ဒုတိယသမ္မတလောင်း အမည်စာရင်းတင်သွင်းပြီး

နေပြည်တော် မတ် ၃၀ – ၂၀၂၆ KKL(VOM) ဒီ​နေ့ အမျိုးသားလွှတ်​တော်က တင်သွင်းတဲ့ ဒုတိယသမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်းမှုနှစ်ခုရှိခဲ့ပြီး ကရင်ပြည်နယ် အမှတ်(၂)မဲဆန္ဒနယ်က ဒေါ်နန်းနီီနီအေး နဲ့ ကချင်ပြည်နယ် အမှတ်(၂) မဲဆန္ဒနယ်မှ ဒေါက်တာ မနမ်တူးဂျာ တို့ရဲ့အမည်စာရင်းကို တင်သွင်းခဲ့ကြပါတယ်။ ဒီနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ဒုတိယသမ္မတလောင်းအဖြစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ​တိုင်းရင်းသားစည်းလုံးညီညွတ်​ရေးပါတီရဲ့ တောင်တွင်းကြီးပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေအား အဆိုပြုထားပါတယ်။ ​ဒေါက်တာတူးဂျာ ဟာ ​ကေအိုင်အို ဒုဥက္ကဌ​ဟောင်းဖြစ်ပြီး ဒေါ်နန်းနီနီအေးဟာပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုရွေးချယ်ခံခဲ့ရပြီး ​ရွေး​ကောက်ပွဲ လေးကြိမ်ဆက်တိုက်အနိုင်ရခဲ့သူဖြစ်ပါတယ်။

Read More

တပ်မတော်၏ အမြင့်ဆုံး ထိပ်ပိုင်း ခေါင်းဆောင်သုံးနေရာကို ယနေ့ (မတ်လ ၃၀) ရက် နံနက်ပိုင်းတွင် စတင်ခန့်အပ်

OTS အမှတ်စဥ် (၇၇) ဆင်းဗိုလ်ချုပ်မှူးကြီး ရဲဝင်းဦးကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် စစ်တက္ကသိုလ် အမှတ်စဥ် (၃၅) ဆင်း ဒုတိယဗိုလ်ချုပ်မှူးကြီး ကျော်စွာလင်းကို ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် စစ်တက္ကသိုလ် အမှတ်စဥ် (၃၈) ဆင်း ဗိုလ်ချုပ်ကြီး ကိုကိုဦးကို တပ်မတော် ကြည်း၊ရေ၊ လေ ညှိနှိုင်းကွပ်ကွဲရေးမှူး “ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဗိုလ်ချုပ်ကြီးတွေ အားလုံးရှေ့မှာ ဒီနေ့ မနက် အတည်ပြုပြီး ရွှေဓားပေး ခန့်အပ်လိုက်တယ်” လို့ သိရပါတယ်။ တပ်မ​တော်က တရားဝင်ထုတ်ပြန်တာမရှိ​သေးတာ​ကြောင့် VOM အ​နေနဲ့ သီးခြားအတည်ပြုချက်ရဖို့ ကြိုးစား​နေတာမို့ ကနဦးသတင်းအဖြစ်သာ မှတ်ယူ​ပေးပါရန် ​မေတ္တာရပ်ခံပါတယ်။ တပ်မတော် အကြီးအကဲများဖြစ်ကြတဲ့ ကာကွယ်ရေး ဦးစီးချုပ်နှင့် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ပြောင်းလဲခန့်အပ်တာဝန်လွှဲသည့် အခမ်းအနားကို ယနေ့ မတ်လ (၃၀) ရက် မနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမ္မာန်တွင်…

Read More

ညောင်ခါးရှည်အနီး ယာဥ်တိုက်မှုဖြစ်ပြီး သားအဖနှစ်ယောက်အပါအဝင် သုံးယောက်နေရာမှာပဲသေဆုံးခဲ့

မတ် ၃၀ ၊ ၂၀၂၆ GG (VOM) ပဲခူးတိုင်း ၊ ဝေါမြို့နယ် ၊ ရန်ကုန် – မော်လမြိုင် ကားလမ်းပေါ်မှာရှိတဲ့ ညောင်ခါးရှည်အနီးမှာ မတ် ၂၉ ရက်နေ့ ည ၇ နာရီခွဲလောက်က ယာဥ်တိုက်မှုဖြစ်ပြီး သုံးယောက်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဥ်မှာ ညောင်ခါးရှည်အနီးရပ်ထားတဲ့ ၁၂ ဘီးကားကို Taxi အငှားယာဥ်က နောက်ကနေ အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်မိပြီး ကားပေါ်ပါသူ သုံး​​ယောက်လုံး နေရာမှာပဲ သေဆုံးခဲ့ရတာဖြစ်ကြောင်း ၊ သေဆုံးသူတွေက သားအဖနှစ်ယောက်နဲ့ အမျိုးသမီးတယောက်တို့ ဖြစ်တယ်လို့ သိရပါတယ် ။ ” ၁၂ ဘီးကားက ထင်းတွေသယ်လာတာ။ အဲဒီကားကို လားရာတူ taxi က နောက်ကနေ ဝင်တိုက်တာ ။ သေတာ taxi ပေါ်ကပါ။ ။ယာဥ်မောင်းအမျိုးသားနဲ့…

Read More

Bar Code/ QR Code စနစ်သစ်နဲ့ စက်သုံးဆီ ရောင်းချနေမှု အခြေအနေနဲ့ ဖမ်းဆီးအရေးယူမှုတွေကို သက်ဆိုင်ရာက အသိပေးထုတ်ပြန်

နေပြည်တော်၊ မတ် – ၃၀- ၂၀၂၆ VOICE OF MYANMAR နိုင်ငံအတွင်း စက်သုံးဆီကို စနစ်တကျသုံးစွဲနိုင်စေရေးနဲ့ လေလွင့်ဆုံးရှုံးမှု လျော့နည်းစေဖို့ ရည်ရွယ်ပြီး Bar Code/QR Code စနစ်သစ်နဲ့ မတ်လ ၂၇ ရက်နေ့ကစတင်ရောင်းချပေးခဲ့ပြီး ပဲခူး၊ ပြင်ဦးလွင်၊ ရန်ကုန်-မန္တလေး လမ်းဟောင်းနှင့် အမြန်လမ်းမ ကြီးတစ်လျှောက်မှာ Bar Code/QR Code စနစ်များကို စတင်အသုံးပြုနေပြီဖြစ်တယ်လို့ စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ စနစ်သစ်ဖြင့်ရောင်းချရာမှာ ကြုံတွေ့လာနိုင်တဲ့ နည်းပညာဆိုင်ရာ အခက်အခဲတွေနဲ့ မသမာမှုတွေအပါအဝင် မမျှော်မှန်းနိုင်တဲ့ အခက်အခဲတွေကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်အတွက် စွမ်းအင်ဝန်ကြီးဌာန က Online Monitoring Center ကတဆင့် စောင့်ကြည့်ခြင်း၊ Call Center ဖွင့်လှစ်ပြိး ဖြေရှင်းဆောင်ရွက်ခြင်း၊ ထိန်းကျောင်းကြပ်မတ်ခြင်းတွေ ပြုလုပ်ထားတယ်လို့သိရပါတယ်။ QR စနစ်အသုံးပြုနေတဲ့ မြို့ကြီး ၄ မြို့မှာ…

Read More

ပလက်ဝမြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရလို့ ခြောက်ယောက်သေဆုံး

မတ် ၃၀ ၊ ၂၀၂၆ CC (VOM) ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်ထဲက ကြောင်ချောင်းရွာမှာ မတ်လ ၂၉ ရက်နေ့ ညနေပိုင်းက လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး လူခြောက်ယောက်သေဆုံးကာ လေးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စုံစမ်းသိရှိ ရပါတယ်။ လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ နေအိမ်တွေလည်း မီးလောင်မှုရှိခဲ့ကြောင်းသိရှိရပြီး လက်ရှိမှာတော့ ထိခိုက်ဒဏ်ရာရရှိသူတွေကို ဆေးကုသမှုပေးနေတယ်လို့ သိရပါတယ်။ ” ညနေ ၄ လောက်မှာ လေယာဥ်နဲ့လာကြဲတယ်။ အိမ်တွေလည်း ပျက်စီးတယ်။ လောလောဆယ် သိရတာ ခြောက်ယောက်သေတယ် လို့သိရတယ် ။ ကျန်တဲ့အခြေအနေတော့ မသိရသေးဘူး ။ ကြောင်ချောင်း ရွာကတော့ အကြီးမဟုတ်ဘူး ရွာငယ်လေးပါ ။ ” လို့ စစ်ရှောင်ကူနေသူ ပလက်ဝဒေသခံ ကပြောပါတယ်။ ပလက်ဝမြို့နယ်ကတော့ AA တပ်ဖွဲ့က သိမ်းပိုက် ထိန်းချုပ်ထားတဲ့ဒေသဖြစ်ပြီး ယခုလေကြောင်းကနေတိုက်ခိုက်မှုကလည်း AA တပ်စခန်းရှိရာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာသာဖြစ်ကြောင်း…

