ကိဗ်ယက်၊ ဇန်နဝါရီ-၁၂-၂၀၂၅ မျိုးဆက်(VOM) ရုရှားနိုင်ငံကာ့စ်ဒေသမှာ ဒဏ်ရာရ မြောက်ကိုရီးယားစစ်သားနှစ်ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။ မြောက်ကိုရီးယား စစ်သားနှစ်ယောက်ကို ဆေးဝါးကုသမှုတွေပေးပြီးနောက် ကိဗ်ယက်ရှိ ယူကရိန်းထောက်လှမ်းရေးက ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။ မြောက်ကိုရီးယားစစ်သားတွေကို ဖမ်းမိရာမှာ ပါဝင်တဲ့ ယူကရိန်းတပ်ဖွဲ့ဝင်တွေကို ကျေးဇူးတင်တယ်လို့ ယူကရိန်းသမ္မတက ပြောပါတယ်။ ယူကရိန်းစစ်ပွဲမှာ မြောက်ကိုရီးရဲ့ပါ့ဝင်ပတ်သက်နေတဲ့ အထောက်အထားတွေကို ဖျောက်ဖျက်ဖို့အတွက် ဒဏ်ရာရ မြောက်ကိုရီးယားစစ်သားတွေကို ရုရှားက ကွပ်မျက်ပစ်လေ့ရှိပြီး သူတို့ကို လက်ရဖမ်းမိဖို့ မလွယ်ဘူးလို့ ယူကရိန်းသမ္မတက ပြောပါတယ်။ ဒဏ်ရာရမြောက်ကိုရီးယားစစ်သားတွေကို ဂျီနီဗာကွန်ဗင်းရှင်းပါ စည်းမျဉ်းတွေအတိုင်း နိုင်ငံတကာဥပဒေစည်းမျဉ်တွေအတိုင်း ထိန်းသိမ်းထားတယ်လို့ ယူကရိန်းထောက်လှမ်းရေးက ပြောပါတယ်။သူတို့ဟာ အင်္ဂလိပ်၊ ယူကရိန်း၊ ရုရှားစကားမပြောတတ်တာကြောင့် တောင်ကိုရီးယားထောက်လှမ်းရေးနဲ့ ပူးပေါင်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။ ဘာတွေဖြစ်နေလည်းဆိုတာ ကမ္ဘာကြီးကသဖို့လိုအပ်တယ်လို့ ဇီလန်စကီးကပြောပါတယ်။ ဖမ်းမိတဲ့စစ်သားတွေရဲ့ ပုံကိုလည်း ဇီလန်စကီးက သူရဲ့လူမှုကွန်ရက်မှာ ဖော်ပြထားပြီး သူတို့တွေဟာ…
Read MoreAuthor: Editor
ကုန်းလမ်းခရီး သွားလာရခက်တဲ့ ဒေသတွေမှာ လေယာဉ်လက်မှတ်ခ ဈေးနှုန်းတွေ ထပ်မံ မြင့်တက်လာ
ဇန်နဝါရီ ၁၂ – ၂၀၂၅SS (VOM)ပြည်တွင်းက ကုန်းလမ်းခရီး သွားလာရခက်တဲ့ ဒေသတွေမှာ လေယာဉ်လက်မှတ်ခ ဈေးနှုန်းတွေ အဆမတန် ထပ်မံ မြင့်တက်လာတယ်လို့ ဒေသတွင်း လေယာဥ်လက်မှတ် အရောင်းဌာနတွေဆီက သိရပါတယ်။စစ်တွေ၊ မြစ်ကြီးနား၊ ကော့သောင်း၊ ကလေး၊ ခန္တီး စတဲ့ ဒေသတွေမှာ ဒေသတွင်း တည်ငြိမ်မှုမရှိတဲ့ အခြေအနေတွေကြောင့် ကုန်းလမ်းခရီး သွားလာရ ခက်ခဲနေတဲ့အတွက် လေကြောင်းကသာ အဓိကထား သွားလာနေရတဲ့အတွက် အခု ၂၀၂၅ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာ လေယာဉ်လက်ခ ဈေးနှုန်းတွေဟာ ထပ်မံ မြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။“လေယာဉ်လက်မှတ် ဈေးနှုန်းတွေက ခုနောက်ပိုင်း တောက်လျှောက်ကို တက်နေတယ်ပြောရမယ်။ ဖြေးဖြေးတက်တာနဲ့ မြန်မြန်တက်တာပဲရှိတာ။ ဈေးနှုန်းအပြောင်းအလဲလည်း အရမ်းမြန်တယ်။ ရန်ကုန် – စစ်တွေ လေယာဉ်လက်မှတ်ခဆို အရင်နှစ်က ကျပ် တသိန်းခြောက်သောင်းပေါ့။ အဲဒီကနေမှ အဆင့်ဆင့် ဈေးတက်လာတာ။ လွန်ခဲ့တဲ့…
Read Moreရန်ကုန်မှာ ကလေး၊ သက်ကြီး၊ ကိုယ်ဝန်ဆောင်နဲ့ မသန်စွမ်းတွေကို ထောက်ပံ့ကြေးပေးဖို့ စာရင်းကောက်နေ
ဇန်နဝါရီ ၁၀ – ၂၀၂၅KKO(VOM)ရန်ကုန်တိုင်းအတွင်းက မြို့နယ်/ရပ်ကွက်အချို့မှာ ထောက်ပံ့ကြေးငွေ ပေးအပ်ဖို့ စာရင်းကောက်ယူမှု တွေရှိနေတယ်လို့ VOM က စုံစမ်းသိရှိရပါတယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်တွေမှာ အခုဇန်နဝါရီ ၉ ရက်နေ့မှစတင်လို့ ရပ်ကွက်အတွင်းမှာ နေထိုင်ကြတဲ့ ကိုယ်၀န်ဆောင်အမျိူးသမီးများစာရင်း၊ အသက်ငါးနှစ်အောက်ကလေးသူငယ်များစာရင်း၊အသက် ၇၀ အထက်ကျား/မစာရင်း၊ မသန်စွမ်းသူများစာရင်းကိုစတင်ကောက်ယူ နေတာလို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။“အမလည်း မွေးစာရင်းသွားတင်ထားတယ်။လူတွေကတော့ ရပ်ကွက်ရုံးမှာကြိတ်ကြိတ် တိုးပဲ။မနေ့က နေ့လည် ၂ နာရီလောက်က စပြီးစာရင်းကောက်တာ လူအရမ်းများနေလို့ အခုခဏရပ်ထားတယ်။ဘယ်လောက်ပေးမှာလဲတော့ မပြောသေးဘူး။အိမ်က အဖေကလည်း အသက် ၇၀ ကျော်ဆိုတော့ သူလည်း သန်းခေါင်စာရင်းတင်ရတယ်။ကလေးအတွက်က မွေးစာရင်း၊လူကြီးက သန်းခေါင် စာရင်းတင်ရတယ်။ကလေးဆိုရင် မွေးစာရင်းရှိရမယ်။မရှိရင် မရဘူး။ မွေးစာရင်းရယ်၊ သန်းခေါင်စာရင်းရှိရင် သန်းခေါင်စာရင်း မရှိရင် ဧည့်စာရင်း၊ အဲဒီနှစ်ခု တွဲတင်ရတယ်။ မိတ္တူတွေပေးရတယ်။လူကြီးဆိုရင် မှတ်ပုံ တင်ရှိရမယ်။မရှိရင် မရဘူး။မှတ်ပုံတင်ရယ်၊ သန်းခေါင်စာရင်းရှိရင်…
Read MoreHMPV ဗိုင်းရပ်စ်ကူးစက်မှု အထူးစိတ်ပူစရာမရှိဘူးလို့ ကျန်းမာရေးဝန်ကြီးပြော
ဇန်နဝါရီ ၁၀ – ၂၀၂၅GG (VOM)HMPV ရောဂါက ဆောင်းရာသီမှာဖြစ်လေ့ဖြစ်ထရှိတဲ့ရောဂါဖြစ်တဲ့အပြင် ရောဂါကြောင့် သေဆုံးနူန်းကလည်း အခြားအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေ သေဆုံးနူန်းရဲ့ ၁ ရာခိုင်နူန်းအော က်မှာသာရှိလို့ ပြည်သူလူထုအနေနဲ့ စိုးရိမ်ထိတ်လန့်စရာမလိုဘူးလို့ကျန်းမာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းကပြောပါတယ်။လက်ရှိမှာ HMPV ရောဂါပိုးနဲ့ ရာသီတုပ်ကွေးရောဂါပိုး အပါအဝင် အဏုဇီဝပိုးကြောင့် ဖြစ်ပွားတဲ့ လက်တလော အသက်ရှူလမ်းကြောင်းရောဂါတွေကို ကျန်းမာရေးဝန်ကြီးဌာနက အချိန်ပြည့် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းစနစ်နဲ့ စောင့်ကြပ်ကြည့်ရှုနေတယ်လို့သိရပါတယ်။“HMPV ရောဂါပိုးက ရာသီဥတုအလိုက် ကူးစက်ဖြစ်ပွားမှုရှိနေခဲ့ပြီးဖြစ်လို့ အဲဒီ ရောဂါပိုးနဲ့ပတ်သက်ပြီး မိမိတို့ပြည်သူများအတွင်း ကိုယ်ခန္ဓာခုခံအားစနစ်ရှိနေပြီးဖြစ်တယ်လို့ သုံးသပ်ယူဆရနိုင်ပါတယ်။ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နေပါတယ်။ လိုအပ်ပါက သက်ဆိုင်ရာ နှီးနွှယ် ဌာနဆိုင်ရာတွေနဲ့ ကဏ္ဍပေါင်းစုံဝိုင်းဝန်းပူးပေါင်းပါဝင်ပြီး ညှိနှိုင်းကာ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းနဲ့ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းကို ထိထိရောက်ရောက် ဆောင်ရွက်သွားမှာဖြစ်လို့ပြည်သူလူထုအနေနဲ့ အထူးစိုးရိမ်ထိတ်လန့်မှုဖြစ်ဖို့ မလိုပါဘူး ။တရုတ်နိုင်ငံမှာလည်း ဆောင်းရာသီဖြစ်လို့ ရောဂါဖြစ်ပွားမှုမြင့်တက်ခြင်းသာဖြစ်ပြီး အရေးပေါ်အခြေအနေ သတ်မှတ်ကြေညာထားရှိခြင်း မရှိသေးပါဘူး။” လို့ပြည်ထောင်စုဝန်ကြီးကပြောပါတယ်။HMPV ဗိုင်းရပ်စ်ပိုးက…
Read Moreတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဖို့ ကချင်ပြည်နယ်နေ့မှာ နစကဥက္ကဋ္ဌ တိုက်တွန်းပေမယ့် ကချင်မှာ စစ်ရေးအရှိန်မြင့်
ဇန်နဝါရီ ၁၀ – ၂၀၂၅SN (VOM)ဒီကနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ (၇၇) နှစ်မြောက် ကချင်ပြည်နယ်နေ့အတွက် နစကဥက္ကဋ္ဌပေးပို့တဲ့ သဝဏ်လွှာမှာ တည်ငြိမ်အေးချမ်းရေးအတွက် စစ်တပ်နဲ့ ပူးပေါင်းဖို့ တိုက်တွန်းပေမယ့် ကချင်မှာ စစ်ပွဲအရှိန်မြင့်တက်နေဆဲ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။နစကဥက္ကဋ္ဌက ကချင်ပြည်နယ်နေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနဲ့ ထာဝရငြိမ်းချမ်းရေးကို နိုင်ငံသူ၊ နိုင်ငံသားတွေအားလုံးက အစိုးရ၊ တပ်မတော်နဲ့အတူ ပူးပေါင်းပါဝင် ဆောင်ရွက်ကြဖို့ မှာကြားလိုတယ်လို့ ထည့်သွင်း ပြောဆိုထားပါတယ်။အဲဒီ သဝဏ်လွှာမှာ “လူထု ဆင်းရဲဒုက္ခရောက်နေတဲ့အတွက် နိုင်ငံနဲ့ လူမျိုးအကျိုးကို ဖျက်ဆီးနေကြတဲ့ လုပ်ရပ်တွေကို ရပ်တန့်ကြဖို့ လိုတယ်” လို့ နစကဥက္ကဋ္ဌက ပြောဆိုထားတာပါ။ဒီကနေ့ နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့နှင့် အကြမ်းဖက်အဖွဲ့တွေရဲ့ လုပ်ရပ်တွေကြောင့် တိုင်းရင်းသားပြည်သူအားလုံးအတွက် လုံခြုံမှုနဲ့ တည်ငြိမ်အေးချမ်းမှု ကင်းမဲ့ကာ…
Read Moreတရုတ်အနောက်မြောက်ပိုင်းမှာ ဆယ်ကျော်သက်ကျောင်းသားသေဆုံးမှု ဆန္ဒပြမှုတွေ ဖြစ်ပွား
