ပလတ်စတစ်စက်ရုံ အလုပ်သမား ၁၈ ယောက် ဓာတုအဆိပ်သင့်မှု ဖြစ်ပွား

မတ် ၂၆ – ၂၀၂၆ SS (VOM) ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်ရှိ True Green City ပလတ်စတစ်စက်ရုံက အလုပ်သမား ၁၈ ယောက်ဟာ လုပ်ငန်းခွင်သုံး ဓာတုဗေဒပစ္စည်းတွေကြောင့် ဓာတ်မတည့်မှုနဲ့ အဆိပ်သင့်မှုတွေ ဖြစ်ပွားခဲ့ပြီး အရေးပေါ်ကုသမှုတွေ ခံယူခဲ့ရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မတ် ၁၉ ရက်နေ့မှ စတင်ကာ စက်ရုံအလုပ်သမား သုံးယောက်ဟာ ခန္ဓာကိုယ်မှာ အနီကွက်တွေနဲ့ အဖုအပိန့်ထွက်ခြင်းတွေ ဖြစ်ပေါ်ခဲ့ပြီး အဲဒီနောက် ရက်အနည်းငယ်အတွင်း ထိခိုက်သူဦးရေ ဆက်တိုက် တိုးပွားလာခဲ့တာမှာ မတ် ၂၀ ရက်မှ ၂၅ ရက်အတွင်း နောက်ထပ်အလုပ်သမား ၁၅ ယောက် ထပ်မံပြီး ဆေးကုသသမှု ခံယူခဲ့ရကာ စုစုပေါင်း ထိခိုက်သူ ၁၈ ယောက်အထိ ရှိလာတာဖြစ်တယ်လို့ သိရပါတယ်။ “ဖြစ်တာက စက်ရုံက ကုန်ကြမ်းရွေးဌာနက…

Read More

ပခုက္ကူမှာ နေ့ခင်းကြောင်တောင် ဓားပြမှုဖြစ်ပွား၊ ဆိုင်ရှင်လူငယ် ဓားထိုးခံရပြီး ငွေနှင့်ဖုန်း​တွေ ပါသွား

ပခုက္ကူ -မတ်-၂၆-၂၀၂၆ PP(VOM) မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့မှာ မတ်လ ၂၆ ရက် ဒီ​နေ့ နေ့လယ်ပိုင်းက မြို့မလမ်းပေါ် မျက်မမြင်ကျောင်းအနီးရှိ စက်သုံးဆီအရောင်းဆိုင်တဆိုင်ကို လက်နက်ကိုင်ဆောင်ထားတဲ့ လူတစုက နေ့ခင်းကြောင်တောင် ဓားပြတိုက်ခဲ့တဲ့အ​ကြောင်း ဒေသခံ​တွေဆီက သိရပါတယ်။ ပခုက္ကူမြို့၊ မျက်မမြင်ကျောင်းရှေ့ အရောင်းဆိုင်တန်းမှာ ဖွင့်လှစ်ထားတဲ့ “တောင်ဇလပ်” စက်သုံးဆီအရောင်းဆိုင်အတွင်း အမည်မသိ အမျိုးသား ၄ ဦးက ဆိုင်နောက်ဖေးပေါက်က​နေ ရုတ်တရက် ဝင်ရောက်လာပြီး ဆိုင်ရှင်ကို ဓားနဲ့ထိုးပြီးပစ္စည်းများလုယက်သွားကြောင်းသိရတယ် အဆိုပါ အမျိုးသား ၄ ဦးမှာ လက်နက်ငယ် ပစ္စတိုတလက် အရှည်တလက် ကိုယ်ဆီပါရှိကြောင်း လုံခြုံရေးနှင့်နီးစပ်သူဆီက သိရပါတယ်။ ဆိုင်အတွင်း ရောင်းချရရှိထားတဲ့ ငွေ​တွေနဲ့ ဖုန်း​တွေကို လုယက်ယူဆောင်သွားခဲ့ပြီးဆိုင်ရှင်ဖြစ်သူ လူငယ်ကို ဓားနဲ့ ထိုးနှက်ခဲ့လို့ အဲဒီလူငယ်ကို ဆေးရုံကိုပို့​ဆောင် ဆေးကုသ​​ပေး​နေကြောင်း ဖြစ်စဥ်ကိုသိရှိသူက ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၃…

Read More

စက်သုံးဆီအခက်အခဲက မှီခိုမှုအများဆုံး ကဏ္ဍတွေမှာ သက်ရောက်မှု ကြီးလာနိုင်

မတ် ၂၇ – ၂၀၂၆ SN (VOM) လက်ရှိ ပြည်တွင်းမှာ စက်သုံးဆီရရှိမှု အခက်အခဲတွေ ပိုမိုဆိုးရွားလာနေပြီး ဈေးနှုန်းကြီးမြင့်မှုတွေ ဖြစ်ပေါ်လျက်ရှိတာကြောင့် စက်သုံးဆီကို မှီခိုမှုအများဆုံး ကဏ္ဍတွေမှာ Domino effect ဖြစ်လာနိုင်တယ်လို့ စီးပွားရေးပညာရှင် ဦးသန်းစိုး ‌(ဘောဂဗေဒ) က ပြောပါတယ်။ “Domino effect ဆိုတာက တိုင်တလုံး လဲပြီဆိုတာနဲ့ အကုန်လုံး လဲသွားတာလေ။ အဲဒီလိုမျိုး ဖြစ်လာလိမ့်မယ်။ ဒါက ဒီနိုင်ငံတခုပဲ ဖြစ်တာမဟုတ်ပါဘူး။ ဆီကို မှီခိုနေရတဲ့ နိုင်ငံတိုင်းမှာ ဒီလိုပဲ ဖြစ်မှာပါ။ ဒါပေမယ့် ပြဿနာကို ဘယ်လို ဖြေရှင်းမလဲဆိုတာက ဒီနေရာမှာ အစိုးရရဲ့ အရည်အချင်းကို ထုတ်ဖော်ရမှာပါ။ ဒါကြီးကို ဘယ်လို ဖြေရှင်းရမလဲ ဆိုတာက အရေးကြီးတာ” လို့ ဦးသန်းစိုး ‌(ဘောဂဗေဒ) က ပြောပါတယ်။ လက်ရှိ…

Read More

YBS ဆီကားတွေ ခေါက်ရေအပြည့် ပြေးဆွဲနိုင်ရေး ညအချိန် သီးသန့် ဆီဖြည့်ပေးဖို့ စီစဉ်နေ

မတ် ၂၇ ၊ ၂၀၂၆ SS (VOM) လက်ရှိ ရန်ကုန်မြို့အတွင်း ပြေးဆွဲနေတဲ့ YBS ဆီကားတွေ ခေါက်ရေပြည့်မီအောင် ပြေးဆွဲနိုင်ရေးအတွက် ညအချိန် သီးသန့် ဆီဖြည့်ပေးသွားဖို့ စီစဉ်နေတယ်လို့ ရန်ကုန်တိုင်း ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ (YRTC) မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောပါတယ်။ ဒီဇယ်အသုံးပြု YBS ယာဉ်တွေအတွက် တရက်ကို ဒီဇယ် လီတာ ၂၀၊ တန်းစီ ဝယ်ယူနေရခြင်းမှ ညစဉ်ညတိုင်း လီတာ ၄၀ ဆီဖြည့်ပေးနိုင်အောင် စီစဉ်နေတာဖြစ်ပြီး ဒါနဲ့ပတ်သက်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တင်ပြထားပြီးဖြစ်ကာ လာမယ့် ရက်သတ္တပတ်အတွင်း အကောင်အထည် ဖော်နိုင်အောင် ဆောင်ရွက်နေတယ်လို့ ဦးလျန်ကျင့်မာန်က ပြောပါတယ်။ “ဒါအတွက် ရန်ကုန်တိုင်း အစိုးရအဖွဲ့က သီးခြား လုပ်ပေးမှာပါ။ ကျွန်တော်တို့က ၄၂၃ စီး စာရင်းပေးထားတယ်။…

Read More

မူဆယ်မှာ စက်သုံးဆီ ပြင်ပ ပေါက်ဈေးတလီတာ ၁၆၀၀၀ ကျော်လာသလို နိုင်ငံတဝှမ်း​​မှောင်ခို​ဈေးကွက် ကြီးထွား​နေ

မတ် ၂၄၊ ၂၀၂၆ Shy V (VOM) တရုတ် – မြန်မာ နယ်စပ် မူဆယ်မှာ ဒီနေ့ မတ်လ ၂၄ ရက်နေ့ မနက်ပိုင်း စက်သုံးဆီ ပြင်ပ ပေါက်ဈေးတလီတာ ကျပ် ၁၆၀၀၀ ကျော်လာနေပြီး ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဒီမနက်က တလီတာခွဲ လက်ဆွဲဘူး တဘူး နှစ်သောင်းခွဲ ရောင်းတယ်။ ဓာတ်ဆီရော ဒီဇယ် ဈေး အတူတူပဲ ရောင်းတယ်။ အဲဒါတောင် ပြန်ရောင်းဖို့ ဝယ်မရဖြစ်နေတာ” လို့ ဘူးနဲ့ ရောင်းနေတဲ့ အမျိုးသမီး တယောက်ကပြောပါတယ်။ မနေ့ မတ်လ ၂၃ ရက်နေ့က ၁၉ လီတာ ပုံးဝါ တပုံး နှစ်သိန်းခွဲ ဈေးပေါက်ပေမယ့် ဒီနေ့ မတ်လ ၂၄ ရက်နေ့ မနက်မှာတော့ သုံးသိန်းခွဲ…

Read More

လွှတ်တော်အခွင့်အရေး ကော်မတီနဲ့ အစိုးရ၏ အာမခံချက်များ ကတိကဝတ်များနဲ့ တာဝန်ခံချက်များစိစစ်ရေး ကော်မတီနှစ်ခု ပြည်သူ့လွှတ်တော်မှာ ထပ်မံဖွဲ့စည်း

နေပြည်တော်၊ မတ်- ၂၄ – ၂၀၂၆ KKL(VOM) ဒီကနေ့ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေး တတိယနေ့မှာ လွတ်တော်အခွင့်အရေးကော်မတီနဲ့ အစိုးရ၏ အာမခံချက်များ ကတိကဝတ်များ တာဝန်ခံချက်များစိစစ်ရေး ကော်မတီတွေကို ထပ်မံဖွဲ့ည်းခဲ့ပြီး ကော်မတီ ဥက္ကဋ္ဌ နဲ့ အတွင်းရေးမှူးတွေရဲ့အမည်စာရင်းကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က တင်ပြခဲ့ပါတယ်။ ဒီကနေ့ပြုလုပ်တဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး တတိယနေ့မှာ တပ်ကုန်းမဲဆန္ဒနယ် က ဦးမောင်မောင်အုန်းနဲ့ ထားဝယ်မဲဆန္ဒနယ်က ဒေါက်တာကျော်ကျော်ဌေး တို့ကို လွှတ်တော်အခွင့်အရေးကော်မတီရဲ့ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတွေအဖြစ် ကြေငြာခဲ့ပါတယ်။ ဆက်လက်ပြီး ကျိုင်းတုံမဲဆန္ဒနယ်က ဦးသန်းထွန်းဦးနဲ့ ပုသိမ်မဲဆန္ဒနယ်က ဦးသန်းတို့ကို အစိုးရ၏ အာမခံချက်များ ကတိကဝတ်များနဲ့ တာဝန်ခံချက်များစိစစ်ရေး ကော်မတီရဲ့ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတွေအဖြစ် ကြေငြာခဲ့ပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ကော်မတီ ဖွဲ့စည်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကော်မတီ တစ်ခုခြင်းအတွက်သီးခြား ရှင်းလင်းခဲ့ပြီး ပြည်သူ့လွှတ်တော်…

Read More

စက်သုံးဆီမရလို့ ကုန်ကားတွေ မြို့ကြီး​တွေဆီကို မထွက်နိုင်တဲ့အတွက် လယ်ယာထွက်ကုန်ပစ္စည်းတွေ နယ်မှာစျေးတွေကျနေ

မတ် ၂၃ ၊ ၂၀၂၆ CC (VOM) စက်သုံးဆီ ဝယ်ယူရခက်တဲ့အခြေအနေတွေကြောင့် ကုန်ကားတွေ မထွက်နိုင်တော့ တဲ့အတွက် လယ်ယာစိုက်ပျိုးရေးထွက်ကုန်ပစ္စည်းတွေကို ရန်ကုန်နဲ့ မြို့ကြီး​တွေကို တင်ပို့နိုင်ဖို့ အခက်တွေ့နေရတယ်လို့ ကုန်သည်တွေဆီက စုံစမ်းသိရှိ ရပါတယ်။ လယ်ယာစိုက်ပျိုးရေးထွက်ကုန်ပစ္စည်းတွေကို ရန်ကုန် ၊ မန္တလေး အပါအဝင် ဒေသတချို့ကို တင်ပို့နိုင်မှု လျော့ကျလာတာကြောင့် နယ်တွေမှာ အရောင်းအဝယ်အေးပြီး ကုန်စည်တွေ စျေးအကျဘက်ကို ရောက်လာနေတယ်လို့ သိရပါတယ်။ ဧရာဝတီတိုင်း ၊ ပဲခူးတိုင်း ၊ မကွေး ၊စစ်ကိုင်း ၊ ရှမ်းပြည်နယ် အပါအဝင် စတဲ့ဒေသတွေကနေ ထွက်ရှိတဲ့ လယ်ယာထွက်ကုန် ပစ္စည်းတွေကို ရန်ကုန် နဲ့ မန္တလေးကို အဓိကတင်ပို့ ရောင်းချရတာ ဖြစ်ပြီး မန္တလေးတိုင်းထဲက ထွက်ရှိတဲ့ ကုန်ပစ္စည်း ဆိုရင်လည်း ရန်ကုန်ကို အဓိကတင်ပို့ရတာ ဖြစ်ကြောင်း ၊…

Read More

ဆန်စပါး ကဏ္ဍမှာ ဒစ်ဂျစ်တယ်ငွေပေးချေမှု ဆောင်ရွက်မယ့်အစီအစဥ် တောင်သူတွေအတွက် အဆင်မပြေ

မတ် ၂၄၊ ၂၀၂၆ GG (VOM) ပုဂ္ဂလိကဆန် ၊စပါးလုပ်ငန်းနယ်ပယ်တခုလုံးကို ဒစ်ဂျစ်တယ်ငွေပေးချေမှု (Rice Industry Cashless Ecosystem) အစီအစဉ်ကို စတင်ဆောင်ရွက်တော့မှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)မှ သိရပါတယ်။ ဒစ်ဂျစ်တယ် ငွေပေးချေမှုစနစ်ဆောင်ရွက်မယ့် အစီအစဥ်က ဆန်ကုန်သည် ၊ ဆန်စက်တွေ ၊ ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေ အတွက် အဆင်ပြေမှုရှိနိုင်ပေမယ့် တောင်သူတွေ နဲ့ပွဲစားတွေ အတွက်တော့ အခက်အခဲတွေရှိနိုင်ပြီး အဆင်ပြေနိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ စပါးစျေးကွက်ကျဆင်းမှုကြောင့် တောင်သူတွေအရှုံးနဲ့ရင်ဆိုင်နေရချိန်မှာ စပါးစျေးကွက်ကိုသာ ခေတ်နဲ့လျော်ညီပြီး ထိုက်သင့်တဲ့ စျေးတန်းတခုအဖြစ် ဖော်ဆောင်ပေးဖို့ ၊စပါးဖိုးကို ငွေသားနဲ့ပေးချေဖို့သာ တောင်သူတွေက လိုလားနေကြပါတယ်။ ” စပါးချိန်ပြီးတာနဲ့ ငွေပဲချက်ခြင်းရချင်တာ ။ ဘဏ်သွားအုံး ငွေထုတ်အုံး ဆိုတာတွေက အလုပ်ရှုပ်တယ် ။ ခေတ်ကာလအရလည်း သွားလာဖို့က အဆင်မပြေဘူး ။kpay ဘာညာနဲ့လွှဲပြန်တော့လည်း ငွေထုတ်ရင်…

