ကရင်ပြည်နယ်တဝှမ်းမှာ ရွေးကောက်ပွဲလုံခြုံရေးတာဝန်ယူသွားမယ်လို့ BGF ထုတ်ပြန်

စက်တင်ဘာ ၅ – ၂ဝ၂၅
KKO(VOM)
၂ဝ၂၅ ဒီဇင်ဘာမှာပြုလုပ်မယ့်မြန်မာ့ရွေးကောက်ပွဲကိုအပြည့်အဝထောက်ခံပြီးရွေးကောက်ပွဲလုံခြုံရေးနဲ့ တရားမျှတရေးတို့ကို ကရင်ပြည်နယ်တဝှမ်းမှာတာဝန်ယူဆောင် ရွက်သွားမယ်လို့ နယ်ခြားစောင့်တပ်(ကရင် ပြည်နယ်)BGF က ထုတ်ပြန်လိုက်ပါတယ်။
အဲဒီထုတ်ပြန်မှုကို ယခုစက်တင်ဘာလ ၃ ရက်နေ့က BGF တပ်ဘက်က ထုတ်ပြန်ခဲ့တာဖြစ်ပြီးရွေးကောက်ပွဲဟာဒီမိုကရေစီစနစ်ကိုဦးတည်ကာပြည်သူတွေရဲ့လုံခြုံအေးချမ်းတည်ငြိမ်သောဘဝကိုဖန်တီးနိုင်ဖို့အရေးပါတယ်လို့နားလည်ခံယူထားတယ်လို့လည်းရေးသားဖော်ပြထားပါတယ်။
ဒါအပြင်နယ်ခြားစောင့်တပ်(ကရင်ပြည်နယ်) အနေနဲ့ယခုကျင်းပမယ့်ရွေးကောက်ပွဲမှာနိုင် ငံရေးပါတီတွေအပေါ် ခွဲခြားမှုမရှိဘဲတရားမျှတစွာကူညီလျှက်မဲဆန္ဒရှင်တွေရဲ့မဲပေးပိုင်ခွင့်အပေါ် အန္တရာယ်မရှိစေဖို့ အထူးအလေး ထားကူညီဆောင်ရွက်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ကရင်ပြည်နယ်မှာရွေးကောက်ပွဲတည်ငြိမ်လုံခြုံစွာတရားမျှတစွာကျင်းပနိုင်ဖို့နဲ့အားလုံးပါဝင်သောရွေးကောက်ပွဲဖြစ်လာဖို့ကူညီဆောင်ရွက်ပေးသွားမယ်လို့ BGF နယ် ခြားစောင့်တပ်ဘက်က သူတို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဆက်လက်ပြီးမြန်မာ့အရေးနဲ့ စစ်ရေးအခြေ အနေတွေကိုလေ့လာသုံးသပ်သူတယောက်ကတော့ ယိုးဒယား-မြန်မာနယ်စပ်‌ဒေသက လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပတ်သက်လို့ သူရဲ့သုံးသပ်ချက်အမြင်ကိုအခုလိုပြောပြခဲ့ပါတယ်။
“ထိုင်း-မြန်မာနယ်စပ်ကလက်နက်ကိုင်တွေကကျားဖြန့်၊လူကုန်ကူး၊လက်နက်အရောင်းအ၀ယ်စသည်ဖြင့်မဟုတ်တာမှန်သမျှအကုန်လုပ်တဲ့အပြင်ဂိတ်ပေါင်းစုံဖွင့်ပြီးငွေရှာနေခဲ့တာနှစ်ပေါင်းသုံးဆယ်ကျော်ခဲ့ပါပြီ”လို့ သူက VOM ကို ပြောပါတယ်။
ဒါအပြင်ပြောင်းလဲလာတဲ့ကမ္ဘာ့အခြေအနေတွေအရအဲ့ဒီကရင်ပြည်နယ်ဒေသတွေမှာတရားမ၀င်လက်နက်ကိုင်အဖွဲ့အစည်းတွေကိုခွင့်မပြုတော့ဘဲအနှေးနဲ့အမြန်ကိုတရားဥပ ဒေစိုးမိုးမှုကိုတည်ဆောက်ပေးရတော့မယ်လို့ လေ့လာသုံးသပ်သူတွေကပြောပါတယ်။
နလအအနေနဲ့ရွေးကောက်ပွဲအပိုင်း – ၁ ကို ဒီဇင်ဘာ၂၈ ရက်မှာကျင်းပမှာဖြစ်ပြီးနိုင်ငံတဝန်းကမြို့နယ် ၁၀၂ မြို့နယ်မှာကျင်းပဖို့ရှိနေတာဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးမှာဆိုရင်တော့မြို့နယ် ၁၂ မြို့နယ်မှာကျင်းပသွားမှာဖြစ်ပြီးအပိုင်းလိုက်ဆက်လက်ကျင်းပမယ့်နေ့ရက်တွေကိုလည်းထုတ်ပြန်ပေးသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။
သို့သော်လည်းလာမယ့်ရွေးကောက်ပွဲမှာကိုယ်စားလှယ်လောင်း‌တွေရဲ့လုံခြုံရေးစိန်ခေါ်မှုကတော့ကြီးမားနေဆဲဖြစ်တယ်လို့ နိုင်ငံရေးပါတီခေါင်းဆောင်တွေကပြောကြား
ထားပါတယ်။
ကရင်ပြည်နယ်ဟာ လက်နက်ကိုင်ပဋိပက္ခတွေအများဆုံးဖြစ်ပွားနေတဲ့ ဒေသတခုဖြစ်ပြီး လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာကျင်းပမယ့် ရွေးကောက်ပွဲအပိုင်း(၁)အတွက် မြို့နယ် ၃ မြို့နယ်မှာ ကျင်းပသံားမယ်လို့ သိရပြီး အဲဒီမြို့နယ်တွေကတော့ ဘားအံ၊မြဝတီနဲ့သံတောင်ကြီးတို့ဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် ကရင်ပြည်နယ်ဟာ ထိုင်း-မြန်မာနယ်စပ်ဒေသနဲ့ ထိစပ်နေတဲ့အတွက် နယ်စပ်တလျှောက်တည်ငြိမ်အေးချမ်းမှုရှိဖို့လိုပြီး နယ်စပ်‌ဒေသမှာရှိတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေဟာချုပ်ငြိမ်းသင့်ပြီလို့လည်း လေ့လာသုံးသပ်သူတယောက်က အခုလိုပြောပြခဲ့ပါတယ်။
“အင်အားကြီးအုပ်စုကြီးနှစ်စုကြောင့်ယိုးဒယားနိုင်ငံရေးမတည်မငြိမ်ဖြစ်နေတာကိုသာဥပမာဆောင်ယူကြရမယ်။နယ်စပ်ဒေသ တွေရဲ့ကုန်းလမ်းထွက်ပေါက်တွေမှာနေရာယူထားကြတဲ့အစိုးရမဟုတ်တဲ့လက်နက်ကိုင်တွေကိုထိန်းချုပ်ဖို့လည်းဒါကအချိန်တန်ပါပြီ”လို့ သူက ဆက်ပြီး ပြောပြခဲ့ပါတယ်။
ပုံစာ – ရွေးကောက်ပွဲကိုထောက်ခံကြောင်း BGF တပ်၏ ထုတ်ပြန်မှု။

Related posts

Leave a Comment

VOM News

FREE
VIEW