ပေကျင်း၊ ဇူလိုင်-၂၉-၂၀၂၅
မျိုးဆက်(ရတီ)
တရုတ်နိုင်ငံ မြောက်ပိုင်းမှာ ရက်အတန်ကြာ မိုးသည်ထးန်စွာ ရွာသွန်းမှုတွေကြောင့် လူ ၃၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီကနေ့မှာလည်း မိုးရွာသွန်းမှုတွေ ဆက်လက်ရှိနေယ်လို့ အာဏာပိုင်တွေက ခန့်မှန်းထားပြီး မြို့တော်အာဏာပိုင်တွေက လူရှစ်သောင်းကို ဘေးလွတ်ရာရွှေ့ပြောင်းပေးထားပါတယ်။
ရှာဖွေကယ်ဆယ်ရေးတွေ အရှိန်မြှင့်လုပ်ဆောင်ဖို့နဲ့ နောက်ထပ်သေဆုံးမှုတွေကို ကာကွယ်ဖို့ တရုတ်သမ္မတ ရှီကျင်းပင်က ညွှန်ကြားထားပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ မိုးသည်းထန်ရွာသွန်းခဲ့ပြီး မနေ့ကတော့ ပေကျင်းအနီးဝန်းကျင်ဒေသတွေနဲ့ မြောက်ပိုင်းက ဒေသတွေမှာ မိုးရေချိန် ၅၄၃ ဒဿမ ၄ မီလီမီတာ ရွာသွန်းခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ မိုးကြောင့် လမ်းနဲ့ ဆက်သွယ်ရေး အခြေခံအဆောက်အအုံတွေ ပျက်စိးခဲ့ပြီး မနေ့ကညသန်းခေါင်အထိ ကျေးရွာပေါင်း ၁၃၆ ရွာ လျှပ်စစ်ဓါတ်အား ပြတ်တောက်နေပါတယ်။
မြို့တော်ပေကျင်းမှာ တနင်္လာနေ့က အမြင့်ဆုံးအဆင့် မိုးရွာသွန်းမှုနဲ့ ရေကြီးမှု သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပြီး ရေကြီးမှု နေရာတွေကို သွားလာခြင်းမပြုဖို့နဲ့ နေအိမ်တွေမှာ နေထိုင်ကြဖို့ သတိပေးထားပါတယ်။ ဒီကနေ့ မနက်ပိုင်းထိ နိုင်ငံမြောက်ပိုင်း အကြီးဆုံး ရေလှောင်ကန် မီယွန်ကို ရေကုဗီတာ သန်း ၇၃၀ စီးဝင်ခဲ့ပြီး ကုဗမီတာသန်း ၁၂၀ ကို ဖောက်ထုတ်ခဲ့ရပါတယ်။
ရေဘေးကယ်ဆယ်ရေးနဲ့ပတ်သက်ပြိး အရေိကန်ဒေါ်လာသန်း ၂၇ ဒဿမ ၉ သန်း အရေးပေါ် စီစဉ်ထားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီရန်ပုံငွေတွေကို ပျက်စီးသွားတဲ့ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေးနဲ့ အခြားအခြေခံအဆောက်အအုံတွေ ပြန်လည်တည်ဆောက်ရေးမှာ အဓိက အသုံးပြုသွားမယ်လို့ ပြောပါတယ်။
တရုတ်နိုင်ငံမှာ မကြာသေးမီအချိန်တွေအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံနဲ့ မြေပြိုမှုတွေကြောင့် လူသေဆုံးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
Ref:CNA
