ဖေဖော်ဝါရီ၁၀-၂၀၂၆
KKL(VOM)
မီးရထားလက်မှတ်ကို အွန်လိုင်းစနစ်နဲ့ဝယ်ယူမှုကနေ မှောင်ခိုရောင်းဝယ်မှုတွေ မရှိနိုင်ဘူးဆိုတဲ့အကြောင်းနေပြည်တော် ပျဥ်းမနားဘူတာ ရုံပိုင်ကြီးဦးကျော်မိုးလွင်က ပြောပါတယ်။
ဒီကနေ့ မနက် မနေ့က ပျဥ်းမနားဘူတာမှာ မနေ့က အင်တာနက်လိုင်းတွေအခက်အခဲရှိခဲ့လို့ ဘူတာဝန်ထမ်းတွေနဲ့ခရီးသည်တွေ အခက်ကြုံခဲ့ရတဲ့ကိစ္စကိုသွားမေးတဲ့အချိန်မှာ ရုံပိုင်ကြီးက မရှိနိုင်တဲ့အကြောင်း ဖြေကြားခဲ့တာဖြစ်ပါတယ်။
“အဲ့ဒီအခြေအနေက မရှိနိုင်သေးဘူး ပြောရရင် လေယာဥ်လက်မှတ်ကျတော့ ကျွန်တော်တို့လောက်လည်းမများတာလည်းပါသလို လေယာဥ်ဆိုတာက အဆင့်မြင့်တဲ့သူတွေပဲစီးကြတာပါ လေယာဥ်ကျတော့ ခရီးသည်ကနည်းတယ်လေကျွန်တော်ကို့က မြန်မာတစ်နိုင်ငံလုံးဆိုတော့ ခရီးသည်ကများတယ် အခုမီးရထားလက်မှတ်က ဟိုတုန်းကထည်းက ပြင်ရာဖျက်ရာမရှိရဘူးလို့ဆိုထားတယ် မီးရထားမထွက်ဖြစ်ဘူးဆိုရင် ငွေပြန်အမ်းပေးတယ် လက်မှတ်ဝယ်ပြီးမစီးဖြစ်ဘူးဆိုရင်တော့ပြန်အမ်းမပေးတော့ဘူး။ နောက်ဆိုရင်ဖြစ်ကောင်းဖြစ်သွားနိုင်ပေမယ့် လက်ရှိအခြေအနေကတော့မဖြစ်နိုင်သေးဘူး ကျွန်တော်တို့က ဒီစနစ်ကိုဖြစ်လာအောင်အခုမှ အခြေပြုတာဖြစ်တဲ့အတွက် လက်ရှိတော့ နာမယ်ပြောင်းပေးတို့ ရက်ပြောင်းပေး မှတ်ပုံတင်ပြောင်းပေးတို့က မဖြစ်နိုင်သေးဘူး။ လက်မှတ်ကခရီးသည်တစ်ယောက်ကိုရောင်းပြီးသွားရင် နောက်ခရီးသည်တစ်ယောက်ကို ရောင်းလို့မရဘူး အဲ့ဒီလက်မှတ်နဲ့လည်း နောက်ခရီးသည်ကိုပြောင်းပေးလို့မရဘူး တကယ်လို့ပြောင်းပေးမယ်ဆိုရင်တော့ မှောင်ခိုတွေပါလာမယ် ဒီလူမလိုက်ဖြစ်ပါဘူး ဒီလူကိုပြောင်းပေးပါဆိုရင်လက်မှတ်မှောင်ခိုကိစ္စတွေပေါ်လာနိုင်မယ် လက်ရှိတော့အွန်လိုင်းကနေ စပြီးလုပ်ဆောင်နေတာလည်းဖြစ်တဲ့အပြင်ခုနက ကျွန်တော်ပြောခဲ့တဲ့ အချက်အလက် တွေကြောင့် အွန်လိုင်းစနစ်နဲ့ ရထားလက်မှတ်ဝယ်ယူတာနဲ့ပတ်သက်လို့ လက်မှတ်မှောင်ခိုရောင်းဝယ်တာတွေမဖြစ်နိုင်သေးပါဘူး” လို့ ပျဥ်းမနားဘူတာက ရုံပိုင်ကြီးက ရှင်းပြခဲ့ပါတယ်။
အွန်လိုင်းကလက်မှတ်ဝယ်ယူနိုင်တဲ့အတွက် အခုလက်ရှိကြားသိနေရတဲ့ လေယာဥ်လက်မှတ် ကြိုဝယ်ယူပြီးတော့ စီးနင်းရမယ့် ရက်မတိုင်မှီ စျေးနှုန်းပြောင်းလည်း သတ်မှတ်မှုပြုလုပ်ရောင်းချပြီး သက်ဆိုင်ရာဌာနကသူတွေနဲ့ နာမည်နဲ့မှတ်ပုံတင်ကို အခကြေးငွေနဲ့ ပြောင်းလည်းပေးတာတွေကြားသိနေရတဲ့အတွက် အခုမီးရထားလက်မှတ်အွန်လိုင်းဝန်ဆောင်မှုကနေ မှောင်ခိုရောင်းချတဲ့ကိစ္စတွေ ဖြစ်ပေါ်လာဖို့ ရှိနိုင်သလား ဆိုတဲ့ VOM ရဲ့မေးမြန်းမှုကို ပျဥ်းမနား ဘူတာက ရုံပိုင်ကြီး ဦးကျော်မိုးလွင်က ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
