ဇန်နဝါရီ ၁၉ – ၂၀၂၅GG (VOM) ပဲခူးတိုင်း၊တောင်ငူခရိုင်၊အုတ်တွင်းမြို့နယ်မှာ ဇန်နဝါရီ ၁၈ ရက်နေ့ညက ရှမ်းရွာအုပ်ချုပ်ရေးမှူးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါတဲ့အဖွဲ့တိုက်ခိုက်ခံရပြီး အုပ်ချုပ်ရေးမှူးအပါအဝင်ခြောက်ယောက်သေဆုံးခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်။ “ဟုတ်ပါတယ်။ညက၈ နာရီကျော်လောက်မှာ ဖြစ်သွားတာပါ။အုပ်ချုပ်ရေးမှူးလည်းနေရာမှာပဲသေတယ်။စစ်သားနဲ့ရဲငါးယောက်လည်းသေသွားတယ်။အုပ်ချုပ်ရေးမှူးဦးမောင်က စိတ်သဘောကတော့တကယ်ကောင်းတဲ့သူပါ။ဘယ်လိုဖြစ်ပြီးခုလောက်ထိဖြစ်ကုန်လည်းမသိပါဘူး။စိတ်မကောင်းဖြစ်ရပါတယ်။” လို့ ဒေသခံကပြောပါတယ်။ အသတ်ခံရတဲ့အုပ်ချုပ်ရေးမှူးက ရှမ်းရွာအုပ်ချုပ်ရေးမှူးဦးသိန်းထွေး ခေါ်ကိုမောင်ဆိုသူဖြစ်ကြောင်း ၊အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ဟာ သံတိုင်ခင်ရွာကနေပြန်လာချိန်မှာ ပစ်ခတ်တိုက်ခိုက်ခံရတာဖြစ်တယ်လို့သိရပါတယ်။ အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့ကပြုလုပ်ခဲ့တာဖြစ်ပြီး ပစ်ခတ်မှုအတွင်း MA 3 (၁)လက်၊ MA 11 (၁)လက်၊ G3 (၂)လက်၊အူစီ (၁)လက်နဲ့အတူ MA ကျည်ဘောက် (၅)ဘောက်၊ G3ကျည်ဘောက် (၄)ဘောက်၊ အူစီကျည်ဘောက် (၁)ဘောက် လက်ပစ်ဗုံး (၁)လုံး၊ဓါးမြှောင်(၂)ချောင်း ရရှိခဲ့ကြောင်း သူတို့ရဲ့လူမှုကွန်ယက်ကနေထုတ်ပြန်ထားပါတယ်။ ပြည်သူတွေကို စစ်မှုထမ်းဖို့အတွက် နစကနဲ့ပူးပေါင်းဆောင်ရွက်နေတာကြောင့် ရှင်းလင်းခဲ့တာဖြစ်တယ်လို့ ဒေသတွင်းလက်နက်ကိုင်အဖွဲ့က အသိပေးမှုအရသိရပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့အုပ်ချုပ်ရေးမှူးနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေကညတွင်းချင်း လာရောက်သယ်ဆောင်သွားတယ်လို့သိရပါတယ်။ ဒီဇင်ဘာလ ၂၂…
Read MoreAuthor: Editor Htein Lin
ရုရှားနဲ့ အီရန်တို့ နှစ် ၂၀ မိတ်ဖက်စာချုပ်လက်မှတ်ထိုးပြီး စစ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြင့်လာနိုင်
မော်စကို၊ ဇန်ဝါရီ-၁၈-၂၀၂၅ မျိုးဆက်(VOM) ရုရှားသမ္မတပူတင်နဲ့ အီရန်သမ္မတ မာဆွတ်ပီဇက်ရှကီယန်တို့ဟာ အနောက်အုပ်စုနိုင်ငံတွေနဲ့ ထိပ်တိုက်တင်းမာမှုတွေ မြင့်တက်နေချိန်မှာ သူတို့နှစ်နိုင်ငံအကြား စစ်ရေးအပါအဝင် မဟာဗျူဟာမြောက် မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးလိုက်ပါတယ်။ နှစ်နိုင်ငံအကြား စီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်ရေးပါဝင်တဲ့ ဒီသဘောတူညီချက်ကို ပူတင်နဲ့ အီရန်သမ္မတတို့က ရုရှားသမ္မတအိမ်တော်မှာ တွေ့ဆုံပြီး လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ နှစ် ၂၀ မဟာမဗျူဟာမြောက် သဘောတူညီချက်ဟာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်အားလုံးအတွက် ထပ်လောင်းတွန်းအားဖြစ်စေတယ်လို့ ရုရှားသမ္မတပူတင်က ပြောပါတယ်။ စာချုပ်ဟာ နှစ်နိုင်ငံဆက်ဆံရေးပိုမို နီးကပ်စေတယ်လို့ အီရန်သမ္မတက ဆိုပါတယ်။ ဒါအပြင် နိုင်ငံတနိုင်ငံ တိုက်ခိုက်ခံရပြီဆိုရင် ကျန်တနိုင်ငံက ရန်လိုသူကို စစ်ရေးအကူအညီမပေးရဘူးဆိုတဲ့ အချက်လည်းပါဝင်နေပါတယ်။ သဘောတူချက်ထဲမှာတော့ မြောက်ကိုရီးယား၊ ဘီလာရုစ်တို့နဲ့ ချုပ်ဆိုခဲ့တဲ့နည်းတူ စစ်ရေးတိုက်ရိုက်အကူအညီပေးရေးဆိုတာမျိုးတော့ ဖော်ပြထားတာမရှိပါဘူး။ ရုရှားနဲ့ အီရန်အကြား အခုလို မဟာဗျူဟာမြောက် မိတ်ဖက်စာချုပ်နဲ့ပတ်သက်ပြီး အနောက်အုပ်စုနိုင်ငံတွေကတော့ စိုးရိမ်ကြောင်း…
Read Moreရွှေသောင်ယံ၊ ဘောမိအထက်ဘက်မှာ တိုက်ပွဲပြန်ဖြစ်ပြီး စစ်ရှောင်သူများလာ
ဇန်နဝါရီ ၁၈ – ၂၀၂၅ GG (VOM) ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းနယ်မိတ်အစပ်၊ပုသိမ်မြို့နယ်၊ရွှေသောင်ယံ၊ ဘောမိရွာအထက် ချောင်းဖျားဘက်မှာ တိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့တာကြောင့် အရေးပေါ်စစ်ရှောင်ရသူတွေအများအပြားရှိလာပြီး စစ်ရှောင်တွေအတွက် အကူအညီတွေလိုအပ်နေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။ ဇန်နဝါရီ ၁၆ ရက်နေ့ကစပြီး AA နဲ့နစကတပ်တွေအကြား တိုက်ပွဲတွေထပ်မံဖြစ်ပွားခဲ့တာဖြစ်ပြီးနှစ်ဖက်အဖွဲ့အစည်းတွေက လက်နက်ကြီးပစ်ခတ်မှုတွေရှိသလို နစကဘက်မှ လေကြောင်းပစ်ကူတိုက်ခိုက်မှုတွေရှိခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့် ဘောမိ ၊ ချိုင်လယ်(မကျီးဇင်) ၊တောင်နီမော် ၊မီးလောင်ချိုင်၊ကျွန်းချောင်းဖက်မှ ဒေသခံပြည်သူအများအပြား ရွှေသောင်ယံကို စစ်ဘေးရှောင်လာတဲ့အတွက် ဆန် ၊ဆီ တွေအရေးပေါ်အကူအညီလိုအပ်နေတာဖြစ်တယ်လို့သိရပါတယ်။ ” ၁၆ ရက်နေ့ညနက်ပိုင်းကစပြီးဘောမိအထက် ချောင်းဖျားဘက်နားကလက်နက်ကြီးလက်နက်ငယ်သံတွေကြားရတယ်။တညလုံး တိတ်သွားလိုက်ပြန်ဖြစ်လိုက်နဲ့ည ၁ နာရီကစပြီး စိန်ပြောင်းကြီးသံတွေ၊အမြောက်ကျည်ပေါက်ကွဲသံတွေပါကြားရတယ်။မနေ့က မနက်ကျတပ်က လေယာဥ်တွေနဲ့ဗုံးကြဲတယ်။နေ့ခင်းလောက်ကျတော့အသံတွေငြိမ်သွားတယ်။တိုက်ပွဲကြောင့် သပေါ့ကန်၊ သဲကုန်း၊အုန်းချောင်းနဲ့ရွှေသောင်ယံရပ်ကွက်တွေကိုစစ်ဘေးရှောင်တွေ အများအပြား ပြန်လည်ဝင်ရောက်လာလို့ ဆန်အရေးတကြီး လိုအပ်နေပါတယ်။ ” လို့ ရွှေသောင်ယံဒေသခံကပြောပါတယ်။ လက်ရှိမှာတော့ ဘောမိအောက်ဘက် ရွှေသောင်ယံကမ်းခြေတလျောက်ရှိ ဝက်သေ ၊တပင်မော် ၊သပေါ့ကန်ဘက်မှာဆိုရင်…
Read Moreမြိတ်မှာ နေအိမ်သုံးလုံးမီးလောင်ပြီး လူတယောက်ပါမီးလောင်သေဆုံး
ဇန်နဝါရီ ၁၈ – ၂၀၂၅ GG (VOM) တနင်္သာရီတိုင်း ၊မြိတ်မြို့နယ်၊ အလယ်ကျွန်းရပ်ကွက် ၊ မင်္ဂလာလမ်းသွယ်မှာ ဇန်နဝါရီ ၁၈ ရက်ဒီကနေ့မနက်အစောပိုင်းက နေအိမ်သုံးလုံး မီးလောင်ခဲ့ပြီး အမျိုးသားတယောက်မီးလောင်သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင်မီးသတ်တပ်ဖွဲ့ကသိရပါတယ်။ မီးလောင်မှုက မနက်၃ နာရီခွဲလောက်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး မီးလောင်ချိန် မိနစ်၁၀ လောက်သာရှိခဲ့ပြီး မီးငြိမ်းသွားချိန် မီးလောင်နေအိမ်တွေကို ရှင်းလင်းရေးလုပ်ချိန်မှာ မီးလောင်သေဆုံးနေတဲ့အမျိုးသားကိုတွေ့ရှိရတာဖြစ်တယ်လို့သိရပါတယ်။ ” ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာမသိရသေးဘူး။စုံစမ်းနေတုန်းပါ။” လို့သေဆုံးအမျိုးသားနဲ့ပတ်သက်ပြီးမြိတ်ခရိုင်မီးသတ်ဌာနမှတာဝန်ရှိသူကပြောပါတယ်။ လက်ရှိမှာ မီးလောင်သေဆုံးခဲ့တဲ့ သေဆုံးအမျိုးသားနဲ့ပတ်သက်လို့ အသေးစိတ်မသိရှိရသေးသလို မီးစတင်လောင်ကျွမ်းတဲ့အခြေအနေနဲ့ပျက်စီးဆုံးရှုံးမှုတန်ဖိုးလည်း မသိရသေးဘူးလို့သိရပါတယ်။ ” လူသေမှန်းကိုမသိကြဘူး။မီးငြိမ်းလို့ရှင်းကြလင်းကြမှ အလောင်းတွေ့ရတာ။အဲဒီတော့မှသိကြတာ။မီးကလောင်ထားတော့ဘယ်သူဘယ်ဝါသေချာမသိရဘူးဖြစ်နေတာပေါ့။ခုတော့ဆေးရုံပို့ထားကြတယ်။”လို့ ဒေသခံကပြောပါတယ်။ အဆိုပါမီးလောင်မှုကိုတော့ မြိတ်ခရိုင်မီးသတ်ဦးစီးမှူး ဦးဆောင်ပြီး သန္ဓေတပ်ဖွဲ့ဝင် အယောက် ၄၀ ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်အယောက် ၉၀ ၊ တပ်မတော်သား ၁၄ ယောက်၊ ကြက်ခြေနီ တပ်ဖွဲ့ဝင် ၁၂ ယောက် ၊ ရဲတပ်ဖွဲ့ဝင်…
Read Moreရန်ကုန်မှာ စစ်ရှောင်နဲ့ နယ်ပြောင်းလာသူတွေကို ဧည့်စာရင်းစစ်ဆေးမှု တင်းကြပ်နေ
ဇန်နဝါရီ ၁၈ – ၂ဝ၂၅ KKO(VOM) ရန်ကုန်တိုင်းမှာ ဧည့်စာရင်းတွေကို စတင်တင်းကြပ်နေပြီး နယ်ကပြောင်းလာသူတွေနဲ့စစ်ဘေးရှောင်လာသူတွေကို အဓိကထားစိစစ်နေတယ်လို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။ “ရန်ကုန်တိုင်းမှာ ဧည့်စာရင်းတွေကိုစတင်တင်းကြပ်နေပါပြီ။ပြောင်းရွှေ့လာတဲ့ဒေသက ရပ်ကွက်/ကျေးရွာတွေရဲ့ထောက်ခံစာမပါဘူးဆိုရင် ဧည့်စာရင်းမပေးတော့ပါဘူး။ မြို့နယ်အတော်များများမှာပေါ့။အပြည့် အစုံတော့မသိရပါဘူး”လို့ ရန်ကုန်တိုင်းအတွင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးတယောက်က VOM ကို ပြောပါတယ်။ လက်ရှိကာလမှာ ဧည့်စာရင်းတိုင်တန်းမယ်ဆိုပါက အိမ်ရှင်ကိုယ်တိုင်လာရောက်ဖို့နဲ့အိမ်ရှင်မှ ကိုယ်တိုင် မိမိတို့ အိမ်ဌားကိုဧည့်စာရင်းပြုလုပ်ပေးရမယ်လို့ သိရပြီး အိမ်ရှင် ကိုယ်တိုင်မလာရောက်ပါက ဧည့်စာရင်းမထုတ်ပေးဘူးလို့လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေကနေ အသိပေးထားတယ်လို့ သိရပါတယ်။ ဒါအပြင် အိမ်ဌားမှ အိမ်ရှင်အိမ်ဌားစာချုပ်၊မူရင်း/မိတ္တူ၊ နိုင်ငံသားအမှတ် မူရင်း/မိတ္တူတို့အပြင် မိမိတို့ပြောင်းရွှေ့ဒေသမှ ထောက် ခံစာမူရင်းတို့ အပါအဝင် နေထိုင်မယ့်သူအားလုံးရဲ့မှတ်ပုံတင်တွေကို ယူဆောင်လာရမှာဖြစ်သလို အိမ်ဌားမှအထက်ပါ အချက် အလက်တွေ မပါရှိပါက ဧည့်စာရင်းကိုမဆောင်ရွက်ပေးဘူးလို့ ရန်ကုန်တိုင်းအတွင်းက ရပ်ကွက်အုပ်ချုပ်ရေးပိုင်းဆိုင်ရာအဖွဲ့ဝင် တယောက်က ပြောပါတယ်။ “နယ်ကလာတဲ့သူတွေက အဓိကထား…
Read Moreထိုင်ဝမ်အရေး သတိထားကိုင်တွယ်ဖို့ ထရန့်ကို ရှီကျင်းပင် တိုက်တွန်း
ပေကျင်း၊ ဇန်နဝါရီ-၁၈-၂၀၂၅ ရတီ(VOM) အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်နဲ့ တရုတ်သမ္မတရှီကျင်းပင်တို့ဟာ ဇန်နဝါရီ ၁၇ ရက်မှာ တယ်လီဖုန်းဆက်သွယ်ဆွေးနွေးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီဆွေးနွေးမှု ကောင်းမွန်တဲ့ ဆွေးနွေးမှုလို့ သမ္မတနှစ်ဦးစလုံးက ဆိုပါတယ်။ ဒါဟာအပြုသဘောဆောင်တဲ့ ဆက်ဆံရေးတွေအတွက် အစပြုတာလို့ မျှော်လင့်ကြောင်း ရှီကျင်းပင်က ပြောပါတယ်။ တရုတ်-အမေရိကန် စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ သံတမန်ရေးရာတို့မှာ ထိပ်တိုက်ပဋိပက္ခတွေကို ရှောင်ရှားပြီး နှစ်ဦးနှစ်ဖက်အကျိုးရှိစေမယ့် နည်းလမ်းတွေကို ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့ သမ္မတရှီကျင်းပင်က တိုက်တွန်းခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒါအပြင် ထိုင်ဝမ်ဟာ တရုတ်ရဲ့ အချုပ်ခြာအာဏာနဲ့ နယ်မြေစိုးမိုးရေးကို အလေးထားတဲ့ ကိစ္စဖြစ်တာကြောင့် သတိထား ကိုင်တွယ်ဆောင်ရွက်ဖို့ ရှီကျင်းပင်က ဒေါ်နယ်ထရန့်ကို တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။ နှစ်နိုင်ငံအကြား အဓိကကိစ္စရပ်များကို ဆက်လက်ဆွေးနွေးဖို့နဲ့ မဟာဗျူဟာမြောက် ဆက်သွယ်ရေးလမ်းကြောင်း ထူထောင်ဖို့ကိုလည်း သဘောတူခဲ့ကြောင်း နို်ငငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ သမ္မတရှီကျင်းပင်နဲ့ ကောင်းမွန်တဲ့…
