သမ္မာအာဇီ၀ ဇာတ်လမ်း

    ဆူးငှက်     ဗထူးကွင်းက အထူးတန်းဘက် အသံချဲ့စက်မှ သီချင်းတစ်ပုဒ်ဖွင့်ပြီးသောအခါ နှစ်ဖက်အသင်း ဘောလုံးသမားများသွေးပူ လေ့ကျင့်ခန်းလုပ်ကြဖို့ ကွင်းထဲသို့ ယူနီဖောင်း ကိုယ်စီနှင့် တန်းစီကာ ဝင်လာကြသည်။ ကွင်းထဲတွင်လည်း လေးဖက်လေးတန် ဘောလုံးပွဲကြည့်ပရိသတ် ပြည့်နေပြီဖြစ်၏။     ထိုအချိန်တွင် အထူးတန်း (ပရိသတ်အခေါ် မင်းဘားတန်း) အပေါ်ဆုံးထပ်မှ ဆီးညိုရောင်ရှပ်အင်္ကျီကို ကြယ်သီးအဖြူများနှင့်မီးပူကျ သပ်ရပ်စွာ ဝတ်ဆင်ထားပြီး ဘောင်းဘီရှည် အဖြူစွတ်စွတ်နှင့် ပေါလစ်ရောင်တောက် ရှူးဖိနပ်များကို စမတ်ကျကျဝတ်ဆင်ထားသော အရပ်အမောင်းကောင်းကောင်း လူငယ်ခုနစ်ဦးက သားရေသေတ္တာပုံးများလွယ်ပြီး အောင်မြင်သော အသံဖြင့်”သမ္မာအာဇီဝ လာပါပြီခင်ဗျ။ အောင်ဇော်ဝင်း ဗီတာမင်မြေပဲဆားလှော်” ဟု ပြိုင်တူအော်လိုက်ကြသည်။ ထို့နောက် ခုနစ်ဦးအနက် အလယ်ကောင်မှ ပုဂ္ဂိုလ်တစ်ဦးက ချန်ရစ်ပြီး တစ်ဖက်တစ်ချက်မှ သုံးဦးစီက တောင်ဖက်နှင့်မြောက်ဖက်ဆီ ညီညာစွာထွက်ခွာသွားကြပြီး တဖြည်းဖြည်း တစ်ကွင်းလုံး ပတ်လာတော့၏။ သူတို့က…

Read More

ဘီးလင်းနယ်မှာ စက်သုံးဆီ အရောင်းဆိုင် ပိုင်ရှင် နှစ်ယောက် ပစ်သတ်ခံရ

မေ ၊ ၁၅ ၊ ၂၀၂၄ TT (VOM) မွန်ပြည်နယ် ၊ ဘီးလင်မြို့နယ်မှာ မေ ၁၄ ရက် မနေ့နေ့လယ်ပိုင်းက စက်သုံးဆီ အရောင်းဆိုင် ပိုင်ရှင် နှစ်ယောက် ပစ်သတ်ခံရတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့က နေ့လယ် ၁၂ နာရီခွဲ ဝန်းကျင်မှာ ယွန်းဒလင်းကုန်းကျေးရွာမှာရှိတဲ့ အောင်ပြည့်စုံ စက်သုံးဆီဆိုင် ပိုင်ရှင် ဦးနိုင်ဆိုသူ ပစ်သတ်ခံရတယ် ၊ လာသတ်သွားတဲ့သူက MASK တပ်ထားတဲ့ လူနှစ်ယောက်က ဆိုင်ကယ်တစီးနဲ့ လာပြီး ပစ်သတ်သွားတာ ဖြစ်တယ် ၊ အဲ့ဒီ ဦးနိုင်ဆိုသူ ပစ်သတ်ခံရတဲ့ တချိန်တည်းမှာပဲ ဇုတ်သုတ်ကျေးရွာနဲ့ ဇုတ်ကလိကျေးရွာကြားမှာရှိတဲ့ စက်သုံးဆီဆိုင် ပိုင်ရှင် နောက်တယောက် ပစ်သတ်ခံရတယ် ၊ သေဆုံးသူက ဆီးဆိုင်ပိုင်ရှင် ဦးမွန်ကြီးဆိုသူဖြစ်တယ် ”…

Read More

ယောဒေသမှာ တပတ်အတွင်း လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ဖြစ် ၊ ထိခိုက်သေဆုံးသူများပြား

မေ ၊ ၁၅ ၊ ၂၀၂၄ SP (VOM) မကွေးတိုင်း မြောက်ပိုင်း ၊ ဂန့်ဂေါခရိုင် ၊ ဆောမြို့နယ် ၊ ယောဒေသမှာ ပြီးခဲ့တဲ့ မေ ၁၁ ရက်က တကြိမ်နဲ့ မနေ့ မေ ၁၄ ရက်က နောက်တကြိမ် လေကြောင်းတိုက်ခိုက်မှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” မနေ့က နေ့လယ်ပိုင်းမှာ ဆောမြို့နယ် ၊ တောမကျေးရွာနားကို လေကြောင်းတိုက်ခိုက်ခံရတယ် ၊ အဲ့ဒီ တိုက်ခိုက်မှုကြောင့် လူ ခုနှစ်ယောက် သေဆုံးပြီး ခြောက်ယောက် ဒဏ်ရာရတယ် ၊ သေဆုံးသူတွေထဲမှာ ကလေး / လူကြီးပါဝင်ပြီး နေအိမ် အဆောက်ဦး ဆယ်လုံးနီးပါးပျက်စီးတယ် ၊ အိမ်သုံးလုံးက မီးလောင်တယ် ၊ နောက်ပြီး နွားတကောင်နဲ့ မြင်းတကောင်းလည်း သေတယ် ”…

Read More

ရေစကြိုနယ်မှာ ပြည်သူ့စစ် စခန်းတွေ တိုက်ခံရလို့ ဘုန်းကြီးတပါးပျံတော်မူပြီး လူလေးယောက် သေဆုံး

မေ ၊ ၁၅ ၊ ၂၀၂၄ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊ သာစည်ကျေးရွာ အုပ်စု ၊ မြေဖြူကျေးရွာမှာ မေ ၁၄ ရက် မနေ့က ညနေပိုင်းမှာ ရွာအပြင် နွားထွက်ကျောင်းတဲ့ ရွားသားသုံးယောက်ကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက လက်မြှောက်ခိုင်းပြီး ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” မြေဖြူကျေးရွာမှာနေတဲ့ ကိုကျော်ဆန်းလွင် အပါအဝင် လူသုံးယောက် ပစ်သတ်ခံရတာဖြစ်တယ် ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။ ဒါ့အပြင် မနေ့ညနေပိုင်းက ရေစကြိုမြို့နယ် ၊ မြေဖြူရွာ အခင်းဖြစ်ပွားတဲ့အချိန်နဲ့ တပြိုင်တည်းမှာ ဂွေးချို ပြည်သူ့စစ် စခန်း ၊ ဆင်မရဲ ပြည့်စစ် စခန်း ၊ ဆင်ချောင်း…

Read More

ရှင်ဘုရင်လည်း အကြွေးနဲ့

    ဆူးငှက်   မန္တလေးမြို့လယ်မှာ ကျုံးမြို့ရိုးကြီးရှိနေတာကိုက မင်းတုန်းမင်းကြီးကို ကျေးဇူးတင်စရာကောင်းလှသည်။ အခုပဲကြည့် မိုးကုန်လု၍ နှင်းတွေပါးပါးကျလာကာ ဆောင်းရနံ့လေးရလာသည်နှင့်ပင် မနက်စောစောကျုံးနဘေးမှာ လမ်းလျှောက်ကြ၊ ဖွဖွလေးပြေးကြ၊ သွက်သွက်လေး ခုန်ကြ၊ ကျော့ကျော့ကလေး အေရိုးဗစ်ကစားကြနှင့် ဖွေးဖွေးလှုပ် ခဲ့ပြီ။ ကျုံးရေပြင်ကို ဖြတ်သန်းတိုက်ခတ်လာသော လေနုနုကို အားပါးတရ ရှူသွင်း…..။   ကျွန်တော်က ကျုံးနဘေးမှာ “ဖွေးဖွေးလှုပ်” ဟုသုံးနှုန်းလိုက်တော့ မန္တလေးသားတွေကတော့ ယဲ့ယဲ့ကလေး ပြုံးမိကြမှာပေါ့။ ဟုတ်တော့လည်းဟုတ်သည်။ အားကစားဝတ်စုံရောင်စုံနှင့် မနက်စောစော ကစားခုန်စား လုပ်နေနိုင် သူတွေက“ဖွေးဖွေးလှုပ်”သူတွေမို့ဖြစ်သည်။ မန္တလေးသူမန္တလေးသား ညိုပြာညက်၊ ညိုမောင်းမောင်းတွေက ပါသည်ဆိုရုံ အနည်းအပါး။       ““……မတ်ရပ်တံခါး၊ ပြူတင်းလေသာတံခါး စသော နံရံများတွင် ရွှေကျင်ခတ်ထည်၊ ပန်းအပြောက်တို့ဖြင့် ပြီးသော ဘဲခတ္တီပါ အထည်များကို။ ရွက်ကာမုတ်လှဇရွဲကြာပျံ၊ နံရံအကာမှစ၍ ကြက်မွှမ်းလုပ်ဆောင်စေ…

Read More

ဒီးမော့ဆိုမြို့နယ်မှာ ကလေးငယ်တွေ ရေကျောက်ရောဂါ အဖြစ်များလာပြီး ကုသဖို့ ဆေးဝါးတွေလိုအပ်နေ

မေ ၊ ၁၁ ၊ ၂၀၂၄ SP (VOM) ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီကနေ ဒီကနေ့အထိ ကလေးတွေ အများစုဟာ ရေကျောက်ရောဂါ ကူးစက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒီးမော့ဆိုမြို့နယ် ၊ အေနောင်ပုလဲကျေးရွာနေ ဒေသခံတယောက်က ” ရွာမှာ ကလေးအယောက် ရှစ်ဆယ်ကျော်လောက် အရေပြားအပူဖုတွေ ပေါက်ကြတယ် ၊ ပထမကတော့ အရေပြားပေါ်မှာ အနီစက်လေးတွေဖြစ်တယ် ၊ အနည်းငယ်ရက်ကြာလာတော့ အဲ့ဒီ အနီစက်လေးတွေက အရည်ကြည်တွေစုလာတယ် ၊ အဲ့နောက် အဖျားဝင်လာပြီး အစားသောက်ပျက်တယ် ၊ နားလည်တဲ့သူတွေပြောတာတော့ ရေကျောက် ရောဂါလို့ သိရတယ် ၊ လွန်ခဲ့တဲ့ ဖေဖော်ဝါရီကနေ ဒီကနေ့အထိဖြစ်နေတယ် ၊ အဲ့ဒီလိုဖြစ်နေတာ ဒီးမော့ဆို တနယ်လုံးနီးပါးဖြစ်နေတာပါ” လို့ပြောပါတယ်။ ဒါ့အပြင် ကယားပြည်နယ်၊ ဒီးမော့ ဆိုမြို့နယ်(အရှေ့ဘက်ခြမ်း) ဒေါတမကြီးကျေးရွာအုပ်စု၊…

Read More

ပြည်ကြီးမွန်ဖောင်တော်

      ဆူးငှက်   မန္တလေးကို နေပြည်တော်အဖြစ် တည်ထောင် ကတည်းက မြို့တည်နန်းတည် ခုနစ်ဌာန နှင့်အတူ နိုင်ငံနှင့်အဝှန်းအာဏာ၃ရပ် တည်ရှိရာ အဓိက အမြင့်မားဆုံး နေရာဖြစ်သည်။ သက်ဦးဆံပိုင် ပဒေသရာဇ်နှင့် အတူ အာဏာ၃ရပ်ကို ကိုင်စွဲထားသော မူးကြီး မတ်ရာ၊ စစ်သူကြီး သေနာပတိတို့၏ စိုးစံ၊ ရုံးစိုက်ရာ ဖြစ်သည်။ အာဏာ၏ အထွတ်အထိပ် ဖြစ်သောရာဇပလ္လင် ၉ရပ် ရှိသည့် နန်းတော်ကြီးနှင့်အတူ လွှတ်တော် ရုံးတော်လည်း ရှိသည်။ ကိုယ့်အရှင် ကိုယ့်သခင် လက်ထက်တော်ကာလ အချိန်အခါတွင် မန္တလေးနန်းမြို့သည် တစ်တိုင်းတစ်ပြည်လုံး၏ အထွတ်အထိပ်၊ အမြင့်အမြတ် နေရာဖြစ်ပါ၏။     ဤကဲ့သို့ အရေးပါလှသော နေရာဌာနကို ဓာတ်တံခါး မိတ်တံခါး ၁၂၊ ထောင့်ပြကြီး ၄၊ ပြငယ် ၃၂ အပါအဝင်…

Read More

ဓာတ်ရထားမှသည် မီနီအိုးဝေသို့

    ဆူးငှက်     မန္တလေး ရတနာပုံ နေပြည်တော် တည်ထောင်ရာတွင် သတ္တဌာန အပါအဝင် ဖြစ်သည့် နန်းတော်မြို့ရိုးကို သာသနာ ၂၄ဝဝပြည့်နှစ် အထိမ်းအမှတ်အဖြစ် မြို့တော်ကို လေးထောင့် စတုရန်းတည်၍ မြို့ရိုးအနား တစ်ဘက်လျှင် တာ ၆ဝဝ စီဖွဲ့လျက် ကိုက်ပေါင်း ၂၂၁၆ကိုက်၊ လေးဘက်ပတ်လည် စုစုပေါင်း ၅မိုင်၁ဖာလုံရှည် စတုရန်းအကွက်ချ တည်ဆောက် သည်။ တစ်မျက်နှာလျှင်၁မိုင်၂ဖာလုံကျော်မျှ ရှိသည်ဟု ခန့်မှန်းနိုင်သည်။     မြို့ရိုးထုအမြင့် ၂၇ပေ၊ ထု ၁ဝပေရှိ၏။ မြို့ရိုးတစ်လျှောက် သူရဲခိုများထားရှိရာသူရဲခို ၃၈ဝဝ ခန့်ရှိသဖြင့် ရှေးခေတ်မြန်မာစစ်သည် အင်အား သုံးနိုင်ပုံကို ခန့်မှန်းနိုင်သည်။ သူရဲခိုများတွင် သေနတ်ပစ်ရန် အပေါက်ငယ်မှာ ၂ပေ၉လက်မကျယ်ဝန်း၏။ ၁ပြကြားတွင် သူရဲခိုပေါင်း ၇ဝ ရှိသည်။     မြို့ရိုးတစ်လျှောက်…

Read More

ယောကျ်ားလေးတွေ ပြည်ပထွက်အလုပ်လုပ်ခွင့်ဖြေလျှော့

ရန်ကုန် ၊ မေ ၈ – ၂၀၂၄ GG (VOM) ပြည်အလုပ်အကိုင် အလုပ်ခေါ်စာအသစ်ခေါ်ယူမှုမှာ ယောကျ်ားလေးတွေကို ပြည်ပထွက်အလုပ်လုပ်ကိုင်ခွင့်ယာယီရပ်ဆိုင်းမှုနဲ့ပတ်သက်လို့ ဝေဖန်မှုတွေထွက်ပေါ်အပြီးမှာ အလုပ်သမားဝန်ကြီးဌာနဘက်က ဖြေလျှော့မှုအချို့ ပြုလုပ်ပေးလိုက်တယ်လို့သိရပါတယ်။ အဲ့ဒါကတော့ အမျိုးသားအားလုံးကို Demand အလုပ်ခေါ်စာအသစ်နဲ့ ပြည်ပထွက်အလုက်လုပ်ခွင့်မပိတ်တော့ဘဲ အသက်အပိုင်းအခြားတခုသတ်မှတ်ပြီး ဖြေလျှော့ပေးလိုက်တာဖြစ်ပါတယ်။ အသက် ၁၈ နှစ်မှ ၂၃ နှစ်အထိ ယောကျ်ားလေးတွေကို Demand အလုပ်ခေါ်စာအသစ်နဲ့ပြည်ပထွက်အလုပ်လုပ်ပြန်ပြုလိုက်ပြီး အသက် ၂၃ ကစပြီး ၃၁ နှစ်အထိအမျိုးသားတွေကတော့ ပြည်ပထွက်အလုပ်လုပ်ခွင့် ရပ်ဆိုင်းခံထားရဆဲဖြစ်ပါတယ်။ ” အခု ပြန်ဖြေလျှော့ပေးတာကိုလည်း စာမထုတ်ဘူး။အေဂျင်စီတွေကိုအကြောင်းပြန်တာလို့ပဲသိရတယ်။အခုကအသက်ကို နှစ်ပိုင်းခွဲလိုက်ပြီးဖြေလျှော့တာ၊အရင်ယာယီရပ်ဆိုင်းတုန်းကလည်းစာမထုတ်ဘူး။ခုလည်းစာမထုတ်ဘူး၊တဦးချင်းပြောတဲ့ပုံစံပဲ ၊ ၃၁ နှစ်အထက်တွေရောအလုပ်လုပ်ခွင့်ရမှာလားဆိုတာလည်း သေချာတော့မသိဘူး၊ဝန်ကြီးဌာနမေးမှပဲသိမယ် ” လို့ မြန်မာနိုင်ငံပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်ရဲ့တာဝန်ရှိသူတဦးကပြောပါတယ်။ အမျိုးသားတွေအလုပ်ခေါ်စာအသစ်နဲ့ ပြည်ပထွက်အလုပ်လုပ်ခွင့်ကို အသက်အပိုင်းခြားအလိုက် တဆင့်လျှော့ပြီးပြန်ခွင့်ပြုပေးလိုက်ပေမယ့်လည်း ခွင့်ပြုပေးတဲ့အသက်အပိုင်းအခြားက နိုင်ငံခြားထွက် အလုပ်လုပ်မှုနည်းပြီး ကန့်သတ်ထားဆဲ အသက်အပိုင်းခြားကသာ အလုပ်လုပ်မှုပိုများတယ်လို့သိရပါတယ်။…

Read More

နစကလက်ထက်မှာ တပ်ပိုင်လေယာဥ်ပျက်ကျမှု ဆယ်ကြိမ်ထက်မနည်းရှိခဲ့

မေ ၊ ၇ ၊ ၂၀၂၄ SP (VOM) ကယားပြည်နယ် ၊ ဖားဆောင်းမြို့နယ်မှာ မနေ့ မတ် ၆ ရက် ၊ မနက်ပိုင်း ၁၁ နာရီဝန်းကျင်ခန့်က နစက စစ်သုံးရဟတ်ယာဥ် တစီးပျက်ကျခဲ့ပြီး ၊ အဲ့ဒီ ရဟတ်ယာဥ်ပေါ်မှာ လိုက်ပါလာခဲ့တဲ့ လူ ခုနှစ်ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာချက်အရ သိရပါတယ်။ သတင်းတွေအရ ပျက်ကျခဲ့တဲ့ အဲ့ဒီ ရဟတ်ယာဥ်ဟာ ကယားပြည်နယ် ဒေသတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့က မြေပြင်ကနေ ဝေဟင်ကို ပစ်ချခဲ့တာကြောင့် အခုလို ရဟတ်ယာဥ် ပျက်ကျခဲ့တာဖြစ်ပြီး ၊ ရဟတ်ယာဥ်ပေါ်မှာ လိုက်ပါလာတဲ့ တပ်မတော် အရာရှိ သုံးယောက်နဲ့ အခြားအဆင့် လေးယောက် ၊ စုစုပေါင်း ခုနှစ်ယောက်သေဆုံးကာ ၊ နှစ်ယောက် ဒဏ်ရာရထားတယ်လို့ ဖော်ပြထားပါတယ်။…

Read More
VOM News

FREE
VIEW