နေပြည်တော်၊ မတ် ၁၃ – ၂၀၂၆
KKL(VOM)
ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့ဆိုတာ အပစ်ခတ်ရပ်စဲရေး တခုထဲကိုသာမက လက်နက်ကိုင် ပဋိပက္ခတွေရဲ့ ဇစ်မြစ်ကိုပါ ဖြေရှင်းနိုင်အောင် ကြိုးစားကြရမှာ ဖြစ်တဲ့အတွက် နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းကြရမှာဖြစ်တယ်လို့ နေပြည်တော်မှာ ကျင်းပပြုလုပ်နေတဲ့ မြန်မာ့မျက်နှာစာသစ်ဖိုရမ် ဖွင့်ပွဲ အခမ်းအနားမှာ ယာယီသမ္မတ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။
မြန်မာ့မျက်နှာစာသစ်ဖိုရမ် ကို မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative)က ဦးဆောင်ပြီးနေပြည်တော်မှာ ဒီကနေ့ မတ်လ ၁၃ ရက်နေ့မှာ စတင်ကျင်းပပြုလုပ်တဲ့အခမ်း အနားကို နေပြည်တော်က MICC I မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်း ဗဟိုဌာနမှာ ကျင်းပခဲ့ပြီး နိုင်ငံတော် ယာယီသမတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက် ဖွင့်လှစ်ခဲ့ပါတယ်။
အဲ့ဒီအခမ်းအနားမှာ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ” ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့ အပစ်အခတ်ရပ်စဲရေးတခုတည်းသာမက လက်နက်ကိုင် ပဋိပက္ခတွေကို ဖြေရှင်းနိုင်အောင် နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းကြရမယ်။ အစိုးရအဆက်ဆက် ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့ ကြိုးစားခဲ့ကြပေမယ့် လုံးဝအဆုံးသတ် အောင်မြင်တဲ့အထိ မဆောင်ရွက်နိုင်သေးဘဲ ပြည်တွင်းပြည်ပ သွေးတိုး နှောက်ယှက်မှုတွေကြောင့် နှောင့်နှေးကြံ့ကြာမှုတွေရှိနေသေးတာ ကျတော်တို့အားလုံး အသိဘဲဖြစ်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့ဆိုတာ အပစ်ခတ်ရပ်စဲရေး တခုထဲကိုသာမက လက်နက်ကိုင် ပဋိပက္ခတွေရဲ့ ဇစ်မြစ်ကိုပါ ဖြေရှင်းနိုင်အောင် ကြိုးစားကြရမှာ ဖြစ်တဲ့အတွက် နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းကြရမှာဖြစ်ကြောင်း ထပ်မံအသိပေး ပြောကြားလိုပါတယ် ” လို့ ပြောကြားခဲ့ပါတယ်။
ဒီဖိုရမ်ရဲ့ အဓိက ရည်ရွယ်ချက်တွေကတော့ နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေး ဆောင်ရွက်ရမယ့် လုပ်ငန်းတွေကို ကြိုတင်သိမြင်နိုင်ဖို့၊ နိုင်ငံတော် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပို့ကုန်သွင်းကုန်ကဏ္ဏ ကုန်သွယ်ရေးကဏ္ဏတွေကို စီမံကိန်းရေးဆွဲကြတဲ့အခါ ချဥ်းကပ်ဆောင်ရွက်ရမယ့်နည်းလမ်းတွေ ထိရောက်တဲ့ ဥပဒေရေးဆွဲပြဌန်းနိုင်ရေး၊ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးကဏ္ဏကို တိုးတက်ရေးအတွက် စဥ်းစားဆောင်ရွက်သင့်တဲ့အချက်အလက်နဲ့ နိုင်ငံတစ်ကာမှာ ကျင့်သုံးနေတဲ့အချက်အလက်တွေကိုသိရှိစေဖို့ ၊နိုင်ငံတော်အစိုးရသစ်ဆောင်ရွက်ရာမှာ အဆင်ပြေချောမွေ့စေရေးအတွက် လွှတ်တော်ကိုယ်စားလှယ်တွေက ပူးပေါင်းကူညီဆောင်ရွက်နိုင်ရန် ဆိုတဲ့အချက်တွေဖြစ်ပါတယ်။
ဒီကနေ့မှာ မြန်မာနိုင်ငံရဲ့စီးပွားဖွံ့ဖြိုးတိုးတက်ဖို့အတွက်နိုင်ငံတစ်ကာအခွင့်အလမ်းတွေနဲ့ပတ်သက်လို့ ဘက်စုံ ချိတ်ဆက်မှုနဲ့ ရင်းနှီးမြှုတ်နှံမှု၊ စားနပ်ရိက္ခာလုံ
ခြုံမှုနဲ့ ရေရှည်ပူးပေါင်းဆောင်ရွက်မှု၊ အသေးစားအလတ်စား စက်မှုလုပ်ငန်းတွေနဲ့ပတ်သက်တဲ့ဖွဖြိုးမှု နဲ့ကျွမ်းကျင်မှုတွေနဲ့ပတ်သက်ပြီး အခွင့်အလမ်းတွေနဲ့ပတ်သက်တဲ့ဆွေးနွေးခြင်းတွေလုပ်ဆောင် ကြမှာဖြစ်ပြီး ဆက်လက်ပြီးတော့ မြန်မာနိုင်ငံဖွံဖြိုးတိုးတက်မှု တည်ငြိမ်အေးလျမ်းရေးနဲ့သက်ဆိုင်တဲ့အခွင့်အလမ်းတွေနဲ့ပတ်သက်တဲ့ စိန်ခေါ်မှုတွေကိုဆက်လက်ဆွေးနွေးကြဖို့နဲ့ ဆွေးနွေးမယ့်အကြောင်းအရာတွေကတော့ မြန်မာနိုင်ငံရဲ့လက်ရှိစီးပွားရေးအခြေအနေနဲ့ မက္ခရိုစီးပွားရေးတည်ငြိမ်ရေး ဖွံဖြိုးတိုးတက်မှုနဲ့ပတ်သက်လို့ တည်ငြိမ်ရေးနဲ့ပတ်သက်တဲ့မြန်မာမဟာဗျူဟာ၊ သဘာဝအရင်းအမြစ်အစိမ်းရောင်စီးပွားရေးအတွက်ရေရှည်တည်တန့်ခိုင်မြဲရေးဆိုတဲ့ဆွေးနွေးမှုတွေကို သက်ဆိုင်ရာ ပညာရှင်တွေနဲ့လွှတ်တော်ကိုယ်စားလှယ်တွေက ပါဝင်ဆွေးနွေးကြမှာဖြစ်ပြီး မကြာခင် တက်လာယ့် အစိုးရသစ်ရဲ့ အုပ်ချုပ်မယ့်ကာလနဲ့ အနာဂတ်အတွက် ယုံကြည်မှု တည်ဆောက်ရေးနဲ့သက်ဆိုင်တဲ့ အစီအစဉ် တစ်ခုဖြစ်တယ်လို့လည်းသိရပါတယ်။
လက်ရှိပြုလုပ်နေတဲ့ ဖိုရမ်ကိုတော့ နေပြည်တော်မှာ မတ်လ ၁၃ ရက်နဲ့ မတ်လ ၁၄ ရက်နှစ်ရက်တာပြုလုပ်သွားမှာ ဖြစ်ပါတယ်။
မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative) ဥက္ကဋ္ဌ ဦးကိုကို ကလည်း အခမ်းအနားနဲ့ ပတ်သက်တဲ့အကြောင်း VOM ကို ဖြေကြားထားပါတယ်