Read More

သဖန်းဆိပ်ဆည်ကို အစိုးရတပ်ကပြန်ထိန်းချုပ် ၊ ဆည်ရေလွှတ်နိုင်ဖို့နဲ့ လျှပ်စစ်မီးပေးနိုင်ဖို့ ဆောင်ရွက်နေ

မတ် ၃၀ ၊ ၂၀၂၆ GG (VOM) စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ထဲက ဒေသတွင်းလက်နက်ကိုင်တွေ ယာယီထိန်းချုပ်ထားတဲ့ သဖန်းဆိပ်ဆည်ကို အစိုးရတပ်က ပြန်လည်ထိန်းချုပ် လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ သဖန်းဆိပ်ကို ပြန်လည်ရရှိခဲ့ပေမယ့် ဆည်ရှိ ရေထိန်းတံခါးထိန်းချုပ်စနစ်နဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ ဖျက်ဆီးခံခဲ့ရတာကြောင့် လက်ရှိမှာ ပြုပြင်မှု ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဖျက်ဆီးခံခဲ့ရတာတွေကို ပြန်လည်ပြင်ဆင်ပြီးရင် စိုက်ပျိုးရေးကဏ္ဍအတွက် လိုအပ်တဲ့ ဆည်ရေကို အမြန်ဆုံးလွှတ်ပေးနိုင်မှာဖြစ်ပြီး လျှပ်စစ်မီးရရှိအောင်လည်း ဆောင်ရွက်ပေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ် ။ ” သဖန်းဆိပ်ဆည်ကို မနေ့က ပြန်ရပြီလို့ သိရတယ်။ တပ်မတော်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့က လုပ်ဆောင်ခဲ့တာလို့သိရတယ်။ လက်ရှိ ရေပေးနိုင်ဖို့နဲ့ မီးရဖို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လုပ်နေကြပါတယ်။ ” လို့ လုံခြုံရေး တပ်ဖွဲ့နဲ့နီးစပ်သူက ပြောပါတယ်။ သဖန်းဆိပ်ဆည်၊ ရေအားလျှပ်စစ်ရုံး အပါအဝင် အနီးဝန်းကျင်က ကျေးရွာတွေကို…

Read More

အမေရိကန်မှာ “ဘုရင်စနစ်အလိုမရှိ/No Kings”ဆိုတဲ့ ကြွေးကြော်သံနဲ့ လူသန်းပေါင်းများစွာ လမ်းပေါ်ထွက် ဆန္ဒပြ

မတ် ၂၉-၂၀၂၆ MT(VOM) ​၂၀၂၆ ခုနှစ်၊ မတ်လ ၂၈ ရက် မှာ အမေရိကန် ပြည်နယ် ၅၀ လုံးက မြို့ပေါင်း ၃,၂၀၀ ကျော်မှာ ဒေါ်နယ်ထရန့်ရဲ့ ဒုတိယသက်တမ်း အုပ်ချုပ်ပုံကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ပြုလုပ်နေကြပါတယ်။ ဒါဟာ အမေရိကန် သမိုင်းမှာ အကြီးမားဆုံး အကြမ်းမဖက် ဆန္ဒပြပွဲကြီး ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ ​ဘာကြောင့် ဆန္ဒပြကြတာလဲ ​ ​သမ္မတ ထရန့်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ပြီး ဘုရင်တစ်ပါးလို ပြုမူနေတယ်လို့ ဆန္ဒပြသူတွေက ယူဆကြပါတယ်။လူဝင်မှုကြီးကြပ်ရေး အေးဂျင့်တွေရဲ့ ပစ်ခတ်မှုကြောင့် လူသေဆုံးမှုတွေ ရှိခဲ့တာကို မကျေနပ်ကြပါဘူး။လွန်ခဲ့တဲ့ လေးပတ်ကစခဲ့တဲ့ အီရန်နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲကို ရပ်တန့်ဖို့ တောင်းဆိုနေကြပါတယ်။ဓာတ်ဆီဈေးနဲ့ စားသောက်ကုန်ဈေးနှုန်းတွေ အဆမတန် တက်လာတာကိုလည်း ကန့်ကွက်နေကြပါတယ်။ ​ဆန္ဒပြပွဲရဲ့ ထူးခြားချက်များ ​လူဦးရေ စုစုပေါင်း…

Read More

လာမယ့်ဧပြီလအတွင်း လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်ပြီး မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်

မတ် ၂၈ – ၂၀၂၆ SS (VOM) လာမယ့် ဧပြီလအတွင်း ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်း တကြိမ် ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။ မုန်တိုင်းငယ် ဖြစ်နိုင်ခြေဟာ အခုအချိန်မှာ ပုံသေ တွက်ဆလို့ မရသေးပေမယ့် လတ်တလော အခြေအနေမှာ ပင်လယ်ရေမျက်နှာပြင် အပူချိန်တွေဟာ ပုံမှန်ထက် ပိုမို မြင့်တက်နေတာ ဖြစ်တဲ့အတွက် လေစီးကြောင်း အနည်းငယ် ပြောင်းလဲသွားတာနဲ့ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်လာနိုင်ပြီး မုန်တိုင်းငယ်အဆင့် ရောက်လာနိုင်ခြေ ရှိနေတာဖြစ်တယ်လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။ “များသောအားဖြင့်လည်း ဧပြီလ၊ မေလတွေမှာက လေဖိအားနည်းရပ်ဝန်း၊ မုန်တိုင်းတလုံးက ပုံမှန် ဖြစ်နေကျ။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ အခုနှစ်နဲ့တူတဲ့ နှစ်တွေကို ပြန်ကြည့်ပြီး သုံးနှစ်ကို ရွေးရတာပေါ့။…

Read More

ငလျင်ကြောင့် သေဆုံးခဲ့ကြတဲ့ အစ္စလာမ်ဘာသာဝင်တွေနဲ့ ဘာသာပေါင်းစုံအတွက် ငလျင် တနှစ်ပြည့် နေ့မှာ ဆုတောင်းပွဲပြုလုပ်

မန္တလေး၊ မတ်- ၂၈- ၂၀၂၆ SA(VOM) ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မန္တလေးတိုင်းအတွင်းမှာ သေဆုံးသူ နှစ်ထောင်ကျော်ရှိခဲ့ပြီး အဲ့ဒီအထဲမှာ အစ္စလာမ်ဘာသာဝင် သုံးရာကျော် သေဆုံးတဲ့အထဲ ပါဝင်ခဲ့ပါတယ်။ ငလျင်ကြောင့် သေဆုံးခဲ့ရတဲ့ အစ္စလာမ်ဘာသာဝင်တွေအပြင် ဘာသာပေါင်းစုံက ငလျင်ကြောင့် သေဆုံးသူတွေအတွက် ဒီကနေ့ တနှစ်ပြည့်တဲ့နေ့ညနေပိုင်းက အမရပူရမြို့နယ်၊ ငယ်တိုးကျေးရွာအုပ်စုက အစ္စလာမ် ဘာသာရေးခေါင်းဆောင်တဦးဖြစ်တဲ့ ဃရာနာ (K.A.F.T.G)မိသားစုက ခလီဖွာဦးသိန်းဝင်းအောင် နဲ့ အတူ အစ္စလာမ်ဘာသာဝင်တွေက ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။

Read More

အီရန် နျူကလီးယားနဲ့ စက်မှုဇုန်တွေ တိုက်ခိုက်ခံရမှု နောက်ဆုံးအခြေအနေ

မတ် ၂၈-၂၀၂၆ MT(VOM) ​အခု ၂၉ ရက်မြောက်နေ့ (၂၀၂၆၊ မတ်လ ၂၈ ရက်) မှာတော့ စစ်ပွဲက တော်တော်လေး အခြေအနေ တင်းမာလာပါတယ်။ အစ္စရေးက အီရန်ရဲ့ နျူကလီးယား စက်ရုံတွေကို တိုက်ခိုက်လိုက်ပြီလို့ အတည်ပြုထားပါတယ်။ ​နျူကလီးယားစက်ရုံတွေ အထိနာခြင်း ​အစ္စရေးဘက်က အီရန်ရဲ့ အဓိက နျူကလီးယားနေရာ ၂ ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ​အရတ်ခ် (Arak) နူကလီးယားစက်ရုံ လက်နက်လုပ်လို့ရတဲ့ ပလူတိုနီယမ်တွေ ထုတ်ဖို့ ကြိုးစားနေတယ်ဆိုပြီး တိုက်ခိုက်ခဲ့တာပါ။ ​ယာ့ဇ် (Yazd) ယူရေနီယံသန့်စင်စက်ရုံ ဒါဟာ အီရန်မှာ တစ်ခုတည်းရှိတဲ့ စက်ရုံဖြစ်လို့ အီရန်ရဲ့ နူကလီးယားစီမံကိန်း တော်တော်လေး ထိခိုက်သွားပါတယ်။ ​အပြည်ပြည်ဆိုင်ရာ နူကလီးယားအေဂျင်စီ (IAEA) ကတော့ ဘေးပတ်ဝန်းကျင်ကို ရေဒီယိုသတ္တိကြွမှုတွေ ပျံ့နှံ့တာမျိုးတော့ မရှိသေးဘူးလို့ ပြောထားပါတယ်။ ​ စီးပွားရေးနဲ့…

Read More
VOM News

FREE
VIEW