ပေကျင်း၊ ဇန်နဝါရီ-၁၀-၂၀၂၅ ရတီ(VOM) တရုတ်နို်ငငံ အနောက်မြောက်ပိုင်းရှိ မြို့တမြိုမှာ ဆယ်ကျော်သက်လူငယ်တယောက် သေဆုံးမှုနဲ့ပတ်သက်ပြီး ပြင်းထန်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ရုပ်သံမှတ်တမ်းတွေအရ သတင်းဌာနတွေက အတည်ပြုထားပါတယ်။ ဆယ်ကျော်သက်လူငယ်ဟာ သူ့ရဲ့ စာသင်ကျောင်း ကျောင်းဆောင်ပေါ်ကနေ ဇန်နဝါရီ ၂ ရက်ကပြုတ်ကျသေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ထားပြီး နောက်ပိုင်းမှာတော့ ဒီသေဆုံးမှုနဲ့ပတ်သက်တဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာပါတယ်။ လူမှုကွန်ရက်မှာ မျှဝေထားတဲ့ ရုပ်သံမှတ်တမ်းတွေမှာတော့ ရှန်စီပြည်နယ် ပူချန်းမှာ ဆန္ဒပြသူတွေက ရဲနဲ့ လုံခြုံရေးတပ်ဖွဲ့ကို အရာ၀တ္ထုတွေနဲ့ ပစ်ပေါက်နေပြီး ဆန္ဒပြသူအချို့ကို ရဲတပ်ဖွဲ့က ရိုက်နှက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းက နှိမ်နှင်းမခံရမီထိ ရက်ပေါင်းများစွာ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဆန္ဒပြပွဲတွေနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံပိုင်မီဒီယာကတော့ နှုတ်ဆိတ်နေခဲ့ပါတယ်။ ဆန္ဒပြပွဲနဲ့ပတ်သက်တဲ့ မှတ်တမ်းဗီဒီယို၊ ဓါတ်ပုံတွေကိုလည်း လူမှုကွန်ရက်ကနေ ကန့်သတ်မှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီဆန္ဒပြမှုဟာ တရုတ်သမ္မတရှီကျင်းပင်နဲ့ နို်ငငံရဲ့ ကိုဗစ်-၁၉ မူဝါဒတွေကို…
Read Moreမြန်မာနိုင်ငံသား စွန့်လွှတ်လိုသူတွေ လျှောက်ထားနိုင်ကြောင်း စင်ကာပူရှိ မြန်မာသံရုံး ထုတ်ပြန်ချက် ဝေဖန်မှုတွေရှိ
ဇန်နဝါရီ ၁၀ – ၂ဝ၂၅KKO(VOM)ပြီးခဲ့တဲ့ရက်ပိုင်း ယခုဇန်နဝါရီလဆန်းပိုင်းအတွင်းမှာ စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးက နိုင်ငံသားအဖြစ်ကနေစွန့်လွှတ်လိုသူများအနေနဲ့ စာရွက်စာတမ်းအထောက်အထားတွေနဲ့ လျှောက်ထားနိုင်တယ်လို့ထုတ်ပြန် ကြေညာလာမှုအပေါ်မှာဝေဖန်မှုတွေများစွာရှိနေတယ်လို့ VOM က စုံစမ်းသိရှိရပါတယ်။ဒါအပြင် ထုတ်ပြန်မှုအပြီး ဒီကနေ့ အထိတော့ မြန်မာနိုင်ငံသားအဖြစ်ကနေ စွန့်လွှတ်ဖို့လျှောက်ထားတာမျိုး မကြားမိသေးဘူးလို့ စင်ကာပူရောက် မြန်မာအသိုင်းအဝိုင်းထံကနေ ထပ်မံသိရပါတယ်။“တဖက်နိုင်ငံသားကဒ်မရဘဲ အဲလိုတော့ ဘယ်သူမှမလုပ်ကြဘူး၊ မလျှောက်ကြဘူးထင်ပါတယ်။ဒီလိုနိုင်ငံသားအဖြစ်ကစွန့်လွှတ်ရအောင် လုပ်ရအောင်လည်း လူတွေကစိတ်မနှံ့တဲ့သူတွေမှမဟုတ်တာ။ တဖက်နိုင်ငံသားဖြစ်ဖို့ဆိုတာကလည်း မလွယ်ဘူးလေ။ ဒါကဘယ်လွယ်မလဲ၊ဒီမှာအလုပ်လာလုပ်ကြတဲ့သူတွေအကုန်လုံးကလည်းမြန်မာ နိုင်ငံမှာ မိဘဆွေမျိုးတွေ မိသားစုတွေကျန်ခဲ့ကြတာချည်းပဲလေ၊အချိန်တန်ရင်ကိုယ့်နိုင်ငံကိုယ်ပြန်ကြမယ့်သူတွေချည်းပါပဲ”လို့ စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားတယောက်က ယခုထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ သူရဲ့အမြင်ကို ပြောပြခဲ့ပါတယ်။မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံရုံးရဲ့ ထုတ်ပြန်မှုမှာတော့ နိုင်ငံသားအဖြစ်ကစွန့်လွှတ်မှုကို လျှောက်ထားလိုသူတွေအနေနဲ့ အပ်နှံရမယ့် စာရွက်စာတမ်းတွေက မြန်မာနိုင်ငံကူးလက်မှတ်၊ မြန်မာနိုင်ငံသား စိစစ်ရေးကတ်ပြားမူရင်း(လျှောက်ထားဖူးခြင်းမရှိပါက ကိုင်ဆောင်ထားခြင်းမရှိကြောင်း တင်ပြစာ)၊ အိမ်ထောင်စု စာရင်းမိတ္တူ(အိမ်ထောင် စုစာရင်းမှာ ထည့်သွင်းထားခြင်း မရှိပါက(မရှိကြောင်း တင်ပြစာ)၊ မိဘ၊ မောင်နှမတွေရဲ့အိမ်ထောင်စုစာရင်းမိတ္တူနဲ့ မွေးစာရင်းမိတ္တူ…
Read Moreလော့စ်အိန်ဂျလိစ်တောမီး ပိုမိုဆိုးရွားလာ၊ ငါးယောက်သေဆုံးပြီး လူသိန်းချီ ဘေးလွတ်ရာ ရွှေ့ပြောင်း
ဝါရှင်တန်၊ ဇန်ဝါရီ-၉-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်နိုင်ငံ လော့အိန်ဂျလိစ်နဲ့ အနီးနားရှိ ဗန်တူရာတို့မှာ တောမီးလောင်ကျွမ်းမှု ပိုမိုဆိုးရွားလာပြီး လက်ရှိအချိန်ထိ လူငါးဦးထက်မနည်း သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ Sunset Fire လို့အမည်ပေးထားတဲ့ ဒီတောမီးဟာ နေရာခြောက်ခုထက်မနည်းမှာ အကြီးအကျယ်လောင်ကျွမ်းနေပြီး ၀ုဒ်လေမှာ လောင်ကျွမ်းမှုနည်းပါးသွားတာကလွဲပြီး ထိန်းချုပ်လို့ မရသေးဘူးလို့ ဆိုပါတယ်။ လက်ရှိအချိန်ထိ အီတန်ဒေသရှိ လူတသိန်းကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းဖို့ အမိန့်ထုတ်ထားပြီး ပါလစ်ဆာဒက်မှ လူ ၃၇၀၀၀ ကျော်ကိုလည်း ကယ်ဆယ်ရေးတွေ လုပ်ဆောင်ခဲ့ရပါတယ်။ တောမီးဟာ နာမည်ကျော် ဆယ်လီတွေပိုင်ဆိုင်တာတွေအပါအဝင် နေအိမ်ထောင်ပေါင်းများစွာကို ခြိမ်းခြောက်နေပါတယ်။ ပါလစ်ဒက်စ်၊ အိစတန်၊ ဟာ့စ်နှင့် ၀ုဒ်လေတို့မှာ တောမီလောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်ခြင်းမရှိသေးဘဲ အဆောက်အဦ ၁၀၀၀ ကျော်မီးလောင်ကျွမ်းခဲ့ပါတယ်။ ဇန်နဝါရီ ၇ ရက်က စတင်လောင်ကျွမ်းခဲ့တဲ့ တောမီးမှာ လော့အိန်ဂျလိစ်သမိုင်းမှာ အဆိုးရွားဆုံး တောမီးလောင်ကျွမ်းမှုဖြစ်လာနိုင်ကြောင်း တာဝန်ရှိသူတွေက သတိပေးထားပါတယ်။…
Read Moreမန္တလေးတောင်အဆင်းလမ်းမှာ ကားတစီး တောင်အောက်ပြုတ်ကျပြီး ၁၇ ယောက် ဒဏ်ရာ ရ
