မတ် ၁၄ – ၂၀၂၆ SN (VOM) လက်ရှိ ဖြစ်ပေါ်နေတဲ့ အရှေ့အလယ်ပိုင်း စစ်ရေး အခြေအနေတွေကြောင့် ထိုင်းနိုင်ငံအတွင်းမှာလည်း ဓာတ်ဆီ ရှားပါးပြတ်လပ်မှုတွေ ဖြစ်ပေါ်နေပြီး အကန့်အသတ်နဲ့သာ ရောင်းချပေးနေတယ်လို့ မဲဆောက်မြို့ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေက ပြောပါတယ်။ လက်ရှိ တာ့ခ်ခရိုင်ထဲက မဲဆောက်မြို့ အပါအဝင် မြို့နယ် ငါးခုမှာ ဓာတ်ဆီခြွေတာနေရပြီး ဒေသတွင်း ဆီဆိုင်တချို့က ထိုင်းနိုင်ငံသားပိုင် ကားတွေကိုသာ ဦးစားပေး ရောင်းချပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။ “ဒီမှာ ဓာတ်ဆီရှားနေပြီ။ လုံးဝ ကုန်သွားတာတော့ မဟုတ်သေးဘူး။ ရှိတဲ့ ပမာဏပေါ်မှာ မူတည်ပြီး အကန့်အသတ်နဲ့ ရောင်းပေးနေတယ်။ သူတို့ရောင်းမယ့် တနေ့စာ ပမာဏ ပြည့်သွားရင် ဆက်မရောင်းတော့ဘူး။ ကုန်သွားပါပြီဆိုတဲ့ စာကပ်ပြီး ဆိုင်တွေပိတ်ပစ်လိုက်တာ။ အဲဒီတော့ မနက် မိုးလင်းကတည်းက တန်းစီလည်း ဆီက ရချင်မှရတာ”…
Read MoreDay: March 15, 2026
ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှု နိုင်ငံအတော်များများက စစ်သင်္ဘောတွေ ပို့ဆောင်မယ်လို့ ထရမ့် ပြောကြား
မတ် ၁၅-၂၀၂၆ MT(VOM) အမေရိကန်နဲ့ အစ္စရေးတို့ အီရန်အပေါ် စစ်ကြေညာခဲ့တာ ၁၅ ရက်မြောက်နေ့ကို ရောက်ရှိလာချိန်မှာ ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ ငါးပုံတပုံခန့် သယ်ယူပို့ဆောင်နေတဲ့ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ဟာ လက်ရှိမှာ ပိတ်ဆို့ခြင်း ခံထားရပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရေလက်ကြား ပြန်လည်ဖွင့်လှစ်နိုင်ဖို့အတွက် “နိုင်ငံအတော်များများ” က စစ်သင်္ဘောတွေ စေလွှတ်ကြလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့ ဘယ်နိုင်ငံတွေ ပါဝင်မယ်ဆိုတဲ့ အသေးစိတ်ကိုတော့ ထည့်သွင်းပြောကြားခြင်း မရှိပါဘူး။ ထရမ့်ရဲ့ ပြောဆိုချက်နဲ့ အီရန်ရဲ့ တုံ့ပြန်မှု ထရမ့်က သူရဲ့ Truth Social လူမှုကွန်ရက်မှာ ရေးသားရာမှာတော့ -အထူးသဖြင့် ရေလက်ကြားပိတ်ဆို့မှုကြောင့် ထိခိုက်နေတဲ့ နိုင်ငံတွေဟာ အမေရိကန်နဲ့ ပူးပေါင်းပြီး ရေလက်ကြား ဘေးကင်းလုံခြုံဖို့အတွက် စစ်သင်္ဘောတွေ ပို့ဆောင်ကြလိမ့်မယ်လို့ ဆိုပါတယ်။…
Read Moreသူတို့အိမ် အခန်း – ၇၇
ဆူးငှက် ရန်ကုန် မန္တလေး စကားဝိုင်း ——————————— ကျွန်တော် မန္တလေးသင်္ကြန်အကြောင်းကို အခုလို တခုတ်တရ ပြောဖြစ်သည်က ကျွန်တော်တို့ ၁၀တန်းဖြေပြီးသည့် ထိုနှစ် နွေရာသီတွင် ရန်ကုန်က ဆွေမျိုးတစ်စုလည်း ရွာသို့ အလည်ပြန်ကြရင်း သင်္ကြန်မတိုင်မီ မန္တလေးသို့ ပြန်လာပြီး သင်္ကြန်ကျကြမည်။ ထိုအခါ နံနက်ပိုင်း ကိုကိုစိန်လှိုင့်အိမ်ရှေ့ စာပွဲမှာ ညပိုင်း ကျွန်တော်တို့ အိမ်ရှေ့က အဘတို့ ရေနွေးကြမ်းဝိုင်းမှာ ရန်ကုန် မန္တလေး အမျိုးစုံလင် စကားပြောကြသည်။ စကားဝိုင်း ထုံးစံအတိုင်း နိုင်ငံရေး လူမှုရေး စီးပွားရေး သောင်းပြောင်ထွေလာ ပြောချင်ရာရာပေါ့လေ။ ထိုစကားဝိုင်းများတွင် အကြောင်းအရာ တိုင်းကို ရန်ကုန် ဆွေမျိုးများက ဦးဆောင်ကြ၏။ ပါလာသည့် ရန်ကုန် ဆွေမျိုးများတွင် ဦးလေးတစ်ယောက်က အမျိုးများအပေါ် သြဇာရှိသည်။ သူက အနုပညာလည်း…
Read More