Read Moreရွှေဘိုမင်းဆက် မှန်နန်းစံ
ဆူးငှက် “အင်းအိုင်ဝိုက်လည် မြို့ကြီးတည်ပြန်… ၁၁၄၄ ခုနှစ်က အမရပူရရွှေနိုင်ငံ… ရေချိုတွင်းနဲ့ ပျံ့နန်းလှန်… ရွှေဘိုမင်းဆက် မှန်နန်းစံ၊ မြတ်ဘိုးတော် သူစီမံ အင်းကြီးတောင်သမန်…”တဲ့။ ဂန္ထဝင်တေးပြုစာဆိုကြီး နန်းတော်ရှေ့ဆရာတင်က “တောင်သမန်”ကို ဖွဲ့ဆိုရင်းနဲ့ အမရပူရကို ပုံဖော်ခဲ့တယ်။ အမရပူရကို ကောဇာသက္ကရာဇ် ၁၁၄၄ ခုနှစ်မှာ(ခရစ် ၁၇၈၂)မှာ အလောင်းမင်းတရားရဲ့သားတော် ဘိုးတော်ဘုရားခေါ် ဗဒုံမင်းက တည်ခဲ့ပါတယ်။ ဘိုးတော်ဘုရားဟာ အမရပူရ ရွှေနန်း တော်မှာ ၃၇ နှစ် နန်းစံပြီး သက်တော် ၇၅ နှစ်မှာ နတ်ရွာစံခဲ့တယ်။ ဘိုးတော်ဘုရား လွန်ပြီးနောက် စစ်ကိုင်းမင်းခေါ် ဘကြီးတော်က အင်းဝမှာ ပြောင်းရွှေ့ နန်းစံပြန်တယ်။ အင်းဝမှာ ဘကြီးတော်က ၁၈ နှစ် နန်းစံပြီး ရွှေဘိုမင်းခေါ် သာယာဝတီမင်းက…
Read Moreညောင်ရွှေမြို့နယ်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ သုံးယောက်သေဆုံးပြီး ၁၄ ယောက် ဒဏ်ရာရ
ZY(VOM) ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံအရှေ့ဖက်ကမ်းရှိ ညောင်ရွှေမြို့နယ်ထဲကို ဇန်နဝါရီလ ၁၇ရက်၊ နေ့လည်ပိုင်းက လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲလို့ သုံးယောပ်သေဆုံးပြီး ၁၄ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ဘေးရှောင်အရေး ကူညီနေသူတွေထံကနေ သိရပါတယ်။ ညောင်ရွှေမြို့နယ်၊ ဘုရားတောင်ကျေးရွာထဲက လွယ်နွဲ့စစ်ရှောင်စခန်းကို လက်နက်ကြီး ၂ လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အဲဒီစစ်ဘေးရှောင်စခန်းမှာ နေထိုင်နေကြသူ သုံးယောက်သေဆုံးပြီး ၁၄ ယောက်ဒဏ်ရာရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ “လက်နက်ကြီး ၂လုံးဆက်တိုက် ကျလာတာ။ ၃ယောက်ကတော့ အဲဒီနေရာမှာပဲ ပွဲချင်းပြီး ဆုံးသွားတယ်။ ၁၄ ယောက်ကတော့ ဆေးကုသမှုခံယူနေတုန်း၊ ၂ယောက်ကတော့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာပဲ ရှိသေးတယ်”လို့ စစ်ဘေးရှောင်အရေး ကူညီနေသူတစ်ယောက်က VOM ကို ပြောပါတယ်။ အဲဒီလို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၆ နှစ်အရွယ် မိန်းကလေးတဦး၊ အသက် ၅၀ ကျော် ဦးစိုင်းနဲ့ အသက်…
Read Moreတောင်ကြီးမြို့နယ်ရောက် ကယားစစ်ရှောင်တွေ ဝမ်းပျက်ဝမ်းလျှောနဲ့ အော့အန်မှုတွေ ဖြစ်ပွားနေ
