ကသာ အကျဉ်းထောင်အတွင်း အကျဉ်းထောင်ဝန်ထမ်းတစ်ဦးထံက မူးယစ်ဆေးများ ဖမ်းမိ

ကသာ ၊ မေ – ၁၇ – ၂၀၁၉

နိုင်ကြီး – ကသာ (VOM)

 

စစ်ကိုင်းတိုင်း ကသာမြို့ အကျဉ်းထောင်မှာ မနေ့ညက  အကျဉ်းဦးစီးဌာန၀န်ထမ်း တပ်သားတစ်ဦးထံကနေ မူးယစ်ဆေး တွေ့ရှိခဲ့တာကြောင့် အမှုဖွင့် အရေးယူထားတယ်လို့ ကသာမြို့မရဲစခန်းက သိရပါတယ် ။

 

မနေ့ည ရှစ်နာရီခန့်က ကသာအကျဉ်းထောင် အမှတ်(၁)အိပ်ဆောင် အိမ်သာဖက်တွင် မသင်္ကာဖွယ် အပြုအမူ တွေ့ရှိရကြောင်း တာဝန်ကျတပ်ကြပ် သောင်းနိုင်ဦးက လက်ထောက်ကြီးကြပ်ရေးမှူးထံ သတင်းပေးပို့ခဲ့ရာ အကျဉ်းထောင်ဝန်ထမ်း တပ်သား ကျော်ဇင်ဖြိုးကို ဘိန်းဖြူ အလေးချိန် (၀.၄)ဂရမ်ပါ ပလက်စတစ်ကော်ဗူးတစ်ဗူးနဲ့ အတူတွေ့ရှိတယ်လို့ သိရပါတယ်။

 

ကာလတန်ဘိုး လေးသောင်းကျပ်ဝန်းကျင်ရှိပြီး ၎င်းသုံးစွဲဖို့  ကသာမြို့ အမှတ်(၈)ရပ်ကွက်ရှိ  နေအိမ်တစ်အိမ်ကနေ ဝယ်ယူခဲ့တာ ဖြစ်တယ်လို့ တပ်သားကျော်ဇင်ဖြိုးက ထွက်ဆိုထားပါတယ်။

 

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မူးယစ်ဆေး လက်ဝယ်တွေ့ရှိသူ တပ်သားကျော်ဇင်ဖြိုး ကို မယ(ပ)၃၅/၂၀၁၉ မူး/စိတ် ပုဒ်မ – ၁၆(ဂ)/၂၀ အရ အမှုဖွင့် အရေးယူထားတယ်လို့ ကသာမြို့မရဲစခန်း က သိရပါတယ် ။

 

#voiceofmyanmar #အကျဉ်းထောင်ဝန်ထမ်းထံက မူးယစ်ဆေးတွေ့ #ကသာ #စစ်ကိုင်းတိုင်း

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW