ဆူးငှက် စလေကိုယ်တော်ကြီး သပိတ်ပေါ်က သတင်းစာတွေ ———————————————————— မနက်စောစော အိမ်သို့ ဆွမ်းခံကြွလာသည့် စလေကိုယ်တော်ကြီးက ဦးကြီးလှတင်၏ လှဂုဏ်ရည် ဓာတ်ပုံတိုက်မှ သတင်းစာများ ယူလာတာ ကျွန်တော် ပြောခဲ့ဖူးပါသည်။ စလေကိုယ်တော်ကြီး၏ သပိတ်ဖုံးပေါ်မှာ အရင်ကတော့ မန္တလေးမြို့ထုတ် လူထုသတင်းစာနှင့် ရန်ကုန်မြို့က ထုတ်ဝေသော ကြေးမုံသတင်းစာတို့ ပါသည်။ ကျွန်တော် လေးတန်းအောင်သည့် နှစ်မှာပဲ လူထုသတင်းစာ မပါတော့။ နောက် ကြေးမုံသတင်းစာ ပါမလာတော့။ ထိုသတင်းစာများ အစား လုပ်သားပြည်သူ့နေ့စဉ် ဟူသော သတင်းစာ ပါလာသည်။ ကျွန်တော် ငါးတန်းရောက်တော့ ဦးကြီးဘထွန်းအိမ်မှာ ဆွမ်းခံရင်း နားကာ ဆေးလိပ်ဖွာနေတတ်သော စလေကိုယ်တော်ကြီး သပိတ်ဖုံးပေါ်မှာ ပါလာသည့် သတင်းစာများကို အပြေးအလွှား သွားဖတ်သည်။ သည်လိုနှင့် ဦးကြီးချို၏ အလုပ်ကုတင်ဘေးက ဂျာနယ်တွေ ဖတ်လိုက်၊ ရေချိုးသွားရင် ကျော်ကျော့်အိမ်က အရီးဒေါ်လှရှင်း အိပ်ရာဘေး…
Read MoreDay: November 6, 2025
ဖားကန့်မှာ အမျိုးသား နှစ်ယောက် သေနတ်နဲ့ပစ်သတ်ခံရပြန်
နိုဝင်ဘာ ၆ ၊ ၂၀၂၅ GG (VOM) ကချင်ပြည်နယ် ၊ ဖားကန့်ဒေသ ၊ မရှီကထောင်ရပ်ကွက်နဲ့ ယူမာကျေးရွာရှိ လမ်းမတွေပေါ်မှာ အမျိုးသားနှစ်ယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ် လို့ ဒေသခံဆီကသိရပါတယ်။ ” ညက သေနတ်ပစ်သံတွေတော့ ကြားလိုက်တယ် ။ အသတ်ခံရတာတော့ ခုမနက်မှ သိရတာ ။ သတ်ခံရသူတွေတော့ မသိသေးဘူး ။ ” လို့ ဒေသခံကပြောပါတယ်။ ယူမာကျေးရွာမှာဆိုရင် Seven Music စားသောက်ဆိုင်ရှေ့မှာ အမျိုးသားတယောက် သေနတ်နဲ့ ပစ်သတ်ခံထားရတာဖြစ်ပြီး မရှီကထောင်ရပ်ကွက်မှာတော့ အပိုင်း ( D) ထဲမှာ ဆိုင်ကယ်စီးနင်းလာတဲ့ အမျိုးသားတယောက် သေနတ်နဲ့ ပစ်သတ်ခံထားရတာကို ဒီနေ့ နိုဝင်ဘာ ၆ ရက်နေ့ မနက်ပိုင်းမှာ တွေ့ရှိရတာ ဖြစ်တယ်လို့ သိရပါတယ် ။ ” မရှီကထောင်နားက…
Read Moreသူခိုးကြီးညမှာ ကြက်ခိုးတဲ့သူကို PPP ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းက ရိုက်သတ်မှု ဖြစ်
နိုဝင်ဘာ ၆ – ၂၀၂၅ SS (VOM) ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်မှာ မနေ့ တန်ဆောင်မုန်း လပြည့်ကျော် ၁ ရက်နေ့၊ သူခိုးကြီးညမှာ ကြက်ဝင်ခိုးတဲ့သူကို ပြည်သူရှေ့ဆောင်ပါတီ (PPP) မှ လွှတ်တော် ကိုယ်စားလှယ်လောင်းနဲ့ သားဖြစ်သူက ထိုးကြိတ်ရိုက်နှက်ရာက လူသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲဒီဖြစ်စဥ်ဟာ ဒီကနေ့ နိုဝင်ဘာ ၆ ရက်၊ မနက် ၂ နာရီခွဲဝန်းကျင်က တောင်ကြီးမြို့နယ်၊ အေးသာယာနယ်မြေ (၂) မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကြက်ခိုးယူဖို့ ကြိုးပမ်းတဲ့ ဦးစိုင်းထွန်းဆာ ဆိုသူကို PPP ပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းဖြစ်သူ ဦးစိုင်းရွှေထီးနဲ့ သားဖြစ်သူ စိုင်းကျော်စိုးမိုးတို့က တုတ်နဲ့ ဝိုင်းဝန်း ရိုက်နှက်ခဲ့ရာကနေ လူသေဆုံးမှု ဖြစ်ခဲ့တာလို့ သိရပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ PPP…
Read Moreသတင်းမီဒီယာသမားတွေအတွက် ရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်စာအုပ် ဖြန့်ဝေ
ရန်ကုန်၊ နိုဝင်ဘာ-၆-၂၀၂၅ Voice of Myanmar လာမယ့် ရွေးကောက်ပွဲမှာ သတင်းရယူမယ့် သတင်းမီဒီယာတွေအတွက် ရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်စာအုပ် မိတ်ဆက်ပွဲနဲ့ ဖြန့်ဝေတဲ့ အခမ်းအနားကို ရန်ကုန်မြို့ သိမ်ဖြူလမ်း၊ သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းရှိ ရွှေဥဒေါင်းခန်းမမှာ ဒီကနေ့မနက် ၁၀ နာရီက ပြုလုပ်ခဲ့ပါတယ်။ သတင်းမီဒီယာသမားတွေအတွက် ရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်စာအုပ်ကို ၂၀၁၅ ခုနှစ်၊ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကာလတွေကလည်း ဖြန့်ဝေခဲ့ဖူးပြီး ဒီစာအုပ်ကတော့ တတိယမြောက် လည်းဖြစ်ပါတယ်။ “၂၀၁၅ ရွေးကောက်ပွဲမှာ အဲဒီတုန်းက သတင်းမီဒီယာကောင်စီဆိုပြီး မဖြစ်သေးပါဘူး။ စာနယ်ဇင်းကောင်စီ (ယာယီ) အနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်စာအုပ်ကို ပထမဆုံးအကြိမ် ထုတ်ဝေခဲ့ပါတယ်။ အခုစာအုပ်က ၂၀၁၅ နဲ့ ၂၀၂၀ က ထုတ်ခဲ့တဲ့စာအုပ်တွေကို အခြေခံတယ်။ လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားတာတွေ အပါအဝင် အခြေအနေအချိန်အခါနဲ့…
Read Moreအင်းတော် မမုံကိုင်မှာ ရွှေတူးဖော်မှုတွေ များလာလို့ လယ်ယာလုပ်ငန်း အခက်အခဲ ဖြစ်လာ
နိုဝင်ဘာ ၆၊ ၂၀၂၅ Shy V (VOM) ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ အင်းတော်အနီး မမုန်ကိုင်ရွာဘက်မှာ ရွှေတူးဖော်မှုတွေ ပိုမိုများပြား ဆိုးဝါးလာလို့ လယ်ယာလုပ်ငန်း အခက်အခဲ ဖြစ်လာကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “မမုန်ကိုင်မှာ ရွှေတူးဖော်မှု ဆိုးဝါးလာလို့ လယ်ယာမြေလုပ်ဖို့ အခက်အခဲတွေ ကြုံနေရတယ်” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ မမုန်ကိုင်ဘက်က ရှမ်းနီနဲ့ စစ်တပ် ထိန်းချုပ်မှု အောက်မှာဖြစ်ပြီး ဘက်ဟိုး ရာချီနဲ့ တူးနေကာ ဘက်ဟိုး တစီးကို တလ ၁၅ သိန်း စစ်တပ်နဲ့ ရှမ်းနီတွေကို လိုင်းကြေးပေးရတယ်လို့က ပြောပါတယ်။ “အင်းအတွက်ပါ စိုးရိမ်စရာ ဖြစ်လာပြီ။ လယ်လုပ်ရတာ အရှုံးတွေပေါ် နေတော့ လယ်ပိုင်ရှင်တွေ ကိုယ်တိုင်က လယ်ကွက်တွေ မတန်တဆ စျေးကောင်းရလို့ ရောင်းကြတာ မျိုးတွေရှိနေတယ်”…
Read Moreတိုင်ဖွန်းမုန်တိုင်း “ခန့်မေဂီ” ကြောင့် နိုဝင်ဘာ ၈ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ မိုးရွာဦးမယ်
နိုဝင်ဘာ ၆ – ၂၀၂၅ SN (VOM) တောင်တရုတ် ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ တိုင်ဖွန်းမုန်တိုင်း “ခန့်မေဂီ” ကြောင့် လာမယ့် နိုဝင်ဘာ ၈ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ တိုင်းနဲ့ပြည်နယ် အများအပြားမှာ မိုးသည်းထန်စွာ ရွာသွန်းမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သိရပါတယ်။ မိုး/ဇလဌာနရဲ့ ဒီကနေ့ နိုဝင်ဘာ ၆ ရက်၊ မနက် ၁၀ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ တိုင်ဖွန်းမုန်တိုင်း “ခန့်မေဂီ” (KALMAEGI) ဟာ လက်ရှိမှာ အနောက်ဘက်ကို ရွေ့လျားခဲ့ပြီး ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့ရဲ့ အရှေ့တောင်ဘက် ရေမိုင် ၂၆၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ သိရပါတယ်။ “ဒီ တိုင်ဖွန်းမုန်တိုင်းရဲ့ အကြွင်းအကျန်ကြောင့် နိုဝင်ဘာ ၈ ရက်ကနေမှ ၁၀…
Read Moreဖိလစ်ပိုင်မှာ လူ ၁၄၀ ကျော်သေဆုံးခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း ဗီယက်နမ်အလယ်ပိုင်းကို ဆက်လက်ဦးတည်
မနီလာ၊ နိုဝင်ဘာ-၆-၂၀၂၅ မျိုးဆက်(VOM) ဖိလစ်ပိုင်မှာ လူ ၁၄၀ ကျော် သေဆုံးခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း ကယ်လ်မေဂီဟာ လေတိုက်နှုန်း မြင့်တက်လာပြီး ဗီယက်နမ်အလယ်ပိုင်းကို ဦတည်နေပါတယ်။ ဗီယက်နမ် မိုးလေဝသဗျူရို၏ အဆိုအရ ကမ်းရိုးတန်းဒေသတွေမှာ နေထိုင်တဲ့ လူထောင်ပေါင်းများစွကို မုန်တိုင်းမဝင်ရောက်မီ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းဖို့ ညွှန်ကြားထားပြီး မုန်တိုင်းကြောင့် လှိုင်းအမြင့် လှိုင်းအမြင့် ၂၆ ပေထိ မြင့်တက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ယခုနှစ်တွင် အပြင်းထန်ဆုံး တိုင်ဖွန်းတွေထဲက တခုဖြစ်တဲ့ ကယ်လ်မေဂီဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း စံချိန်တင် မိုးရွာသွန်းမှုနဲ့ ရေကြီးရေလျှံမှုတွေ ရင်ဆိုင်နေရတဲ့ ဗီယက်နမ်မှာ နောက်ထပ် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေနိုင်ဖွယ်ရှိပါတယ်။ ဒေသတွင်းရှိ လေဆိပ်ခြောက်ခုမှာ လုပ်ငန်းတွေ ရပ်ဆိုင်းထားပြီး လေယာဉ်ခရီးစဉ် ၅၀ ကျော်ကို ဖျက်သိမ်း လိုက်ရပါတယ။ ဗီယက်နမ် ဒုတိယဝန်ကြီးချုပ် ထရန်ဟောင်ဟာကတော့ ကယ်လ်မေဂီဟာ ပုံမှန်လုံး၀မဟုတ်တဲ့…
Read More