မနီလာ၊ နိုဝင်ဘာ-၆-၂၀၂၅
မျိုးဆက်(VOM)
ဖိလစ်ပိုင်မှာ လူ ၁၄၀ ကျော် သေဆုံးခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း ကယ်လ်မေဂီဟာ လေတိုက်နှုန်း မြင့်တက်လာပြီး ဗီယက်နမ်အလယ်ပိုင်းကို ဦတည်နေပါတယ်။
ဗီယက်နမ် မိုးလေဝသဗျူရို၏ အဆိုအရ ကမ်းရိုးတန်းဒေသတွေမှာ နေထိုင်တဲ့ လူထောင်ပေါင်းများစွကို မုန်တိုင်းမဝင်ရောက်မီ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းဖို့ ညွှန်ကြားထားပြီး မုန်တိုင်းကြောင့် လှိုင်းအမြင့် လှိုင်းအမြင့် ၂၆ ပေထိ မြင့်တက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ယခုနှစ်တွင် အပြင်းထန်ဆုံး တိုင်ဖွန်းတွေထဲက တခုဖြစ်တဲ့ ကယ်လ်မေဂီဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း စံချိန်တင် မိုးရွာသွန်းမှုနဲ့ ရေကြီးရေလျှံမှုတွေ ရင်ဆိုင်နေရတဲ့ ဗီယက်နမ်မှာ နောက်ထပ် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေနိုင်ဖွယ်ရှိပါတယ်။
ဒေသတွင်းရှိ လေဆိပ်ခြောက်ခုမှာ လုပ်ငန်းတွေ ရပ်ဆိုင်းထားပြီး လေယာဉ်ခရီးစဉ် ၅၀ ကျော်ကို ဖျက်သိမ်း လိုက်ရပါတယ။ ဗီယက်နမ် ဒုတိယဝန်ကြီးချုပ် ထရန်ဟောင်ဟာကတော့ ကယ်လ်မေဂီဟာ ပုံမှန်လုံး၀မဟုတ်တဲ့ မုန်တိုင်းလို့ဆိုထားပြီး မုန်တိုင်းအန္တရာယ်ကို ကိုင်တွယ်ဖြေရှင်းဖို့ တာဝန်ရှိသူတွေကို ညွှန်ကြားထားပါတယ်
ဖိလစ်ပိုင်မှာတော့ ဒီမုန်တိုင်းကြောင့် သေဆုံးမှုနဲ့ ပျက်စီးမှုများစွာ ဖြစ်ပေါ်ခဲ့တာကြောင့် ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ကပ်ဘေးအခြေအနေအဖြစ်မ ဒီကနေ့အစောပိုင်းမှာ ကြေညာခဲ့ပါတယ်။
တိုင်ဖွန်းကယ်လ်မေဂီကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေပြီး ယခုသီတင်းပတ်ကုန်မှာ နိုင်ငံသို့ ဝင်ရောက်တိုက်ခတ်မယ်လို့ မျှော်လင့်ရတဲ့ နောက်ထပ်မုန်တိုင်း ယူဝမ်ကြောင့် အခုလို ကြေညာဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။
ဒေသတွင်း လူဦးရေအများဆုံးကျွန်းဖြစ်တဲ့ စီဘူးဒေသရှိ မြို့တမြို့လုံး မုန်တိုင်းကြောင့် ရေလွှမ်းမိုးမှုတွေ ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၇၁ ယောက်အထိ ရှိခဲ့ပါတယ်။ နောက်ထပ် ၁၂၇ ယောက် ပျောက်ဆုံးနေပြီး ၈၂ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်
အေအက်ဖ်ပီ၏ အဆိုအရ စီဘူးပြည်နယ်အာဏာပိုင်တွေက နောက်ထပ် ၂၈ ယောက် သေဆုံးကြောင်း ထုတ်ပြန်ပေမယ့် ဒီသေဆုံးမှုတွေ အမျိုးသားအရပ်ဘက်ကာကွယ်ရေးရုံးမှ ထုတ်ပြန်တဲ့ စာရင်းမှာ မထည့်ရသေးဘူးလို့ ဆိုပါတယ်။
Ref:BBC/AFP
Photo:Reuters/AFP
