လားရှိုးမြို့ပေါ်ရပ်ကွက်တွေမှာ ငှက်ဖျားရောဂါ ဖြစ်ပွားသူ များပြားနေ

လားရှိုး၊ ဇွန်၊၆၊၂၀၂၆။
NN(VOM)
ရှမ်းပြည်နယ်မြောက်ပိုင်းက အစိုးရပြန်လည်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ် ရပ်ကွက်တွေမှာ ငှက်ဖျားရောဂါ ဖြစ်ပွားသူတွေ များလာနေတယ်လို့ ဒေသခံ တွေဆီကနေ သိရပါတယ်။
လားရှိုးမြို့ပေါ်က ရပ်ကွက်တိုင်းနီးပါးမှာ ငှက်ဖျား ရောဂါ ဖြစ်သူတွေ များနေ ပြီး အမှတ် (၉) ရပ်ကွက်နဲ့ (၅) ရပ်ကွက်တွေမှာ ရောဂါဖြစ်ပွားသူ ပိုများတယ် လို့ သိရပါတယ်။
“အိမ်နားမှာတင် ဖြစ်တဲ့သူတွေက ဆက်တိုက်ပဲ၊ တယောက်သက်သာရင် နောက်တယောက် ပြန်ဖြစ်တယ်။ ဆေးခန်းသွားပြီး စစ်လိုက်ရင် ငှက်ဖျားပဲ” လို့ အမှတ် (၉) ရပ်ကွက်မှာ နေထိုင်တဲ့သူ တယောက်က ပြောပါတယ်။
ဆေးရုံ၊ ဆေးခန်းတွေမှာလည်း ဖျားနာသူအများစုကို စစ်ဆေးလိုက်ရင် ငှက်ဖျားဖြစ်တဲ့သူ များနေတယ်လို့ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသူတွေဆီကနေ သိရပါတယ်။
အခုရက်ပိုင်းအတွင်း ငှက်ဖျားရောဂါဆေး လာဝယ်တဲ့သူတွေပိုများလာ တယ် လို့လည်း ဆေးအရောင်းဆိုင်တွေကနေ သိရပါတယ်။
မြို့ခံတွေကတော့ ကျန်းမာရေးဌာနဘက်က ငှက်ဖျား၊ တုပ်ကွေးနဲ့ ဝမ်းရော ဂါတွေနဲ့ ပတ်သက်တဲ့ အသိပညာပေးလုပ်ငန်းတွေကို ပိုမိုလုပ်ဆောင်ပေးစေချင်နေကြပါတယ်။
“စစ်ဖြစ်ထားတာရော၊ အခုမှ ပြန်လည်ထူထောင်ရေးအပိုင်းဆိုတော့ ရပ်ကွက် တွေအလိုက် ကျန်းမာရေးလုပ်ငန်းတွေ အရင်လို ပြန်မလုပ်နိုင်သေးဘူး ထင် တယ်။ အခု ငှက်ဖျားတွေရော ဝမ်းလျောတာတွေရော ပြန်ဖြစ်နေတော့ ကျန်းမာရေးဌာနဘက်က အသိပညာပေးတာတွေ၊ ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေ လုပ်စေချင်တယ်” လို့ လားရှိုးမြို့ခံတယောက်က ပြောပါတယ်။
ကမ္ဘာပေါ်မှာ ငှက်ဖျားရောဂါ အမျိုးအစား (၅) မျိုးအထိ ရှိပြီး မြန်မာနိုင်ငံမှာ တော့ Plasmodium falciparum (P. falciparum) နဲ့ Plasmodium vivax (P. vivax) စတဲ့ ငှက်ဖျားပိုး နှစ်မျိုးက ပိုပြီးအဖြစ်များတာကို တွေ့ရတယ်လို့ သုတေသနစာတမ်းတွေအရ သိရပါတယ်။
Plasm odium vivax (P. vivax) အသက်အန္တရာယ် စိုးရိမ်ရမှု နည်းပါးတယ် ဆိုပေမဲ့ အသည်းထဲမှာ ခိုအောင်းနေတတ်တဲ့အတွက် ထိုးဆေးအပြင် စနစ် တကျ ဆေးသောက်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
ဆေးကုန်အောင် မသောက်ရင် မကြာခဏ ရောဂါပြန်ဖြစ်တတ်ပါတယ်။
Plasmodium falciparum (P. falciparum) ဦးနှောက်ငှက်ဖျားအထိ ဖြစ်စေ နိုင်ပြီး အသက်အန္တရာယ် အရှိဆုံးပိုး ဖြစ်ပါတယ်။ စောစောစီးစီး ကုသမှုမခံ ယူရင် အသက်ဆုံးရှုံးနိုင်ခြေ မြင့်မားပါတယ်။
ငှက်ဖျားရောဂါဟာ အ​နောဖိလိစ်ခြင် ကြောင့် အဓိက ကူးစက်တာဖြစ်ပြီး ခြင် အကိုက် မခံရအောင် ကာကွယ်ရမှာဖြစ်ပါတယ်။
ငှက်ဖျားပိုးရှိတဲ့ သွေးကို သွင်းမိတာ၊ ပိုးရှိတဲ့ အပ်ကို မျှဝေသုံးစွဲတာနဲ့ မိခင်က တစ်ဆင့် ဗိုက်ထဲကကလေးဆီ ကူးစက်တာမျိုးလည်း ရှိတတ်ပါတယ်။
ငှက်ဖျားရောဂါ ဖြစ်ရင် မကြာခဏ ချမ်းတုန်ဖျားတာ၊ ကိုယ်အပူချိန် မြင့်မား တာ၊ ခေါင်း ကိုက်တာ၊ ပျို့အန်တာ၊ ချွေးထွက်လွန်တာ၊ အသားဝါတာ၊ အသက်ရှု ခက်ခဲတာ၊ ဆီးသွားနည်းတာ၊ ဆီးအရောင်မည်းတာနဲ့ တက်တာ စတဲ့ ရောဂါ လက္ခ ဏာတွေ ခံစားရရင် အိမ်မှာပဲ ဆေးမြီးတိုနဲ့မကုသဘဲ ဆေးရုံ၊ ဆေးခန်း တွေကို အမြန်ဆုံးသွားရောက်ဖို့ လိုအပ်မှာဖြစ်တယ်လို့ ငှက်ဖျားရောဂါဆိုင်ရာ သုတေသန စာတမ်းတွေမှာ ဖော်ပြထားပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW