မန္တလေးက KBZ ဘဏ်ခွဲတခုမှာ သိန်း ၂၃၀၀ ကျော် ဓါးပြတိုက်ခံရ

မန္တလေး၊ မတ်- ၁၃- ၂၀၂၆
VOICE OF MYANMAR
မန္တလေးမြို့ ၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဇ ရပ်ကွက်၊ ၁၃၃ လမ်းနဲ့ ၁၃၄ လမ်းကြား ၇၈ လမ်း ရန်ကုန် – မန္တလေးလမ်းဟောင်းမှာရှိတဲ့ ကမ္ဘောဇဘဏ်ခွဲ ၄၂ (စက်မှုပန်းခြံဘဏ်ခွဲ) ဓားပြတိုက်ခံရမှုမှာ ငွေသား ၂၃၉၂၀၅၀၀၀ ကျပ် ပါသွားတယ်လို့ သိရပါတယ်။
ဖြစ်စဥ်မှာ Scoopy အနက်ရောင်ဆိုင်ကယ် (နံပါတ်မမှတ်မိ) အမျိုးသား (၂)ဦးဟာ ဆိုင်ကယ်ဦးထုပ် အနက်ဆောင်းထားပြီး အင်္ကျီလက်ရှည်များ ဝတ်ဆင်ကာ သေနတ်အတို(၁)လက်၊ ဓားရှည် (၁)ချောင်း ကိုင်ဆောင်ပြီး ဘဏ်အတွင်းဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။ အဲဒီ​နောက်ကောင်တာက​နေ (၂၃၉၂၀၅၀၀၀) ကျပ် ကို ယူဆောင်ပြီး ၃ နာရီ ၂၁ မိနစ်မှာ ၇၈ လမ်း ရန်ကုန် -မန္တလေး လမ်းဟောင်းအတိုင်း မြောက်ဘက်သို့မောင်းနှင်ထွက်ခွာသွားတယ်လို့ သိရပါတယ်။
အဲ့ဒီ ဘဏ်ခွဲမှာ ဝန်ထမ်း စုစုပေါင်း ၃၃ ဦး လုံခြုံရေး ဝန်ထမ်း ၅ ဦးရှိတယ်လို့ သိရပြီး ဓားပြတိုက်မှု ဖြစ်စဥ်ကြောင့် လူထိခိုက်မှု ဖြစ်စဥ် မရှိခဲ့ဘူးလို့ သိရပါတယ်။
တရားခံ ဖမ်းမိ​ရေး နယ်​မြေခံ လုံခြုံ​ရေးအဖွဲ့​တွေ ကြိုးစား​နေဆဲဖြစ်ပါတယ်။
လက်ရှိ ဓားပြတိုက်ခံရတဲ့ ဘဏ်ခွဲ ၄၂ ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇူလှိုင် ၁၅ ရက်နေ့ ကလည်း ဓားပြတိုက်ခံရလို့ ငွေကျပ် သိန်း ၁၈၀၀ ဝန်းကျင် ပါသွားတဲ့ ဖြစ်စဥ် ဖြစ်ခဲ့ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW