ဖေဖော်ဝါရီ ၂၈၊ ၂၀၂၅ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန်တုံမြို့နယ်၊ မန်ပွန်း (ကချင်)ကျေးရွာအုပ်စု၊ မန်မောက်ရွာမှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နေ့လယ် ခန့်က KIA တပ်စခန်းကို TNLA တပ်ဖွဲ့က သွားရောက်စီးနင်းရာ TNLA တပ်ဖွဲ့ဘက်က လက်လွန် ရိုက်နှက်ထားတဲ့ KIA တပ်သား ၁၀ ယောက်ကျော်ကို အဆက်အသွယ် မရကြောင်း KIA နဲ့ နီးစပ်သူတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။ “TNLA တပ်ဖွဲ့ ရိုက်နှက် နှိပ်စက်ထားတဲ့ KIA တပ်သား ၁၁ ယောက်က သေမလား၊ ရှင်မလား တောင်မသိဘူး။ ရထားတဲ့ ဒဏ်ရာ ပြင်းထန်တယ်လို့ သိရတယ်” လို့ KIA နဲ့ နီးစပ်တဲ့ ဒေသခံ တယောက်က ပြောပါတယ်။ မန်တုံ…
Read MoreYear: 2025
လူထုကြားကအနုပညာ
ဆူးငှက် ၁၉၈၀ခုနှစ် ဝန်းကျင်ကာလများအတွင်းမှာပင် လူထုဒေါ်အမာ၏ “အငြိမ့်” ပ၊ ဒု နှစ်အုပ်တွဲနှင့် ရွှေမန်းတင်မောင် စာအုပ်များကိုဖတ်ရသည်။ ကျွန်တော်က “အငြိမ့်” ကိုပိုကြိုက်သည်။ ကျွန်တော် “အငြိမ့်” ကိုဖတ်ရတာစာအုပ်ထွက်ပြီး ၆နှစ်၇နှစ်မှ ဖြစ်သည်။ သို့သော် ကိစ္စမရှိ။ အကြောင်းအရာအချက်အလက်တိုင်းအသစ်အဆန်းချည်းဖြစ်နေသည်။ ထိုအချိန်က ကျွန်တော်တို့ကလည်းလူပျိုဖားဖားမို့ မန္တလေး၏ ဆူဖြိုးကြွယ်ဝလှသော အငြိမ့်ပွဲခင်းများဆီညစဉ်မပြတ် ရောက်ရှိကာရင်ထဲခံစားရသောမင်းသမီး၏ မျက်လွှာတစ်ပင့်အတွက် အငြိမ့်စင်ထောင့် သန်းခေါင်သန်းလွဲအထိ ရင်ခုန် ခံစားနေသော ကာလများလည်း ဖြစ်ပါ၏။ ထို့ထက် အငြိမ့်အပေါ် ပိုမိုလေးနက်စေသော အကြောင်းခြင်းရာများက ၁၉၇၀ ကျော်ဝန်းကျင် အုံနှင့်ကျင်းနှင့် ငွားငွားစွင့်စွင့် ဖူးပွင့်ခဲ့ကြသော ဟံသာဝတီစာမျက်နှာများပေါ်က မန္တလေးလူငယ် ကလောင်များသည် ရုတ်ခြည်းနေရာပျောက်ရာမှ ဝါသနာအရင်းခံနှင့် ရေမြေအရသူတို့၏ ကလောင်ဖျားက “သဘောထား” များလည်း မန္တလေးအငြိမ့်စင်များဆီ “အော်ပရာ” များအဖြစ် အပြိုင်းအရိုင်းဖူးပွင့်ဝေဆာသဖြင့် ထိုထိုပန်းပွင့်များကိုလည်း သံယောဇဉ်ကြီးစွာခံစားတက်ကြွနေခြင်းလည်း ဖြစ်သည်။…
Read Moreသပိတ်ကျင်းမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေ
ဖေဖော်ဝါရီ ၂၇- ၂၀၂၅ SS (VOM) မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ နစကတပ်နဲ့ ဒေသတွင်း လက်နက်ကိုင် ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ သပိတ်ကျင်းမြို့နယ် ၇ မိုင်နဲ့ တွင်းငယ်ရွာအနီးက တပ်မတော် လေ့ကျင့်ရေး သင်တန်းကျောင်း (တတက-၁၃) တို့မှာ တိုက်ပွဲ ဖြစ်ပွားနေတာဖြစ်ပြီး နစကတပ်အနေနဲ့ လက်လွှတ်ခဲ့ရတဲ့ ဒေသတွေကို ပြန်လည်ရယူဖို့ အပြင်းအထန် ထိုးစစ်ဆင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။ “နစကဘက်က သူတို့ ပေးလိုက်ရတဲ့ စခန်းတွေ ပြန်ရဖို့ နယ်မြေရှင်းလင်းရေးတွေ လုပ်နေတယ်။ တိုက်ပွဲတွေကတော့ နေ့တိုင်းလိုလိုကို ဖြစ်နေတာ။ ခုနောက်ပိုင်း တိုက်ပွဲဖြစ်တာ ပိုစိပ်လာတယ် ပြောရမယ်။ တတက ၁၃ တဝိုက်ဆီကနေ လက်နက်ကြီး ပစ်ခတ်သံတွေ ကြားနေရတယ်။ တိုက်ပွဲကြောင့် နေအိမ် ပျက်စီးတာတွေလည်း ရှိတယ်။ ဒေသတွင်း…
Read Moreဆူဒန်စစ်လေယာဉ်တစင်း လူနေရပ်ကွက်ပေါ်ပျက်ကျလို့ ၄၆ ယောက်သေဆုံး
ခါတွမ်၊ ဖေဖော်ဝါရီ-၂၇-၂၀၂၅ ရတီ(VOM) ဆူဒန်နိုင်ငံ အွမ်ဒါမန်မြို့ လူနေရပ်ကွက်တခုပေါ်ကို ဆူဒန်စစ်လေယာဉ်တစင်း ပျက်ကျမှုကြောင့် လူ ၄၆ ယောက်သေဆုံးပြီး ၁၀ ယောက်ဒဏ်ရာရရှိဲခဲ့တယ်လို့ ဆူဒန်နိုင်ငံပိုင် သတင်းဌာနက ဆိုပါတယ်။ အန်တိုနော့ဗ် အမျိုးအစား အဲဒီလေယာဉ်ဟာ ဝါဒီဆိုက်နာလေတပ်စခန်းမှ ပျံတက်ပြီးနောက် ပျက်ကျခဲ့တာဖြစ်ပြီး စစ်ဘက်အရာရှိတွေနဲ့ အရပ်သားတွေ သေဆုံးခဲ့ပါတယ်။ လေယာဉ်ပျက်ကျရတဲ့အကြောင်းရင်းကို ရှင်းလင်းစွာ မသိရသေးပါဘူး။ ဒါဟာနည်းပညာ ချို့ယွင်းမှုကြောင့် ဖြစ်နိုင်တယ်လို့ စစ်ဘက်တာဝန်ရှိသူတယောက် ပြောပါတယ်။ လေယာဉ်ပျက်ကျပြီးနောက် ကလေးငယ်တွေအပါအဝင် ဒဏ်ရာရသူတွေကို ဆေးရုံပို့ထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ သေဆုံးသူတွေထဲမှာ ထိပ်တန်းတပ်မှူးတယောက်လည်းပါဝင်တယ်လို့ ဆိုပါတယ်။ တောင်ဒါဖာဒေသမှ စစ်တပ်လေယာဉ်တစင်းကို ပစ်ချခဲ့တယ်လို့ အာအက်စ်အက်ဖ်ပြည်သူ့စစ်အဖွဲ့က အခိုင်အမာပြောဆိုပြီးနောက် တရက်အကြာမှာ လေယာဉ်ပျက်ကျမှု ထပ်မံဖြစ်ပွားခဲ့တာပါ။ စစ်တပ်နဲ့ ပြည်သူ့စစ်တို့အကြား အာဏာလွန်ဆွဲမှုမှ စတင်ခဲ့တဲ့ ပြည်တွင်စစ်ကြောင့် ခါတွမ်နဲ့ အွမ်ဒါမန် အပါအဝင် ဆူဒန်နိုင်ငံနေရာအနှံ့အပြားမှာတော့ လက်နက်ကိုင်းပဋိပက္ခတွေ…
Read Moreမုံရွာနယ် ဗောဓိတထောင် တိုက်ပွဲမှာ ရဲတပ်ဖွဲ့ရဲ့ လက်နက် ခဲယမ်းတွေပါဆုံးရှုံး
ဖေဖော်၀ါရီ ၊ ၂၇ ၊ ၂၀၂၅ KH(VOM) စစ်ကိုင်းတိုင်း မုံရွာခရိုင် ၊ မုံရွာမြိုနယ်ရဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ ခတက္ကန်ကျေးရွာ ၊ ဗောဓိတထောင် သာသနာ့ကုန်းမြေပေါ်မှာ တည်ရှိတဲ့ ရုပ်သံ ထပ်လွင့်စက်ရုံကို လုံခြုံရေး တာ၀န်ယူထားတဲ့ ရဲကင်းစခန်းနဲ့ ဒေသတွင်း လက်နက်ကိုင် PDF တွေ မနေ့ ဖေဖော်ဝါရီ ၂၆ရက် မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ရာ ရဲတပ်၀င် တချို့ သေဆုံး ၊ ဒဏ်ရာရပြီး ပျောက်ဆုံးနေသူလည်း ရှိတဲ့အပြင် ရဲကင်းစခန်းမှာရှိတဲ့ လက်နက်ခဲယမ်းတွေလဲ သိမ်းဆည်းခံရတယ်လို့ ရဲစခန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ် ။ ရဲစခန်းနဲ့ နီးစပ်သူတယောက်က ” ပါဆုံး ပစ္စည်းတွေက BA – 63 (G3 ) သေနတ် ငါးလက် ၊ MA – 13…
Read Moreရုရှားကို မြောက်ကိုရီးယားတပ်တွေ ထပ်မံစေလွှတ်ထားကြောင်း တောင်ကိုရီးယားထောက်လှမ်းရေး ပြော
ဆိုးလ်၊ ဖေဖော်ဝါရီ-၂၇-၂၀၂၅ မျိုးဆက်(VOM) ရုရှားကို မြောက်ကိုရီးယားတပ်တွေ ထပ်မံစေလွှတ်ထားပြီး အတိုင်းအတာဘယ်လောက်ရှိတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ တောင်ကိုရီးယားထောက်လှမ်းရေးအဖွဲ့ကို ကိုးကားပြီး ယွန်ဟတ်သတင်းဌာနက ရေးသားဖော်ပြထားပါတယ်။ နောက်ထပ်ပို့တဲ့ တပ်တွေကို ရုရှားကာ့စ်ဒေသမှာ တပ်ဖြန့်ထားတယ်လို့ ဆိုပါတယ်။ ရုရှားအနောက်ပိုင်း အဲဒိဒေသမှာ နယ်စပ်ဖြတ်ကျော်တိုက်ခိုက်နေတဲ့ ယူကရိန်းတပ်တွေနဲ့ ရုရှားတို့အကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ မြောက်ကိုရီးယားတပ်ဖွဲ့ဝင် တသောင်းကျော်ကို ယခင်ကလည်း ရုရှားကို စေလွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားထောက်လှမ်းရေးက ပြောဆိုထားပါတယ်။ အနောက်နိုင်ငံကျွမ်းကျင်သူတွေကတော့ ရုရှားဟာ မြောက်ကိုရီးယားရဲ့ လက်နက်တွေကိုလည်း အသုံးပြုနေတယ်လို့ ဆိုကြပါတယ်။ ယခင်စေလွှတ်လိုက်တဲ့ မြောက်ကိုရီးယားတပ်ဖွဲ့တွေ ထိခိုက်သေဆုံးမှုများခဲ့ပြီးနောက် ကာ့စ်ဒေသကနေ ရုပ်သိမ်းမှုတွေရှိခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့်လည်း တခြားထိခိုက်မှု အနည်းဆုံးပုံစံနဲ့ မြောက်ကိုရီးယားတပ်ဖွဲ့တွေကို စစ်မြေပြင်မှာ ရုရှားက ပြန်လည်အသုံးပြုလာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။ ရုရှားအတွက် လက်နက်တွေပံ့ပိုးပေးနေတယ်ဆိုတာကိုတော့ မြောက်ကိုရီးယားက ဝန်ခံခြင်းမရှိပါဘူး လက်ရှိမှာတော့ ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က…
Read Moreရန်ကုန် – မန္တလေး လမ်းဟောင်းရှိ နစကဂိတ်စခန်း ခုနစ်ခု တိုက်ခိုက်ခံရ
ဖေဖော်ဝါရီ ၂၇ – ၂၀၂၅ SN (VOM) ပဲခူးတိုင်း၊ ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်ရှိ နစကဂိတ်စခန်း ခုနစ်ခု ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်နဲ့ ၂၆ ရက်နေ့တွေမှာ တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ဖြူးမြို့နယ်အတွင်း ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်ရှိ နစကတပ်ဖွဲ့တွေ အခြေချ တပ်စွဲထားတဲ့ ဂိတ်စခန်းတွေကို ဒေသတွင်း လက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ “ဖေဖော်ဝါရီ ၂၅ ရက်နေ့၊ ည ၁၀ နာရီလောက်ကစပြီး မီးရထားသံလမ်းနားက နစက ဂိတ်စခန်းတွေ အားလုံး တပြိုင်နက်တည်း တိုက်ခိုက်ခံခဲ့ရတာပါ။ ၂၆ ရက်နေ့ ၊ နေ့လယ်ပိုင်းအထိ တိုက်ပွဲ ပြင်းထန်ခဲ့တာ။…
Read Moreတက်စ်မန်ပင်လယ်မှာ စစ်ရေးလေ့ကျင့်မှု နိုင်ငံတကာဥပဒေနဲ့ညီတယ်လို့ တရုတ်စစ်တပ်ပြော
ပေကျင်း၊ ဖေဖော်ဝါရီ-၂၇-၂၀၂၅ ရတီ(VOM) ဩစတြေးလျနဲ့ နယူးဇီလန်အကြား တက်စ်မန်ပင်လယ်မှာ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ တရုတ်ရေတပ်ရဲ့ ကျည်အစစ်တွေနဲ့ စစ်ရေးလေ့ကျင့်မှုဟာ နို်ငငံတကာဥပဒေတွေကို ကိုက်ညီတယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူက ပြောပါတယ်။ နိုင်ငံတကာရေပိုင်နက်မှာ စစ်ရေးလေ့ကျင့်မှုနဲ့ပတ်သက်ပြီး လုံလောက်တဲ့ သတိပေးမှုတွေ မပြုလုပ်ခဲ့တာကြောင့် ဩစတြေးလျနဲ့ နယူးဇီလန် ခရီးသည်တင်လေကြောင်းလိုင်းတွေရဲ့ ခရီးစဉ်တွေလမ်းကြောင်း ပြောင်းခဲ့ရပြီးနောက် တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ၀ူကျန်းက အခုလို ပြောဆိုလိုက်တာပါ။ တရုတ်နိုင်ငံပိုင် သတင်းဌာနရဲ့ ဖော်ပြချက်အရ Type 05 ဖျက်သင်္ဘောတစင်း၊ Type 054 ဖရီးဂိတ်စစ်သင်္ဘောတစင်းနဲ့ ထောက်ပံ့ရေးသင်္ဘောတစင်းတို့ဟာ တက်စ်မန်ပင်လယ်မှာ စစ်ရေးလေ့ကျင့်ခဲ့တယ်လို့ ဆိုါပတယ်။ စစ်ရေးလေ့ကျင့်မှု အတိုင်းအတာကို တိကျစွာဖော်ပြမထားပေမယ့် တရုတ်ရဲ့ အဆင့်မြင့်ဆုံး ဖျက်သင်္ဘော Type 005 ပေါ်ကနေ ကျည်အစစ်တွေပစ်ခတ်နေတဲ့ပုံတွေကို ထုတ်ပြန်လာပြီး ခရုဇ်ဒုံးကျည်တွေ ပစ်ခတ်မှုလုပ်လားဆိုတာတော့ ရှင်းလင်းစွာ မသိရပါဘူး။ တရုတ်စစ်သင်္ဘောသုံးစင်းဟာ…
Read Moreကန့်ဘလူနယ်မှာ ကျောင်းထိုင်ဆရာတော် တပါး အသတ်ခံရ
ဖေဖော်၀ါရီ ၊၂၇ ၊၂၀၂၅ KH ( VOM) စစ်ကိိုင်းတိုင်း ၊ကန့်ဘလူမြို့နယ် ဆားကျင်းကျေးရွာမှာ ဒီကနေ့ မနက် ၆ နာရီ၀န်းကျင်ခန့်က ရွာဦးကျောင်းဆရာတော်ကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့ တဖွဲ့က ကျောင်းထဲကို ၀င်ရောက်ပြီး သတ်ဖြတ်သွားတယ်လို့ ဆားကျင်းကျေးရွာ ဒေသခံတွေဆီက သိရပါတယ်။ “ရွာဦးကျောင်းက ဘုန်းကြီးကို ဓားနဲ့ ခေါင်းကို ခုတ်သတ်သွားတယ် ၊ နောက်ပြီး ရွာထဲက လူနေအိမ် တလုံးကိုလည်း မီးရှို့ဖျက်ဆီးသွားတယ် ” လို့ ဆားကျင်းရွာခံတယောက်ကပြောပါတယ် ။ ဒါ့အပြင် အသတ်ခံရတဲ့ ရွာဦးကျောင်း ဘုန်းတော်ကြီးက သက်တော် ၈၅ နှစ် ၊ ၀ါတော် ၄၅ ၀ါရှိပြီးဘွဲ့တော်မှာ ဥူးနန္ဒိယ ဖြစ်တယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်းထဲမှာ ပြီးခဲ့တဲ့ ၄ နှစ်တာကာလအတွင်းမှာ လုပ်ကြံသတ်ဖြတ်ခံရတဲ့ ဆရာတော် သံဃာတော်…
Read Moreနေခြည်နဲ့အသား၊ ရွှေရည်နဲ့ပတ္တမြား
”လက်ရည်တစ်ပြင်တည်း .. နှီးဒေါင်းလန်းတွေနဲ့ ဝိုင်းဖွဲ့ကာ စားကြသည်ရှင်။ မြမဒီခင် … ခပ်ငယ်ငယ် …၊ တေးဆိုကြ ..၊ မြူးပျော်ကြ …” အပြာရင့်ရောင် နောက်ခံ ပိတ်ကားကြီးအလယ်မှာ ‘မြို့မ’ ဆိုတဲ့ အဝါရောင်တံဆိပ်ကြီးက ထင်းနေတယ်။ ရှေ့ကစင်ပေါ်မှာ အနိမ့်အမြင့်ပြင် ဆင်ထားတဲ့ ခုံပေါ်၊ နီကယ်ရောင်လက်နေတဲ့ ှအညေိ လေးတွေရှိတယ်။ ဒီအညေိ မှာလည်း ‘မြို့မ’ဆိုတဲ့ လိုဂိုတွေချိတ်ဆွဲထားရဲ့။ ဖိတ်ဖိတ်လက် နေတဲ့ တူရိယာပစ္စည်းတွေက ဆလိုက်မီးရောင် တွေအောက်မှာ စုန်းတောက်စားသလို ကွန့်မြူး နေကြတယ်။ တစ်ဖက်က ကျုံးကမ်းစပ်မှာ မီးသီး ရောင်စုံတွေက သူတို့အရိပ်တွေကို ကျုံးရေပြင် ထဲငုံ့ကြည့်လို့ မှိတ်တုတ်မှိတ်တုတ်။ တစ်ဖက်က မြို့ရိုးကြီးပေါ်မှာတော့ သူရဲခိုကလနားတစ်လျှောက် ၄ဝ ဝပ်မီးလုံးဝါတွေက ပုတီးသီလို သူရဲခိုတစ်လုံး မှာ ကြယ်ခြောက်ပွင့်ပါ ပြည်ထောင်စုအလံတွေက တလူလူလွင့်နေတယ်။…
Read More