ခရီးသွားဒေသ အများစု အားလပ်ရက်အတွက် ဟိုတယ်ဘိုကင် ထင်သ​လောက် မရသေး

ဇန်နဝါရီ ၂၈ – ၂၀၂၆ SN (VOM) လာမယ့် ဖေဖော်ဝါရီလ ပြည်ထောင်စုနေ့နဲ့ တရုတ်နှစ်သစ်ကူး ရုံးပိတ်ရက်ရှည် ကလအတွက် ခရီးသွားဒေသ အများစုမှာ ဟိုတယ်ဘိုကင်တွေ မပြည့်သေးဘူးလို့ ဟိုတယ်လုပ်ငန်းရှင်တွေနဲ့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။ ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့) ကစပြီး ဖေဖော်ဝါရီ ၁၇ ရက် (တရုတ်နှစ်သစ်ကူးနေ့) အထိ ခြောက်ရက်တာ တဆက်တည်း ပိတ်ရက်တွေ ရှိနေတာဖြစ်ပြီး အဲဒီ ပိတ်ရက်တွေအတွက် ပုဂံ၊ ချောင်းသာ၊ ငွေဆောင်၊ ရွှေသောင်ယံ၊ ပြင်ဦးလွင်၊ ကလော၊ အင်းလေး အစရှိတဲ့ ခရီးသွားဒေသတွေက ဟိုတယ်တွေမှာ လက်ရှိအချိန်အထိ အခန်းတွေ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်လို့ ပုဂံဒေသရှိ ဟိုတယ်လုပ်ငန်း လုပ်ကိုင်သူတယောက်က “ဟိုတယ် တော်တော်များများကတော့ အခုအချိန်အထိ ဘိုကင် မပြည့်သေးပါဘူး။ အခန်းတွေ…

Read More

ရွှေပြည်သာ အထက ၁ ကျောင်းမှာ ကျောင်းသားချင်းရန်ဖြစ်ရာက Grade7 ကျောင်းသား သေဆုံး

ဇန်နဝါရီ ၂၈ ၊ ၂၀၂၆ GG (VOM) ရန်ကုန် ၊ ရွှေပြည်သာမြို့နယ် အ.ထ.က ၁ ကျောင်းမှာ ကျောင်းသားအချင်းချင်း ရန်ဖြစ်စကားများပြီး ထိုးကြိတ်ရာကနေ Grade 7 ကျောင်းသားသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံဆီက စုံစမ်းသိရှိရ ပါတယ်။ မနေ့က ဇန်နဝါရီ ၂၇ ရက်နေ့ ၊ နေ့လယ် မုန့်စားကျောင်းဆင်းချိန်မှာ Grade 8 ကျောင်းသားနဲ့ Grade 7 ကျောင်းသားတို့ ကျောင်းဝန်းအတွင်း ရန်ဖြစ်ရင်းကနေ G7 ကျောင်းသားမှာ လက်သီးနဲ့ ထိုးခံရပြီးနောက် နေရာမှာပဲ လဲကျသေဆုံးသွားတာ ဖြစ်တယ်လို့ စုံစမ်းသိရှိ ရပါတယ်။ ” မနေ့က နေ့လယ်က သတင်းကြားတယ် ။ နည်းနည်းလေး ထပ်အစ်လိုက်တော့မှ ထိုးကြတာလို့ ပြောတယ်။ ပထမ တယောက် အရွယ်မမျှလို့ဆိုပြီး လူချိန်းပြီး ထိုးခိုင်းတာ။…

Read More

လားရှိုးမှာ ဆရာတော်တပါး လုပ်ကြံခံရပြီး ပျံလွန်တော်မူ

ဇန်နဝါရီ ၂၈-၂၀၂၆ NN(VOM) လားရှိုးမြို့ အမှတ် ၄ ရပ်ကွက်မှာရှိတဲ့ မဟာဗောဓါရုံကျောင်းတိုက်က ဆရာတော်တပါး လုပ်ကြံခံရပြီး ပျံလွန်တော်မူသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဇန်နဝါရီလ ၂၈ ရက် မနက်ပိုင်း ၆ နာရီလောက်မှာ ဆွမ်းကပ်မယ်ဆိုပြီး အမျိုးသားနှစ်ယောက် ရောက်လာပြီး လုပ်ကြံသတ်ဖြတ်သွားတာလို့ သိရပါတယ်။ “မနက်ပိုင်း ဆရာတော် လမ်းလျှောက်နေတုန်း ဆိုင်ကယ်နဲ့ ကောင်လေးနှစ်ယောက် ရောက်လာတယ်။ ဆွမ်းကပ်မယ်ဆိုပြီး ချိုင့်နဲ့လာတာ။ ဆရာတော်က လမ်းလျှောက်နေတာဆိုတော့ ကျောင်းမှာ မရှိဘူး။ အဲ့ဒါနဲ့ ကျောင်းက ဆရာ တော် တပါးက ဖုန်းဆက်ပေးလိုက်တော့ ဆရာတော် ပြန်ရောက်လာတယ်။ ဖုန်းဆက် ပေးတဲ့ ဆရာတော်လည်း သူ့ဒကာတွေပါပဲဆိုပြီး ထားခဲ့တယ်။ နောက်မှ မနက်ဆွမ်းကပ်နေကြ ဒကာတစ်ယောက် ထပ်ရောက်လာတဲ့အချိန် မှ ဆရာတော် အသတ်ခံထားရတာ သိရတာ”လို့ ဖြစ်စဉ်အခြေအနေသိရှိတဲ့ လားရှိုးမြို့ခံတ​ေယာက်ကပြောပါတယ်။ ဆရာတော်ရဲ့…

