မိုးရွာသွန်းမှုများလို့ မုံရွာ – တန့်ဆည် – ကလေးဝ မဟာမြိုင်လမ်းပျက်ပြီး ကားတွေသွားမရ

မေ ၊ ၂၈ ၊ ၂၀၂၄ SP (VOM) စစ်ကိုင်တိုင်း ၊ ရေဦးခရိုင်၊ တန့်ဆည်မြို့နယ်နဲ့ ကလေးခရိုင် ၊ ကလေးဝမြို့နယ်ကို ဆက်သွယ်ထားတဲ့ မုံရွာ – တန့်ဆည် – ကလေးဝမဟာမြိုင်ကားလမ်းဘက်မှာ အခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှုများပြီး တောင်ပေါ် မြေသားလမ်းပိုင်းနေရာတွေမှာ ဗွက်တန်းကြီးတွေ ဖြစ်နေတာကြောင့် ကားတွေသွားလာလို့ မရဘူးလို့ ကားသမားတွေဆီက သိရပါတယ်။ ” မဟာမြိုင်ထဲမှာ မိုးများတာကြောင့် မြေသားလမ်းတွေပျက်စီးပြီး ဗွက်တန်းကြီးတွေဖြစ်နေတယ် ၊ အဲ့ဒီ ဗွက်တန်းနေရာတွေကတော့ ၊ တောဂျင်နဲ့ တောင်ကျောင်းကြား ၃၇ မိုင် နေရာ ၊ နောက်ပြီး ၊ ၅၆ မိုင် တောင်ပေါ်မှာလည်း မြေပြိုပြီး မြေသားရွှံ့ဗွက်တွေကြောင့် ကားတွေ မတက်နိုင်ဘဲ ပိတ်မိနေတယ် ၊ အဲ့ဒီအပြင် ပျဥ်းကိုင်းရွာနဲ့ ကလေးဝကြားက ချောင်းတွေအားလုံး…

Read More

“ပလတ်စတစ်ညစ်ညမ်းမှုရဲ့ ဆိုးကျိုးတွေကို သတိပြုပါ”

    သွေး (စစ်ကိုင်း)   ကျွန်မတို့ နေ့စဉ်သုံးစွဲနေရတဲ့ အိမ်သုံးပစ္စည်းတွေထဲမှာ ပလတ်စတစ်နဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေ ပါဝင်နေပါတယ်။ ဈေးဝယ်ရင် ပလတ်စတစ်အိတ်နဲ့ ထည့်ပေးနေတာကနေ ပန်းကန်၊ ရေပုံး၊ ထိုင်ခုံတွေ အထိ ပလတ်စတစ်နဲ့ ပြုလုပ်ထား တဲ့ ပစ္စည်းတွေက နေရာယူနေကြတာပါ။ တစ်ဖက်က စဉ်းစားကြည့်ရင် ဒီပစ္စည်းတွေဟာ အလွယ်တကူ သုံးစွဲနိုင်တာ မှန်ပေမဲ့ ရေရှည်မှာ သဘာဝပတ်ဝန်းကျင် အတွက် ဆိုးကျိုးသက်ရောက်မှုတွေ ဖြစ်စေနိုင်တာကြောင့် လျှော့ချ သုံးစွဲသင့်ပါတယ်။   မုန့်ဟင်းခါးပဲ ဝယ်ဝယ်၊ ဟင်းပဲ ဝယ်ဝယ်၊ ကြက်ဥပဲ ဝယ်ဝယ် ဆိုင်တွေက ကြွပ်ကြွပ်အိတ်လို့ ခေါ်တဲ့ ပလတ်စတစ်အိတ် တွေနဲ့ ထည့်ပေးကြပါတယ်။ ပစ္စည်းတစ်မျိုးဝယ်လို့ ကြွပ်ကြွပ်အိတ် တစ်လုံးရရင် ပစ္စည်း ၁၀ မျိုးဝယ်ရင် ကြွပ်ကြွပ်အိတ် ၁၀ အိတ်ရလာမှာ ဖြစ်ပါတယ်။…

Read More

မိုးသည်း လေထန်မှုကြောင့် တိုင်းနဲ့ ပြည်နယ်တချို့မှာ သစ်ပင်တွေ ပြိုလဲပြီး လူထိခိုက်မှုတွေ ရှိ

မေ ၂၆ – ၂၀၂၄ SN (VOM) ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “ရီမယ်(လ်)” (REMAL) ရဲ့ အရှိန်ကြောင့် တိုင်းနဲ့ ပြည်နယ်တချို့မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် သစ်ပင်တွေ ပြိုလဲပြီး လူထိခိုက်မှုတွေ ရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သိရပါတယ်။ မြန်မာနိုင်ငံက ဒေသတချို့မှာ ပြီးခဲ့တဲ့ မေ ၂၂ ရက်ကစလို့ အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းမှုတွေ ဖြစ်ပေါ်ခဲ့ပြီး လေပြင်းတိုက်ခတ်မှုတွေလည်း ရှိခဲ့တာကြောင့် သစ်ပင်တွေ ပြိုလဲပြီး လူနေအိမ် ပျက်စီးမှုတွေ၊ လူထိခိုက်မှုတွေ၊ လမ်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ မေ ၂၆ ရက်မှာလည်း ပိုမို‌ အားကောင်းလာမယ့် ဆိုင်ကလုန်း “ရီမယ်(လ်)” ရဲ့ အရှိန်ကြောင့် လေပြင်းတိုက်၊ မိုးသည်းထန်ပြီး သစ်ပင်လဲကျမှုတွေ နေရာအနှံ့ ဆက်လက် ဖြစ်ပွားခဲ့တာကြောင့်…

Read More

“ပုညရှင်ရင်ပြင် . . . ၊ ဇေတဝန်ကျောင်းတော်နှင့်၊ တစ်သီးငဆောင်ချမ်း ရွာငါးတန်းတွင် . . . ”

      ဆူးငှက်     “မဏိသာရ မဉ္ဇူသာပါတ် ပါဠိကျမ်း”ဆိုတာ ဗုဒ္ဓစာပေမှာ အလွန်ထင်ရှားတဲ့ ကျမ်းကြီးတစ်ဆူ ဖြစ်ပါတယ်။ ဒီကျမ်းကြီးကို အင်းဝမင်းခေါင်လက်ထက်က နာမည်ကျော်ကြားလှတဲ့ အရှင်အရိယာဝံသ ကိုယ်တော်မြတ်ကြီးက ပြုစုခဲ့ပါတယ်။ အရှင်အရိယာဝံသက ဒီကျမ်းကြီးကို တိတ်ဆိတ်အေးချမ်းမှု အတိပြီးတဲ့ စစ်ကိုင်းတောင်ရိုး၊ ဆွမ်းဦးပုညရှင် စေတီအနီးက မန်းကျည်းတောချောင်မှာ ပြုစုခဲ့တာပါ။   မဏိသာရ မဉ္ဇူသာပါတ် ပါဠိကျမ်းကြီးရဲ့ ပေစာအင်္ဂါများကတော့ ပထမပေစာထုပ်မှာ (၁၉)အင်္ဂါနဲ့ (၇)ရွက်၊ “က”အစ“နေ”အဆုံးဖြစ်ပြီး၊ ဒုတိယပေထုပ်မှာ “က”အစ“ယော်”အဆုံး (၂၅)အင်္ဂါနဲ့ (၁၀)ရွက် ရှိပါတယ်။ ဒီကျမ်းကြီး ပြီးစီးတော့ ဆွမ်းဦးပုညရှင်စေတီရင်ပြင်မှာကျင်းပတဲ့ “စာတော်ဖတ်ပွဲ”ကလည်း ထင်ရှားလှပါတယ်။   ဆရာတော် အရှင်အရိယာဝံသ ပြုစုတော်မူခဲ့တဲ့ “မဏိသာရ မဉ္ဇူသာပါတ် ပါဠိ”ကျမ်း ပေမူကို အင်းဝခေတ်မှ သည်အဆက်ဆက် ထိန်းသိမ်းလာခဲ့ကြတာ မန္တလေးရတနာပုံမ်ခေတ် သင်္ဂဇာကျောင်းတိုက်ရဲ့…

Read More

တွန်းဇံနယ်မှာ ဒီကနေ့အထိ နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်

မေ ၊ ၂၅ ၊ ၂၀၂၄ SP ( VOM) ချင်းပြည်နယ် မြောက်ပိုင်း ၊ တီးတိန်ခရိုင် ၊ တွန်းဇံမြို့နယ်မှာ ပြီးခဲ့တဲ့ မေ ၁၅ ရက်စလို့ ဒီကနေ့အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်နေတာကြောင့် ယာယီတိုက်ပွဲရှောင်တွေဟာ မိုးထဲလေထဲမှာပဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ “တွန်းဇံမြို့ပေါ်မှာ နစက တပ်တွေနဲ့ ဒေသတွင်း လက်နက်ကိုင် PDF တွေကြား တိုက်ပွဲအရှိန်က ရပ်မသွားသေးဘူး ၊ မြို့ရဲ့ ၅၀ ရာခိုင်နူန်းကို PDF တွေက ထိန်းချုပ်ထားသလို ၊ ကျန်တဲ့ မြို့နေရာ ၅၀ ရာခိုင်နူန်းကို နစက တပ်တွေက ထိန်းချုပ်ထားဆဲဖြစ်တယ် ၊ ယာယီတိုက်ပွဲရှောင်တွေကတော့ တွန်းဇံမြို့နယ်ရဲ့ အရှေ့ဘက်မှာရှိတဲ့ ကလေးမြို့နယ်ဘက်ကို တချို့လည်း သွားကြတယ် ၊ အဲ့ဒီအပြင်…

Read More

မူဆယ် – မန္တလေး သွားလာလို့ရပေမယ့် တန်ဆာခ၊ လူစီးခ အရမ်းများနေ

မေ ၂၄၊ ၂၀၂၄ Shy V (VOM) တရုတ် – မြန်မာ နယ်စပ်၊ မူဆယ် – မန္တလေး သွားလာနေကြပေမယ့် တန်ဆာခ၊ လူစီးခ အရမ်းများနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ ” မူဆယ် နဲ့ မန္တလေး လမ်းမှာ တည အိမ်ရမယ်။ မူဆယ် – မန္တလေး က ၂၂၀,၀၀၀ ပါ။ အတက်က ၁၈၀,၀၀၀ ပါဗျ။ အဆင်းကျတော့ ကားခ များတယ်။ အဆင်းက တ‌ေယာက်ပါပါ၊ ၂ယောက်ပါပါ ထွက်ရတာ ကြောင့်မို့လေ။ အတက်ကျတော့ မန္တလေး ကနေသွားမယ် ဆိုရင် ခရီးသည် များတယ်။” လို့ ကားဂိတ် တာဝန်ရှိသူ အမျိုးသား တယောက်က ပြောပါတယ်။ ကားခ ဈေးနှုန်းတွေက ကားတွေပေါ် မူတည်ပြီး နှုန်းထား…

Read More

ကောက်ညှင်းပေါင်း၊ ဘယာကြော်

    ဆူးငှက်       မန္တလေးအငြိမ့် လူရွှင်တော်တွေရဲ့ ပြက်လုံးတစ်ခုရှိ တယ်။   ချစ်စရာ           – ဟေ့… ကိုဒီပါ။ ခင်ဗျား မင်းသမီးနဲ့ မင်္ဂလာမဆောင် ချင်ဘူးလား။   ဒီပါ      – အမလေး…။ မင်္ဂလာဆောင်ချင်တာပေါ့ကွယ်။   ချစ်စရာ           – မင်္ဂလာဆောင်မယ်ဆိုရင် ကလေးမလေးကို     တစ်သက်လုံး ရိုးမြေကျ ပေါင်းမှာလား။   ဒီပါ      – မေးရက်ပါ့ ချစ်စရာရယ်။ ပေါင်းမှာဗျား၊ ပေါင်းမှာဗျား။   ချစ်စရာ           – ကိုင်း…၊ ပေါင်းမယ်ဆိုရင် ရော့… ကောက်ညှင်း။   ဒီပါ      – ဟင်း… မင်းဟာက ဘာဆိုင်လဲကွယ်။   ချစ်စရာ           – ဆိုင်ပါသော်ကောကွယ်။ အဲဒါမှ မင်္ဂလာဆောင်နဲ့ ကောက်ညှင်းပေါင်းနဲ့…

Read More

မွေးမြူရေးအစာနဲ့ ကြက်သားပေါက်တွေ ဝယ်ယူရ ခက်ခဲလာတာကြောင့် ကြက်သားစျေးနူန်းတွေ အဆမတန် မြင့်တက်လာ

မေ ၊ ၂၃ ၊ ၂၀၂၄ TT(VOM) ပြီးခဲ့တဲ့ မေ ၁၇ ရက်ကစလို့ နိုင်ငံတဝှမ်းမှာ ကြက်သားပေါက်နဲ့ တိရစ္ဆာန် မွေးမြူရေး အစာတွေ ဝယ်ယူရတာ ခက်ခဲလာတဲ့အတွက် ကြက်သား စျေးနူန်းတွေဟာလည်း အဆမတန် မြင့်တက်လာနေတယ်လို့ မွေးမြူရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ” ပြီးခဲ့တဲ့ မေ ၁၅ ရက်အထိ ကြက်သားစျေးနူန်းက တပိဿာကို ရှစ်ထောင့်ငါးရာ (၈၅၀၀) စျေးပေါက်တယ် ၊ အသားကောင်း သီးသန့်ဆိုရင် တပိဿာကို တသောင်း နှစ်ထောင်ကျပ်ဖြစ်တယ် ၊ မေ ၁၅ ရက်နောက်ပိုင်း ကြက်သား တပိဿာကို တသောင်းခွဲကနေ တသောင်း ခုနှစ်ထောင်အထိ စျေးနူန်းတွေမြင့်တာလာတယ် ၊ ဘာကြောင့် အခုလို စျေးနူန်းတွေ မြင့်တက်လာရသလဲဆိုရင် မွေးမြူရေးခြံတွေက တိရစ္ဆာန် အစာနဲ့ ဆေးစျေးနူန်းတွေ မြင်တက်လာတဲ့အပြင်…

Read More

အိုးမကွာ…၊ အိမ်မကွာ

    ဆူးငှက်       ‘အိုးကမပူ၊ စလောင်းကပူ’ ‘အိုးချင်းထား၊ အိုးချင်းထိ’ ‘အိုးတော်လုပ်၊ ဖုတ်ရင်းကမကျက်’ ‘အိုးနှင့်ဆန်တန်ရုံ’ ‘အိုးမလုံ၊ အုံပွင်’ ‘အိုးရွဲ့ကို စလောင်းရွဲ့နှင့်ဖုံး’ ‘အိုးသည် အိုးကောင်းမသုံးရ’ တဲ့ …။     အိုးနှင့်ပတ်သက်ပြီးတွေ့ရတဲ့ မြန်မာစကားပုံတွေပါ။ တကယ်တော့ မြန်မာနှင့်‘အိုး’ဟာ အခုအချိန်အထိ နှစ်ပေါင်း အကြာဆုံး ပေါင်းဖက်သုံးစွဲနေရဆဲပါပဲ။ မည်သည့်နှစ်၊ မည်သည့် ရက်က စတင်တည်ဆောက်တယ်ဆိုတာ အတိအကျမသိနိုင်သေးပေမယ့် လွန်ခဲ့တဲ့နှစ်ပေါင်း(၁၈၀၀)လောက်ကတည်းက ပျက်စီးခဲ့ တဲ့ ဗိဿနိုးမြို့ဟောင်းကို ပြန်လည် တူးဖေါ်တဲ့အချိန်မှာတော့မြေ အိုးသုံးစွဲမှု အကျယ်အပြန့်ရှိခဲ့တဲ့အထောက်အထားတွေ တွေ့ရ ပါတယ်။ ဗိဿနိုးဆိုတာ အခုတောင်တွင်းကြီးမြို့ရဲ့ အနောက်မြောက်ဖက် ၁၁မိုင်ကျော်လောက်မှာရှိပြီး အေဒီ၁ရာစုဝန်းကျင်က ပျူလူမျိုးတွေတည်ထောင်ခဲ့တဲ့ ရှေးဟောင်းမြို့ကြီး တစ်မြို့လို့လည်း သုတေသီတွေက ခန့်မှန်းကြပါတယ်။ ဗိဿနိုး မြို့ဟောင်း ကြီး ကိုတူးဖော်တဲ့အခါမှာ…

Read More

မန္တလေးတိုင်း တောင်ပိုင်းဒေသတွေမှာ ဒီရက်ပိုင်းအတွင်း လူသတ်မှုတွေ အဖြစ်များ

မေ ၊ ၁၈ ၊ ၂၀၂၄ SP (VOM) မန္တလေးတိုင်း တောင်ပိုင်းမှာရှိတဲ့ မြင်းခြံခရိုင်နဲ့ တံတားဦး ခရိုင်တွေဘက်မှာ ဒီရက်ပိုင်းအတွင်း လူသတ်မှုတွေ အဖြစ်များလာတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” မြင်းခြံမြို့နယ် ၊ ဆုံရွာနဲ့ ရွာရှည်ကျေးရွာတွေဘက်မှာ လူသတ်မှုအဖြစ်များတယ် ၊ နောက်ပြီး မလှိုင်မြို့နယ်နဲ့ ငါန်းဇွန်မြို့နယ်ဘက်တွေမှာလည်း ဖြစ်တယ် ၊ ဒီရက်ပိုင်းအတွင်း အသတ်ခံရတဲ့ သူ စုစုပေါင်း ငါးဆယ်ဝန်းကျင်ရှိတယ် ” လို့ ပရဟိတသမားတယောက်က ပြောပါတယ်။ ပြီးခဲ့တဲ့ မေ ၁၆ ရက် ၊ ညနေပိုင်း ၆ နာရီခွဲ ဝန်းကျင်က မန္တလေးတိုင်း ၊ တံတားဦးခရိုင် ၊ ငါန်းဇွန်းမြို့နယ် ၊ လက်ပံကျင်းကျေးရွာအုပ်စု ၊ လက်ပံကျင်း (တောင်) ကျေးရွာမှာ…

Read More
VOM News

FREE
VIEW