ZY(V0M) ဇန်နဝါရီ ၁၈၊ ၂၀၂၅ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်ကို လာရောက်တိမ်းရှောင်နေကြတဲ့ ကယားပြည်နယ်က စစ်ဘေးရှောင်တွေဟာ လက်ရှိအချိန်မှာ ဆောင်းရာသီ အအေးဒဏ်တွေကြောင့် အသက်အရွယ်မရွေး ဝမ်းပျက်ဝမ်းလျှောနဲ့ အော့အန်တာတွေ ဖြစ်ပွားနေကြတယ်လို့ စစ်ဘေးရှောင်အရေး ကူညီနေသူတွေ ထံကနေ သိရပါတယ်။ ကယားပြည်နယ်၊ လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်တွေကနေ တောင်ကြီးမြို့နယ်ကို လာရောက်ခိုလှုံနေတဲ့ စစ်ဘေးရှောင်လူဦးရေ ၄၀၀ ကျော် ကျန်ရှိနေသေးပြီး စစ်ဘေးရှောင်ဦးရေ ၅၀ကျော်ဟာ အခု ဇန်နဝါရီလ၊ ပထမပါတ်ကစတင်ပြီး အအေးဒဏ်တွေကြောင့် အသက်အရွယ်မရွေး ဝမ်းပျက်ဝမ်းလျှောနဲ့ အော့အန်တာတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ “တော်တော်များများကတော့ ပြန်ကုန်ကြပြီ။ အရင်ကဆို လူဦးရေ ၃၀၀၀ကျော်ရှိတာ၊ အခုက ၄၀၀ကျော်ပဲ ကျန်တော့တယ်။ လေက အရမ်းတိုက်ပြီး နှင်းတွေလည်းကျ၊ အရမ်းအေးတဲ့အခါကြတော့ အခုလိုတွေ ဖြစ်နေကြတာ။ စောင်၊ အနွေးထည်တွေမရှိတဲ့အပြင် အမိုးအကာ မလုံခြုံတဲ့နေရာမှာ နေထိုင်ကြရတာလည်း ပါတာပေါ့”လို့…
Read Moreထရန့်ရဲ့ ကျမ်သစ္စာကျိန်ဆိုပွဲ တရုတ်ဒုတိယသမ္မတကို စေလွှတ်မယ်
ပေကျင်း၊ ဇန်နဝါရီ-၁၇-၂၀၂၅ မျိုးဆက်(VOM) တရုတ်ဒုတိယသမ္မတ Han Zheng ကို အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန်ရဲ့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ဖို့စေလွှတ်မယ်လို့ တရုတ်အစိုးရက ထုတ်ပြန်လိုက်ပါတယ်။ ဝါရှင်တန်မှာ ပြုလုပ်မယ့် ဒီအခမ်းအနားကို တက်ရောက်ဖို့ ဒုတိယသမ္မတကို စေလွှတ်မှုဟာ အမေရိကန်ဘက်မှ ဖိတ်ကြားချက်ရ ဖြစ်တယ်လို့ တရုတ်နိုင်ငံပိုင် စီစီတီဗီ သတင်းဌာနက ဖော်ပြထားပါတယ်။ ဒေါ်နယ်ထရန့်ဟာ သူ့ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲတက်ရောက်ဖို့ သမ္မတရှီကျင်းပင်ကို အစောပိုင်းမှာ ဖိတ်ကြားခဲ့တာပါ။ တရုတ်နိုင်ငံအနေနဲ့ အမေရိကန်အစိုးရသစ်နဲ့ ဆွေးနွေးမှုတွေ အားကောင်းလာစေဖို့ ၊ မတူကွဲပြားမှုတွေကို စနစ်တကျစီမံခန့်ခွဲဖို့၊ အပြန်အလှန်အကျိုးရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးချဲ့ဖို့၊ တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်ကောင်းမွန် ရေရှည်တည်ငြိမ်တွေအတွက် ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုပါတယ်။ တရုတ်နိုင်ငံကနေ ဖန်တနိုင်းမူးယစ်ဆေးတွေ အမေရိကန်ကို ဝင်ရောက်လာမှုတွေကို မရပ်တန့်ဘူးဆိုရင် တရုတ်ကုန်ပစ္စည်းတွေအပေါ် အခွန် ၁၀ ရာခိုင်နှုန်း…
Read More