ဟွာဝေးကုမ္ပဏီအပေါ် အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှု တရုတ်လက်တုံ့ပြန်မယ်

ပေကျင်း၊ မေ-၁၇-၂၀၁၉ မျိုးဆက် ( VOM)   နိုင်ငံတကာကုန်သွယ်မှုတွေကနေ တရုတ်ဆက်သွယ်ရေးကုမ္ပဏီ ဟွာဝေးအပေါ် ကန့်သတ်ဖို့  အားထုတ်မှုတစ်ခုအဖြစ် ရှုမြင်ရတဲ့ အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုတွေကို လက်တုံ့ပြန်မယ်လို့ တရုတ်နိုင်ငံက ခြိမ်းခြောက်လိုက်ပါတယ်။   တရုတ်ကုမ္ပဏီတွေအပေါ် တစ်ဖက်သတ်အရေးယူပိတ်ဆို့မှုတွေ ချမှတ်နေတဲ့နိုင်ငံတွေကိုလည်း တရုတ်နိုင်ငံက ဆန့်ကျင်ပြီး လက်တုံ့ပြန်သွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လုကောင်က ပြောပါတယ်။   အမေရိကန်ဆက်သွယ်ရေးကွန်ရက်တွေမှာ ဟွာဝေးထုတ်ကုန်တွေ အသုံးပြုတာကို ပိတ်ပင်ဖို့ အမေရိကန်အစိုးရက မေ ၁၅ ရက်မှာ  အမိန့်တစ်ရပ် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။   အဲဒီအမိန့်မှာ  ဘယ်ကုမ္ပဏီဆိုတာကို အမည်ထုတ်ဖော်ပြောဆိုထားတာ မရှိပေမယ့်လည်း ဟွာဝေးကုမ္ပဏီကို ပစ်မှတ်ထားတယ်လို့ ယုံကြည်ရပါတယ်။   ဟွာဝေးကတော့ သူ့ရဲ့ထုတ်ကုန်တွေဟာ  လုံခြုံရေးကို ခြိမ်းခြောက်တဲ့ အခြေအနေမျိုးမရှိဘူးလို့ ငြင်းဆိုထားပြီး အမေရိကန်နဲ့ စေ့စပ်ညှိနှိုင်းဖို့လည်း အသင့်ရှိနေတယ်လို့ ပြောပါတယ်။   Ref…

Read More

AA အတွက်ရိက္ခာခြောက်တွေ တွေ့တယ်ဆိုပြီး ရွှေပြည်ရွာက ရာအိမ်မှူးကို တပ်မတော်ကဖမ်းဆီး

ကျောက်တော်၊ မေ – ၁၇-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ကုလားတန်မြစ်အထက်ပိုင်းမှာရှိတဲ့ ရွှေပြည်ရွာက ရာအိမ်မှူးကို တပ်မတော်စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ရွာသားတွေထံက သိရပါတယ်။     မေလ ၁၅ ရက်က အဲ့ဒီရွာကို တပ်မတော်စစ်ကြောင်း ဝင်ရောက်လာခဲ့ပြီး ကျေးရွာအတွင်း ရှာဖွေမှုတွေပြုလုပ်ရာ ရာအိမ်မှူး ဦးသိန်းစောအောင်အိမ်မှာ AA အတွက်စုဆောင်းထားတဲ့ ရိက္ခာတွေ တွေ့တယ်ဆိုပြီး  ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။   “ရာအိမ်မှူး ဦးသိန်းစောအောင်ကို ဖမ်းဆီးသွားတယ်ဆိုတာဟုတ်ပါတယ်။ တနေ့ကဖမ်းဆီးသွားတာပါ။ သူ့မှာက ဆိုင်ရောင်းတယ်။ အဲ့ဒီမှာ ခေါက်ဆွဲခြောက်တို့၊ ဆီတို့၊ ထမင်းခြောက်တို့ရတယ်ဆိုပြီးတော့ ပစ္စည်းတွေကိုလည်း သိမ်းတယ်။သူ့ကိုလည်းဖမ်းဆီးသွားတယ်။ ’ လို့ ကျေးရွာသားတစ်ဦးက ပြောပါတယ်။   ရေသန့်၊ မာမီးခေါက်ဆွဲ၊ ငရုတ်မှုန့်၊ ဆား၊ ဓါတ်ဆား၊ ငပိ၊ ဟင်းချိုမှုန့်၊ ထမင်းခြောက်…

Read More

အပြာ​ရောင်​တီရှပ်​ဝတ်​ဆင်​တဲ့ လှုပ်​ရှားမှု ပြုလုပ်ခဲ့

ရန်​ကုန်​ ၊​မေ ၁၇ – ၂၀၁၉ သူရိန် ( VOM)   လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုအပေါ် တပ်မတော်က တရားစွဲဆိုနေတာကို ကန့်ကွက်ဆန့်ကျင်တဲ့အနေနဲ့ အပြာရောင်ရှပ်အင်္ကျီ ဝတ်ဆင်တဲ့ လှုပ်ရှားမှုကို ဒီနေ့  ရန်ကုန်မြို့ ဗိုလ်တထောင် တရားရုံးရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။   ဒါ့အပြင်တပ်မတော်အပေါ် ဝေဖန်သူတွေကို တရားစွဲဆိုထားမှုတွေ ရုပ်သိမ်းပေးဖို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အိတ်ဖွင့်ပေးစာ တစ်စောင်လည်း ပေးပို့ခဲ့ကြသလို တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူးဆီကိုလည်း အီးမေလ်နဲ့ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။   “တပ်မတော်၏တရားစွဲဆိုမှုများ ရုပ်သိမ်းပေးပါ” စာသားပါတဲ့အပြာရောင်တီရှပ်အင်္ကျီတွေ ဝတ်ဆင်တဲ့လှုပ်ရှားမှုကို စစ်တပ်က တရားစွဲဆိုထားတဲ့ အမှုရုံးချိန်းတိုင်းမှာလည်း ဝတ်ဆင်သွားမယ်လို့ အသံအဖွဲ့ရဲ့ဒါရိုက်တာ ကဗျာဆရာ မောင်ဆောင်းခက ပြောပါတယ်။     သင်္ကြန်သံချပ်ကြောင့် တပ်မတော်က တရားစွဲဆိုထားတဲ့…

Read More

လူနာ ၁၇ ဦးကို အဆိပ်ခပ်မှုဖြင့် ပြင်သစ်ဆရာဝန်တစ်ဦး တရားစွဲခံရ

ပါရီ ၊ မေ-၁၇-၂၀၁၉ မျိုးဆက် (VOM)   ပြင်သစ်နိုင်ငံမှာ လူနာ ၁၇ ဦးကို အဆိပ်ခပ်မှုနဲ့ ပတ်သက်လို့  ပြင်သစ်ဆရာဝန်တစ်ဦးကို ပြစ်မှုကြောင်းအရ တရားစွဲဆိုပြီး စုံစမ်းစစ်ဆေးမှုတစ်ရပ် စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။   တရားစွဲခံရသူ ဖရက်ဒီရစ်ပန်ချီရာဟာ မေ့ဆေးဆရာဝန်တစ်ဦးဖြစ်ပြီး စုစုပေါင်း လူကိုးဦးသေဆုံးစေခဲ့တဲ့  အခြား အဆိပ်ခပ်မှု ခုနစ်မှုအတွက်လည်း စုံစမ်းစစ်ဆေးခံနေရသူ ဖြစ်ပါတယ်။   သူဟာ  လုပ်ဖော်ကိုင်ဖက်ဆရာဝန်တွေရဲ့ မေ့ဆေးအိတ်တွေကို စနစ်တကျ လျှို့ဝှက်လဲလှယ်ကာ အရေးပေါ်ကေ့စ် တစ်ခုဖန်တီးပြီး သူ့ရဲ့ ပါရမီထူးကဲမှုတွေကို ပြသဖို့ လုပ်ဆောင်ခဲ့တယ်လို့ အစိုးရရှေ့နေတွေက စွပ်စွဲပြောဆိုထားပါတယ်။   ဒီစွပ်စွဲချက်များအားလုံးကို မစ္စတာပန်ချီရာက ငြင်းဆိုထားပါတယ်။   တကယ်လို့ သူ့မှာအပြစ်ရှိကြောင်း တွေ့ရှိခဲ့ရင်တော့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း အမိန့်စီရင်ချက်နဲ့ ရင်ဆိုင်ရဖွယ်ရှိပါတယ်။   သူရဲ့ ရှေ့နေကတော့ စုံစမ်းစစ်ဆေးမှုမှာ သက်သေအထောက်အထား…

