မတ် ၂၈-၂၀၂၆ MT(VOM) ပြီးခဲ့တဲ့ ၂၀၂၅ စက်တင်ဘာ လတုန်းက ဖြစ်ပွားခဲ့တဲ့ “Gen Z” လူငယ်တွေရဲ့ ဆန္ဒပြပွဲကို အကြမ်းဖက်နှိမ်နင်းခဲ့မှုမှာ တာဝန်ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ နီပေါဝန်ကြီးချုပ်ဟောင်း ကေပီ ရှာမာ အိုလီ (KP Sharma Oli) ကို ဒီနေ့ (၂၀၂၆၊ မတ်လ ၂၈ ရက်) မနက်ပိုင်းမှာ ဖမ်းဆီးလိုက်ပြီ ဖြစ်ပါတယ်။ ဘာကြောင့်ဖမ်းတာလဲအဲဒီတုန်းက ဆန္ဒပြပွဲအတွင်း ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းခဲ့လို့ လူ ၇၇ ဦး ထက်မနည်း သေဆုံးခဲ့ရပါတယ်။ အိုလီနဲ့ ပြည်ထဲရေးဝန်ကြီးဟောင်းတို့ဟာ ဒီသေဆုံးမှုတွေကို မတားဆီးဘဲ ပေါ့လျော့ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ဖမ်းခံရတာပါ။ လက်ရှိအခြေအနေအသက် ၇၄ နှစ်ရှိပြီဖြစ်တဲ့ အိုလီဟာ ကျောက်ကပ်ရောဂါအခံ ရှိတာကြောင့် ဖမ်းဆီးခံရပြီးနောက် ရဲအစောင့်အရှောက်နဲ့ ဆေးရုံတင်ထားရပါတယ်။ အစိုးရသစ်ရဲ့ ပြောကြားချက် –…
Read MoreMonth: March 2026
ငလျင်ဘေးဒဏ်အတွက် အစိုးရက မန္တလေး တိုင်းဒေသကြီးကို ၆၀ ဘီလီယံကျပ်နဲ့ စစ်ကိုင်း တိုင်းဒေသကြီးကို ၅၀ ကျပ်ဘီလီယံ ပေးထား
နေပြည်တော်၊ မတ်- ၂၈ – ၂၀၂၆ KKL(VOM) မန္တလေးငလျင်ဒဏ်သင့်တဲ့ အထဲမှာပါဝင်တဲ့ မန္တလေးတိုင်းဒေသကြီးအတွက် ကျပ်ဘီလီယံ ၆၀ နဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွက် ကျပ်ဘီလီယံ ၅၀ ပေးခဲ့တယ်လို့ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။ ဒီကနေ့ နေ့လည် ၁၂ နာရီ ၅၁ မိနစ်မှာ နေပြည် တော် MICC-2 မှာပြုလုပ်ခဲ့တဲ့ မန္တလေးငလျင်ကြီးလှုပ်ခတ်မှု တစ်နှစ်ပြည့်အခမ်းအနား အဖွင့်အမှာပြောကြားတဲ့အချိန်မှာ ထည့်ပြီးပြောကြားခဲ့တာဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီး အတွက် ကျပ်ဘီလီယံ စုစုပေါင်း ကျပ်ဘီလီယံ ၁၁၀ ကိုတော့ ၂၀၂၆ ဧပြီ ၁၉ ရက်နေ့က ပေးအပ်ခဲ့တဲ့အကြောင်း ယာယီသမ္မတ က ထပ်မံ အတည်ပြု ပြောဆိုခဲ့ပါတယ်။ အဲ့ဒီကိစ္စအပြင် မန္တလေးငလျင်ကြောင့် တစ်နိုင်ငံလုံးမှာ အသက်သေဆုံးသူ ၃၈၁၈ ဦး ပျောက်ဆုံးသူ ၅ ဦး…
Read Moreငလျင်သဘာဝဘေး ကျရောက်ချိန်က ကူညီဆောင်ရွက်ခဲ့ကြတဲ့ အရပ်ဘက်ပရဟိတအသင်းအဖွဲ့တွေနဲ့ အလှူရှင်တွေကို ဂုဏ်ပြုလက်မှတ်ပေးအပ်
မန္တလေး၊ မတ်- ၂၈- ၂၀၂၆ SA(VOM) ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ ၁၂ နာရီ ၅၁ မိနစ်အချိန်မှာ အင်အားရစ်(ခ်)တာစကေး (၇.၇) ရှိတဲ့ အင်အားအလွန်ပြင်းထန်တဲ့ မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့တာ (၁)နှစ်ပြည့်မြောက်တဲ့အခမ်းအနားကို မန္တလေးမြို့ မြို့တော်ခန်းမမှာ ကျင်းပခဲ့ပါတယ်။ အဲ့ဒီအခမ်းအနားမှာ ငလျင် သဘာဝဘေး ကျရောက်ချိန်က ကူညီဆောင်ရွက်ပေးခဲ့ကြတဲ့ အရပ်ဖက် ပရဟိတအဖွဲ့အစည်းတွေနဲ့ ကူညီထောက်ပံ့ပေးခဲ့ကြတဲ့ အလှူရှင်တွေကို ဂုဏ်ပြုလက်မှတ်တွေ ပေးအပ်ခဲ့ပါတယ်။ မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် မန္တလေးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီးနဲ့ နေပြည်တော်ကောင်စီနယ်မြေတို့မှာ အများဆုံးထိခိုက်ခံစားခဲ့ရပြီး လူသေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရရှိတာတွေအပြင်ကဏ္ဍပေါင်းစုံမှာ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်းမှာလဲ မဟာအောင်မြေခရိုင်၊ အောင်မြေသာစံခရိုင်၊အမရပူရခရိုင်၊ ကျောက်ဆည်ခရိုင်၊ တံတားဦးခရိုင်၊ မိတ္ထီလာခရိုင်နှင့်ရမည်းသင်းခရိုင် စတဲ့ခရိုင်(၇) ခုမှာရှိတဲ့ မြို့နယ်(၁၇)ခုတွင် လုံးဝပျက်စီးလူနေအိမ်(၆၄၃၃) လုံး၊ တစ်စိတ်တစ်ပိုင်း ပျက်စီးလူနေအိမ် (၂၂၃၉၂)လုံး၊သေဆုံးသူ(၂၄၂၇) ဦးနဲ့ ဒဏ်ရာရရှိသူ စုစုပေါင်း…
Read Moreမကွေးတိုင်းအတွင်း တင်သွင်းခွင့်လိုင်စင် ရှိပြီးဖြစ်တဲ့ မော်တော်ယာဉ်တွေကို မှတ်ပုံတင်ပေးမယ်
မတ် ၂၆ – ၂၀၂၆ SS (VOM) မကွေးတိုင်းအတွင်းက တင်သွင်းခွင့်လိုင်စင် ရရှိပြီးဖြစ်တဲ့ မော်တော်ယာဉ်တွေအတွက် ကနဦး မှတ်ပုံတင်ခြင်း လုပ်ငန်းတွေ ဆောင်ရွက်ပေးမှာဖြစ်ပြီး သတ်မှတ်ရက်အတွင်း အချိန်မီ ဆောင်ရွက်ခြင်းမပြုပါက တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူသွားမှာ ဖြစ်တယ်လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့က အသိပေးထားပါတယ်။ ကုန်သွယ်ရေးဦးစီးဌာနရဲ့ တင်သွင်းခွင့်ပြုချက်နဲ့ အကောက်ခွန်ဦးစီးဌာနတို့မှာ အခွန်တွေပေးဆောင်ကာ မြန်မာနိုင်ငံအတွင်း တင်သွင်းရောက်ရှိပြီးတဲ့ ယန္တရားယာဉ်တွေနဲ့ လုပ်ငန်းသုံး မော်တော်ယာဉ်တွေဟာ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှာ ကနဦးမှတ်ပုံတင် ဆောင်ရွက်ရမှာ ဖြစ်ပေမယ့် မှတ်ပုံတင် ဆောင်ရွက်ခြင်းမရှိဘဲ အသုံးပြုနေတာတွေ ရှိနေတယ်လို့ သိရပါတယ်။ ဒါကြောင့် ကုန်သွယ်ရေးဦးစီးဌာနက ၂၀၁၈ ခုနှစ်အတွင်း တင်သွင်းခွင့်လိုင်စင် ထုတ်ပေးထားတဲ့ ယာဉ်တွေအနေနဲ့ လာမယ့် ဧပြီလ ၃၀ ရက်နေ့ နောက်ဆုံးထားပြီးလည်းကောင်း၊ ၂၀၁၉ ခုနှစ်အတွင်း တင်သွင်းခွင့်လိုင်စင်ထုတ်ပေးထားတဲ့ ယာဉ်တွေအနေနဲ့ မေ ၃၁…
Read Moreကောလင်းမြို့မှာ လေကြောင်း တိုက်ခိုက်မှုဖြစ်ပြီး ငါးယောက် သေဆုံး
မတ် ၂၆ – ၂၀၂၆ SN (VOM) စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် အရှေ့ပိုင်းမှာ မနေ့ မတ် ၂၅ ရက်၊ မွန်းလွဲပိုင်းက လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ငါးယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကောလင်းမြို့နယ်၊ ဖလဲကျေးရွာမှာ မနေ့ မွန်းလွဲ ၃ နာရီခွဲဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး လူသေဆုံးမှုအပြင် နေအိမ်တချို့လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ “မနေ့က ဒီ ကောလင်းနယ်မှာ လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ဖြစ်တယ်။ မွန်းလွဲ ၃ နာရီခွဲမှာ တကြိမ်၊ ညနေ ၅ နာရီကျော်လောက်မှာ နောက်ထပ် နှစ်ကြိမ်ဖြစ်တယ်။ မွန်းလွဲပိုင်းဖြစ်စဉ်မှာ အိမ်တလုံးပေါ်ကို ကျရောက် ပေါက်ကွဲခဲ့တဲ့အတွက် လူသေဆုံးမှု ရှိတယ်။ ငါးယောက်လုံး ပွဲချင်းပြီး သေသွားတယ်။ ဒဏ်ရာရတော့ မရှိခဲ့ဘူး။ အဲဒီ ပတ်ပတ်လည်က အိမ်တွေလည်း…
Read Moreစက်သုံးဆီ ချွေတာတဲ့အနေနဲ့ မန္တလေးတိုင်း သင်္ကြန်ပွဲတော်ကို လမ်းလျှောက်သင်္ကြန်အဖြစ် ကျင်းပမယ်
မန္တလေး၊ မတ်- ၂၆- ၂၀၂၆ VOICE OF MYANMAR စက်သုံးဆီကို ချွေတာတဲ့အနေနဲ့ လာမယ့် ၂၀၂၆ ခုနှစ်မှာ ကျင်းပမယ့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်အတွက် မန္တလေးတိုင်းအတွင်းမှာ လမ်းလျှောက်သင်္ကြန်ကို ဦးစားပေးကျင်းပသွားမှာ ဖြစ်တယ်လို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်က ပြောပါတယ်။ မန္တလေးမြို့မှာတော့ ကျုံးပတ်လည်ဖြစ်တဲ့ ၂၆ လမ်း၊ လမ်း ၈၀၊ ၁၂ လမ်းနဲ့ ၆၆ လမ်း ပတ်လည်မှာ မြို့တော်ဝန် ဗဟိုမဏ္ဍပ်နဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် မဏ္ဍပ်အပါအဝင် မဏ္ဍပ်အကြီး ၁၅ ခုထားရှိမှာဖြစ်ပြီး နိုင်ငံကျော် အဆိုတော် ၁၈ ဦးတို့က ဖျော်ဖြေပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီထဲကမှ ကျုံးပတ်လည်ကို ၆၆ လမ်းနဲ့ ၂၆ လမ်းကို မော်တော်ယာဥ်တွေ လုံးဝ ပေးဝင်မှာ မဟုတ်ပဲ လမ်းလျှောက်သင်္ကြန်အဖြစ် ကျင်းပသွားမှာဖြစ်ပြီး…
