ဇွန် ၈ ၊ ၂၀၂၆ CC (VOM) ပဲခူးတိုင်း အနောက်ပိုင်း ၊ ပြည်ခရိုင်မှာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ထုတ်ချေးပေးနေတဲ့ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ရရှိဖို့အတွက် ကျေးရွာတာဝန်ခံဆိုသူတွေက တောင်သူတွေကို ငွေကြေး မတန်တဆ တောင်းယူမှုတွေ ဖြစ်ပွားနေတယ်လို့ စုံစမ်းသိရှိ ရပါတယ်။ စိုက်ပျိုးစရိတ်ချေးငွေထုတ်ဖို့အတွက် စာရွက်စာတမ်းဖိုး နဲ့ သီးနှံအာမခံကြေး ဆိုပြီး လယ် တဧက ကနေ ငါးဧကအထိကို ၁၇၀၀၀ ကျပ် နူန်း ၊ လယ်ငါးဧကအထက်ချေးငွေရယူမယ့်သူတွေကိုတော့ အများဆုံး ၃၀၀၀၀ ကျပ်အထိ တောင်းခံနေတာ ဖြစ်တယ်လို့ သိရပါတယ်။ ” သီးနှံအာမခံကြေးရောပါတယ် ပြောတယ်။အာမခံကြေးကဘယ်လောက် စာရွက်စာတမ်းကြေးက ဘယ်လောက်ဆိုပြီး ပြောတာတော့မရှိဘူး ။ စာရွက်စာတမ်းဖိုးကတော့ ဘဏ်ကိုတင်ပြရတဲ့ စာရွက်စာတမ်းဖိုး ၊ ချေးငွေထုတ်မယ်ဆိုရင် စိုက်ပျိုးရေးတို့ မြေစာရင်းဌာနတွေက လက်မှတ်တွေလည်း လိုတယ်။ အဲဒါတွေကို ရွာတာဝန်ခံက…
Read MoreDay: June 9, 2026
ပဲခူးတိုင်းအတွင်းက မြို့နယ်တချို့မှာ စစ်ရေး ပြင်းထန်နေ
ဇွန် ၈ – ၂၀၂၆ SS (VOM) ပဲခူးတိုင်းအတွင်းက ရေတာရှည်၊ ဆွာ၊ ကျောက်တံခါး၊ နတ်တလင်း၊ ညောင်လေးပင်နဲ့ အုတ်ဖိုမြို့နယ်တို့မှာ အစိုးရတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်တွေကြား စစ်ရေးအခြေအနေ တင်းမာမှုတွေရှိနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ လက်ရှိမှာ စစ်တောင်းမြစ် အရှေ့ဘက်ကမ်းက ရေတာရှည်မြို့နယ်နဲ့ ဆွာမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ အစိုးရတပ် စစ်ကြောင်းတွေ ဝင်ရောက်နေတယ်လို့ သိရပြီး လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးတွေကိုပါ အသုံးပြုကာ ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကြောင့် ဒေသတွင်း လက်နက်ကိုင်တပ်တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။ “စစ်တောင်းမြစ် အရှေ့ဘက်ဒေသ တောက်လျှောက်မှာ တိုက်ပွဲတွေ ဖြစ်နေတာ။ ကျေးရွာတွေထဲကို လက်နက်ကြီး ခဏခဏကျတယ်။ မြေပြင်မှာ တိုက်ပွဲပြင်းထန်ရင် ပြင်းထန်သလို လေယာဉ်နဲ့လာပြီး တိုက်ခိုက်တာတွေလည်း ရှိတယ်။ အဖမ်းအဆီးတွေလည်း ရှိတယ်၊ လေကြောင်းနဲ့ လက်နက်ကြီးကြောင့်…
Read Moreသမ္မတ ပြောရေးဆိုခွင့်ရှိသူ ဒုဝန်ကြီးဒေါ်ခိုင်ခိုင်စိုးရဲ့ သတင်းအောက်မှာ Comment ဝင်ရေးတဲ့ ပဲခူးက အသက် ၇၀ ဝန်းကျင်အရွယ်အမျိုးသမီး အဖမ်းခံရ
ဇွန် ၈ ၊ ၂၀၂၆ GG (VOM) သမ္မတ ပြောရေးဆိုခွင့်ရှိသူ လ.ဝ.က ဒုတိယဝန်ကြီး ဒေါ်ခိုင်ခိုင်စိုးရဲ့ သတင်းတပုဒ်အောက်မှာ ” ဇော်မဲလုံး ညီမလား ” ဆိုပြီး မှတ်ချက်ဝင်ရေးခဲ့တဲ့ ပဲခူးမြို့က အသက် ၆၈ နှစ်အရွယ် အမျိုးသမီး အဖမ်းခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဖမ်းခံရတဲ့အမျိုးသမီးက ပဲခူးမြို့ လိပ်ပြာကန်ရပ်ကွက် မှော်ကန် ၁ လမ်းမှာ နေထိုင်တဲ့ Daw Kyin Soe Facebook အကောင့်ပိုင်ရှင်အသက် ၆၈ နှစ်အရွယ် ဒေါ်ကျင်စိုး ဆိုသူဖြစ်တယ်လို့ သိရပါတယ်။ ” ဖမ်းတုန်းကတော့ Facebook မှာ comment ရေးလို့ဆိုပြီး ဖမ်းတာလို့သိရတယ် ။ဖမ်းပြီးတော့မှ ဖုန်းထဲမှာ CRPH နဲ့ NUG အဖွဲ့တွေရဲ့စာတွေကို ရှယ်တာ တွေ့ရတယ်ဆိုတော့ ပြစ်မှုထပ်တိုးမလား မပြောတတ်ဘူး…
Read Moreသူတို့အိမ် အခန်း (၁၃၅)
ဆူးငှက် သူတို့ထဲက တစ်ယောက်တဲ့ —————————- ကျွန်တော်က အလုပ်ရုံ ရုံးချိန်အပြီး ရှေ့က ဒေါ်နက် အကြော်ဆိုင်မှာ ထိုင်ကာ မြောက်ဘက်ဆီ ငေးမျှော်ကြည့်နေသည် ဆိုသော်လည်း ထိုအုပ်စုထဲက ဘယ်သူဘယ်ဝါဆိုတာ သဲသဲကွဲကွဲမသိ။ အားလုံလိုလိုမှာ ရောထွေးနေသည်။ သူတို့ထဲက တစ်ယောက်တစ်လေ ကတော့ တစ်ခါတစ်ရံ ဒေါ်နက်ဆိုင်သို့ မုန့်ပစ်သလက်နှင့် အကြော် လာဝယ်တတ်သည်။ သို့သော် တစ်ယောက်တည်း စွဲစွဲ မြဲမြဲ လာဝယ်တာမျိုး မဟုတ်။ နောက်တစ်နေ့ နောက်တစ်ယောက်၊ နောက်တစ်နေ့ နောက်တစ်ယောက်မို့ မျက်စိလည်နေသည်။ ကိုဝင်းမောင်ကတော့ ဘယ်သူက ဘယ်သူ့သမီး ဆိုတာတော့ ပြေပါ၏။ သို့သော် စိတ်မဝင်စားချင်ယောင် ဆောင်နေရသည်။ သို့နှင့် စကားပြောင်းကာ သူတို့အိမ်က တန်ခိုးကြီးဘုရား အကြောင်း မေးရ၏။ တကယ်လည်း စိတ်ဝင်စားလို့…
Read Moreလားရှိုးမြို့ပေါ်ရပ်ကွက်တွေမှာ ငှက်ဖျားရောဂါ ဖြစ်ပွားသူ များပြားနေ
လားရှိုး၊ ဇွန်၊၆၊၂၀၂၆။ NN(VOM) ရှမ်းပြည်နယ်မြောက်ပိုင်းက အစိုးရပြန်လည်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ် ရပ်ကွက်တွေမှာ ငှက်ဖျားရောဂါ ဖြစ်ပွားသူတွေ များလာနေတယ်လို့ ဒေသခံ တွေဆီကနေ သိရပါတယ်။ လားရှိုးမြို့ပေါ်က ရပ်ကွက်တိုင်းနီးပါးမှာ ငှက်ဖျား ရောဂါ ဖြစ်သူတွေ များနေ ပြီး အမှတ် (၉) ရပ်ကွက်နဲ့ (၅) ရပ်ကွက်တွေမှာ ရောဂါဖြစ်ပွားသူ ပိုများတယ် လို့ သိရပါတယ်။ “အိမ်နားမှာတင် ဖြစ်တဲ့သူတွေက ဆက်တိုက်ပဲ၊ တယောက်သက်သာရင် နောက်တယောက် ပြန်ဖြစ်တယ်။ ဆေးခန်းသွားပြီး စစ်လိုက်ရင် ငှက်ဖျားပဲ” လို့ အမှတ် (၉) ရပ်ကွက်မှာ နေထိုင်တဲ့သူ တယောက်က ပြောပါတယ်။ ဆေးရုံ၊ ဆေးခန်းတွေမှာလည်း ဖျားနာသူအများစုကို စစ်ဆေးလိုက်ရင် ငှက်ဖျားဖြစ်တဲ့သူ များနေတယ်လို့ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသူတွေဆီကနေ သိရပါတယ်။ အခုရက်ပိုင်းအတွင်း ငှက်ဖျားရောဂါဆေး လာဝယ်တဲ့သူတွေပိုများလာ တယ် လို့လည်း ဆေးအရောင်းဆိုင်တွေကနေ…
Read Moreစစ်ပွဲနဲ့ ပဋိပက္ခတွေကြားက ပညာရှာပုံတော်-
(ဂါဇာစစ်မြေပြင်က ကလေးငယ်များရဲ့ အနာဂတ်) MT(VOM) ရာဇဝင်ထဲက အမာရွတ်တစ်ခု ဂါဇာဒေသရဲ့ ဒီနေ့အခြေအနေကို နားလည်ဖို့ဆိုရင် အစ္စရေးနဲ့ ပါလက်စတိုင်းတို့ရဲ့ ရာစုနှစ်ချီ သမိုင်းပဋိပက္ခ အကျဉ်းချုပ်ကို အရင်ကြည့်ဖို့ လိုပါတယ်။ ၁၉၄၈ ခုနှစ်မှာ အစ္စရေးနိုင်ငံ ထူထောင်လိုက်တာနဲ့အတူ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေကြောင့် ပါလက်စတိုင်းလူမျိုး သိန်းနဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး အဲဒီဒုက္ခသည်အများစု ခိုလှုံရာနေရာဟာ ဂါဇာကမ်းမြောင်ဒေသ (Gaza Strip) ဖြစ်လာခဲ့ပါတယ်။ ၁၉၆၇ ခုနှစ် ခြောက်ရက်စစ်ပွဲအပြီးမှာတော့ အစ္စရေးက ဂါဇာကို သိမ်းပိုက်ခဲ့ပြီး၊ ၂၀၀၇ ခုနှစ်မှာ ဟားမတ်စ် (Hamas) အဖွဲ့ ဂါဇာကို ထိန်းချုပ်လိုက်ကတည်းက အစ္စရေးရဲ့ ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်း ပိတ်ဆို့မှုကို ပြင်းပြင်းထန်ထန် ခံခဲ့ရတာပါ။ ဒီလို နိုင်ငံရေး၊ စစ်ရေး ပိတ်ဆို့မှုတွေကြားထဲမှာပဲ ဂါဇာရဲ့ လူဦးရေဟာ သန်းနဲ့ချီ…
Read Moreဖားကန့်မှာ စုဆောင်းရေးဆွဲခံရပြီး ပြန်လွတ်လာတဲ့ ကျောင်းသူရဲ့ ကျန်းမာရေး စိုးရိမ်နေရဆဲ
ဇွန် ၈၊ ၂၀၂၆ Shy V (VOM) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ စုဆောင်းရေးဆွဲခံရပြီး ဒဏ်ရာတွေနဲ့ ပြန်လည်ထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ ကျောင်းသူရဲ့ ကျန်းမာရေးအခြေအနေ စိုးရိမ်နေရဆဲ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ကလေးမလေးရဲ့ အခြေအနေက တော်တော်ဆိုးနေတယ်။ အမြန်ဆုံး ဆေးရုံကြီးတွေဘက်ပြောင်းပြီး ကုသပေးစေချင်တယ်။ နှစ်ပတ်ကျော်လာပြီ ဖြစ်ပေမယ့် သက်သာလာတဲ့ အခြေအနေမတွေ့ရသေးဘူး” လို့ မိသားစုနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။ မျက်စိလည်း ကောင်းကောင်း မမြင်သလို ထိုင်လည်း မထိုင်နိုင်၊ စကားလည်း ကောင်းကောင်းမပြောနိုင်တော့ပဲ အတွင်းကြေ ဒဏ်ရာရှိနေတဲ့ ပုံစံမျိုး ဖြစ်နေတယ်လို့ သူက ပြောပါတယ်။ “သူငယ်ချင်းနာမည် တလုံးတလေ ခေါ်တယ်။ သူ့အမေနဲ့ အဒေါ်ကို ခေါ်တယ်။ အဲဒါကလွဲရင် စကားမပြောဘူး။ ရေသောက်ချင်တာတို့ သေးပေါက်ချင်တာတို့ ဆိုရင် သူ့အမေနဲ့ အဒေါ်ရဲ့ လက်ဖဝါးပေါ်မှာ လက်နဲ့…
Read Moreကမ္ဘာ့ဖလား၊ ဘောလုံး ပြီးတော့ ပထဝီနိုင်ငံရေး
MT(VOM) ဘောလုံးဆိုတာ ကွင်းအစိမ်းရောင်ပေါ်မှာ ယောက်ျားရင့်မားကြီး (၂၂)ယောက် လေမှုတ်ထားတဲ့ သားရေလုံးလေးတစ်လုံးနောက်ကို ပြေးလိုက်ကြ၊ ကန်ကြတဲ့ ကစားပွဲသက်သက်ပဲ ထင်ပါသလား။ မဟုတ်ဘူး၊ ဘောလုံးပွဲတွေ ဟာ အားကစားသမားစိတ်ဓာတ်နဲ့ ကမ္ဘာကြီးကို စည်းလုံးစေတာ လို့ အကောင်းဘက်က လှည့်တွေးမလား။ ကျနော်ကတော့ အဲ့ဒီလို မထင်ဘူး။ ဘောလုံးပွဲ၊ အထူးသဖြင့် လေးနှစ်တစ်ကြိမ် ကျင်းပတဲ့ ကမ္ဘာ့ဖလားပွဲကြီးတွေဟာ စိမ်းလန်းနေတဲ့ မြက်ခင်းတုတွေ၊ ပရိသတ်တွေရဲ့ အော်ဟစ်အားပေးသံတွေရဲ့ နောက်ကွယ်မှာ သွေးချောင်းစီးခဲ့တဲ့ သမိုင်းတွေ၊ နိုင်ငံတော်အဆင့် မာနတွေ၊ ဩဇာအာဏာ လုပွဲတွေနဲ့ ပထဝီနိုင်ငံရေးရဲ့ အရှုပ်အထွေးတွေ အပြည့်ရှိနေတဲ့ ‘စစ်တလင်း’ တစ်ခုပဲလို့ မြင်မိတယ်။ ဘောလုံးဟာ သေနတ်သံမထွက်တဲ့ စစ်ပွဲပဲ။ ကမ္ဘာ့ဖလားသမိုင်းကို အစကနေ နိုင်ငံရေးမျက်မှန်တပ်ပြီး ပြန်ကောက်ကြည့်ရအောင်ပါ။ ၁၉၃၀ ခုနှစ် ဥရုဂွေး နိုင်ငံ မှာ ကျင်းပတဲ့ ပထမဆုံး…
Read Moreပဲခူးမြစ်ရေမြင့်တက်မှု မိုးရွာသွန်းမှု အခြေအနေပေါ်မူတည်ပြီး သတိပြုဖို့လို
ဇွန် ၈ – ၂၀၂၆ SN (VOM) ပဲခူးမြစ်ရေမြင့်တက်မှုနဲ့ ပတ်သက်လို့ လက်ရှိအနေအထားအရ စိုးရိမ်စရာ မရှိသေးပေမယ့် လာမယ့်ရက်တွေအတွင်း မိုးရွာသွန်းမှု များပြားလာရင်တော့ သတိပြုရမှာဖြစ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။ မိုး/ဇလ ဌာနရဲ့ ဒီကနေ့ ဇွန် ၈ ရက်၊ မနက် ၆ နာရီခွဲအချိန် ထုတ်ပြန်ချက်အရ ပဲခူးမြစ်ရေဟာ ဇောင်းတူမြို့မှာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ် ၉၀၀ စင်တီမီတာအောက်၊ ၂၅၅ ပေမှာ ရောက်ရှိနေပြီး မနေ့ကထက် ၉ စင်တီမီတာ ပြန်လည် ကျဆင်းလျက်ရှိကာ ပဲခူးမြို့မှာလည်း အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ် ၈၈၀ စင်တီမီတာအောက်၊ ၅၉၄ ပေမှာ ရောက်ရှိနေပြီး မနေ့ကထက် ၁၂ စင်တီမီတာ ပြန်လည် ကျဆင်းနေတယ်လို့ သိရပါတယ်။ “မနေ့ကတော့…
Read More