ဟွာဝေးကုမ္ပဏီအပေါ် အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှု တရုတ်လက်တုံ့ပြန်မယ်

ပေကျင်း၊ မေ-၁၇-၂၀၁၉

မျိုးဆက် ( VOM)

 

နိုင်ငံတကာကုန်သွယ်မှုတွေကနေ တရုတ်ဆက်သွယ်ရေးကုမ္ပဏီ ဟွာဝေးအပေါ် ကန့်သတ်ဖို့  အားထုတ်မှုတစ်ခုအဖြစ် ရှုမြင်ရတဲ့ အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုတွေကို လက်တုံ့ပြန်မယ်လို့ တရုတ်နိုင်ငံက ခြိမ်းခြောက်လိုက်ပါတယ်။

 

တရုတ်ကုမ္ပဏီတွေအပေါ် တစ်ဖက်သတ်အရေးယူပိတ်ဆို့မှုတွေ ချမှတ်နေတဲ့နိုင်ငံတွေကိုလည်း တရုတ်နိုင်ငံက ဆန့်ကျင်ပြီး လက်တုံ့ပြန်သွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လုကောင်က ပြောပါတယ်။

 

အမေရိကန်ဆက်သွယ်ရေးကွန်ရက်တွေမှာ ဟွာဝေးထုတ်ကုန်တွေ အသုံးပြုတာကို ပိတ်ပင်ဖို့ အမေရိကန်အစိုးရက မေ ၁၅ ရက်မှာ  အမိန့်တစ်ရပ် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

 

အဲဒီအမိန့်မှာ  ဘယ်ကုမ္ပဏီဆိုတာကို အမည်ထုတ်ဖော်ပြောဆိုထားတာ မရှိပေမယ့်လည်း ဟွာဝေးကုမ္ပဏီကို ပစ်မှတ်ထားတယ်လို့ ယုံကြည်ရပါတယ်။

 

ဟွာဝေးကတော့ သူ့ရဲ့ထုတ်ကုန်တွေဟာ  လုံခြုံရေးကို ခြိမ်းခြောက်တဲ့ အခြေအနေမျိုးမရှိဘူးလို့ ငြင်းဆိုထားပြီး အမေရိကန်နဲ့ စေ့စပ်ညှိနှိုင်းဖို့လည်း အသင့်ရှိနေတယ်လို့ ပြောပါတယ်။

 

Ref : BBC

Photo : AFP

#voiceofmyanmar #အမေရိကန်ပိတ်ဆို့မှုအပေါ်တုံ့ပြန် #တရုတ် #ပေကျင်း

Related posts

✕
VOM News

FREE
VIEW