ဆိပ်ဖြူက တံတားအင်ဂျင်နီယာတယောက် လက်နက်ကိုင်အဖွဲ့ ဖမ်းခံရပြီး ငါးရက်ကြာတဲ့အထိ အဆက်အသွယ် ပြတ်နေ

နိုဝင်ဘာ ၁၁ ၊ ၂၀၂၅ GG (VOM) မကွေးတိုင်း ၊ ဆိပ်ဖြူမြို့နယ် တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၅)မှ အငယ်တန်း အင်ဂျင်နီယာ တယောက် ကျောက်ပန်းတောင်း မြို့နယ်ဘက်မှာ လက်နက်ကိုင်အဖွဲ့ တခုရဲ့ ဖမ်းဆီးခြင်း ခံရပြီးနောက် ငါးရက်ကြာတဲ့အထိ အဆက်အသွယ် ပြတ်နေတယ် လို့သိရပါတယ်။ ” ဘယ်အဖွဲ့က ဖမ်းတယ်ဆိုတာတော့ မသိရသေးဘူး ။ ရဲတပ်ဖွဲ့ နဲ့ တပ် ဘက်ကတော့ လိုက် စုံစမ်း ရှာနေပါတယ် ။ ခုထိတော့ အဆက်အသွယ်မရသေးဘူး သိရတယ် ။ ” လို့ လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ ကပြောပါတယ်။ ဖမ်းဆီးခံရသူကတော့ အငယ်တန်းအင်ဂျင်နီယာ ၁ (မြို့ပြ) ဦးဇော်လင်း ဆိုသူ ဖြစ်ပြီး နိုဝင်ဘာလ ၆ ရက်နေ့က တောင်သာမြို့နယ် ဝဲလောင်ရွာကို သွားရောက်ချိန် ကျောက်ပန်းတောင်းမြို့နယ်ထဲမှာ…

Read More

ဧရာဝတီတိုင်းထဲက စစ်ဘေးရှောင်​တွေ အရေးပေါ် အကူအညီလိုအပ်နေ

နိုဝင်ဘာ ၁၁ -၂၀၂၅ KKL(VOM) ဧရာဝတီတိုင်းထဲက စစ်ဘေးရှောင်​တွေဟာ စားနပ်ရိက္ခာတွေနဲ့ ဆောင်းကာလအသုံးအဆောင်တွေအရေးပေါ် အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီပေးနေတဲ့ အဖွဲ့အစည်းတွေဆီကသိရပါတယ်။ ”တချို့စစ်ရှောင်တွေက မြို့ပေါ်ကမိသားစုတွေဆီမှာနေတယ်။ တချို့စစ်ရှောင်တွေက​တော့ သူ့တို့အစီအစဉ်နဲ့သူတို့ တောတောင်တွေထဲမှာနေတယ်။တချို့ကလည်းဘုန်းကြီးကျောင်းတွေမှာနေတယ်။ အခုအကူအညီလိုအပ်နေတာကတောတောင်တွေထဲမှာနေတဲ့ စစ်ရှောင်တွေနဲ့ဘုန်းကြီး ကျောင်းတွေမှာနေတဲ့စစ်ရှောင်တွေပါ။စားစရာအပြင် ဆောင်းတွင်းဝတ် အဝတ်အထည်တွေပါ လိုအပ်နေတာ။ စစ်ရှောင်နေရတဲ့ ကာလလည်း ကြာလာတာနဲ့ လှူတန်းတဲ့သူ မရှိတော့စစ်ဘေးရှောင်တွေတော်တော် ခက်ခဲနေတာ” ‘လို့ စစ်ရှောင်အရေး ကူညီပေးနေသူကပြောပါတယ်။ အဲ့ဒီ စစ်ဘေးရှောင်တွေဟာ ရခိုင်ပြည်နယ် ၊ သံတွဲ ၊ အမ်းနဲ့ ဂွမြို့နယ်တွေကထွက်ပြေးလာကြတဲ့စစ်ဘေးရှောင်တွေအပြင် ဧရာဝတီတိုင်းထဲက လေးမျက်နှာ ၊ ရေကြည် ၊ ကျုံပျော် ၊ အင်္ဂပူ ၊ ငါးသိုင်းချောင်း ၊ သာပေါင်းစတဲ့ ဒေသ တွေကတိုက်ပွဲတွေကြောင့် စစ်ရှောင်နေရတဲ့သူတွေဖြစ်ပြီး စစ်ဘေးရှောင်ဦးရေ သောင်းဂဏန်းအထိရှိတယ်လို့ သိရပါတယ်။ ”လက်ရှိ အချိန်အထိတိုက်ပွဲရှိနေတော့ စစ်ရှောင်တွေက…

Read More

လွှတ်တော်နေရာနဲ့ မဲပေးစနစ်

SS (VOM) လွှတ်တော် အသီးသီးအတွက် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အပိုင်း (၁) ကို အခု ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စတင် ကျင်းပတော့မှာ ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အရ ကျင်းပတဲ့ ရွေးကောက်ပွဲတရပ် ဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်း မြန်မာ့သမိုင်းမှာ စတုတ္ထအကြိမ်မြောက် ကျင်းပခြင်းလည်း ဖြစ်ပါတယ်။ ကြားဖြတ်​ရွေး​ကောက်ပွဲ​သေး​တွေကို ထည့်သွင်း​ရေတွက်မထားပါဘူး။ ထူးခြားချက်အနေနဲ့ လာမယ့် ရွေးကောက်ပွဲမှာ မြန်မာနိုင်ငံရဲ့ အရင် မဲပေးစနစ်ဖြစ်တဲ့ အနိုင်ရသူ အကုန်ယူစနစ် (First Past the Post System – FPTP) အပြင် ရောနှောထားတဲ့ ကိုယ်စားလှယ် အချိုးကျစနစ်…

Read More

နယ်စပ်မှာ မြေမြှုပ်မိုင်းပေါက်ကွဲမှု ကမ္ဘောဒီးယားကို ထိုင်းက တောင်းပန်ခိုင်း

ဘန်ကောက် ၊ နိုဝင်ဘာ-၁၂-၂၀၂၅ မျိုးဆက်(VOM) ထိုင်းစစ်သားတွေ ဒဏ်ရာရစေခဲ့တဲ့ နယ်စပ် မြေမြှုပ်မိုင်း ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ကမ္ဘောဒီးယားကို တောင်းပန်ဖို့ တောင်းဆိုလိုက်ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။ ကမ္ဘာဒီးယားဟာ နယ်စပ်‌ဒေသမှာ မြေမြုပ်မိုင်းအသစ်တွေ ထောင်ထားတယ်လို့ ထိုင်းက စွပ်စွဲထားပြီး ဒီဖြစ်စဉ်ကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ အာဆီယံကြားဝင်ပေးထားတဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ကို ရပ်ဆိုင်းကြောင်း ထိုင်းအစိုးရက ကြေညာခဲ့ပါတယ်။ ဇူလိုင်လအတွင်းက ငါးရက်ကြာ နယ်စပ်ပဋိပက္ခအတွင်း ဒုံးကျည်၊ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူ ၄၈ ယောက်ထက်မနည်း သေဆုံးပြီး နှစ်ဖက်ပြည်သူ သုံးသိန်းကျော်ဟာ ယာယီနေရပ်စွန့်ခွာခဲ့ရပါတယ်။ လက်ရှိဖြစ်စဉ်နဲ့ပတ်သက်ပြီး “ကမ္ဘောဒီးယားဘက်က တောင်းပန်မှု ထုတ်ပြန်စေချင်ပါတယ်” လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nikorndej Balankura က သတင်းထောက်တွေကို ပြောပါတယ်။ “ဘာတွေဖြစ်ခဲ့လဲ၊ ဘယ်သူက တာဝန်ယူမလဲဆိုတာကို အတိအကျ…

Read More

ပြင်ဦးလွင်မှာ ရွှေဆိုင်ဓားပြတိုက်ခံရလို့ လုံခြုံရေးဝန်ထမ်း သေဆုံး ၊ ဓားပြ တယောက်ဖမ်းမိထား

နိုဝင်ဘာ ၁၂ ၊ ၂၀၂၅ GG (VOM) မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ ၊ နာရီစင်အနီးရှိ “အောင်စံပယ်” စိန်ရွှေရတနာဆိုင်မှာ ဒီနေ့မနက်ပိုင်းက ဓားပြတိုက်မှုဖြစ်ပွားပြီး ဆိုင်လုံခြုံရေးဝန်ထမ်းအမျိုးသား သေဆုံးခဲ့ တယ်လို့သိရပါတယ်။ ဒီကနေ့ မနက် ၈ နာရီ ၃၀ မိနစ်အချိန်လောက်မှာ ရွှေဆိုင်ဖွင့်ဖို့ ပြုလုပ်နေစဥ် သေနတ်ကိုင်ဆောင်ထားတဲ့ အမျိုးသား နှစ်ယောက် ရောက်လာပြီး သေနတ်ပြ ချိန်းခြောက်ကာ ရွှေထည်ပစ္စည်းတွေကို လုယက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ဓားပြတိုက် လုယက်သူတွေထဲက တယောက်ကိုတော့ ပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီး ရမိခဲ့ပြီး တယောက်ကတော့ ထွက်ပြေးသွား တယ်လို့ ကနဦး သိရပါတယ်။ ” လုယက်တဲ့တယောက်ကို ဆိုင်လုံခြုံရေးက ဝင်ပြီးထိုးသတ်တာမှာ သေနတ်နဲ့ပစ်ခံရပြီး သေသွားတာ လို့သိရတယ်။ အမျိုးသမီး တယောက်လည်း ဒဏ်ရာရတယ်။ တယောက်တော့မိတယ် ။ တယောက်က လွတ်သွားတယ် ။…

Read More

ဖားကန့်မှာ တိုက်ပွဲ​တွေ​ကြောင့် ယခုရက်ပိုင်းအတွင်း သေဆုံးသူ ဒဏ်ရာရသူတွေ အ​ရေအတွက်များလာ

နိုဝင်ဘာ ၁၁ ၊ ၂၀၂၅ GG (VOM) ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ်မှာ ယခုရက်ပိုင်းအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှု ၊ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး လေကြာင်းတိုက်ခိုက်မှုပါ ရှိလာကာ လူသေဆုံးမှု နဲ့ ထိခိုက်ဒဏ်ရာရသူတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒီကနေ့ နိုဝင်ဘာ ၁၁ ရက်နေ့ ၊ နေ့လယ် ၁ နာရီကျော်လောက်မှာ လေကြောင်းကနေ ဗုံးကြဲလို့ ကထန်ကွက်သစ်ထဲက အမျိုးသမီး တယောက် သေဆုံးကာ သုံးယောက်ထိခိုက် ဒဏ်ရာရရှိခဲ့ တယ်လို့သိရပါတယ်။ ” လေယာဥ်တွေ ဝဲနေတယ်ဆိုပြီး သတိထားနေတုန်း ကြဲချသွားတာ ။ ကထန်ကွက်သစ်ထဲက အိမ်ပေါ်ကျပြီး သားအမိနှစ်ယောက်မှာ အမေကဆုံးသွားတယ် ။ သုံးနှစ်အရွယ် သားလေးက ဒဏ်ရာရတယ်။ နောက်ထပ် လူကြီးနှစ်ယောက် ဒဏ်ရာရတယ် ။အခုက ဘာတွေဖြစ်နေမှန်းကို မသိဘူး…

Read More

သူတို့အိမ် အခန်း – ၂၉

      အရှေ့အိမ် ၂အိမ် ——————— ကျွန်တော်တို့ စိုင်ပြွန်ဝင်းထဲရှိ ရွာဆွေရွာမျိုးတွေက ရေစက်ရုံကြီးအနားရှိ ဦးကြီးဦးလှတင် ဒေါ်ဒေါ်လုံးတို့ လှဂုဏ်ရည် ဓာတ်ပုံတိုက်ကို အရှေ့အိမ်ဟု ခေါ်သလို ဒေါင်းရိုးထဲက ကြီးဒေါ်ဒေါ်ငွေသက် တို့ အိမ်ကိုလည်း အရှေ့အိမ်ဟုပဲ ခေါ်ကြသည်။ အရှေ့အိမ်နှစ်အိမ်ကွဲအောင်တော့ ဦးကြီးဦးလှတင်တို့ အိမ်ကို အရှေ့အိမ်ဓာတ်ပုံတိုက်ဟု ပြောလေ့ရှိသည်။ အခုပြောမှာက ဒေါင်းရိုးထဲက အရှေ့အိမ်ဖြစ်သည်။ ကျော်ကျော် (ကိုကျော်) က အရှေ့အိမ် ကြီးဒေါ် ဒေါ်ငွေသက်၏ သားဖြစ်သည်။ အရှေ့အိမ်မှာ ကြီးဒေါ်သက်နှင့် အတူ ကျော်ကျော့် သမီး ၃ယောက်ဖြစ်သော မမဝင်းကြည်၊ မမဝင်းရီ၊ မမဝင်းမာတို့ အပျိုကြီး ၃ယောက်(ထိုစဉ်က မမဝင်းကြည် အိမ်ထောင် မကျသေး) အတူနေကြသည်။ မြေးအဖွားတွေပေါ့။     မမဝင်းကြည်ကတော့ ငယ်စဉ်ကတည်းက ရန်ကုန် မော်တင် ၇လမ်းရှိ…

Read More

လူ ၂၀ လိုက်ပါသွားတဲ့ တူရကီစစ်လေယာဉ် အဇာဘိုင်ဂျန်-ဂျော်ဂျီယာ နယ်စပ်မှာ ပျက်ကျ

အန်ကာရာ၊ နိုဝင်ဘာ-၁၂-၂၀၂၅ ရတီ(VOM) လူ အယောက် ၂၀ တင်ဆောင်လာတဲ့ တူရကီစစ်ဘက်ကုန်တင်လေယာဉ်တစင်း အဇာဘိုင်ဂျန်-ဂျော်ဂျီယာနယ်စပ်အနီးမှာ ပျက်ကျသွားတယ်လို့ တူရကီကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ အရာရှိတွေက သေဆုံးသူအရေအတွက်ကို အတည်မပြုသေးပေမယ့် တူရကီသမ္မတ အာဒိုဂန်ကတော့ သူရဲကောင်းတွေအတွက် ဝမ်းနည်းကြောင်း အစောပိုင်းမှာ ထုတ်ဖော်ပြောဆိုပါတယ်။ လက်ရှိမှာတော့ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်လုပ်ဆောင်နေပါပြီ။ C-130 ကုန်တင်လေယာဉ်ဟာ အဇာဘိုင်ဂျန်ကနေ တူရကီကို ပျံသန်းလာချိန် ပျက်ကျတာလို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ အခင်းဖြစ်ပွားရာနေရာက ဓါတ်ပုံတွေမှာတော့ လေယာဉ်ရဲ့ အပျက်အစီးတွေလို့ ယူဆရတဲ့ အစိတ်အပိုင်းတွေကို ပြသထားပါတယ်။ လေယာဉ်ဟာ အရေးပေါ်အချက်ပြမှု မထုတ်ပြန်ဘဲ ရေဒါကနေ ပျောက်ကွယ်သွားတယ်လို့ ဂျော်ဂျီယာလေကြောင်းအာဏာပိုင်အဖွဲ့က ပြောပါတယ်။ လေယာဉ်ဟာ အဇာဘိုင်ဂျန်ကနေ ၅ ကီလိုမီတာလောက်အကွာရှိ ဆီဂ်နာဂီအနီးမှာ ပျက်ကျသွားတယ်လို့ ဂျော်ဂျီယာ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။ အဇာဘိုင်ဂျန်သမ္မတ အီဟမ် အလီယက်ဗ်က အာဒိုဂန်ဆီကို…

Read More

ပါကစ္စတန်မှာ တရားရုံးရှေ့ အသေခံဗုံးခွဲလို့ ၁၂ ယောက်သေပြီး ၂၇ ယောက်ဒဏ်ရာရ

အစ္စလာမ္မာဘတ်၊ နိုဝင်ဘာ-၁၂-၂၀၂၅ မျိုးဆက်(VOM) ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမာဘတ်မြို့ရှိ တရားရုံးတခုအပြင်ဘက်မှာ အသေခံဗုံးခွဲ တိုက်ခိုက်မှုတခုကြောင့် လူ ၁၂ ယောက် သေဆုံးပြီး ၂၇ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။ ဗုံးခွဲသမားတယောက်ဟာ ခရိုင်တရားရုံးကို တိုက်ခိုက်ဖို့ စီစဉ်နေပေမယ့် အထဲသို့ ဝင်ရောက်နိုင်ခြင်း မရှိဟု ပြည်ထဲရေးဝန်ကြီး မိုဆင်နာ့ဂ်ဗီက ပြောပါတယ်။ ဗုံးခွဲသမားကို ဖော်ထုတ်ဖို့ ဦးစားပေးလုပ်ဆောင်သွားမှာဖြစ်ပြီး ပါဝင်ပတ်သက်သူတွေကို အရေးယူမယ်လို့ သူက ပြောပါတယ်။ ပါကစ္စတန်ဝန်ကြီးချုပ် ရှာရစ်ဖ်ကတော့ ဒီဖြစ်စဉ်မှာ အိန္ဒိယကျောထောက်နောက်ခံပေးထားတဲ့ စစ်သွေးကြွတွေပါတယ်လို့ စွပ်စွဲထားပါတယ်။ ဒါဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေလို့ အိန္ဒိယအစိုးရ ပြောရေးဆိုခွင့်ရှိသူက တုံ့ပြန်ပါတယ်။ ပါကစ္စတန်တာလီဘန် (TTP) ရဲ့ ခွဲထွက်အဖွဲ့တခုဖြစ်တဲ့ ဂျူမတ်အာရ်ရာ အဖွဲ့လက်ချက်လို့ ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။ ဒီအဖွဲ့ကတော့ ဖြစ်စဉ်မှာ ပါဝင်ပတ်သက်တာမရှိဘူးလို့ငြင်းပါတယ်။ မကြာသေးမီနှစ်တွေအတွင်း…

Read More

ဒေလီရှိ ခံတပ်နီအနီး ကားဗုံးပေါက်ကွဲမှု လူရှစ်ယောက်သေပြီး ၂၀ ထက်မနည်း ဒဏ်ရာရ

ဒေလီ၊ နိုဝင်ဘာ-၁၁-၂၀၂၅ ရတီ(VOM) အိန္ဒိယနိုင်ငံ ဒေလီမြို့ရှိ ခံတပ်နီ အထိမ်းအမှတ်နေရာအနီးမှာ ကားဗုံးပေါက်ကွဲမှုကြောင့် လူရှစ်ယောက်သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုပြောကြားပါတယ်။ ပေါက်ကွဲမှုကြောင့် လူ ၂၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး လူဦးရေ သန်း ၃၀ နေထိုင်တဲ့မြို့မှာ ရှားရှားပါးပါး ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုလည်း ဖြစ်ပါတယ်။ ၁၇ ရာစုလက်ရာဖြစ်တဲ့ ခံတပ်နီကို ခရီးသွားထောင်ပေါင်းများစွာ နေ့စဉ်လာရောက်လည်ပတ်ကြပါတယ်။ ဒေသစံတော်ချိန် ညနေ ၆ နာရီ ၅၂ မိနစ်မှာ ဖြည်းဖြည်းချင်း မောင်းနှင်လာတဲ့ ကားတစီးဟာ မီနီမှာရပ်တန့်ပြီးနောက် ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ ဒေလီရဲမင်းကြီးကပြောပါတယ်။ အနီးအနားရှိ ယာဉ်တွေလည်း ဆိုးရွားစွာ ပျက်စီးခဲ့တဲ့လို့ ဆိုပါတယ်။ အိန္ဒိယပြည်ထဲရေးဝန်ကြီး အမစ်ရှားကတော့ ပေါက်ကွဲမှုဖြစ်ပွားရခြင်းအကြောင်းရင်းရဲ့ ဖြစ်နိုင်ခြေအားလုံးကို စုံစမ်းစစ်ဆေးနေတယ်လို့ ပြောပါတယ်။ ထိပ်တန်းလုံခြုံရေးအရာရှိတွေရဲ့ အစည်းအဝေးကို ဒီကနေ့မနက်မှာ ပြုလုပ်ဖို့ရှိနေပါတယ်။ သေဆုံးဒဏ်ရာရသူတွေနဲ့ မိသားစုတွေအတွက် လွန်စွာဝမ်းနည်းကြေကွဲကြောင်း ဝန်ကြီးချုပ်မိုဒီက…

Read More
VOM News

FREE
VIEW