မန္တလေး ၊ ဒီဇင်ဘာ -၉-၂၀၂၅ Voice Of Myanmar အစိုးရတပ်မတော်မှာ ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီးအဖြစ်ကနေ အငြိမ်းစားယူပြီး မန္တလေး အောင်မြေသာစံမြို့နယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဥ်ပြိုင်မယ့် ဦးတေဇကျော်နဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်တို့ပါတဲ့ ကိုယ်စားလှယ်လောင်းတွေဟာ မန္တလေးမှာ ပြည်ခိုင်ဖြိုးပါတီအောင်နိုင်ရေးအတွက် မဲဆွယ်ပွဲတွေ အင်နဲ့အားနဲ့ နေရာစိပ်စိပ်လုပ်လာတာတွေ့ရပါတယ်။ ဒီနေ့ ဒီဇင်ဘာ ၉ရက် နေ့ခင်းပိုင်းက မန္တလေး အောင်မြေသာစံမြို့နယ် မေဃဂီရိရပ်မှာ လူထုတွေ့ဆုံပွဲ အခမ်းအနားလုပ်ပြီး မဲဆွယ်စည်းရုံးခဲ့ပါတယ်။ ဒီအခမ်းအနားမှာ ကိုယ်စားလှယ်လောင်းတွေကို လူထုနဲ့ မိတ်ဆက်ပေးခဲ့သလို မဲပေးရမယ့်အဆင့်ဆင့်တွေရှင်းလင်းပြပြီး ဒုဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးတေဇကျော်နဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်တို့က သူတို့ နိုင်ရင်လုပ်ပေးမယ့် ကတိကဝတ်တွေကို ရှင်းပြခဲ့တာတွေ့ရပါတယ်။ အောင်မြေသာစံမြို့နယ်မှာ အမျိုးသားလွှတ်တော်အတွက် ဦးဟိန်းမင်းဦး၊ ပြည်သူ့လွှတ်တော်အတွက် ဒုဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးတေဇကျော်နဲ့ တိုင်းဒေသကြီးအတွက် လက်ရှိမန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်၊ ရှမ်းတိုင်းရင်းသားရေးရာအတွက် ဦးစိုင်းအောင်ကြည်တို့က ယှဥ်ပြိုင်ကြမှာဖြစ်ပြီး…
Read MoreDay: December 10, 2025
မန္တလေး – မြစ်ကြီးနား ကုန်ကားတွေ တိုင်းဖြတ်ကျော်ခွင့် လျှောက်ထားမှု ခွင့်ပြုချက်ကျဖို့ ကြန့်ကြာလို့ အခက်ကြုံ
ဒီဇင်ဘာ ၉ ၊ ၂၀၂၅ Shy V (VOM) မန္တလေး – မြစ်ကြီးနား ကုန်ကားတွေ တိုင်းဖြတ်ကျော်ခွင့် လျှောက်တာမှာ ခွင့်ပြုချက်ကျဖို့ ကြန့်ကြာလို့ အခက်ကြုံနေရကြောင်း လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ “မနေ့က တိုင်း Pass ကျမယ် ဆိုပြီးတော့ မကျလာဘူး။ စောင့်နေတာ ၆ ရက်လောက်ရှိပြီ။ တရက် တရက် ကား တစီးကို စားစရိတ် ငါးသောင်း လောက်ကုန်တယ်” လို့ လုပ်ငန်းရှင် တယောက်က ပြောပါတယ်။ ခါတိုင်း တိုင်းဖြတ်သန်းခွင့် စာရွက် စာတမ်း မလိုပေမယ့် ဒီတခေါက်က ပြည်တွင်းထွက်ကုန်ဖြစ်တဲ့ ဘိလပ်မြေကိုလည်း နယ်လုံ ထောက်ခံချက်နဲ့ တိုင်း/ပြည်နယ် ဖြတ်သန်းခွင့် တင်ခိုင်းတယ်လို့ သူက ပြောပါတယ်။ နယ်လုံ ထောက်ခံစာကို မြစ်ကြီးနား နယ်လုံ ဝန်ကြီးဆီက ယူရပြီး တိုင်း/ပြည်နယ်…
Read Moreပေ ၃၀၀ ခန့် ချောက်အနက်ထဲ ပြုတ်ကျသူကို ခြောက်ရက်မြောက်မှာ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့
ဒီဇင်ဘာ ၉ – ၂၀၂၅ SS (VOM) ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်မှာ ချောက်အနက် ပေ ၃၀၀ ခန့် နေရာအတွင်း ပြုတ်ကျနေသူ အမျိုးသား တယောက်ကို ခြောက်ရက်အကြာ မနေ့ ဒီဇင်ဘာ ၈ ရက်မှာ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တယ်လို့ ကျောက်မဲခရိုင် မီးသတ်ဦးစီးမှူး၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးကိုကိုဦးက ပြောပါတယ်။ အဲဒီဖြစ်စဉ်ဟာ ကျောက်မဲမြို့၊ မန္တလေး – လားရှိုး ပြည်ထောင်စု လမ်းမကြီးဘေး၊ နောင်ပြစ်ကျေးရွာ၊ ပင်ပေါအုပ်စု၊ နမ့်ဆောင်ဟောင်ချောင်း ချောက်ကမ်းပါးမှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ “သူက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်နေ့က ရှဉ့်လိုက်ဖမ်းရင်း ချောက်ထဲ ပြုတ်ကျသွားတာ။ ရွာသားတွေက လိုက်ရှာကြရင်း ဒီဇင်ဘာ ၇ ရက်နေ့မှာ ချောက်ကမ်းပါးနား ရောက်လို့ ခေါ်ကြည့်တော့မှ အောက်က…
Read More