Read More

Mytel ၊အင်းဝဘဏ်၊ မြဝတီဘဏ် အပါအဝင် လူမှုကွန်ရက်စာမျက်နှာ အကောင့် စုစုပေါင်း ၂၇၀ ကို Facebook ကနေ ဖယ်ရှား

ဇန်နဝါရီ ၂၈ ၊ ၂၀၂၆ GG (VOM) Mytel အပါအဝင် လူမှုကွန်ရက်စာမျက်နှာတွေ ၊ ဂရုတွေနဲ့ ပရိုဖိုင်း အကောင့် စုစုပေါင်း ၂၇၀ ကို Facebook ကနေ ဖယ်ရှားလိုက်တယ်လို့ Justice For Myanmar က ဇန်နဝါရီ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်မှု အရသိရပါတယ်။ Facebook ကနေ ဖယ်ရှားခံလိုက်ရတဲ့ အကောင့်အများစုဟာ မိုင်တဲလ်ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေကို ရောင်းချနေတဲ့ အကောင့်တွေ ဖြစ်ပြီး၊ ကျန်အကောင့်တွေကတော့ အစိုးရတပ် စီးပွားရေးလုပ်ငန်းစုကြီးတွေ ဖြစ်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) တို့ရဲ့ ကုမ္ပဏီခွဲတွေ ၊ လုပ်ငန်းအမှတ်တံဆိပ်တွေနဲ့ ဆက်စပ်အကောင့်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီထဲမှာ တယ်လီကွန်းကွန်ရက် MECtel၊ အင်းဝဘဏ်နဲ့ မြဝတီဘဏ်၊ ဆင်မင်းဘိလပ်မြေ၊ မြန်မာဘီယာ…

Read More

အမြန်လမ်းမှာ ယာဥ်တစီးကို ခရီးသည်နဲ့ ကုန်ပစ္စည်း (၂၃) တန်အထိသာ ဖြတ်သန်းခွင့်ပြု

ဇန်နဝါရီ ၂၈ – ၂၀၂၆ SS (VOM) ဆွာချောင်း ယာယီဘေလီတံတားရဲ့ ခံနိုင်ဝန်အား ကန့်သတ်ချက်ကြောင့် အမြန်လမ်း အသုံးပြုနေတဲ့ ယာဉ်တွေကို ၂၃ တန်အထိသာ အများဆုံး သယ်ဆောင်ဖို့ ခွင့်ပြုထားတယ်လို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က အသိပေး ထုတ်ပြန်ထားပါတယ်။ ငလျင်ကြောင့် ပျက်စီးသွားတဲ့ ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးပေါ်က ဆွာချောင်းတံတား အသစ်တည်ဆောက်ခြင်း ပြီးစီးတဲ့အထိ အမြန်လမ်းတိုးဂိတ် ကတ္တားတွေမှာ ခရီးသည်တင် မှန်လုံယာဉ်ကြီးတွေနဲ့ ခွင့်ပြု ကုန်စည်တင်ယာဉ်တွေကို ယာဥ်၊ ခရီးသည်နဲ့ ကုန်ပစ္စည်း စုစုပေါင်း ၂၃ တန် အထိသာ အများဆုံး သယ်ဆောင်ခွင့် ပြုထားတယ်လို့ သိရပါတယ်။ အဲဒီလမ်းပိုင်း အခြေအနေနဲ့ ပတ်သက်လို့ ယာဉ်မောင်းတယောက်က “အမြန်လမ်းမှာ ၁၁၅ မိုင်ကျော်ရင် လမ်းမကောင်းပါဘူး။ ဆွာချောင်းတံတား ဝန်းကျင်က တော်တော်ကို…

Read More

ပြည်တွင်းရွှေဈေး တရက်တည်း ကျပ် ခုနစ်သိန်းနီးပါး ခုန်တက်

ဇန်နဝါရီ ၂၈ – ၂၀၂၆ SN (VOM) ကမ္ဘာ့ရွှေဈေး ထပ်မံ စံချိန်ချိုး မြင့်တက်လာမှုနဲ့အတူ လက်ရှိမှာ ပြည်တွင်းရှိ ပြင်ပ ရွှေဈေးဟာလည်း တရက်အတွင်း ကျပ် ခုနစ်သိန်းနီးပါး ခုန်တက်လာပြီး ကျပ် တရာတဆယ့်နှစ်သိန်း လေးသောင်းဝန်းကျင်ကို ရောက်ရှိနေတယ်လို့ ဈေးကွက်အတွင်းက စုံစမ်း သိရှိရပါတယ်။ လက်ရှိမှာ ကမ္ဘာ့ရွှေဈေးဟာ တအောင်စ ဒေါ်လာ ၅၂၇၄ ဝန်းကျင်ကို ရောက်ရှိနေတာဖြစ်ပြီး တရက်အတွင်း တအောင်စ ဒေါ်လာ ၂၀၀ ကျော် ထပ်မံ မြင့်တက်လာတာကို တွေ့ရပါတယ်။ “ကမ္ဘာ့ရွှေဈေးက ဆက်တက်နိုင်ခြေ ရှိနေသေးတယ်။ လက်ထဲ ရှိတဲ့သူတွေကတော့ ဒီအချိန်မှာ အရောင်းအဝယ် မလုပ်တော့ဘဲ ရေရှည် စုဆောင်းနိုင်ရင် အကောင်းဆုံးလို့သာ မြင်ပါတယ်။ ဈေးကွက်က အတက်ဘက်ကို အားကောင်းနေတဲ့အတွက် အရောင်းအဝယ် လုပ်မယ့်သူတွေ အထူးသတိထားရမယ့် အချိန်ပါ” လို့…

Read More

အသက် ၃၅ နှစ်အောက်တွေကို PJ ကနေ PV ပတ်စ်ပို့ ပြောင်းလဲမှု ရပ်ဆိုင်းထား

ဇန်နဝါရီ ၁၅ – ၂၀၂၆ SN (VOM) အသက် ၃၅ နှစ်အောက် လူငယ်တွေကို PJ (အလုပ်နိုင်ငံကူးလက်မှတ်) ကနေ PV (အလည်အပတ် နိုင်ငံကူးလက်မှတ်) ပြောင်းလဲ လျှောက်ထားခွင့် ရပ်ဆိုင်းထားတယ်လို့ နိုင်ငံကူးလက်မှတ် ဝန်ဆောင်မှုပေးနေသူတွေနဲ့ ပတ်စ်ပို့ သွားရောက် လုပ်ကိုင်ခဲ့သူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နေ့ကစပြီး ရုတ်တရက် ရပ်ဆိုင်းလိုက်တာ ဖြစ်ကာ ဒီအကြောင်းနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးရဲ့ အင်တာနက်စာမျက်နှာမှာ တရားဝင် ထုတ်ပြန်တာ မရှိသေးသလို လက်မှတ်ထုတ်ပေးရေး ရုံးမှာလည်း စာကပ်ပြီး ကြေညာထားခြင်းမျိုး မရှိဘူးလို့ သိရပါတယ်။ “ဘာအတွက် ပိတ်တာလဲတော့ မသိဘူး။ ရုံးကို မေးကြည့်တော့လည်း အကြောင်းပြချက် ဘာမှမပြောဘူး။ စာထုတ်မယ်လို့တော့ သတင်းရတယ်။ ဒါကလည်း မသေချာသေးဘူး။ အခု ပိတ်တာကို ဘယ်တော့…

Read More

ရွေးကောက်ပွဲ ကျင်းပနေတဲ့ ဖားကန့်မြို့ပေါ်မှာ ပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေဖြစ်