Read More

၅ရက်တာ အပစ်ရပ်မယ့် အီရန်အ​ရေး

မတ် ၂၃-၂၀၂၆ VOM အမေရိကန်နဲ့ အီရန် နှစ်နိုင်ငံကြား တွေ့ဆုံ ဆွေးနွေးမှုတွေ အဆင်ပြေနေပြီး ရှေ့ဆက်လည်း ညှိနှိုင်းမှုတွေ လုပ်မှာဖြစ်လို့ အီရန်ကို ထိုးစစ်ဆင်နေတာတွေ ၅ရက် ရပ်ထားမယ်လို့ သမ္မတ ထရန့်က ဆိုပါတယ်။ ဟောမုဇ် ရေလက်ကြားကို ဆက်ပိတ်ထားရင် အီရန်ရဲ့ ပင်မ လျှပ်စစ်ဓာတ်အားပေးစနစ်တွေကို ဖောက်ခွဲ ဖျက်ဆီးပစ်မယ်လို့ သမ္မတထရန့်က ကြေငြာထားခဲ့ပြီး၊ ပြီးခဲ့တဲ့ ၂ ရက်အတွင်းမှာတော့ အီရန်ခေါင်းဆောင်တွေနဲ့ ပြောဆိုဆွေးနွေးတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဆွေးနွေးမှုတွေက ရလာဒ်ကောင်းတွေ ရှိခဲ့ပြီး လာမယ့် ၅ ရက်တာကာလအတွင်းမှာလည်း အီရန်ခေါင်းဆောင်တွေနဲ့ ဆက်လက်ညှိနှိုင်း ဆွေးနွေးတာတွေ လုပ်သွားမယ်လို့ သူကဆိုပါတယ်။ အမေရိကန်နဲ့ အီရန် စစ်ပွဲအတွင်း အီရန်ကနေ ကမ္ဘာတဝှမ်းကို ရေနံတင်ပို့နေတဲ့ ဟောမုဇ် ရေလက်ကြားကို အီရန်ဖက်က ပိတ်ဆို့ပြီး ရေနံတင်သင်္ဘောတွေကို တိုက်ခိုက်ခဲ့လို့ ကမ္ဘာနဲ့အဝှမ်းမှာ…

Read More

စစ်ကိုင်းတိုင်း မြောင်မြို့နဲ့ အရာတော်မြို့နယ်မှာ လေကြောင်း တိုက်ခိုက်မှု​ကြောင့် ၁၀ ယောက်ထက်မနည်း သေဆုံး

မတ် ၂၃ – ၂၀၂၆ SN (VOM) စစ်ကိုင်းအတွင်းက မြောင်မြို့နဲ့ အရာတော်မြို့မှာ လေကြောင်း တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး ၁၀ ယောက် သေဆုံးကာ ၁၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ မတ် ၂၃ ရက်၊ နေ့လယ် ၁၂ ကျော်ဝန်းကျင်က မြောင်မြို့နယ် အနောက်ဘက်ခြမ်းရှိ သောင်ကြီးကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်အတွင်း ငါးယောက် သေဆုံးပြီး ၁၀ ယောက်ကျော် ဒဏ်ရာ ရရှိခဲ့တာဖြစ်ကာ နေအိမ် အများအပြားလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ “လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ဖြစ်တာပါ။ အိမ်တွေ မီးလောင်နေတာ ခုထိ မငြိမ်းသေးပါဘူး။ အဲဒီတော့ အိမ်ခြေဘယ်လောက် ပျက်စီးနိုင်တယ်ဆိုတာ ခုချိန်မှာ ပြောလို့မရသေးပါး။ သေဆုံးကတော့ လောလောဆယ် သိရသလောက်က ပွဲချင်းပြီး လေးယောက်၊…

Read More
VOM News

FREE
VIEW