အင်ဒိုနီးရှားမှာ အခမဲ့ကျွေးမွေးမှု အစီအစဉ်နဲ့ဆက်နွယ်ပြီး ကျောင်သား ၃၆၀ ကျော် အစာအဆိပ်သင့်ပြန်

ဂျကာတာ၊ ဩဂုတ်-၁၅-၂၀၂၅
ရတီ(VOM)
အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ရဲ့ အစီအစဉ်ဖြစ်တဲ့ စာသင်ကျောင်းတွေမှာ အခမဲ့ ကျွေးမွေးမှုအစီအစဉ်တွေနဲ့ ဆက်နွယ်တဲ့ အစာအဆိပ်သင့်မှုအဖြစ် ဂျားဗားအလယ်ပိုင်း ဆီရဂျန်မြို့ရှိ စာသင်ကျောင်းမှာ ကျောင်းသား ကျောင်းသူ ၃၆၅ ယောက် အစာအဆိပ်သင့်မှုအများဆုံး ဖြစ်ပွားခဲ့ပါတယ်။
လက်ရှိမှာတော့ အဲဒီအစီအစဉ်ကို ယာယီရပ်ဆိုင်းထားပြီး အစားအစာနမူနာတွေကို စစ်ဆေးနေပါတယ် ။ ဒေါ်လာ ၂၈ ဘီလီယံ ဒီအစီအစဉ်ဟာ ကလေးငယ်တွေ အာဟာရချို့တဲ့မူကို ကာကွယ်ဖို့ သမ္မတရဲ့ မဲဆွယ်စည်းရုံးရေး ကတိကဝတ်တခုလည်း ဖြစ်ပါတယ်။ နိုင်ငံတဝန်မှာ အစီအစဉ်စတင်ကတည်းက လူ ၁၀၀၀ ကျော် အစာအဆိပ်သင့်ခဲ့ပါတယ် ။
ဆီရဂျန်မြို့ ကျောင်းက ကိုးတန်းကျောင်းသားတယောက်ကတော့ ညအချိန်မှာ ဗိုက်အောင့်ပြီး နိုးလာခဲ့တယ်လို့ ပြောပါတယ်။ သူဟာ ဝမ်းလျှောနဲ့ ခေါင်းကိုက်ဝေဒနာခံစားရပြီး အစာအဆိပ်သင့်တာလို့ သံသယရှိပါခဲ့တယ်။ အဲဒီနောက်မှာ တခြားကျောင်းသူကျောင်းသားတွေလည်း တူညီတဲ့လက္ခဏာတွေ ခံစားနေရတယ်ဆိုတာ သိရတယ်လို့ ပြောပါတယ်။
အဲဒီနေ့က ကျွေးမွေးတဲ့ အစားအစာတွေကတော့ ထမင်း၊ ကြက်ဥကြော်၊ သခွားသီသုပ် နဲ့ နို့ဗူးတဗူး ပါဝင်ပါတယ်။ ဒီအစားအစာတွေကို အဓိကမီးဖိုချောင်တခုမှာ ပြင်ဆင်ပြီး မြို့အတွင်းက ကျောင်းများစွာကို ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။
“အခုချိန်မှာ တိကျတဲ့အဖြေကို ချက်ချင်းမထုတ်နိုင်သေးဘူး” လို့ မြို့တော်ဝန်က ပြောပါတယ်။ ဒါပေမယ့် ဒါပေမယ့် ဒီတခုတည်းမဟုတ်ဘဲ အခမဲ့ ကျွေးမွေးမှုအစီအစဉ်ကို ပိုမိုတင်းကြပ်ဖို့နဲ့ သန်းရှင်းဖို့ လိုတယ်လို့ ဆိုပါတယ်။
သမ္မတ ပရာဘိုဝိုကတော့ သောကြာနေ့က သူ့ရဲ့ပထမဆုံး နိုင်ငံတော်မိန့်ခွန်းမှာ ဒီအစီအစဉ်ကို ကာကွယ်ပြောဆိုခဲ့ပါတယ်။ ဒါဟာ အခြားလူမှုရေးအစီအစဉ်တွေနဲ့အတူ ဆင်းရဲ မွဲတေမှုနဲ့ ငတ်မွတ်ခေါင်းပါမှု ဝေးတဲ့ အင်ဒိုနီးရှားဖြစ်လာရေး ကူညီပေးနိုင်မယ်လို့ ပြောဆိုထားပါတယ်။
Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW