မန္တလေးတိုင်း (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့

မန္တ​လေး၊ ဖေဖော်ဝါရီ- ၁၂-၂၀၂၆
Voice Of Myanmar
၂၀၂၆ ခုနှစ်အတွက် မန္တလေးတိုင်းအစိုးရအဖွဲ့က ကြီးမှူးကျင်းပတဲ့ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို မန္တလေး ချမ်းမြသာစည်မြို့နယ်မှာရှိတဲ့ မန္တလာသီရိအားကစားကွင်းမှာကျင်းပခဲ့ပါတယ်။
မန္တလေးတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်က နိုင်ငံတော်ယာယီသမ္မတ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပေးပို့တဲ့ ၇၉ နှစ်မြောက်ပြည်ထောင်စုနေ့သဝဏ်လွှာကိုဖတ်ကြားခဲ့ပါတယ်။
ဒီအခမ်းအနားမှာ မန္တလေးတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေနဲ့အတူ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ နိုင်ငံရေးပါတီတွေက ဖိတ်ကြားထားသူတွေနဲ့အတူ တိုင်းရင်းသားပေါင်းစုံတက်ရောက်ခဲ့ပါတယ်။
အခမ်းအနားအပြီးမှာ တိုင်းရင်းသားဒေသအလိုက် စီစဥ်ထားတဲ့ စတုဒီသာတွေကို ကျွေးမွေးတာ၊ အားကစားပြိုင်ပွဲတွေနဲ့ ပျော်ပွဲရွှင်ပွဲတွေကျင်းပတာ တွေ့ရပါတယ်။
ရိုက်ကူးတည်းဖြတ် – ရှိုင်းအောင် (VOM)

Related posts

Leave a Comment

VOM News

FREE
VIEW