Read More

ကသာ အကျဉ်းထောင်အတွင်း အကျဉ်းထောင်ဝန်ထမ်းတစ်ဦးထံက မူးယစ်ဆေးများ ဖမ်းမိ

ကသာ ၊ မေ – ၁၇ – ၂၀၁၉ နိုင်ကြီး – ကသာ (VOM)   စစ်ကိုင်းတိုင်း ကသာမြို့ အကျဉ်းထောင်မှာ မနေ့ညက  အကျဉ်းဦးစီးဌာန၀န်ထမ်း တပ်သားတစ်ဦးထံကနေ မူးယစ်ဆေး တွေ့ရှိခဲ့တာကြောင့် အမှုဖွင့် အရေးယူထားတယ်လို့ ကသာမြို့မရဲစခန်းက သိရပါတယ် ။   မနေ့ည ရှစ်နာရီခန့်က ကသာအကျဉ်းထောင် အမှတ်(၁)အိပ်ဆောင် အိမ်သာဖက်တွင် မသင်္ကာဖွယ် အပြုအမူ တွေ့ရှိရကြောင်း တာဝန်ကျတပ်ကြပ် သောင်းနိုင်ဦးက လက်ထောက်ကြီးကြပ်ရေးမှူးထံ သတင်းပေးပို့ခဲ့ရာ အကျဉ်းထောင်ဝန်ထမ်း တပ်သား ကျော်ဇင်ဖြိုးကို ဘိန်းဖြူ အလေးချိန် (၀.၄)ဂရမ်ပါ ပလက်စတစ်ကော်ဗူးတစ်ဗူးနဲ့ အတူတွေ့ရှိတယ်လို့ သိရပါတယ်။   ကာလတန်ဘိုး လေးသောင်းကျပ်ဝန်းကျင်ရှိပြီး ၎င်းသုံးစွဲဖို့  ကသာမြို့ အမှတ်(၈)ရပ်ကွက်ရှိ  နေအိမ်တစ်အိမ်ကနေ ဝယ်ယူခဲ့တာ ဖြစ်တယ်လို့ တပ်သားကျော်ဇင်ဖြိုးက ထွက်ဆိုထားပါတယ်။   ဒီဖြစ်စဉ်နဲ့…

Read More

တပ်သိမ်းမြေ ပြန်လည်စွန့်လွှတ်မှု မူလတောင်သူတွေ မရတဲ့အတွက် အစိုးရဖြေရှင်းမပေးပါက ဆက်လက်ဆန္ဒပြမယ်လို့ဆို

စဥ့်ကူး ၊ မေ – ၁၇ – ၂၀၁၉ ဇော်သက် (VOM)   စဥ့်ကူးမြို့နယ်အတွင်း တပ်မတော်က သိမ်းဆည်းထားခဲ့တဲ့ မြေဧကလေးထောင်ကျော်ကို ပြန်လည်စွန့်လွှတ်ထားပေမယ့် မူလတောင်သူတွေက မရရှိဘူးဆိုပြီး ပြီးခဲ့တဲ့ ရက်ကဆန္ဒထုတ်ဖော်ခဲ့ကြသလို အစိုးရအနေနဲ့ မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန် ဖြေရှင်းမပေးပါက ဆန္ဒထုတ်ဖော်မှုတွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။   ပက်လည်အင်း၊ မကွေ့တရာ၊ တရော်ပင် ၊ကျောက်ခွက် ၊ရေထွက်ကြီး ကျေး ၇ ရွာက  သိမ်းဆည်းခံ တောင်သူ ၃၅၀ ကျော်ဟာ ခတက်ချဉ်စိုက်ကွင်းမြေ ဧရိယာ ၄၅၅၃.၆၀ ပြန်လည်စွန့်လွှတ်မှုမှာ မူလတောင်သူတွေ မရရှိဘူးဆိုပြီး မေ ၁၅ ရက်က ဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။   တရားဥပဒေစိုးမိုးရေး၊ လယ်ယာမြေပြသနာ မမှန်မကန်ဖြေရှင်းနေခြင်းများ ချက်ချင်းရပ်၊ မြေသိမ်းခံမှု တောင်သူများ နစ်နာမှုမရှိစေရေး ဆောင်ရွက်ပေး…

Read More

မွေးနေ့အထိမ်းအမှတ် တစ်ကိုယ်တော်ဖျော်ဖြေပွဲလုပ်မယ့် X Box

ရန်ကုန်၊ မေ – ၁၇ -၂၀၁၉ သင်းသဒ္ဒါ (VOM)   ဟစ်ဟော့ပ်တေးသံရှင် X Box က မွေးနေ့အထိမ်းအမှတ် တစ်ကိုယ်တော် ဖျော်ဖြေပွဲ ပြုလုပ်မယ်လို့ ဆိုပါတယ်။   ”တစ်နှစ်နဲ့ တစ်နှစ် မတူအောင်လို့ ပရိသတ်ကို Update လေးတွေ ပေးချင်တာကြောင့်ပါ။ ပရိသတ်တွေနဲ့ တသားထဲဖြစ်အောင် ဒီပွဲကိုဖန်တီးထားပါတယ်။ကျွန်တော် ဘဝအတွက် မှတ်တိုင်တစ်ခုအနေနဲ့  ဒီပွဲကိုကျင်းပဖြစ်တာပါ ။ ”လို့ဆိုပါတယ်။   အသက် ၂၇ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် မေ ၁၉ ရက် ညနေ ၄ နာရီမှာ ရန်ကုန်မြို့  The Maze Club မှာ ပြုလုပ်သွားမှာဖြစ်ပြီး ဒုတိယအကြိမ် တစ်ကိုယ်တော်ဖျော်ဖြေမယ့်   X-Boxin House Party ပွဲလို့ သိရပါတယ်။   အဲဒီဖျော်ဖြေပွဲမှာ  ရဲရင့်အောင်…

Read More

အောင်သပြေရွာ ပဋိပက္ခ နောက်ဆုံးအခြေအနေ

    မန္တလေး ၊ မေ – ၁၆ – ၂၀၁၉ ဖြူဖြူ (VOM)   မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီး ဘိလပ်မြေစက်ရုံတည်ဆောက်မှု ကန့်ကွက်တာနဲ့ ပတ်သက်ပြီး ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့ မနေ့က ပဋိပက္ခဖြစ်ပွားခဲ့တဲ့အပြင် လက်ရှိအချိန်အထိ သတင်းထောက်တစ်ဦးနဲ့ ဒေသခံ လေးဦးကို ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။   မနေ့က ရဲအင်အား တစ်ရာကျော်နဲ့ ဒေသခံတွေ အပြန်အလှန် သေနတ်ပစ်ခတ်မှု၊ ခဲပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့သလို ကုမ္ပဏီက ပစ္စည်းတချို့ မီးရှို့ဖျက်စီးခံခဲ့ရပြီး  သတင်းရယူနေတဲ့ သတင်းထောက်တစ်ဦးနဲ့ ဒေသခံနှစ်ဦးကိုဖမ်းဆီးသွားခဲ့ပါတယ်။   ဒီနေ့မှာ အောင်သပြေကျေးရွာ ရာအိမ်မှူးနဲ့ ဒေသခံတစ်ဦး ကိုထပ်မံဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။   “ကုမ္ပဏီကို ကားတွေ ၀င်ထွက်နေတာမဟန့်တားရဲအောင် တောင်တွေပေါ်ကနေ ဗီဒီယိုတွေ၊ဓာတ်ပုံတွေရိုက်တယ်၊ ပြီးတော့ရွာပတ်ပတ်လည်ဟုတ်မဟုတ်တော့ မသိဘူး၊ ရဲအင်အားအလုံးအရင်းနဲ့ ၀ိုင်းထားတယ်၊ညဘက်ကို…

Read More

အမြန်ရေယာဉ်ပေါ်က ပြုတ်ကျတဲ့ခရီးသည်နှစ်ဦး ရှာမတွေ့သေး

ရန်ကုန် ၊ မေ – ၁၆ – ၂၀၁၉ သိင်္ဂီ (VOM)   ဒီနေ့မနက်ပိုင်း ခန္တီးကနေ မုံရွာကို စုန်ဆင်းလာတဲ့  အမြန်ရေယာဉ်ပေါ်ကနေ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး ပြုတ်ကျခဲ့ပြီး ညနေပိုင်းအထိ ရှာမတွေ့သေးဘူးလို့ သိရပါတယ်။   မင်းသီဟကျော်အမြန်ရေယာဉ်ပေါ်က ပြုတ်ကျတာဖြစ်ပြီး စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် လောင်းပြည့်ကျေးရွာအနီးမှာ မနက် ၆ နာရီလောက်ကတည်းက ချင်းတွင်းမြစ်ထဲ ပြုတ်ကျခဲ့တာလို့ သိရပါတယ်။   “ခရီးသည်အမျိုးသမီးတစ်ဦးက အိမ်သက်တက်ဖို့ သွားရာကနေ ဟန်ချက်ပျက်ပြီး ပြုတ်ကျတဲ့အချိန်မှာ အမျိုးသားတစ်ဦးက ဆင်းဆယ်ရင်းနဲ့ နှစ်ဦးစလုံး နစ်မြုပ်သွားတယ်။” လို့ မင်းကင်းမြို့ ပုဂ္ဂလိကရေယာဉ်များ စည်းကမ်းထိန်းသိမ်းရေးနှင့်ကြီးကြပ်ရေးအဖွဲ့ဝင် ဦးမြင့်လွင်ကပြောပါတယ်။   လက်ရှိမှာ အခင်းဖြစ်ပွားခဲ့တဲ့နေရာကို မင်းကင်းမြို့ ပုဂ္ဂလိကရေယာဉ်များ စည်းကမ်းထိန်းသိမ်းရေးနှင့်ကြီးကြပ်ရေးအဖွဲ့နဲ့ မောက္ကတော်နယ်မြေရဲစခန်းက တပ်ဖွဲ့ဝင်တွေက ရှာဖွေကယ်ဆယ်ရေးတွေ လုပ်နေပါတယ်။   ပြုတ်ကျခဲ့သူတွေဟာ…

Read More

လျှပ်စစ်မီးပြတ်တောက်မှုကြောင့် CNG ဆိုင်တွေမှာ ကားတွေအချိန်အကြာကြီး တန်းစီစောင့်ဆိုင်းရခြင်းဖြစ်

ရန်ကုန် ၊ မေ ၁၆ – ၂၀၁၉ သိင်္ဂီ (VOM)   ရန်ကုန်မြို့မှာရှိတဲ့ CNG ဆိုင်တွေမှာ ကားတွေ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းနေရတာဟာ လျှပ်စစ်မီးပြတ်တောက်မှုကြောင့်ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) တွဲဖက်အတွင်းရေးမှူး ဦးလှအောင်ကပြောပါတယ်။   “ဒီဆိုင်တွေမှာရှိတဲ့ ပန့်တွေ စနစ်တွေက လျှပ်စစ်ပေါ်ကိုအခြေခံတာဖြစ်တယ်။ဒါကြောင့်အရံအနေနဲ့ မီးစက်တွေ ထားရှိရမယ်။ မီးစက်ပါဝါက လျှပ်စစ်ပါဝါလောက် ပြည့်ပြည့်ဝဝမရတော့ အဲ့မှာ ကားတွေကြန့်ကြာကုန်တယ်။ မီးပြတ်တာနဲ့ စက်တွေနှိုးလုပ်တာက နာရီဝက်လောက်ကြာတယ်။ ဒါပေမယ့် ကားအစီးရေလည်းများရော အချိန်တွေက ငါးနာရီ၊ ခုနစ်နာရီလောက်ကြာသွားတယ်။”လို့ ဦးလှအောင်က ပြောပါတယ်။   ဒါကြောင့်  ရန်ကုန်မြို့ရဲ့ CNG ဆိုင်တွေမှာ ကားတွေ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းရတဲ့ကိစ္စကို ဖြေရှင်းဖို့  မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာနနဲ့  ညှိနှိုင်းပြီး CNG ဆိုင်အားလုံးမှာ…

Read More
VOM News

FREE
VIEW