ဇန်နဝါရီ ၉ – ၂၀၂၅ SS (VOM) မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်နယ်မြေ၊ မန္တလေးတောင်အဆင်းလမ်းကွေ့မှာ မနေ့ ဇန်နဝါရီ ၈ ရက်၊ နေ့လယ်ပိုင်းက ဘုရားဖူးယာဥ်တစီး တောင်အောက် ပြုတ်ကျခဲ့ပြီး ၁၇ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး၊ နန်းတော်ရှေ့ လူမှုကယ်ဆယ်ရေးအသင်းမှ သိရပါတယ်။ အဲဒီဖြစ်စဉ်ဟာ မနေ့ နေ့လယ် ၂ နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ဘုရားဖူးတွေ လိုက်ပါလာတဲ့ လိုက်ထရပ် အဖြူရောင်ယာဉ်တစီး တောင်ပေါ်ကပြန်အဆင်းမှာ ဘရိတ်ပေါက်ကာ တောင်အောက် ပေ ၃၀ အနက်ကို ပြုတ်ကျသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်မှာ ယာဉ်ပေါ် လိုက်ပါလာသူတွေအနက် အမျိုးသား ခြောက်ယောက်၊ အမျိုးသမီး ၁၁ ယောက်၊ စုစုပေါင်း ၁၇ ယောက် ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး သေဆုံးသူ မရှိခဲ့ဘူးလို့ နန်းတော်ရှေ့ လူမှုကယ်ဆယ်ရေးအသင်းမှ…
Read Moreအိမ်နီးချင်းနိုင်ငံတွေကို စစ်တိုက်နိုင်စွမ်း မြောက်ကိုရီးယားမှာ ပိုရှိလာတယ်လို့ သတိပေး
ဝါရှင်တန်၊ ဇန်နဝါရီ-၉-၂၀၂၅ မျိုးဆက်(VOM) မြောက်ကိုရီးယားတပ်တွေဟာ ယူကရိန်းစစ်ပွဲမှာ ရုရှားနဲ့အတူ တိုက်ပွဲဝင်နေမှုကနေ အကျိုးအမြတ်တွေရရှိနေပြီး အိမ်နီးချင်းနိုင်ငံတွေကို စစ်တိုက်နိုင်စွမ်း ပိုရှိလာတယ်လို့ အမေရိကန်က သတိပေးလိုက်ပါတယ်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်ပြီးနောက် ရုရှား-မြောက်ကိုရီးယား ဆက်ဆံရေးဟာ ပိုမိုနီးကပ်လာခဲ့ပြီး လက်ရှိမှာတော့ ရုရှားမှာ မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၁၂၀၀၀ ကျော်ထိ ရှိနေပါတယ်။ မြောက်ကိုရီးယားဟာ ရုရှားဆီကနေ စက်လက်နက်နည်းပညာ၊ အတွေ့အကြုံတွေကနေ သိသာထင်ရှားတဲ့ အကျိုးအမြတ်တွေရနေပြီး အိမ်းနီးချင်းနိုင်ငံတွေကို စစ်တိုက်နိုင်စွမ်းရှိလာတယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒိုရိုသီကမ်မေးရှီရာက သတိပေးပါတယ်။ ဒါအပြင် စစ်ရေးစွမ်းရည်တိုးတက်လာတာကို အသုံးပြုပြီး မြောက်ကိုရီးယားဟာ ကမ္ဘာတစ်ဝန်း လက်နက်ရောင်းချမှုနဲ့ စစ်ရေးဆိုင်ရာ စာချုပ်တွေကို တိုးမြှင့်ဖို့ လုပ်ဆောင်လာနိုင်တယ်လို့ သံအမတ်ကြီးက ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ပြောဆိုခဲ့ပြီး မကြာသေးမီက ဒုံးပျံစမ်းသပ်မှုကိုလည်း ဝေဖန်ခဲ့ပါတယ်။ နိုင်ငံရဲ့ ခုခံကာကွယ်ပိုင်ခွင့်အတွက် ဒုံးကျည်စမ်းသပ်မှုဟာ…
Read More