမြို့နယ်မှာ ရေကြီးနစ်မြုပ်မှုဖြစ်ပွားနေဆဲဖြစ်ပြီး အချို့အနိမ့်ပိုင်းကျေးရွာတွေမှာဆိုရင် အိမ်တွေနစ်မြုပ်နေပြီဖြစ်ကာ ရေဘေးသင့်သူတွေအတွက် သောက်ရေသန့်နဲ့ ထမင်းဗူးတွေ လိုအပ်နေတယ်လို့သိရပါတယ်။ ရေကြီးနစ်မြုပ်မှုကြုံတွေ့နေရတဲ့ရွာတွေကတော့ ထန်းတပင်မှာဆိုရင် သောက်ရေခပ်ချောင်းနဲ့ စစ်တောင်းမြစ် ဆုံရာအနီးက ဒိုးသောင်ကျေးရွာ တောင်ဘက်ကမ်း/မြောက်ဘက်ကမ်း ၊…
Read Moreမိုးကုတ်မှာ ဒီနေ့မနက် လေကြာင်းတိုက်ခိုက်ခံရပြီး နှစ်ယောက်သေ ၊ ကိုးယောက်ဒဏ်ရာရ
ဇူလိုင် ၂၉ ၊ ၂၀၂၅ GG (VOM) မိုးကုတ်မြို့ အရှေ့ပိုင်းကို ဒီနေ့ ဇူလိုင် ၂၉ ရက်နေ့မနက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခံရပြီး လူနှစ်ယောက်သေဆုံးကာ ကိုးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကနဦးသိရပါတယ်။ “၉ နာရီခွဲကျော်မှာတကြိမ်၊အဲဒီနောက်မကြာဘူးဒုတိယတကြိမ်ကြဲတယ်။နောက်တခါ၁၀ နာရီခွဲကျော်လောက်မှာတတိယအကြိမ်ကြဲတယ်။လတ်တလောနှစ်ယောက်သေတယ်သိရတယ်။ထိတဲ့သူတွေကလည်းခုမှဆွဲထုတ်နေကြတုန်းပဲ။ကိုးယောက်တော့သိရတယ်။အဲထဲမှာလေးယောက်ကဒဏ်ရာပြင်းတယ်။မင်းတံတားဆိုတာအရှေ့ပိုင်းနဲ့အနောက်ပိုင်းကူးတဲ့နေရာပေါ့။အဲအချိန်က ကားအသွားအလာရှိတော့ကားနှစ်စီးထိတယ်။ရတနာထွန်းဆီဆိုင်နားမှာလည်းကားထိတယ်။”လို့ မျက်မြင်ဒေသခံကပြောပြပါတယ်။ လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့တာဖြစ်ပြီး မင်းတံတားရပ်ကွက် နဲ့ အရှေ့ရွာရပ်ကွက် ၊ရွှေဘုံသာရပ် စခန်းသာစျေးဝန်း တွေထဲကို ဗုံးကျရောက်ပေါက်ကွဲပြီး သေဆုံးသူ နဲ့ ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ “မိုးတွေရွာနေတာကို ဗုံးလာကြဲတာ ။လေယာဥ်သံတောင်ကောင်းကောင်းမကြားလိုက်ဘူး။အရှေ့ရွာဘက် အိမ်ပေါ်တည့်တည့်ကြတယ်။သေတာ ကျားနှစ်ယောက်ပါ။အခုကလမ်းတွေလည်းပိတ်ထားတော့ လေကြောင်းလာကြဲလည်းပြေးစရာမရှိဘူး။” လို့ မိုးကုတ်ဒေသခံကပြောပါတယ်။ လက်ရှိမှာ ထိခိုက်ဒဏ်ရာရရှိသူတွေကို ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေကြပြီး ထိခိုက်ဒဏ်ရာရရသူတွေထဲမှာ လေးယောက်ကဒဏ်ရာပြင်းထန်မှုရှိတယ်လို့သိရပါတယ်။ လက်ရှိမှာ မိုးကုတ်မြို့နဲ့ ဆက်သွယ်ထားတဲ့ မိုးကုတ် – ကျောက်မဲ ၊မိုးကုတ် – မိုးမိတ်၊မိုးကုတ် – စဥ့်ကူး ၊မိုးကုတ် – သပိတ်ကျင်း…
Read Moreနောင်ချိုက နေအိမ်တချို့ ချိပ်ပိတ် ခံရ
ဇူလိုင် ၂၉၊ ၂၀၂၅ Shy V (VOM) နစက တပ်ဖွဲ့ ပ့န်လည် သိမ်းယူထားတဲ့ နောင်ချိုမြို့က နေအိမ် တချို့ ချိပ်ပိတ် ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “နေအိမ်တွေ ချိပ်ပိတ်လိုက်တာ ဟုတ်တယ်။ TNLA တွေနဲ့ ဆက်စပ်တဲ့ သူတွေ၊ PDF လုပ်တဲ့ အိမ်တွေ လို့ သိရတယ်။ သိရသလောက် နောင်ချိုမြို့ပေါ်မှာ နေအိမ် ချိပ်ပိတ်ခံရတာ ၁၀ အိမ် ထက် မနည်း ရှိပြီလို့ သိရပြီး လတ်တလော နေ့တိုင်း လိုက်လံ ချိပ်ပိတ် တာမျိုးလည်း ရှိနိုင်တယ်လို့ဒေသခံတွေက ပြောပါတယ် နောင်ချိုမြို့ ပေါ်က နေအိမ်တွေတင် မဟုတ်ပဲ ဘန်ဘွေးရွာက နေအိမ် တချို့လည်း ချိပ်ပိတ်ခံရတာတွေ ရှိတယ်လို့ သူက ပြောပါတယ်။ လက်ရှိမှာတော့ ပြည်ထောင်စု လမ်းမပေါ်ရှိ…
Read Moreရှမ်းပြည်တောင်ပိုင်း ဒေသတချို့မှာ ရေကြီးရေလျှံမှု ဆက်လက်ဖြစ်ပေါ်နေ
ဇူလိုင် ၂၉ – ၂၀၂၅ SN (VOM) ရှမ်းပြည်နယ် (တောင်ပိုင်း) က မြို့နယ်တချို့မှာ အခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ ဆက်လက် ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရပ်စောက်၊ အောင်ပန်း၊ ကလော၊ ရွှေညောင်၊ ညောင်ရွှေ၊ ပင်းတယ၊ ပင်လောင်း၊ ရွာငံ၊ တောင်ကြီး စတဲ့ နေရာတွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတာဖြစ်ပြီး တံတားနဲ့ နေအိမ်တွေ ပျက်စီးတာအပြင် လမ်းပေါ် ရေကျော်နေတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ ရပ်စောက်မြို့နယ်အတွင်းမှာ မနေ့ ဇူလိုင် ၂၈ ရက်နေ့၊ နေ့လယ် ၂ နာရီခွဲဝန်းကျင်က မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေ စီးဆင်းမှုကြောင့် ဇော်ဂျီချောင်း ရေကြီးမှုဖြစ်ပွားကာ ရပ်စောက်မြို့၊ ဇော်ဂျီရပ်ကွက်နဲ့ ဥတ္တားရပ်ကွက်တို့မှာ ရေကြီးရေလျှံမှု ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ဒါကြောင့် ရပ်စောက်မြို့၊…
Read Moreအမေရိကန်နဲ့ ထိပ်သီးဆွေးနွေးပွဲ ဖြစ်လာနိုင်ကြောင်း မြောက်ကိုရီးယားပြော
ပြုံးယမ်း၊ ဇူလိုင်-၂၉-၂၀၂၅ မျိုးဆက် (VOM) အမေရိကန်နဲ့ ထိပ်သီးဆွေးနွေးပွဲအသစ်ဖြစ်နိုင်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ ညီမဖြစ်သူ ကင်ယိုဂျုံအန်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒါပေမယ့်လည်း မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားလက်နက်စီမံကိန်းကို စွန့်လွှတ်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။ မိမိတို့ နိုင်ံခေါင်းဆောင်နဲ့ အမေရိကန် လက်ရှိသမ္မတတို့ရဲ့ ပုဂ္ဂိုလ်ရေးဆက်ဆံရေးက ကောင်းမွန်တယ်တဲံ့အချက်ကို မငြင်းဘူးလို့ ပြောပါတယ်။ ဒါပေမယ့် နှစ်ယောက်ရဲ့ပုဂ္ဂိုလ်ရေးဆက်ဆံရေးကို နျူကလီးယားဖျက်သိမ်းရေးရည်ရွယ်ချက်အတွက် အသုံးချမယ်ဆိုရင် တခြားတစ်ဖက်က မလေးမစားလုပ်တာတဲ့ပုံစံအဖြစ် အဓိပ္ပါယ်ကောက်လို့ရတယ်လို့ ကင်ယိုဂျုံက ပြောပါတယ်။ မြောက်ကိုရီးယားဟာ ကလီးယားလက်နက်ပိုင်ဆိုင်တဲ့နိုင်ငံအဖြစ်ကနေ နောက်ကြောင်းပြန်လှည့်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့နိုင်ငံနှစ်ခုအနေနဲ့ ထိပ်တိုက် ရင်ဆိုင်ရေးလမ်းကြောင်းကို လျှောက်လှမ်းတာက တစ်ဖက်နဲ့တစ်ဖက် အကျိုးမဖြစ်ထွန်းဘူ လို့ ပြောပါတယ်။ ဒါပေမယ့် သူမရဲ့ပြောကြားချက်တွေက မြောက်ကိုရီးယားရဲ့နျူကလီးယားဖျက်သိမ်းရေးကို အခြေခံတဲ့ အနာဂတ်ဆွေးနွေးပွဲတွေကို ငြင်းဆန်တာလို့ အဓိပ္ပါယ်ကောက်နိုင်ကြောင်း အကဲခတ်တွေက သုံးသပ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၂၀၁၈ နဲ့ ၂၀၁၉…
Read Moreကရင်ပြည်နယ်ထဲက မြို့နယ်ငါးခုမှာ ရေကြီးနေ၊ ကယ်ဆယ်ရေးစခန်း ၄၀ နီးပါးဖွင့်လှစ်ထားရပြီး ရေဘေးသင့်သူ သောင်းချီရှိနေ
ဇူလိုင် ၂၉၊ ၂၀၂၅ GG (VOM) ကရင်ပြည်နယ်မှာ မိုးရွာသွန်းပြီး သံလွင် မြစ်ရေနဲ့ သောင်ရင်းမြစ်ရေ မြင့်တက်မှုကြောင့် ဘားအံမြို့နယ် နဲ့ မြဝတီမြို့နယ်မှာ စိုးရိမ်ရေမှတ်ထက် ရေ ၄ ပေမှ ၅ ပေခန်ကျော်လွန်နေတာကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ပွားပြီး ရေဘေးကယ်ဆယ်ရေးစခန်းတွေဖွင့်လှစ်ထားရတယ်လို့သိရပါတယ်။ ဒါအပြင် လှိုင်းဘွဲ့မြို့ ၊ ကမမောင်းမြို့ ၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွေမှာလည်း ရေကြီးရေလျှံ မှုတွေဖြစ်ပွားနေပြီး ရေထပ်တိုးနေလို့ ကယ်ဆယ်ရေးစခန်းတွေဖွင့်လှစ်ထားကာ ဒေသတွင်း သွားလာရေးခက်ခဲနေတယ်လို့သိရပါတယ်။ လက်ရှိ ဘားအံမြို့နယ်မှာဆိုရင် ကျေးရွာ ခုနှစ်ရွာက ဘုန်းတော်ကြီးကျောင်းတွေမှာ ကယ်ဆယ်ရေးစခန်းခုနှစ်ခု နဲ့ ဘားမြို့ပေါ်မှာက ရေဘေးကယ်ဆယ်ရေးစခန်း ၁၆ ခု ဖွင့်လှစ် ထားရှိပြီး ရေဘေးသင့်သူ ၁၀၀၀၀ ကျော်အထိရှိနေ တယ်လို့သိရပါတယ်။ လှိုင်းဘွဲမြို့မှာဆိုရင် မြို့ပေါ်ရပ်ကွက်တွေမှာ ရေဘေးကယ်ဆယ်ရေးစခန်း သုံးခုဖွင့်လှစ်ထားပြီး ကျေးရွာငါးရွာမှာ ကယ်ဆယ်ရေးစခန်းငါးနေရာဖွင့်လှစ်ထားပြီး ရေဘေးသင့်သူ ၅၀၀၀ နီးပါးရှိတယ်လို့သိရပါတယ်။…
Read MoreSTUM အဖွဲ့ ဦးဆောင်သူ ဖမ်းဆီးခံရပြီးနောက် အဖွဲ့ဝင် ခုနှစ်ယောက် ထပ်မံ ဖမ်းဆီးခံရ
ဇူလိုင် ၂၉၊ ၂၀၂၅ GG(VOM) အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်မြန်မာ STUM အဖွဲ့ ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ဇူလိုင် ၂၈ ရက်နေ့ညပိုင်းမှာ သမီးဖြစ်သူ မခြူးသွယ် နဲ့အတူ နောက်ထပ် STUM အဖွဲ့ဝင်ခြောက်ယောက်လည်း ထပ်မံဖမ်းဆီးခံခဲ့ရတယ်လို့ သိပါတယ် ။ ဇူလိုင် ၂၈ ရက်နေ့ညပိုင်းမှာ ရွှေပြည်သာမြို့နယ်ရှိ STUM ရုံးမှာ ဝင်ရောက်ဖမ်းဆီးသွားတာဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းခံရတဲ့အထဲ မခြူးသွယ်အပါ အမျိုးသမီး လေးယောက်နဲ့ အမျိုးသား သုံးယောက်တို့ဖြစ် တယ်လို့ ကနဦးသိရပါတယ်။ ” နေ့ခင်းအထိ ကျွန်တော်တို့နဲ့အဆက်အသွယ်ရသေးတယ်။ ဒီနေ့မနက်ရောက်မှ မခြူးလည်းထပ်အဖမ်းခံရတယ်သိရတာ။ သူ့အမေ အဖမ်းခံရတော့ လိုက်စုံစမ်းနေတာကို အခု သူပါထပ်အဖမ်းခံရတယ်။ သူ့အမေ အန်တီမျိုးကလည်း ဘာလို့အဖမ်းခံရတယ်မသိရသေးဘူး အခုသမီးပါထပ်ဖမ်းခံရတယ်။” လို့ အလုပ်သမား အရေးဆောင်ရွက်သူတယောက်ကပြောပါတယ်။ လက်ရှိမှာ မခြူးသွယ်နဲ့ STUM အဖွဲ့ဝင်…
Read Moreကွတ်ခိုင် ဘက်က MNDAA တပ်ဖွဲ့တွေ ပစ္စည်းရွှေ့ပြောင်းနေသလို သိန္နီဘက်ကလည်း ပစ္စည်းသိမ်းခိုင်းဝောာ့မယ်လို့ သတင်းထွက်
ဇူလိုင် ၂၉၊ ၂၀၂၅ Shy V (VOM) “သိန္နီဘက်က MNDAA နဲ့ သူတို့ ဝန်ထမ်းတွေကို ပစ္စည်း သိမ်းခိုင်းတော့မယ်လို့ ကြားနေတယ်။” လို့ ဒေသခံ လူငယ် တယောက်က ပြောပါတယ်။ မြို့ပေါ်မှာ ဘာမှ လှုပ်ရှားတာမျိုးတော့ မတွေ့ရသေးပေမယ့် ဟိုပိတ်ဘက်က သိန်းရာချီတဲ့ ဆောက်လုပ်ရေး စီမံကိန်းကတော့ ရပ်ခိုင်းလိုက်ေကြာင်း ကြားရတယ်လို့ဆိုပါတယ်။ “ကွတ်ခိုင် ဘက်မှာ ရှိတဲ့ MNDAA တပ်ဖွဲ့တွေက ကွတ်ခိုင် ကနေ တာမိုးညဲဘက် ပစ္စည်းတွေ နည်းနည်းချင်း သယ်ရွှေ့နေပြီလို့ ကြားနေတယ်” လို့ နောက်ထပ် ဒေသခံ တယောက်ကပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့ကစ ပစ္စည်းတွေ သယ်ရွှေ့တာ တွေ့ရတယ်လို့ ဆိုပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ စစ်ရေး အခြေအနေကို လေ့လာ စောင့်ကြည့် နေတဲ့ အမျိုးသား…
Read Moreရေနီမြောင်း ချိုဆိမ့် (၂)
ဆူးငှက် ကျွန်တော်တို့သည် လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုနှင့် ယဉ်ပါးလာကြသည်မှာ နှစ်ကာလအတန်ကြာပေပြီ။ ဆက်လက်၍လည်း ယဉ်ပါး နေကြဦးမည်သာဖြစ်၏။ နေ့စဉ်ရက်ဆက် လက်ဖက်ရည်ဆိုင်များနှင့် ရင်းနှီးကျွမ်းဝင်နေရသောကြောင့် “နီးလွန်းသဖြင့် မမြင်” ဟု ပြောရမလို ဖြစ်သည့်ကိစ္စမှာ လက်ဖက်ရည်ဆိုင်အခင်းအကျင်းများပင် ဖြစ်ပါ၏။ ကနဦးထိုင်ခဲ့ဖူးသော လက်ဖက်ရည်ဆိုင်များမှာ လက်ဖက်ရည်ကောင်းခြင်း မကောင်းခြင်းအပထား မိမိအိမ်နှင့်နီးသော ရပ်ကွက်တွင်းရှိ လက်ဖက်ရည်ဆိုင်များဖြစ်ပါ၏။ ရပ်ကွက်တွင်း ဆိုင်များဖြစ်သောကြောင့် ရသေ့ကျောင်း တန်းလျားခုံကြီးများ၊ စားပွဲကြီးများနှင့်ပဲ ဖြစ်ပါလိမ့်မည်။ ထို့နောက် အနည်းငယ် အသက်လေး ရလာတော့ လက်ဖက်ရည်ကောင်းကို ရွေးချယ် တတ်လာသောကြောင့် နာမည်ကြီး လက်ဖက်ရည်ဆိုင်ကြီးများဆို ရောက်ရပါသည်။ ထိုဆိုင်များကား လူစည်လှသောဆိုင်များမို့ ရပ်ကွက်ထဲကဆိုင်လို ရသေ့ကျောင်းခုံရှည်ကြီးများဖြင့် နေရာမပေးနိုင်တာ သေချာပါသည်။ တစ်ယောက်ထိုင် ကျောမှီပါ ကုလားထိုင်များနှင့်ပေါ့။ တချို့ မြို့လယ်ဆိုင်များကတော့ မှတ်မိပါသေးသည်။ ကျောမှီ ကုလားထိုင်များနှင့်အတူ ကျောက်စားပွဲကြီးများနှင့် ဖြစ်တတ်ပါ သည်။ ဤသို့သော…
Read More