Read Moreမန္တလေးမှာ စက်သုံးဆီသိုလှောင်တဲ့အိမ် မီးလောင်လို့ သားဖြစ်သူသေဆုံး မိခင်ဖြစ်သူဒဏ်ရာရ
မတ် ၂၆ ၊ ၂၀၂၆ CC (VOM) မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ် ၊ ရှမ်းဝိုင်းရပ်ကွက် ၊ ၈၇လမ်း ၊၃၇ လမ်းကြားရှိ နေအိမ်တအိမ် မီးလောင်မှုဖြစ်ပွားပြီး အမျိုးသားတယောက် သေဆုံးကာ အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဥ်က ဒီကနေ့ မတ် ၂၆ ရက်နေ့ မနက် ၉ နာရီခွဲလောက်မှာ မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးလောင်မှုမှာ သေဆုံးခဲ့သူက သားဖြစ်သူ အသက် ၁၇ နှစ်အရွယ် မောင်မင်းခန့်မောင် ဖြစ်ပြီး ဒဏ်ရာရရှိသူကတော့ အမေဖြစ်သူ ဒေါ်သန်းသန်း ဖြစ်တယ်လို့ သိရပါတယ်။ “အိမ်က ဆီပန့်ထောင်ထားပြီးရောင်းတဲ့ အိမ်ပါ။ ဆီပန့်အိမ်ကလောင်တာ ။ သေဆုံးတဲ့ကလေးက အိပ်နေတာလို့ပြောတယ်။ ဒဏ်ရာရတာက ကလေးအမေပါ ။ သူကတော့ ဒဏ်ရာကြီးပေမယ့် စိုးရိမ်ရတဲ့အနေအထားတော့ မဟုတ်ဘူး ။ဓာတ်ဆီသိုလှောင်တဲ့အိမ်ဆိုတော့ ဓာတ်ဆီတွေကတော့…
Read Moreအိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်လို့သတ်မှတ်ခံရပြီး ဖယ်ပေးရမယ့်ကိစ္စ စိစစ်နေတယ်လို့ ဝန်ကြီးချုပ်ပြော
မန္တလေး၊ မတ်- ၂၆- ၂၀၂၆ VOICE OF MYANMAR မန္တလေးတိုင်း၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ် သံလျှက်မော်အနောက်ရပ်ကွက် အကွက် ၄၀၅ (A) အုတ်ကျင်းရပ်ကွက်က အိမ်ခြေ ၂၀၀ ကျော်ကို ကျူးကျော်လို့ သတ်မှတ်ပြီး ဖယ်ရှားပေးဖို့ သက်ဆိုင်ရာက အကြောင်းကြားတဲ့အပေါ် တိုင်းအစိုးရအဖွဲ့က ဝန်ကြီးတဦး ဦးဆောင်ကာ ဆောင်ရွက်နေတယ်လို့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးမျိုးအောင်က VOM ကိုပြောပါတယ်။ မန္တလေးတိုင်း မဟာအောင်မြေခရိုင် မဟာအောင်မြေမြို့နယ် သံလျှက်မော်အနောက်ရပ်ကွက် အကွက် ၄၀၅ (A) အုတ်ကျင်းရပ်မှာ လွန်ခဲ့သောနှစ်ပေါင်း ၈၀ ကတည်းက အုတ်စက်ပိုင်ရှင် ဦးညိုရောင်က သူ့အလုပ်သမားတွေကို မြေအပိုင်ပေးပြီး နေထိုင်စေခဲ့ပါတယ်။ ခုလက်ရှိမှာ နေထိုင်တဲ့ အိမ်ခြေ ၂၀၀ ကျော် မိသားစု ၂၅၀ကျော် လူဦးရေ ၁၂၀၀ ကျော်ကို မြေဂရန်ပိုင်ရှင်ပေါ်ပေါက်လို့ လက်ရှိနေထိုင်သူတွေကို…
Read Moreအငှားယာဥ်မောင်းနေတဲ့ အဆိုတော် ဦးပက်ထရစ်တင်ထွန်း ဆီတန်းစီရင်း ကားပေါ်မှာပဲ သေဆုံး
မတ် ၂၆ ၊ ၂၀၂၆ CC (VOM) ရန်ကုန် ၊ ဗဟန်းမြို့နယ် ၊ ကမ္ဘာအေးဘုရားလမ်းပေါ်မှာ ဒီကနေ့ မတ် ၂၆ ရက်နေ့ ၊ မနက်ပိုင်းက အငှားယာဥ်မောင်းဖြစ်သူ အဆိုတော် ဦးပက်ထရစ် (ခ) တင်ထွန်းသည် Heat Stroke အပူရှပ်ပြီး ကားပေါ်မှာပဲ သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ် ။ ဖြစ်စဥ်က ဒီကနေ့ မနက် ၁၀ နာရီကျော်လောက်မှာ ကမ္ဘာအေးဘုရားလမ်း၊ မဟာစည်သာသနာ့ရိပ်သာလမ်းထိပ်ရှိ စက်သုံးဆီတန်းစီနေတဲ့ ကားတွေအကြားကို အငှားယာဥ်မောင်း ဦးတင်ထွန်းက ကားထိုးရပ်ပြီးနောက် သတိလစ်ကာ ကားပေါ်မှာပဲ အပူရှပ်ပြီး ဦးနှောက်သွေးကြောပြတ်ကာသေဆုံးခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ “သူ့ကားက အခုမှစစ်ဆေးတွေ့ရှိချက်အရ ဂက်စ်ကားပါ။ဆီတန်စီတဲ့ကားတွေကြားထဲရောက်နေတော့ ဆီတန်းစီရင် ဖြစ်တဲ့ပုံဖြစ်သွားတာပေါ့။ ကမ္ဘာအေးဘုရားလမ်းထိပ်မှာ Max ဆီဆိုင်မှာ တန်းစီနေတဲ့ကားတွေရှိတယ်။ လမ်းထိပ်မှာပဲ ဖြစ်သွားတာ သတိရမလားဆိုပြီးခေါ်ကြည့်တော့မရလို့…
Read Moreပြည်ပထွက်ခွာဖို့အတွက် လိမ်လည်တင်ပြသူကို ထွက်ခွာခွင့်ပိတ်ပြီး အမည်ပျက်စာရင်း သွင်းမယ်
မတ် ၂၆ – ၂၀၂၆ SN (VOM) ပြည်ပထွက်ခွာဖို့အတွက် လိမ်လည်တင်ပြသူကို ကာလ သတ်မှတ်ချက်တခုနဲ့ ပြည်ပထွက်ခွာခွင့် ပိတ်ပင်ခြင်းအပြင် အမည်ပျက်စာရင်း (Blacklist) ထည့်သွင်းမှာဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနက မနေ့ မတ် ၂၅ ရက် ရက်စွဲနဲ့ ထုတ်ပြန် ကြေညာလိုက်ပါတယ်။ ဒါအပြင် ပြည်ပထွက်ခွာဖို့အတွက် လိမ်လည်တင်ပြသူကို နောက်ကွယ်ကနေ ပါဝင်ကူညီပေးကြတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေကိုပါ စုံစမ်းဖော်ထုတ်ပြီး ၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေ အပါအဝင် တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေအရ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ “ဒီထုတ်ပြန်ချက်က ခွင့်ပြန်သမားအဖြစ် လိမ်လည်တဲ့သူတွေကို ရည်ညွှန်းတယ်လို့ ယေဘုယျ သတ်မှတ်လို့ရပေမယ့် တကယ့်ခွင့်ပြန် အလုပ်သမားတွေ ထိခိုက်နိုင်ပါတယ်။ ပြည်ပပြန်ထွက်ဖို့ ပိုပြီး တင်းတင်းကြပ်ကြပ် စစ်ဆေးခံလာရနိုင်တယ်” လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီလုပ်ငန်း လုပ်ကိုင်သူတယောက်က…
Read More