သိန္နီမှာ လူသတ်မှုကျူးလွန်သူ နှစ်ဦးကို MNDAA သေဒဏ်ချ (ရုပ်သံ)

စက်တင်ဘာ ၂၆၊ ၂၀၂၅။ NN(VOM) ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ သိန္နီမြို့မှာ လူသတ်မှုကျူးလွန်သူ အမျိုးသား နှစ်ဦးကို သေဒဏ်ချမှတ်ပြီး၊ အမျိုးသား ငါးဦးကို နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်လိုက်တယ်လို့ သိန္နီမြို့ခံတွေက ပြောပါတယ်။ သိန္နီမြို့ ပန်လော့ဈေး အများပြည်သူ့ရှေ့မှာ ဒီမနက်ပိုင်း ပြစ်ဒဏ်တွေ ချမှတ်ခဲ့တာလို့ သိန္နီမြို့ခံ တယောက်က ပြောပါတယ်။ “တရုတ်စာသင်တဲ့ ဆရာမလေးကို သတ်တဲ့ အမျိုးသား တစ်ယောက်နဲ့ မိုင်းလီရွာက မြေးအဖိုး နှစ်ယောက်ကို သတ်တဲ့ တရားခံထဲက တစ်ယောက်ပါတယ်။ နှစ်ယောက်ကို သေဒဏ်ပေးတာ။ ကျန်တဲ့သူတွေကတော့ လားရှိုးဘက်က ပြန်ပေးဆွဲတဲ့ အဖွဲ့တွေဆိုပြီး ဖမ်းလာတာ” လို့ ပြောပါတယ်။ လူသတ်မှု ကျူးလွန်သူ နှစ်ယောက်ကို သိန္နီ သုဿာန်မှာ စီရင်မယ်လို့ ဒေသခံတွေက ပြောပါတယ်။ “သုဿာန်မှာ သေနတ်နဲ့ ပစ်ပြီး စီရင်မယ်၊…

Read More

မလေးရှားမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေအပါအဝင် တရားမဝင်ရွှေ့ ပြောင်းလုပ်သား ၆၅၀ ကျော် ထိန်းသိမ်းခံခဲ့ရ

စက်တင်ဘာ ၂၆ – ၂ဝ၂၅ KKO(VOM) မလေးရှားနိုင်ငံ၊ဆလန်ဂေါပြည် နယ်၊ကလန်း Pulau Indah ကအော် ပရာစီဖမ်းဆီးမှုအတွင်းနိုင်ငံစုံကတရားမဝင်ရွှေ့ပြောင်းလုပ်သား ၆၆၂ ယောက်ထိန်းသိမ်းခံခဲ့ရပြီး အဲဒီအထဲမှာမြန်မာရွှေ့ပြောင်းလုပ် သားတွေလည်းပါဝင်ခဲ့တယ်လို့မလေးရောက်မြန်မာအသိုင်းအဝိုင်းတွေထံကနေ သိရပါတယ်။ ယခုတရားမဝင်ရွှေ့ပြောင်လုပ်သားဖမ်းဆီးမှုကိုတိုင်တန်းမှုတခုကြောင့်မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနနဲ့မ‌လေးအာဏာပိုင်တွေကဦးဆောင်ပြီးတော့ယခုစက်တင်ဘာလ ၂၅ ရက်နေ့မှာပြုလုပ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ “ထွက်ပြေးဖို့ကြိုးစားရင်တောင်မလွတ်နိုင်ဘူးဗျာ့။မနေ့က Pulau Indah အော်ပရာစီမှာဆိုရင်သူတို့က ဒရုန်းတွေနဲ့ကြည့်ပြီးဝင်ရောက်ဖမ်း ဆီးသွားတာပါ”လို့ မလေးရောက် မြန်မာနိုင်ငံသားတယောက်ကပြောပြပါတယ်။ မလေးရှားနိုင်ငံလူဝင်မှုကြီးကြပ် ရေးဌာနနဲ့ မလေးအာဏာပိုင်တွေဟာတရားမဝင်ရွှေ့ပြောင်းလုပ်သားတွေအများဆုံးနေထိုင်ရာရပ်ကွက်တွေနဲ့ အလုပ်လုပ်ကိုင်ရာနေရာတွေကိုအဓိကပစ်မှတ်ထားပြီးဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့တာဖြစ်တယ်လို့လည်းမလေးရောက်မြန်မာရွှေ့ ပြောင်းလုပ်သားတွေကပြောပါတယ်။ ယခုအော်ပရာစီဖမ်းဆီးမှုအတွင်းမှာမြန်မာရွှေ့ပြောင်းလုပ်သားအများစုအပါအဝင်အခြားသောနိုင်ငံ‌ကရွှေ့ ပြောင်းလုပ်သားတွေအများစုပါဝင်ခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒေသတွင်းသတင်းအချက်အလက်တွေအရ ဖမ်းဆီးမှုအတွင်းမှာရွှေ့ပြောင်းလုပ်သားစုစု ပေါင်း ၁၁၃၂ ယောက်ကိုစစ်ဆေးခဲ့ပြီးတဲ့နောက် ၆၆၂ ယောက်ကိုဖမ်း ဆီးခဲ့တာဖြစ်တယ်လို့မလေးရှားလူဝင်မှုကြီး ကြပ်ရေးဌာနကထုတ်ပြန်ပါတယ်။ အဲဒီအထဲမှာဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅၄၅ ယောက်၊မြန်မာနိုင်ငံသား ၃၆ ယောက်၊ပါကစ္စတန်နိုင်ငံသား ၃၅ ယောက်အပါဝင်နီပေါနိုင်ငံသား ၂၄ ယောက်နဲ့အိန္ဒိယနိုင်ငံသား ၁ဝ ယောက်တို့ပါဝင်တယ်လို့ သိရပါတယ်။ ဒါအပြင်စက်တင်ဘာ ၂၄ ရက်နေ့ကလည်း မလေးရှားနိုင်ငံလူဝင်မှုကြီးကြပ်ရေးဌာန(JIM)က…

Read More

ဟိမ၀န္တာ လာဒက်‌ဒေသမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဆန္ဒပြပွဲအတွင်း လူလေးယောက်သေဆုံးပြီးနောက် ညမထွက်ရအမိန့်ထုတ်

ဒေလီ၊ စက်တင်ဘာ-၂၆-၂၀၂၅ ရတီ(VOM) အိန္ဒိယနိုင်ငံ ဟိမ၀န္တာ‌ဒေသ လာဒက်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တောင်းဆိုနေတဲ့ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့တို့အကြား ပဋိပက္ခတွေဖြစ်ပွားပြီးနောက် လူလေးယောက်သေဆုံးအပြီးမှာ လာဒက်ရဲ့မြို့တော် လိချ်မှာ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။ ပဋိပက္ခတွေအတွင် ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပြီး အိန္ဒိယနိုင်ငံရဲ့ အာဏာရ (BJP)ပါ ရဲ့ ရုံးခန်းတခုလည်း မနေ့က မီးလောင်ခဲ့ပါတယ်။ အကြမ်းဖက်မှုတွေကို လှုံ့ဆော်နေကြောင်း အစိုးရ စွပ်စွဲထားပေမယ့် ဆန္ဒပြပွဲ ဦးဆောင်သူတွေကတော့ ပယ်ချထားပါတယ်။ မွတ်ဆလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေနေထိုင်တဲ့ ဟိမ၀န္တာတောင်တန်းဒေသတခုဖြစ်တဲ့ လာဒက်ဟာ ၂၀၁၉ ခုနှစ်မှာ ဂျမူးနဲ့ ကက်ရှ်မီးယား ပြည်နယ်ကနေ အစိုးရက ခွဲထုတ်ပြီးနောက် တစိတ်တပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဆုံးရှုံးခဲ့ပါတယ်။ လာဒက်‌ဒေသမှာ လူဦးရေသုံးသိန်းရှိပြီး တရုတ်နဲ့ ပါကစ္စတန်နယ်စပ်မှာ တည်ရှိပါတယ်။ အကြမ်းဖက်မှုများဖြစ်ပွားခဲ့တဲ့ လိချ်‌ဒေသဟာ သီးခြားဒေသတခုကို ဆယ်စုနှစ်များစွာ တောင်းဆိုနေခဲ့တဲ့ ဗုဒ္ဓဘာသာအသိုင်းအဝိုင်း အများစုဖြစ်ပါတယ်။ ဒီအတောအတွင်း မွတ်ဆလင်အများစုနေထိုင်ရာ…

Read More

တန့်ဆည် ကံထူးမရွာ လေကြောင်းတိုက်ခိုက်မှု ခုနှစ်ယောက်သေပြီး ၁၂ယောက်ဒဏ်ရာရ

စက်တင်ဘာ ၂၆ ၊၂၀၂၅ CC (VOM) စစ်ကိုင်းတိုင်း ၊တန့်ဆည်မြို့နယ်ထဲက PDF ထိန်းချုပ်ထားတဲ့ ကံထူးမရွာကို ဒီနေ့စက်တင်ဘာ ၂၆ ရက်နေ့ မနက်ပိုင်းမှာ လေကြောင်းကနေဗုံးကြဲ တိုက်ခိုက်ခံရပြီး ခုနှစ်ယောက်သေဆုံးကာ ၁၂ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ဒီနေ့မနက် ၁၁ နာရီ ခွဲလောက်မှာ ကံထူးမရွာရှိ စက်သုံးဆီအရောင်းဆိုင်နဲ့ စားသောက်ဆိုင်ပေါ်ကို လေကြောင်းကြဲချခံရတာဖြစ်တယ်လို့သိရပါတယ်။ ” ကံထူးမဘက်က ငြိမ်နေတာကြာပြီ။ငြိမ်နေတော့ ပြန်ပြီးစည်ကားလာတယ်ဆိုပြီးသိရ လို့စိုးရိမ်နေတာ။အခုတော့လေကြောင်းကြဲခံရတယ်။သိရသလောက်ခုနှစ်ယောက်သေတယ်။သေဆုံးသူထပ်တိုးနိုင်တဲ့အခြေအနေရှိတယ်လို့လည်းမြေပြင်ကပြောပြချက်အရ သိရတယ်။” လို့ စစ်ရှောင်အရေးကူညီနေသူ တယောက်ကပြောပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာလည်း ဒဏ်ရာပြင်းထန်သူတွေရှိနေတာကြောင့် လက်ရှိမှာ ဆေးဝါးကုသမှုခံယူနေကြောင်း ၊ သေဆုံးသူတွေထဲမှာ အမျိုးသားတွေများတယ်လို့ ကနဦးသတင်းအရသိရပါတယ်။ လူသေဆုံးမှုအပြင် နေအိမ်အချို့လည်းမီးလောင်ပျက်စီးမှုရှိတာကြောင့် မြေပြင်ရှင်းလင်းရေးလုပ်ဆောင်နေကြတယ်လို့သိရပါတယ်။ ကံထူးမရွာမှာ နယ်မြေရဲစခန်းရှိပြီး PDF တွေက ၂၀၂၄ ခုနှစ် မတ်လမှာ ကံထူးမရွာကို ထိန်းချုပ်ခဲ့တာ ဒီနေ့ထိဖြစ်တယ်လို့သိရပါတယ်။ ကံထူးမရွာကို ထိန်းချုပ်နိုင်ဖို့အတွက် PDF…

Read More

စူပါတိုင်ဖွန်းမုန်တိုင်းကြောင့် ထိုင်ဝမ်မှာ ၁၄ ယောက်သေပြီး ဟောင်ကောင်မှာ ၁၀၀ ကျော်ဒဏ်ရာရ

ဟောင်ကောင်၊ စက်တင်ဘာ-၂၅-၂၀၂၅ ရတီ(VOM) တိုင်ဖွန်း ရာဂါဆာ တိုက်ခတ်မှုကြောင့် ထိုင်ဝမ်မှာ လူ ၁၄ ယောက်သေဆုံးခဲ့တယ်လို့ ထိုင်ဝမ်အာဏာပိုင်တွေက ပြောပါတယ်။ အင်အားပြင်တိုင်ဖွန်းမုန်တိုင်းဟာ ထိုင်ဝမ် အရှေ့ပိုင်း ဒေသမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ဟူလီယန် ခရိုင်အရှေ့ဘက်ရှိ ရေကာတာတခု ရေလျှံခဲ့ပြီး သေဆုံးသူ ၁၇ ယောက်ထိ ရှိနိုင်တယ်လို့ မီးသတ်ဌာနက ဆိုပါတယ်။ မုန်တိုင်းတိုက်ခတ်ပြီးနောက် လမ်းတွေနဲ့ အဆောက်အဦတွေရှိ ရွှံ့တွေဖယ်ရှားခြင်းအပါအဝင် ရေပြန်ကျတဲ့နေရာတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို စတင်နေပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေလည်း ဆက်လက်လုပ်ဆောင်နေပါတယ်။ ဟောင်ကောင်မှတော့ ဒီကနေ့ လေကြောင်းခရီးစဉ်တွေ ပြန်လည်စတင်နေပြီး စီးပွားရေးလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးနဲ့ စာသင်ကျောင်းအချို့ကို ပြန်လည်ဖွင့်လှစ်ခဲ့နေပြီဖြစ်ပါတယ်။ မုန်တိုင်း ရာဂါဆာဟာ အင်္ဂါနေ့မွန်းလွဲပိုင်းကစပြီး ဖိလစ်ပိုင်မြောက်ပိုင်းနဲ့ ထိုင်ဝမ်တို့ကို ဖြတ်ကျော်ဝင်ရောက်ပြီးနောက် တရုတ်တောင်ပိုင်း ယန်ကျန်းမြို့ ကုန်းတွင်းပိုင်းကို မဝင်ရောက်မီ ဟောင်ကောင်ကို တိုက်ခတ်ခဲ့ပါတယ်။ လက်ရှိမှာတော့ မုန်တိုင်းသတိပေးချက်…

Read More

တာမွေမှာ အမျိုးသားတယောက် ဓားထိုးခံရပြီး သေဆုံး

စက်တင်ဘာ ၂၅ ၊ ၂၀၂၅ GG (VOM) ရန်ကုန် ၊တာမွေမြို့နယ်၊ ကျားကွက်သစ်ရပ်ကွက်၊ ကျိုက္ကဆံလမ်းမပေါ် မှာ စက်တင်ဘာ ၂၄ ရက်နေ့ညပိုင်းက အမျိုးသားတယောက်ဓားထိုးခံရပြီး သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ မနေ့က ညပိုင်း ၁၀ နာရီခွဲကျော်လောက်မှာ အချင်းချင်းစကားများရန်ဖြစ်ရာကနေ ဓားထိုးမှုဖြစ်ပွားခဲ့တာဖြစ်ကြောင်း ဓားထိုးခံရသူကို ဆေးရုံပို့ဆောင်ခဲ့ပေမယ့် ဒဏ်ရာပြင်းထန်တဲ့အတွက် သေဆုံးသွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ” ဆိုက်က္ကားသမားအချင်းအချင်း အရောင်းအဝယ်ကိစ္စနဲ့စကားများပြီး ရန်ဖြစ်ရာကနေ ဓားထိုးခံရတယ်သိရတယ်။ရောက်တော့ အလောင်းကသယ်သွားပြီ။တာမွေ ထဲကလို့ပဲသိရတယ်။” လို့ ဒေသခံက ပြောပါတယ်။ လက်ရှိမှာ ဓားထိုးခံရပြီး သေဆုံးသူက အသက် ၅၀ အရွယ်အမျိုးသားဖြစ်ပြီး အလောင်းက ရန်ကုန်ဆေးရုံကြီးမှာဖြစ် ကြောင်းသိရပြီး ၊ ကျူးလွန်သူကိုတော့သက်ဆိုင်ရာတာဝန်ရှိသူတွေက ဖမ်းမိရေးဆောင်ရွက်နေတယ်လို့သိရပါတယ်။ “ရောက်သွားတော့သွေးသံရဲရဲနဲ့တွေ့ရတယ်။အဲဒါနဲ့ကျွန်တော်တို့လည်း မြေပြင်ကုသမှုပေးပြီး ဆေးရုံကိုပဲချက်ခြင်း ပို့ပေး လိုက်တာ။ဆေးရုံရောက်တော့ဆုံးသွားတယ်။ ကျန်တဲ့အခြေအနေတော့ သိပ်မသိဘူး။” လို့ မေတ္တာမျှဝေလူမှုကူညီရေးအသင်းဝင်တယောက်က ပြောပါတယ်။ စက်တင်ဘာ…

Read More

ဝါရင့် စတီရီယို တေးသံရှင် ဗစ်တာခင်ညို ကွယ်လွန်

စက်တင်ဘာ ၂၅ – ၂၀၂၅ SS (VOM) စတီရီယိုခေတ်ဦးမှာ ထင်ရှားခဲ့တဲ့ ဝါရင့် တေးသံရှင်တယောက် ဖြစ်တဲ့ ဗစ်တာခင်ညိုဟာ ဒီကနေ့ စက်တင်ဘာ ၂၅ ရက်၊ မနက် ၅ နာရီဝန်းကျင်က ကွယ်လွန်သွားပြီ ဖြစ်တယ်လို့ မိသားစုဝင်တွေက လူမှုကွန်ယက်မှတဆင့် အသိပေးထားပါတယ်။ တေးသံရှင် ဗစ်တာခင်ညို ကွယ်လွန်တာနဲ့ ပတ်သက်လို့ ညီဖြစ်သူ အဆိုတော် တူးတူးက “ကျွန်တော်၏ အစ်ကိုအကြီးဆုံးဖြစ်တဲ့ တေးသံရှင် Victor Khin Nyo ကွယ်လွန်သွားပြီဖြစ်ကြောင်း ပရိသတ်များကို ဝမ်းနည်းစွာ အသိပေးအပ်ပါတယ်” လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။ ဗစ်တာခင်ညိုဟာ နွေ၊ လွမ်းတေး၊ ခွာညို၊ ကြွေရုပ်ကလေး၊ ဒီဇင်ဘာ နံနက်ခင်း၊ ရာသီစုံအလွမ်း၊ ငိုမနေနဲ့၊ လွမ်းတေး အစရှိတဲ့ တေးသီချင်းကောင်း များစွာအပြင် ရုပ်ရှင်…

Read More

ဗန်းမော်ဘက် တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး ဗန်းမောက်ဘက်မှာလည်း စစ်ရေးဆက်လက်တင်းမာ

စက်တင်ဘာ ၂၅၊ ၂၀၂၅ Shy V (VOM) ကချင်ပြည်နယ်၊ ဗန်းမော်မြို့ဘက် လက်ရှိမှာ တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်ပြီး ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အစပ် ကသာခရိုင် ဗန်းမောက်မြို့ဘက်မှာလည်း လက်ရှိအထိ စစ်ရေး တင်းမာနေဆဲ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဗန်းမော်ဘက် ဒီနေ့ စက်တင်ဘာလ ၂၅ ရက်နေ့မနက် ပိုင်းကတည်းက Y12 နဲ့ ဗုံးလာကြဲသွားတယ်။ ဗန်းမော်ကို စစ်တပ်က အကုန်လုံး မသိမ်းသေးပါဘူး။ KIA နဲ့ ပူးပေါင်း တော်လှန်ရေး တပ်ဖွဲ့တွေက နေရာတော်တော်များများ ဆုတ်ထားတယ်။ ဘာ ပစ္စည်း တခုမှ ချန်မထား ခဲ့ဘူးလို့ သိရပါတယ်” လို့ KIA နဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။ ဒါ့အပြင် စစ်ကိုင်း ကချင် အစပ် စစ်ကိုင်းအထက်ပိုင်း ကသာခရိုင်…