ဇန်ဝါရီ ၂၅ ၊ ၂၀၂၆ GG (VOM) အပိုင်း ၃ ရွေးကောက်ပွဲ ကျင်းပနေတဲ့ ဖားကန့်မြို့ပေါ်မှာ ဒီကနေ့ မနက်ပိုင်းကစပြီး အပြန်အလှန်ပစ်ခတ်မှုတွေ နဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုတွေ ဖြစ်ပွားနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ဖားကန့်မြို့ပေါ်က ရွေးကောက်ပွဲ ကျင်းပနေတဲ့ ငှက်ပျောတောရပ်ကွက် မဲရုံအနီးရှိ KBZ ဘဏ်အနီးကို လက်နက်ကြီးကျ ရောက်ပေါက်ကွဲခဲ့သလို မြို့မ ရပ်ကွက် ၊ ကလပ်ကုန်းအပေါ်ပိုင်းမှာလည်း နေအိမ်ပေါ်ကို လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။ ” ဆူညံနေပြီ ။ ပစ်နေကြတယ်။ မြို့ပေါ်ပစ်နေတာ ။ ပစ်လိုက် နားလိုက်ပစ်နေကြတာ။ လက်နက်ကြီးတွေလည်း ကျရောက်ပေါက်ကွဲတာရှိနေတယ် ။မြို့ထဲက ကလပ်ကုန်းပေါ်ကျတာကတော့ မိသားစုတွေ ဘေးကင်းတယ်သိရတယ် ။ ” လို့ ဖားကန့် မြို့ခံကပြောပါတယ်။ ဒါအပြင် ရွေးကောက်ပွဲ…

Read More

မြိတ်မှာ အုပ်ချုပ်ရေးမှူးရုံးဘေး အဆောက်အဦ မီးလောင်လို့ ယာယီချုပ်ထားတဲ့ အချုပ်သားသေဆုံး

ဇန်နဝါရီ ၂၈ ၊ ၂၀၂၆ CC (VOM) တနင်္သာရီတိုင်း ၊ မြိတ်မြို့နယ်၊ ကျွဲကူးကျေးရွာ၊ အဏ္ဏဝါရပ်ကွက်ရှိ အုပ်ချုပ်ရေးရုံးဘေးမှာရှိတဲ့ သမဝါယမ နှစ်ထပ်အဆောင် မီးလောင်မှု ဖြစ်ပွားပြီး ယာယီချုပ်ထားတဲ့ အချုပ်သား တယောက်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ် ။ “သမအဆောင် အောက်ထပ်မှာက ဆိုင်နှစ်ဆိုင်ရှိပါတယ် ။အပေါ်ထပ်မှာက ဘာမှမရှိလို့ အချုပ်သားထားတာ ။ အချုပ်သားက ပိန္နဲတောင် ရွာသားလို့ ပြောသံကြားတယ် ။ဘာအမှုလဲတော့သေချာမသိဘူး ။အဲဒီနေရာက အနီးနားက အချုပ်သားတွေကို ယာယီထားတဲ့နေရာပါ။ ” လို့ ဖြစ်စဥ်သိတဲ့ ဒေသခံကပြောပါတယ်။ ဒီကနေ့ ဇန်နဝါရီ ၂၈ ရက်နေ့ ၊ မွန်းလွဲပိုင်း ၂ နာရီ ၈ မိနစ်လောက်မှာ မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး ၊ မီးလောင်မှုကြောင့် အပေါ်ထပ်မှာ အချုပ်ချထားတဲ့ အမျိုးသား တယောက် မီးလောင်သေဆုံးခဲ့ရတာ…

Read More

သူတို့အိမ် အခန်း – ၄၂

  ဆူးငှက် ချစ်သူလေးရဲ့ ပြန်စာ ———————— ငံပြာရည် ဝင်းပေါက် ပွဲရုံက သူကလေးကို မနေ့ညက စာခေါက်လေး ပစ်ပေးခဲ့ပြီး မနက် ကျောင်းသွားတော့ ကျွန်တော်နှင့် သန်းလွင် ဟိုနှစ်ယောက်မသိအောင် ခေါင်းချင်းဆိုင် တွတ်ထိုးကြသည်။ ကျောင်းသို့ ခြေကျင်သွားကြတော့ ထုံစံအတိုင်း ဘဲဥချောချောလေးရှေ့ ဖြတ်ပြီး ကျွန်တော်တို့ နှစ်ယောက်က ဖိနပ်ပဲ ခေါင်ပြုတ်သလိုလို၊ သဲကြိုးပဲ ပြတ်သလိုလို မူယာမာယာများပြီး ဟိုနှစ်ယောက်ကို ရှေ့က သွားစေကာ ကျွန်တော်တို့က နောက်ချန်ရင်း ရင်တွင်း စကားတွေ ပြောကြသည်။ သန်းလွင်ကတော့ ဒီလို အကြံပေးသည်။ ဒီနေ့ည မင်း အိမ်တွင်း အောင်းလိုက်ကွ၊ သူက စာဖတ်ပြီးတော့ တခုခု ပြောချင်တောင်မှ မင်းက မလာတော့ သူက ဘာများဖြစ်လို့ မလာတာလဲ၊ ရှက်သွားတာလား၊ ကြောက်သွားတာလား ဘာညာပေါ့ကွာ၊ အဲ့ဒီတော့ သူက…

Read More
VOM News

FREE
VIEW