မူဆယ်မှာ တရုတ်ငွေ ဈေးပြန်တက်လို့ ကုန်​ဈေး​တွေတက်

ဇွန် ၂၃၊ ၂၀၂၆ Shy V (VOM) တရုတ် မြန်မာ နယ်စပ်၊ မူဆယ်မှာ လတ်တလော တရုတ်ငွေ တရက်ပြီး တရက် တရိပ်ရိပ် တက်လာနေပြီး ကုန်ဈေးတွေပါ နေ့တိုင်းနီးပါး ထပ်‌တက်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “တရုတ်ငွေဈေးက ထပ်တက်တယ်။ မနေ့က တရုတ်ငွေ ၁၀၀ ယွမ်ကို မြန်မာငွေ ၆၄၀၀၀ ကျပ်ပဲ။ ဒီနေ့ကျတော့ နေ့လယ်က ဈေး ၆၄၆၀၀ ကျပ် ထိ ရောက်သွားပြီ” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ ဆပ်ပြာဆီ၊ ကြက်ဥ စသဖြင့် လူသုံးကုန်တွေအကုန် ဈေးတက်နေပြီး ခါတိုင်းဈေးနဲ့ ဘယ်မှ ဝယ်မရတော့ဘူးလို့ သူက ပြောပါတယ်။ “တရုတ် ကြက်ဥက ခါတိုင်း တဖာကို ၁၃‌၀, ၀၀၀ ပဲရှိတာ။ မနေ့က…

Read More

ပြည်သူ့လွှတ်တော်မှာ အဆို ၂၂ ခု ထပ်ပြီးတင်သွင်းဖို့ရှိတယ်လို့ အမရပူရ မဲဆန္ဒနယ် ဦးသိန်းထွန်းဦးပြော

နေပြည်တော် ဇွန် ၂၄ – ၂၀၂၆ KKL(VOM) ပြည်သူ့လွှတ်တော်မှာ အဆို ၂၂ ခု ထပ်ပြီးတင်သွင်းဖို့ရှိတယ်လို့ မန္တလေး တိုင်းဒေသကြီး အမရပူရ မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက သတင်းမီဒီယာတွေကို ပြောပါတယ်။ ဒီကနေ့ ဇွန် ၂၄ ရက်နေ့မှာပြုလုပ်ခဲ့တဲ့ ပြည်သူ့ လွှတ်တော်အစည်းအဝေးပြီးဆုံးတဲ့အချိန်မှာ ပြည်သူ့လွှတ်တော် သတင်းပြန်ကြားရေးအဖွဲ့ဝင် ဖြစ်တဲ့ ဦးသိန်းထွန်းဦးက သတင်းမီဒီယာတွေကို ပြောကြားခဲ့တာပါ။ အဲ့ဒီကိစ္စအပြင် ဦးသိန်းထွန်းဦးက အခု တတိယအကြိမ်ပြည်သူ့လွှတ်တော် အစည်းအဝေး ပထမအကြိမ်ကနေ လက်ရှိ ဒုတိယအကြိမ်အထိ လွှတ် တော်ကိုယ်စားလှယ်တွေ မေးမြန်းခဲ့တဲ့ မေးခွန်း အရေအတွက် ရှေ့ဆက် တင်သွင်းမယ်အဆိုတွေနဲ့ပတ်သက်တဲ့ အရေအတွက်တွေကိုလည်း တဆက်တည်း ရှင်းပြခဲ့ပြီး ပြည်သူ့လွှတ်တော်မှာ ပထမဦးဆုံးတင်သွင်းတဲ့အဆိုတခု အောင်မြင်ခဲ့တယ်လို့ ဆက်ပြီးရှင်းလင်းခဲ့ပါတယ်။ ဒီကနေ့အထိ ပြည်သူ့လွှတ်တော်မှာ ကြယ်ပွင့်ပြမေးခွန်း ၁၀၄ ခု ကိုယ်စား…

Read More

လားရှိုးမြို့ပေါ်ရပ်ကွက်တွေမှာ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေ

ဇွန် ၂၃၊ ၂၀၂၆။ NN(VOM) အစိုးရ ပြန်လည်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ် ရပ်ကွက်တွေမှာ ဇွန်လ ၂၃ ရက်နေ့ ဒီနေ့ကစပြီး ကိုဗစ်ရောဂါကာကွယ်ဆေးတွေ ထိုးနှံပေးနေပါတယ်။ မြို့ပေါ်ရပ်ကွက် ၁၂ ခုရှိတဲ့အထဲက ရပ်ကွက် ၅ ရပ်ကွက်မှာ ဒီနေ့ ထိုးနှံပေး နေတာလို့ ကျန်းမာရေးဌာန တာဝန်ရှိသူတချို့ဆီကနေ သိရပါတယ်။ “ဒီနေ့က ရပ်ကွက် (၈ )ကနေ ရပ်ကွက်( ၁၂) အထိ ထိုးပေးမယ်။ ခွဲတမ်းရတဲ့ ဆေးရှိသလောက်ပေါ့နော်” လို့ ကျန်းမာရေးဌာန ဝန်ထမ်းတယောက်က ပြောပါတယ်။ ဆေးလာရောက်ထိုးနှံတဲ့သူတွေ များတာကိုလည်း တွေ့ရတယ်လို့ ကာကွယ်ဆေးသွားထိုးခဲ့တဲ့ လားရှိုးမြို့ခံတွေထံကနေ သိရပါတယ်။ “စစ်ပွဲတွေ မဖြစ်ခင်တုန်းက ထိုးထားတာ၊ အဲဒီကတည်းက ထပ်မထိုးရသေးတော့ ဒီနေ့ ထိုးပေးတယ်ဆိုလို့ သွားထိုးတာ။ လာထိုးတဲ့သူတွေတော့ များတယ်။ ဆေးဖိုးတော့ မပေးရပါဘူး။ စေတနာရှိသလောက် အလှူငွေတော့…

Read More

ရေကြီးမှုကြောင့် ဟုမ္မလင်း – နမ့်တောလမ်းပိုင်းရှိ တံတားတစင်းကျိုးပြီး ကုန်းလမ်းသွားလာ‌ရေး ပြတ်တောက်

ဇွန် ၂၃ – ၂၀၂၆ SN (VOM) စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ဟုမ္မလင်းမြို့နယ်မှာ မိုးရွာသွန်းမှုများပြီး ဥရုချောင်းရေ မြင့်တက်လာတဲ့အတွက် ဟုမ္မလင်း – နမ့်တောသွား ကားလမ်းမပေါ်က ကွန်ကရစ်တံတားတစင်း၊ ဒီကနေ့ ဇွန် ၂၃ ရက်၊ မနက်ပိုင်းက ရေတိုက်စားကာ ကျိုးပျက်မှုဖြစ်ပေါ်ခဲ့ပြီး ကုန်းလမ်းခရီး သွားလာ‌ရေး ပြတ်တောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ပင်းမခေါ် – နောင်ပိုအောင် – နမ့်တော လမ်းပိုင်းမှာရှိတဲ့ တံတားတစင်း ကျိုးတာ။ ဒီတံတားက အဓိကကျတဲ့ တံတားပဲ။ ကားတွေသွားလို့ရတဲ့နေရာ၊ ဒီတနေရာပဲရှိတာ။ အခု တံတားကျိုးသွားတော့ ကားတွေ သွားလို့မရတော့ဘူး။ ရေတွေကလည်း ဆက်ပြီးတက်နေသေးတော့ တံတား ပြင်ဖို့ရာလည်း အဆင်မပြေသေးဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။ အဲဒီတံတား တည်ရှိရာလမ်းပိုင်းဟာ ဒေသတွင်း ကုန်စည်စီးဆင်းမှုအတွက် အရေးပါတဲ့ အဓိက…

Read More

မိုးကောင်းမြို့က ရေဘေးသင့်ပြည်သူ​တွေကို ပြည်နယ်ဝန်ကြီးချုပ်က စားသောက်ကုန်​တွေ ထောက်ပံ့

ဇွန် ၂၃-၂၀၂၆ KKA (VOM ) ကချင်ပြည်နယ်၊ မိုးကောင်းမြို့က ရေဘေးသင့်ပြည်သူ​တွေကို ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဇွန်လ ၂၃ ရက် နံနက်ပိုင်းမှာ သွားရောက်တွေ့ဆုံကာ စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရပါတယ်။ မိုးကောင်းမြို့မှာ ဇွန်လ ၂၀ ရက်က‌ေန၂၂ ရက်အထိ မိုးအဆက်မပြတ် ရွာသွန်းခဲ့တာကြောင့် နန့်ရင်းချောင်းနှင့် နန့်ကောင်းချောင်းရေတို့ဟာ စိုးရိမ်ရေအမှတ် ၆၀၀ စင်တီမီတာအထက်ကို ကျော်လွန်ရောက်ရှိခဲ့ပြီး မြို့ပေါ်ရပ်ကွက်များနဲ့ ကျေးရွာအုပ်စုများရှိ လူနေအိမ်များအတွင်းသို့ ချောင်းရေများ ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့် ရေလွတ်ရာ ဘုန်းတော်ကြီးကျောင်းများနဲ့ဓမ္မာရုံများမှာ အရေးပေါ်ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ပြီး ပြည်သူ‌ေတွကို ပြောင်းရွှေ့ကူညီ ကယ်ဆယ်ထားရတာလည်းဖြစ်ပါတယ်။ မိုးကောင်းမြို့နယ် လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတစ်ဦးက “စိုးရိမ်ရတဲ့ဘက်က အိမ်ထောင်စုတွေကိုပဲ ရွှေ့ပြောင်းပေးခဲ့တာပါ။ ဒီနေ့ကတော့ အဲဒီရွှေ့ပြောင်းပေးထားတဲ့ ရေဘေးသင့်အိမ်ထောင်စုတွေကို စားစရာထောက်ပံ့တဲ့ပွဲပါ”လို့ Voice of Myanmar (VOM)ကိုပြောပါတယ်။ လက်ရှိ ကယ်ဆယ်ရေးစခန်းမှာ ခိုလှုံနေထိုင်ကြတဲ့အိမ်ထောင်စု ၃၂…

Read More

သူတို့အိမ် အခန်း (၁၄၉)

ဆူးငှက် နိုင်ငံရေး မင်းသားကြီး ———————– ယခု ထီးတော်တင်လှူပွဲမှာ ထီးဒါယကာ က လာရောက်မည့် အထူး ဧည့်သည်တော်မှာ မည်သူမည်ဝါဟု ပွဲကိုဦးစီးသူ ဆရာလေးအား ပြောထားပုံမရ။ ဧည့်သည်ဟုသာ အသိပေးထားပုံရသည်။ ဧည့်သည်ကြီးက မဏ္ဍပ်ရှေ့တွင် ကား ထိုးဆိုက်ပြီး ထီးအလှူရှင်များက စောင့်ကြိုကာ မဏ္ဍပ်အတွင်း ခေါ်ဆောင်လာသော်လည်း ဆရာလေးက မဏ္ဍပ်ထိပ်က လက်တင်ကျွန်းကူလားထိုင်ကြီးမှာ အခြွေအရံ ကုမ္မာရီများနှင့် မိန့်မိန့်ကြီးထိုင်ကာ လက်ညှိုး တညွှန်ညွှန် လုပ်နေဆဲ ဖြစ်သည်။ ကျွန်တော်က ဧည့်သည်ကြီး ကားပေါ်မှဆင်းသည်မှစ၍ ထီးအလှူ့ရှင်များက ကြိုဆိုနှုတ်ဆက်ခြင်း မိသားစုနှင့် မိတ်ဆက်ပေးခြင်းမှ အစ မဏ္ဍပ်အတွင်း ပင့်ခေါ်လာသည်များကို အနီးကပ်မှတ်တမ်းတင်ရသည်။   ကျွန်တော်သည် ဧည့်သည်ကြီးကို အပြင်မှာနီးနီးကပ်ကပ် ယခုမှ မြင်ဖူးပါသည်။ သို့သော် သူ့အကြောင်းကို အဘတို့ အမေတို့က ခဏခဏ တသသ ပြောလွန်းလို့ သိနေပါသည်။…

Read More

အမြန်လမ်းမှာ ခရီးသည်တင် Express နှစ်စီးတိုက်မိပြီး သုံးယောက်သေ ၊ လေးယောက်ဒဏ်ရာရ

ဇွန် ၂၂ ၊ ၂၀၂၆ GG (VOM) ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၁၁၇/၇ ဖာလုံမှာ ဒီကနေ့ ဇွန် ၂၂ ရက်နေ့ မနက်ပိုင်းက ခရီးသည်တင် Express ကားနှစ်စီးတိုက်မိပြီး သုံးယောက်သေဆုံးကာ လေးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဥ်က မနက်အစော ၃ နာရီလောက်မှာ ရတနာဖြိုး Express ခရီးသည်တင်ကားကို ရွှေမန္တလာ Express ကားက နောက်ကနေ ဝင်တိုက်မိပြီး အဆိုပါ ကားနှစ်စီးပေါ်က ယာဥ်မောင်းနှစ်ယောက်နဲ့ ယာဥ်နောက်လိုက်တို့ သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။ ” သေတာ ယာဥ်မောင်းနှစ်ယောက်နဲ့ စပါယ်ယာကောင်လေးပါ ။ စပါယ်ယာကောင်လေးဆိုရင် အသက် ၂၀ လောက်ပဲရှိမယ် ။ ယာဥ်မောင်းတွေကတော့ ၄၀ ဝန်းကျင်လောက်တွေပါ ။အလောင်းတွေ အကုန်လုံးဆေးရုံပို့လိုက်တယ်။ ဒဏ်ရာရတဲ့သူတွေထဲက…

Read More

ကံပိုင်တည်မှာ လမ်းပိတ်ပြီး၊ ဖားကန့် ရပ်ကွက်ထဲလည်း မြေပြို အိမ်ပိကာ လူတယောက်ပျောက်နေ

ဇွန် ၂၂၊ ၂၀၂၆ Shy V (VOM) ကံပိုင်တည်လမ်းနဲ့ ဖားကန့်လမ်းမှာ ဒီနေ့ ဇွန်လ၂၂ ရက်နေ့ မနက်ပိုင်း မြေပြိုပြီး လမ်းပိတ်ကာ ဖားကန့် အေးသာယာရပ်ကွက်ထဲလည်း မြေပြို အိမ်ပိပြီး လူတယောက်ပျောက်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဆဒုံး – ကန်ပိုင်တည်လမ်း မြေပြိုတယိ။ လုကြည်နားမှာ ‌ေမြပြိုပြ လမ်းပိတ်နေတယ်။ နည်းည်းလေး မဟုတ်ဘူး။ အများကြီးပဲ။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ နည်းနည်းပဲ ပြိုတာမဟုတ်ပဲ တကြောလုံးပြိုကျသွားတာကြောင့် လမ်းပြန်ပွင့်ဖို့ တပတ်၊ ၁၀ ရက်လောက်တောင် ကြာနိုင်တယ်လို့ သူက ပြောပါတယ်။ ဒါ့အပြင် ယမန်နေ့ ဇွန်လ ၂၁ ရက်နေ့ မနက်ပိုင်း ဖားကန့်မြို့၊ အေးမြသာယာရပ်ကွက်ထဲ နေအိမ်တလုံးပေါ် အိမ်အနောက်ဘက်ကနေ မြေပြိုပိမိသွားရာက နေအိမ်အတွင်း တ‌ေယာက်ထဲ တည်းနေထိုင်တဲ့…

Read More

ပုလိပ် – တံတားဦးလမ်းပိုင်း စီမံကိန်းလမ်းအတွင်းမှာရှိတဲ့ ကျူးကျော်နေအိမ်တွေ ဖယ်ရှားပေးရမယ်

မန္တလေး၊ ဇွန်- ၂၂- ၂၀၂၆ SA + SN (VOM) မန္တလေး – ပြည် – ရန်ကုန် ပြည်ထောင်စု လမ်းမကြီး စီမံကိန်းအကောင်အထည်ဖော်မှာမို့ တံတားဦးမြို့ လမ်းဘေးဝဲယာက လမ်းဦးစီးဌာန သတ်မှတ်ထားတဲ့ ပေအတွင်းမလွတ်တဲ့ အဆောက်အအုံတွေကို ဇွန်လ ၂၅ ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ရှားပေးဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။ ဒီစီမံကိန်းအတွက် လမ်းနယ်နိမိတ်က ပေ ၁၅၀ ဖြစ်ပြီး လမ်းအလယ်ဗဟိုကနေ တဖက် ၇၅ ပေ အကွာက လမ်းဦးစီးဌာနပိုင် လမ်းနယ်မြေဖြစ်တယ်လို့ ကြေညာထားပါတယ်။ လမ်းဦးစီးဌာန တံတားဦးခရိုင်၊ တံတားဦးမြို့နယ်က “ပုလိပ် – တံတားဦးလမ်းပိုင်း မိုင် (၆/၀ ၃၆၃- ၆/၅ ၃၆၃) လမ်းနယ်နိမိတ်အတွင်း ကျူးကျော်ဆောက်လုပ်ထားသော အဆောက်အဦ ခြံစည်းရိုး စျေးဆိုင်များအား ကွင်းဆင်းတိုင်းတာစစ်ဆေးခဲ့ရာ ဆောက်…

Read More

တရားမဝင်ကုန် ဖမ်းဆီးမှုတွေ များနေတာကြောင့် လားရှိုးမြို့တွင်းမှာ အရောင်းအဝယ်တွေ မဖြစ်

ဇွန် ၂၂၊ ၂၀၂၆။ NN(VOM) တရုတ်ထုတ်ကုန်ပစ္စည်းတွေကို အဓိကထား အရောင်းအဝယ်ပြုနေရတဲ့ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ အခုရက်ပိုင်း တရားမဝင်ကုန်စည်တွေ ဖမ်းဆီးစစ်ဆေးမှု တင်းကြပ်တာကြောင့် အရောင်းအဝယ်တွေ အေးနေတယ်လို့ မြို့ခံတွေ နဲ့ ကုန်သည်တွေဆီကနေ သိရပါတယ်။ လားရှိုးမြို့ထဲ ကုန်ပစ္စည်း အဝင်အထွက်တွေ ကန့်သတ်ခံထားရတာကြောင့် အလုပ်တွေလည်း မဖြစ်ကြဘူးလို့ ကုန်သည်တွေဆီကနေ သိရပါတယ်။ “ပစ္စည်းက ဘာမှ အဝင်မရဘူး ဖြစ်နေတာ။ ဂိတ်တွေမှာ ဒီရက်ပိုင်း ဘာမှ ပေးမဝင်တော့ဘူး။ အခုက ပိုကြပ်လာတယ်။ အပြင်ကနေ ပစ္စည်းမလာတော့ ရောင်းကုန်မရှိဘူးပေါ့ဗျာ။ မရောင်းရတော့ဘူး” လို့ လားရှိုးမြို့ခံ ကုန်သည် တယောက်ကပြောပါတယ်။ တရုတ်ကလာတဲ့ မုန့်၊ အချိုရည်၊ ဘီယာကအစ တာယာ၊ စက်ပစ္စည်း၊ အိမ် ဆောက် ပစ္စည်း၊ အထည်အလိပ်၊ စိုက်ပျိုးရေးသုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်းတွေ အားလုံး တရားမဝင်ကုန် အနေနဲ့…

Read More
VOM News

FREE
VIEW