Read More

အစ္စရေးစစ်တပ်ရဲ့ တိုက်ခိုက်မှု ဂါဇာမြို့တော်မှာ လူ ၈၀ ကျော်သေဆုံးပြန်

ဂါဇာစီးတီး၊ စက်တင်ဘာ-၂၅-၂၀၂၅ ရတီ (VOM) ဂါဇာကမ်းမြှောင် အစ္စရေးစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်း ၈၀ ကျော် သေဆုံးခဲ့ပြီး အများစုကတော့ ဂါဇာမြို့ကဖြစ်တယ်လို့ ဆေးရုံဆရာဝန်တွေက ပြောပါတယ်။ ဂါဇာမြို့အလယ်ပိုင်း ဒါရက်ဂျ်ရပ်ကွက်ရှိ ဈေးအနီးရှိ ရွှေ့ပြောင်းဒုက္ခသည်မိသားစုတွေ ခိုလှုံနေတဲ့ အဆောက်အအုံတွေ ရွက်ဖျင်တဲတွေကို တိုက်ခိုက်မှုအတွင်း လူ ၂၀ ထက်မနည်း သေဆုံးခဲ့ကာ အမျိုးသမီးနဲ့ ကလေးငယ်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။ ဂါဇာမြို့တော်ရှိ ဆေးရုံတွေဟာ အစ္စရေး၏ တိုက်ခိုက်မှုနဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူ ၆၀ ကျော်ရဲ့ ရုပ်အလောင်းတွေကို ညသန်းခေါင်ကတည်းက လက်ခံရရှိခဲ့ကြောင်း ဆရာဝန်တွေက ပြောပါတယ်။ ဟားမတ်စ် အရပ်ဘက်ကာကွယ်ရေးအေဂျင်စီကတော့ သေဆုံးသူတွေရဲ့ သုံးပုံတပုံဟာ Firas ဈေးအနီးရှိ ရွှေ့ပြောင်းဒုက္ခသည်တွေ ခိုလှုံနေတဲ့ ဂိုဒေါင်တခုကို အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့်ဖြစ်ကာ သေဆုံးသူတွေထဲမှာ အမျိုးသမီး ခြောက်ယောက်နဲ့ ကလေးကိုးယောက်ပါဝင်တယ်လို့ ဆိုပါတယ်။…

Read More

MNDAA ထိန်းချုပ်နယ်မြေမှာ ယာဉ်လိုင်စင်နဲ့ ယာဉ်မောင်းလိုင်စင်တွေ ပြုလုပ်ဖို့ အသိပေး ထုတ်ပြန်

စက်တင်ဘာ ၁၅၊ ၂၀၂၅ Shy V (VOM) MNDAA ထိန်းချုပ်နယ်မြေ မုံးကိုး၊ ကွတ်ခိုင်၊ သိန္နီ တွေမှာ ယာဉ်လိုင်စင်နဲ့ ယာဉ်မောင်းလိုင်စင်တွေ ပြုလုပ်ဖို့ နဲ့ ကုန်ကျရမယ့် နှုန်းထားတွေကို စက်တင်ဘာလ ၂၄ ရက်နေ့က MNDAA လက်အောက်ခံ ရဲတပ်ဖွဲ့က အသိပေး ထုတ်ပြန်ထားပါတယ်။ “ယာဉ် တွေနဲ့ ပတ်သက်ပြီး လိုင်စင်လုပ်ခိုင်းတာပါ။ ဒေသခံတွေကိုလည်း အကုန် MNDAA မှတ်ပုံတင် လုပ်ခိုင်းပါတယ်။” လို့ ဒေသခံအမျိုးသား တယောက်က ပြောပါတယ်။ MNDAA ထိန်းချုပ်ဒေသတွေမှာ ဒေသတွင်း ယာဉ်မောင်းလိုင်စင်တွေကို သတ်မှတ် နှုန်းထားအတိုင်း ယွမ်ငွေနဲ့ ပေးချေ လျှောက်ထားနိုင်ကြောင်း MNDAA က တရုတ်ဘာသာ နဲ့ ကြေညာထားပါတယ်လို့ သူက ပြောပါတယ်။ “ယာဉ်လိုင်စင်တွေလုပ်ရတယ်။ ကား ပေါ်မူတည်ပြီး ကုန်ကျနှုန်းက မတူဘူး။…

Read More
VOM News

FREE
VIEW