ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တွေကို လူ့အခွင့်အရေး အပြည့်အ၀ပေးဖို့ ပြော

ရန်ကုန် ၊မေ – ၁၇ – ၂၀၁၉ သိင်္ဂီ (VOM)   တပ်မတော်ရဲ့ တရားစွဲဆိုခြင်းခံထားရတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေအနေနဲ့ ပုန်ကန်ထကြွတာ၊ ခုခံတာ ၊ တော်လှန်တာမျိုးတွေလုပ်မှာမဟုတ်ဘဲ အမှုကိုအမှန်တရားပေါ်ဖို့သာ ရင်ဆိုင်သွားမှာဖြစ်လို့ ရဲတပ်ဖွဲ့အနေနဲ့လည်း တရားစွဲဆိုခံရသူတွေကို လူ့အခွင့်အရေး အပြည့်အဝပေးဖို့လိုအပ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်ကပြောပါတယ်။   ဒီနေ့မနက်ပိုင်းမှာ တပ်မတော်က တရားစွဲဆိုထားတဲ့ ဒေါင်းတို့မျိုးဆက် သံချပ် အဖွဲ့ဝင် မစုရတနာမြင့် နဲ့ ကိုချစ်ယုံ တို့ကို ဗိုလ်တထောင် တရားရုံးမှာ ပုဒ်မ ၅၀၅ (က)၊ ၆၆ (ဃ)နဲ့ တရားစွဲ ဆိုခဲ့ပြီး အာမခံမပေးဘဲ  အင်းစိန်ထောင်ကို ဖမ်းဆီးပို့ဆောင်ခဲ့တာဖြစ်ပါတယ်။   ” ကလေးတွေက အပ်တိုတစ်ချောင်းတောင်မရှိဘူး။ ဘာမှလည်းလုပ်မှာမဟုတ်ဘူး။ အမှုအမှန်တရားပေါ်ပေါက်ဖို့ပဲ ဥပဒေအတိုင်းရင်ဆိုင်မှာဖြစ်တယ်။ ဒါကြောင့် ဥပဒေနဲ့အညီသွားကြမယ်လို့လည်းမျှော်လင့်တယ်။တရားလိုစစ်တဲ့အခါနဲ့ အပြန်အလှန်တွေ စစ်မေးတဲ့အခါမှာလည်း ပြေပြေလည်လည်ဖြစ်ချင်တယ်။…

Read More

လက္ကာကျေးရွာက ဖမ်းဆီးခံထားရသူ ၂၄ ဦးကို ဒီကနေ့ရုံးထုတ်

စစ်တွေ။ မေ ၁၇-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာမှာ ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်က တပ်မတော်စစ်ကြောင်းရဲ့ဖမ်းဆီးခြင်းခံခဲ့ရတဲ့ ကျေးရွာသား ၂၇ ဦးအနက် ၂၄ ဦးကို ဒီကနေ့ စစ်တွေခရိုင်တရားရုံးမှာ ရုံးထုတ်ရမာန်ယူခဲ့ပါတယ်။   အဲ့ဒီ ကျေးရွာသားတွေဟာ လက္ကာကျေးရွာ အတွင်းရှိနေစဉ် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး တစ်လကျော်အကြာမှာ တပ်မတော်ကနေ ရဲတပ်ဖွဲ့ကိုလွှဲပြောင်းပေးခဲ့ပါတယ်။   “သူတို့အားလုံးဟာ AA အဖွဲ့ဝင်တွေဆိုပြီးတော့ တရားစွဲဖို့ပြင်နေတာပါ။ ကျွန်မယောက်ျားနဲ့ ဒီကနေ့တရားရုံးမှာ တွေ့ခွင့်ရခဲ့ပါတယ်။ အဲဒီမှာပြောပြတာက သူတို့ကို စစ်တပ်က စစ်ဆေးနေတဲ့အချိန်မှာ AA ဆိုပြီး အတင်းဝန်ခံခိုင်းတယ်လို့ပြောပါတယ်။ ငြင်းတဲ့လူကို နှိပ်စက်တဲ့အတွက်  သုံးယောက်သေသွားတယ်။ ဒါကြောင့် ကျန်တဲ့ ၂၄ ယောက်က သေမှာကိုကြောက်ပြီး AA လို့ ပြောခဲ့ရတယ်လို့ ပြောပါတယ်။”လို့ ဖမ်းဆီးခံခဲ့ရသူရဲ့ မိသားစုဝင်တစ်ဦးက…

Read More

မန်းမဟော်သဓါကျောင်း ထိပ်ပိုင်းကော်မတီဝင် ခုနစ်ဦး တရားစွဲခံရ

မန္တလေး ၊ မေ – ၁၇ – ၂၀၁၉   မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ကျောက်ချောရွာမှာ အမျိုးသားရေးဆရာတော် ဦးဝီရသူ ဦးဆောင်ဖွင့်လှစ်ထားတဲ့ မန်းမဟော်သဓါ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းရဲ့ ထိပ်ပိုင်းကော်မတီဝင် ခုနစ်ဦးကို ပုသိမ်ကြီးမြို့နယ်တရားရုံးမှာ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။   တရားစွဲဆိုခံရသူ ခုနစ်ဦးထဲမှာပါတဲ့ ကျောင်းကော်မတီ ဒုတိယဥက္ကဋ္ဌလည်းဖြစ်၊ တရားလွှတ်တော်ရှေ့နေလည်းဖြစ်တဲ့ ဦးဇော်ဝိတ်က  “အထက်မြန်မာပြည် မြေနဲ့အခွန်တော်ဥပဒေပုဒ်မ ၆၉ (၂) အရ မြေလွတ်၊ မြေလပ်၊ မြေရိုင်းပေါ်မှာ လုပ်ကိုင်နေတဲ့သူတွေကို ဖယ်ရှားပေးဖို့ပြောတဲ့အခါမှာ မလိုက်နာရင်စွဲတဲ့ ပုဒ်မမျိုးဖြစ်တယ် ။ ကျနော်တို့မြေက အိုအေ လို့ခေါ်တဲ့ other မြေဖြစ်တယ်။ ဒီဟာကို ကျောင်းဆောက်ခွင့်တင်ရာမှာ ချမပေးဘဲ အခုလိုတရားစွဲတာဖြစ်တယ်။” လို့ ပြောပါတယ်။   ဒီကိစ္စနဲ့ပတ်သက်ပြီး တရားစွဲဆိုခံရသူတွေကို တရားရုံးက တိုက်ရိုက်အကြောင်းကြားတာမဟုတ်ဘဲ ရုံးချိန်းကို လာမယ့်…

Read More

မန်းမဟော်သဓါကျောင်း ထိပ်ပိုင်းကော်မတီဝင် ခုနစ်ဦး တရားစွဲခံရ

  မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ကျောက်ချောရွာမှာ အမျိုးသားရေးဆရာတော် ဦးဝီရသူ ဦးဆောင်ဖွင့်လှစ်ထားတဲ့ မန်းမဟော်သဓါ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းရဲ့ ထိပ်ပိုင်းကော်မတီဝင် ခုနစ်ဦးကို ပုသိမ်ကြီးမြို့နယ်တရားရုံးမှာ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

Read More

ဗိုလ်ချုပ်အောင်ဆန်း ပုံပါငွေစက္ကူ ၂၀၂၀ မှာ ထုတ်ဝေဖို့ စီစဉ်နေ

နေပြည်တော်၊မေ – ၁၇ – ၂၀၁၉ ဒီပ(နေပြည်တော်)   မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံပါ ငွေစက္ကူကို  ၂၀၂၀ ခုနှစ်  နှစ်ဆန်းပိုင်းလောက်မှာ ထုတ်ဝေနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောပါတယ်။   “ဒီနှစ်ကုန်လောက်မှ ထွက်နိုင်ရင်လည်း ထွက်လိမ့်မယ်၊ ဒါမှမဟုတ် ဟိုဘက်နှစ်စလောက်မှာ ထွက်ဖို့ရှိပါတယ်။ အချိန်ကတော့ မှန်းဆရတာခက်ပါတယ်။ ဒီဇိုင်းပြန်ပြင်တာတို့၊ လုံခြုံရေးကိစ္စထပ်ထည့်တာတို့ အဲ့ဒီအပိုင်းတော့ ရှိပါတယ်။ ဒါကြောင့်မို့ ဒီကိစ္စက ပြီးသွားမှာပါ၊ သေချာပေါက်လည်း ထုတ်ဝေမှာပါ။ အချိန်လည်းနီးကပ်လာပါပြီ။ ” လို့ ဒီနေ့ပြုလုပ်ခဲ့တဲ့ အစိုးရသစ်ရဲ့ တတိယတစ်နှစ်တာ ဆောင်ရွက်ချက်များနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦးရဲ့မေးခွန်းအပေါ် ဦးစိုးသိန်းက ခုလိုပြောခဲ့တာပါ။   ဗိုလ်ချုပ်အောင်ဆန်းပုံပါ ငွေစက္ကူများ ရိုက်နှိပ်ထုတ်ဝေရေး ၂၀၁၇ ခုနှစ်ဝင်ဘာလ ၁၇ ရက်က ပြုလုပ်ခဲ့တဲ့…

Read More

ဟွာဝေးကုမ္ပဏီအပေါ် အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှု တရုတ်လက်တုံ့ပြန်မယ်

ပေကျင်း၊ မေ-၁၇-၂၀၁၉ မျိုးဆက် ( VOM)   နိုင်ငံတကာကုန်သွယ်မှုတွေကနေ တရုတ်ဆက်သွယ်ရေးကုမ္ပဏီ ဟွာဝေးအပေါ် ကန့်သတ်ဖို့  အားထုတ်မှုတစ်ခုအဖြစ် ရှုမြင်ရတဲ့ အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုတွေကို လက်တုံ့ပြန်မယ်လို့ တရုတ်နိုင်ငံက ခြိမ်းခြောက်လိုက်ပါတယ်။   တရုတ်ကုမ္ပဏီတွေအပေါ် တစ်ဖက်သတ်အရေးယူပိတ်ဆို့မှုတွေ ချမှတ်နေတဲ့နိုင်ငံတွေကိုလည်း တရုတ်နိုင်ငံက ဆန့်ကျင်ပြီး လက်တုံ့ပြန်သွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လုကောင်က ပြောပါတယ်။   အမေရိကန်ဆက်သွယ်ရေးကွန်ရက်တွေမှာ ဟွာဝေးထုတ်ကုန်တွေ အသုံးပြုတာကို ပိတ်ပင်ဖို့ အမေရိကန်အစိုးရက မေ ၁၅ ရက်မှာ  အမိန့်တစ်ရပ် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။   အဲဒီအမိန့်မှာ  ဘယ်ကုမ္ပဏီဆိုတာကို အမည်ထုတ်ဖော်ပြောဆိုထားတာ မရှိပေမယ့်လည်း ဟွာဝေးကုမ္ပဏီကို ပစ်မှတ်ထားတယ်လို့ ယုံကြည်ရပါတယ်။   ဟွာဝေးကတော့ သူ့ရဲ့ထုတ်ကုန်တွေဟာ  လုံခြုံရေးကို ခြိမ်းခြောက်တဲ့ အခြေအနေမျိုးမရှိဘူးလို့ ငြင်းဆိုထားပြီး အမေရိကန်နဲ့ စေ့စပ်ညှိနှိုင်းဖို့လည်း အသင့်ရှိနေတယ်လို့ ပြောပါတယ်။   Ref…

Read More

AA အတွက်ရိက္ခာခြောက်တွေ တွေ့တယ်ဆိုပြီး ရွှေပြည်ရွာက ရာအိမ်မှူးကို တပ်မတော်ကဖမ်းဆီး

ကျောက်တော်၊ မေ – ၁၇-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ကုလားတန်မြစ်အထက်ပိုင်းမှာရှိတဲ့ ရွှေပြည်ရွာက ရာအိမ်မှူးကို တပ်မတော်စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ရွာသားတွေထံက သိရပါတယ်။     မေလ ၁၅ ရက်က အဲ့ဒီရွာကို တပ်မတော်စစ်ကြောင်း ဝင်ရောက်လာခဲ့ပြီး ကျေးရွာအတွင်း ရှာဖွေမှုတွေပြုလုပ်ရာ ရာအိမ်မှူး ဦးသိန်းစောအောင်အိမ်မှာ AA အတွက်စုဆောင်းထားတဲ့ ရိက္ခာတွေ တွေ့တယ်ဆိုပြီး  ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။   “ရာအိမ်မှူး ဦးသိန်းစောအောင်ကို ဖမ်းဆီးသွားတယ်ဆိုတာဟုတ်ပါတယ်။ တနေ့ကဖမ်းဆီးသွားတာပါ။ သူ့မှာက ဆိုင်ရောင်းတယ်။ အဲ့ဒီမှာ ခေါက်ဆွဲခြောက်တို့၊ ဆီတို့၊ ထမင်းခြောက်တို့ရတယ်ဆိုပြီးတော့ ပစ္စည်းတွေကိုလည်း သိမ်းတယ်။သူ့ကိုလည်းဖမ်းဆီးသွားတယ်။ ’ လို့ ကျေးရွာသားတစ်ဦးက ပြောပါတယ်။   ရေသန့်၊ မာမီးခေါက်ဆွဲ၊ ငရုတ်မှုန့်၊ ဆား၊ ဓါတ်ဆား၊ ငပိ၊ ဟင်းချိုမှုန့်၊ ထမင်းခြောက်…

Read More

အပြာ​ရောင်​တီရှပ်​ဝတ်​ဆင်​တဲ့ လှုပ်​ရှားမှု ပြုလုပ်ခဲ့

ရန်​ကုန်​ ၊​မေ ၁၇ – ၂၀၁၉ သူရိန် ( VOM)   လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုအပေါ် တပ်မတော်က တရားစွဲဆိုနေတာကို ကန့်ကွက်ဆန့်ကျင်တဲ့အနေနဲ့ အပြာရောင်ရှပ်အင်္ကျီ ဝတ်ဆင်တဲ့ လှုပ်ရှားမှုကို ဒီနေ့  ရန်ကုန်မြို့ ဗိုလ်တထောင် တရားရုံးရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။   ဒါ့အပြင်တပ်မတော်အပေါ် ဝေဖန်သူတွေကို တရားစွဲဆိုထားမှုတွေ ရုပ်သိမ်းပေးဖို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အိတ်ဖွင့်ပေးစာ တစ်စောင်လည်း ပေးပို့ခဲ့ကြသလို တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူးဆီကိုလည်း အီးမေလ်နဲ့ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။   “တပ်မတော်၏တရားစွဲဆိုမှုများ ရုပ်သိမ်းပေးပါ” စာသားပါတဲ့အပြာရောင်တီရှပ်အင်္ကျီတွေ ဝတ်ဆင်တဲ့လှုပ်ရှားမှုကို စစ်တပ်က တရားစွဲဆိုထားတဲ့ အမှုရုံးချိန်းတိုင်းမှာလည်း ဝတ်ဆင်သွားမယ်လို့ အသံအဖွဲ့ရဲ့ဒါရိုက်တာ ကဗျာဆရာ မောင်ဆောင်းခက ပြောပါတယ်။     သင်္ကြန်သံချပ်ကြောင့် တပ်မတော်က တရားစွဲဆိုထားတဲ့…

Read More

လူနာ ၁၇ ဦးကို အဆိပ်ခပ်မှုဖြင့် ပြင်သစ်ဆရာဝန်တစ်ဦး တရားစွဲခံရ

ပါရီ ၊ မေ-၁၇-၂၀၁၉ မျိုးဆက် (VOM)   ပြင်သစ်နိုင်ငံမှာ လူနာ ၁၇ ဦးကို အဆိပ်ခပ်မှုနဲ့ ပတ်သက်လို့  ပြင်သစ်ဆရာဝန်တစ်ဦးကို ပြစ်မှုကြောင်းအရ တရားစွဲဆိုပြီး စုံစမ်းစစ်ဆေးမှုတစ်ရပ် စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။   တရားစွဲခံရသူ ဖရက်ဒီရစ်ပန်ချီရာဟာ မေ့ဆေးဆရာဝန်တစ်ဦးဖြစ်ပြီး စုစုပေါင်း လူကိုးဦးသေဆုံးစေခဲ့တဲ့  အခြား အဆိပ်ခပ်မှု ခုနစ်မှုအတွက်လည်း စုံစမ်းစစ်ဆေးခံနေရသူ ဖြစ်ပါတယ်။   သူဟာ  လုပ်ဖော်ကိုင်ဖက်ဆရာဝန်တွေရဲ့ မေ့ဆေးအိတ်တွေကို စနစ်တကျ လျှို့ဝှက်လဲလှယ်ကာ အရေးပေါ်ကေ့စ် တစ်ခုဖန်တီးပြီး သူ့ရဲ့ ပါရမီထူးကဲမှုတွေကို ပြသဖို့ လုပ်ဆောင်ခဲ့တယ်လို့ အစိုးရရှေ့နေတွေက စွပ်စွဲပြောဆိုထားပါတယ်။   ဒီစွပ်စွဲချက်များအားလုံးကို မစ္စတာပန်ချီရာက ငြင်းဆိုထားပါတယ်။   တကယ်လို့ သူ့မှာအပြစ်ရှိကြောင်း တွေ့ရှိခဲ့ရင်တော့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း အမိန့်စီရင်ချက်နဲ့ ရင်ဆိုင်ရဖွယ်ရှိပါတယ်။   သူရဲ့ ရှေ့နေကတော့ စုံစမ်းစစ်ဆေးမှုမှာ သက်သေအထောက်အထား…

Read More

ကသာ အကျဉ်းထောင်အတွင်း အကျဉ်းထောင်ဝန်ထမ်းတစ်ဦးထံက မူးယစ်ဆေးများ ဖမ်းမိ

ကသာ ၊ မေ – ၁၇ – ၂၀၁၉ နိုင်ကြီး – ကသာ (VOM)   စစ်ကိုင်းတိုင်း ကသာမြို့ အကျဉ်းထောင်မှာ မနေ့ညက  အကျဉ်းဦးစီးဌာန၀န်ထမ်း တပ်သားတစ်ဦးထံကနေ မူးယစ်ဆေး တွေ့ရှိခဲ့တာကြောင့် အမှုဖွင့် အရေးယူထားတယ်လို့ ကသာမြို့မရဲစခန်းက သိရပါတယ် ။   မနေ့ည ရှစ်နာရီခန့်က ကသာအကျဉ်းထောင် အမှတ်(၁)အိပ်ဆောင် အိမ်သာဖက်တွင် မသင်္ကာဖွယ် အပြုအမူ တွေ့ရှိရကြောင်း တာဝန်ကျတပ်ကြပ် သောင်းနိုင်ဦးက လက်ထောက်ကြီးကြပ်ရေးမှူးထံ သတင်းပေးပို့ခဲ့ရာ အကျဉ်းထောင်ဝန်ထမ်း တပ်သား ကျော်ဇင်ဖြိုးကို ဘိန်းဖြူ အလေးချိန် (၀.၄)ဂရမ်ပါ ပလက်စတစ်ကော်ဗူးတစ်ဗူးနဲ့ အတူတွေ့ရှိတယ်လို့ သိရပါတယ်။   ကာလတန်ဘိုး လေးသောင်းကျပ်ဝန်းကျင်ရှိပြီး ၎င်းသုံးစွဲဖို့  ကသာမြို့ အမှတ်(၈)ရပ်ကွက်ရှိ  နေအိမ်တစ်အိမ်ကနေ ဝယ်ယူခဲ့တာ ဖြစ်တယ်လို့ တပ်သားကျော်ဇင်ဖြိုးက ထွက်ဆိုထားပါတယ်။   ဒီဖြစ်စဉ်နဲ့…

Read More
VOM News

FREE
VIEW