အောင်​မြေသာစံမြို့နယ်က​နေ တိုင်း​ဒေသကြီးလွှတ်​တော် ကိုယ်စားလှယ်အဖြစ် ယှဥ်ပြိုင်မယ့် မန္တ​လေးတိုင်းဝန်ကြီးချုပ် ဦးမျိုး​အောင် ပြည်သူ​တွေရဲ့ အ​မေးကို ဒိုင်ခံ​ဖြေ

မန္တ​လေး ၊ ဒီဇင်ဘာ -၉-၂၀၂၅
Voice Of Myanmar
အစိုးရတပ်မ​တော်မှာ ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီးအဖြစ်က​နေ အငြိမ်းစားယူပြီး မန္တလေး အောင်မြေသာစံမြို့နယ်က​နေ ပြည်သူ့လွှတ်​တော်​ကိုယ်စားလှယ်​လောင်းအဖြစ် ဝင်​ရောက်ယှဥ်ပြိုင်မယ့် ဦး​တေဇ​ကျော်နဲ့ မန္တ​​လေးတိုင်းဝန်ကြီးချုပ် ဦးမျိုး​အောင်တို့ပါတဲ့ ကိုယ်စားလှယ်​လောင်း​တွေဟာ မန္တ​လေးမှာ ပြည်ခိုင်ဖြိုးပါတီ​အောင်နိုင်​ရေးအတွက် မဲဆွယ်ပွဲ​​တွေ အင်နဲ့အားနဲ့ ​နေရာစိပ်စိပ်လုပ်လာတာ​တွေ့ရပါတယ်။
ဒီ​နေ့ ဒီဇင်ဘာ ၉ရက် ​​နေ့ခင်းပိုင်းက မန္တလေး အောင်မြေသာစံမြို့နယ် ​မေဃဂီရိရပ်မှာ လူထုတွေ့ဆုံပွဲ အခမ်းအနားလုပ်ပြီး မဲဆွယ်စည်းရုံးခဲ့ပါတယ်။
ဒီအခမ်းအနားမှာ ကိုယ်စားလှယ်​လောင်း​တွေကို လူထုနဲ့ မိတ်ဆက်​ပေးခဲ့သလို မဲ​ပေးရမယ့်အဆင့်ဆင့်​တွေရှင်းလင်းပြပြီး ဒုဗိုလ်ချုပ်ကြီး (ငြိမ်း) ဦး​တေဇ​ကျော်နဲ့ ဝန်ကြီးချုပ် ဦးမျိုး​အောင်တို့က သူတို့ နိုင်ရင်လုပ်​ပေးမယ့် ကတိကဝတ်​တွေကို ရှင်းပြခဲ့တာ​တွေ့ရပါတယ်။
​အောင်​မြေသာစံမြို့နယ်မှာ အမျိုးသားလွှတ်​တော်အတွက် ဦးဟိန်းမင်းဦး၊ ပြည်သူ့လွှတ်​တော်အတွက် ဒုဗိုလ်ချုပ်ကြီး(ငြိမ်း) ဦး​တေဇ​ကျော်နဲ့ တိုင်း​ဒေသကြီးအတွက် လက်ရှိမန္တ​လေးတိုင်းဝန်ကြီးချုပ် ဦးမျိုး​အောင်၊ ရှမ်းတိုင်းရင်းသား​ရေးရာအတွက် ဦးစိုင်း​အောင်ကြည်တို့က ယှဥ်ပြိုင်ကြမှာဖြစ်ပြီး အချိုးကျကိုယ်စားပြုစနစ်အတွက် ဦးမျိုးမြင့်၊ဦး​ကျော်ဆန်းနဲ့ ဦးခင်​မောင်မြင့်တို့ ယှဥ်ပြိုင်မှာဖြစ်ပါတယ်။
#voiceofmyanmar #VOM #​အောင်​မြေသာစံ #ပြည်ခိုင်ဖြိုး #ဦး​တေဇ​ကျော် #မန္တ​လေးတိုင်းဝန်ကြီးချုပ်ဦးမျိုး​အောင် #ဦးဟိန်းမင်းဦး #ဦး​ကျော်ဆန်း

Related posts

Leave a Comment

VOM News

FREE
VIEW